၃၇၅။ ကမ်းခြေသို့သွားခြင်း
လင်းချင်းသည် ဘယ်လောက်ကြာသွားသလဲ မသိသော်လည်း သူမသိသည်မှာ သူမသည် အပေါ်နှင့်အောက် မျောနေကာ သူမ၏ ရင်ထဲက နာကျင်မှုနှင့် သူမ၏ကိုယ်မှ အဆင်မပြေခြင်းတို့နှင့်အတူ စိတ်အတက်အကျဖြစ်နေခြင်းကိုသာ သိလေသည်။
ခနကြာသည့်အခါ သူမ၏စိတ်သည် ဝေဝါးသွား၍ ရုတ်တရပ် ဒီယောက်ျားက သူ့လှုပ်ရှားမှုများကို မြန်ဆန်လိုက်သည်။ ‘. . .ဒီခွေးကောင်ကတော့. . .’
သူမသည် တောင့်ခဲသွားကာ သူမ၏ကိုယ်ထဲသို့ ပူလောင်သည့်စွမ်းအားလှိုင်းတစ်ခုက ဝင်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူမသည် စတင်၍ တုန်လှုပ်သွားတော့သည်။ သူမ၏ အသိစိတ်သည် မကြည်လင်တော့ကာ သူမ၏ကိုယ်သည် ရေထဲတွင် မျောနေသည်။ သူမသည် ပြင်းထန်သည့် စိတ်ခံစားချက်လိုမျိုး လှိုင်းတစ်ခုခုဖြင့် လွင့်ပါသွားသလို ခံစားလိုက်ရသည်။
ဝူချန်းယွဲ့သည် သူမ၏ကိုယ်ထဲ၌ နောက်ဆုံးပြီးသွားသည့်အထိ ဆယ်စက္ကန့်ကျော်ကျော်နေခဲ့သေးသည်။ ထိုအချိန်တွင် သူတို့ရှိနေသည့်နေရာသည် အလင်းပြပြလင်းလာသည်။
ဝူချန်းယွဲ့သည် သူ့ရင်ခွင်ထဲက လင်းချင်ကို ကြည့်လိုက်သည်။ ဘယ်ချိန်တုန်းကမှန်းမသိ ပြန်ရှည်လာသည့် သူမ၏ရေနှင့်အတူ မျောပါနေသည့် ဆံပင်ရှည်များကို မထိကြည့်ဘဲ မနေနိုင်ပေ။ သူမ၏ နူးညံ့သည့် ဆံပင်များသည် ရင်ဘတ်ထိအောင် ရှည်နေလောက်ကာ ရေထဲမှာမလို့ သူမ၏ဆံပင်များက မျောနေတာ ဖြစ်သည်။
သူမသည် မျက်လုံးများကို မှိတ်ထားကာ မျက်နှာလေးက နူးညံ့နေသည်။ မျက်ဝန်းနက်များကို မမြင်ရသော်လည်း သူမက အရမ်းကို ချိုမြိန်ကာ လှပကြောင်း သူတွေ့လိုက်ရသည်။ သူမ၏မျက်ခုံးများသည် ပါးပါးလေးဖြင့်ရှည်နေကာ မျက်တောင်များက ထူထပ်၍ ကော့ညွတ်နေသည်။ သူမ၏ နှာတံသည်စင်းနေကာ ကြည့်လို့ကောင်းလှသည်။ နှုတ်ခမ်းတို့ကတော့ နူးညံ့ကာ ပန်းရောင်သမ်းနေသည်။
ဝူချန်းယွဲ့သည် သူမ၏မျက်နှာကို နီးကပ်စွာစိုက်ကြည့်နေရင်း လက်ဖြင့်နူးညံ့စွာ ထိလိုက်သည်။ သူမ၏ကိုယ်သည် သူ့ရင်ခွင်ထဲမှာ အရိုးမရှိသည့် ရေသူမလေးလို ရှိနေသည်။ ရုတ်တရပ် သူ့ရင်သည် ဖြည်းဖြည်းချင်းပြိုကျသွားကာ ပြန်ပြည့်သွားသလို ခံစားလိုက်ရသည်။
သူသည် ဘေးကိုကြည့်လိုက်သည့်အခါ ရေထဲတွင်ရှိသေးကြောင်း သိလိုက်ရသည်။ ရေသည်ကြည်နေကာ နွယ်နှင့် ထူးဆန်းသည့်အရာ ဘာမှမရှိတော့ပေ။
ဇွန်ဘီမ၏ ရှည်လျားကာ သွယ်လျသည့် လက်လေးများကို သူ့လည်ပင်းတွင်ချိတ်လိုက်ကာ အပေါ်သို့ ကူးတက်လိုက်သည်။ သူတို့ရောက်နေသည့်နေရာနှင့် ရေမျက်နှာပြင်သည် သိပ်ဝေးပုံမရသော်လည်း အပေါ်သို့ရောက်ဖို့ သူအချိန်အကြာကြီး ယူလိုက်ရသည်။
ရေပေါ်သို့ သူခေါင်းထုတ်လိုက်သည့်အခါ သူ့၏အဖိုးတန် သမီးလေးသည် ကန်ဘေးက ခုံပေါ်တွင် ကျကျနနကို ထိုင်၍စောင့်နေရှာသည်။ ဝူယွဲ့လျန်သည် သူ့ကိုမြင်သည်နှင့် မျက်လုံးတို့က တောက်ပသွားလေသည်။
ဝူချန်းယွဲ့သည် လင်းချင်းကို သယ်ကာ သူ့သမီးထံသို့ ကူးလာသည်။ ထို့နောက် လင်းချင်းကို ပွေ့ချီ၍ ကမ်းပေါ်သို့ တက်လာသည်။ ဝူယွဲ့လျန်သည် ကန်ဘေးတွင် ရပ်နေကာ အမျှော်အမြင်ရှိစွာဖြင့် နွယ်လေးက ဖြဲသွားသည့် သူ့အဖေအဝတ်များကို တစ်စစီ ပြန်ကောက်ထားပေးသည်။
“လျန်လျန် ဖေဖေကို မကြည့်နဲ့။ ဟိုဘက်ကိုလှည့် မျက်လုံးမှိတ်ထား။ ဖေဖေက ကိုယ်လုံးတီးဖြစ်နေတယ်”
ဝူချန်းယွဲ့သည် ရေကခါးလောက်ရှိသည့်အခါ ကန်စပ်က သူ့သမီးကို ပြောလိုက်သည်။
ဝူယွဲ့လျန်သည် ဝူချန်းယွဲ့အား ကျောပေးလိုက်ကာ အဝတ်များကို ကိုင်ထားဆဲဖြစ်သည်။ ထို့နောက် ဝူချန်းယွဲ့သည် ရေထဲကနေ တက်လာကာ လင်းချင်းအား ကုတင်ပေါ်သို့ တင်ပေးကာ စောင်ခြုံပေးထားသည်။
ထို့နောက် ဝူယွဲ့လျန်၏ အနောက်သို့လာကာ သူမကိုင်ထားသည့်အဝတ်များကို အပေါ်ကနေ ကုန်းယူလိုက်သည်။
“လျန်လျန် ဖေဖေက အဝတ်သွားဝတ်လိုက်ဦးမယ်။ ဖေဖေက မပြောမချင်း မျက်လုံးမဖွင့်ရဘူး။ နားလည်လား?”
ဝူယွဲ့လျန်သည် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဝူချန်းယွဲ့က သူမ၏လက်ထဲက အဝတ်များကို ယူသွားသည်နှင့် သူမ၏လက်လေးများဖြင့် သူမမျက်လုံးကို ပိတ်ထားလိုက်သည်။
ဝူချန်းယွဲ့သည် ဝူယွဲ့လျန်က လိုက်ကောက်ပေးထားသည့် အဝတ်စများထဲက တစ်စစီပြဲနေသည့် သူ့အတွင်းခံကို ကြည့်လိုက်သည်။ ‘အတွင်းခံပြဲကိုကိုင်ပြီး ငါဘယ်လိုပြောရမလဲ? မဟုတ်သေးဘူး အတွင်းခံပြဲတာကို အရေးလုပ်ရမှာမဟုတ်ဘူး။ တကယ်တော့ ဘာမှဝတ်စရာကို မရှိတော့တာ. . .တစ်ခုမှ မရှိတော့ဘူး ငါ့ခြေထောက်ကြားက အပိုင်းကို ဒီတိုင်းထားဖို့က အဆင်မပြေဘူးမလား?’
သူခနတွေးပြီးနောက် ပရိဘောဂများထားရာအပိုင်းကို ကြည့်လိုက်သည်။ ဗီရိုများရှိသောကြောင့် ယောက်ျားလေးအတွင်းခံတစ်ခုခုများ ရှိမလား သူတွေးမိသည်။ သို့သော်လည်း ဒီနယ်မြေသည် ဇွန်ဘီမ၏ အပိုင်ဖြစ်သောကြောင့် အမျိုးသမီးဝတ်တို့သာ ရှိနိုင်သည်။
ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်ကာ ဗီရိုများကို ဖွင့်ကြည့်လိုက်သည်။ ပထမဗီရိုသည် အမျိုးသမီးဝတ်များဖြစ်သည်။ ဒုတိယဗီရိုက ကလေးဝတ်တို့ ဖြစ်သည်။ တတိယ ဗီရိုက. . .အမျိုးသားဝတ်များပင် အကုန်လုံးက အမျိုးသားဝတ်
သူသည် ပျော်သွားကာ ဗီရိုအောက်ဆုံးထပ်မှ ယောက်ျားဝတ်အတွင်းခံအသစ်ကို တွေ့သွားသည်။ အတွင်းခံဝတ်ပြီးသည့်အခါ သူနှင့်တော်သည့် အကျီနှင့်ဘောင်းဘီတစ်စုံကိုပါ ဝတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နွယ်လေးကြောင့် သူ့ဝတ်စုံသည် တစ်စစီ ဖြစ်သွားသောကြောင့်ပင်။
ထို့နောက် ဝူယွဲ့လျန်အား
“ရပြီ။ လျန်လျန် ဒီကိုလာ”
ဝူယွဲ့လျန်ကို ချီလိုက်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်၍ ဘေးကိုလိုက်ကြည့်ကာ လေထဲသို့ စကားပြောသည်။ “နွယ်လေးလို့ ပြောတယ်မလား? အခုငါတို့ကို ထုတ်ပေးလို့ရမလား? ဒီဇွန်ဘီမက. . .အချိန်မရွေး နိုးလာနိုင်တယ်မလား?”
ဝူယွဲ့လျန်သည် သူ့ပေါင်ပေါ်ကနေ ဘေးကိုရှာကြည့်နေသည်။ အထူးသဖြင့် သူမသည် ရေကန်ပေါ်ကို လိုက်ရှာနေတာပင်။
ထိုအချိန်တွင် ကောင်းကင်ပေါ်ကနေ ကျောက်စိမ်းဖြူရောင်နွယ်တို့က ကျလာသည်။ သို့သော်လည်း အရင်ကနှင့်အတူပဲ အစစ်နှင့်တောင် မတူတော့ပေ။ ထို့အတူ မြူဆိုင်းနေသည့် ကောင်းကင်ကနေ ပေသောင်းချီအမြင့်က ကျလာတာဖြစ်သည်။
ဝူချန်းယွဲ့နှင့် ဝူယွဲ့လျန်တို့သည် ကောင်းကင်ကကျလာသည့် နွယ်များကို အံ့သြစွာကြည့်ကြသည်။ နွယ်တို့က သူတို့လက်ကို ရစ်ပတ်ကာ ပြောသည်။ ‘နွယ်လေးက ပြန်ပို့ရပါတယ်’
ဝူယွဲ့လျန်သည် ခေါင်းကိုမော့ကာ ပါးစပ်ကိုဟ၍ စိတ်ထဲကနေ ‘ဘာဖြစ်လို့နင်က ကောင်းကင်ပေါ်ကလဲ? ကန်ထဲမှာ မဟုတ်တော့ဘူးလား? ဘာဖြစ်လို့ ထွက်မလာတာလဲ?’
နွယ်လေးက သူမ၏ အမေးကို ဖြေသည်။ ‘ငါက ကလေးသေးသေးလေး ဖြစ်တော့မှာ။ အဲ့ဒါကြောင့် အခုထွက်လာလို့ မရတော့ဘူး။ မေမေက ငါ့ကိုမွေးပေးတာကို စောင့်ရမှာ’
ထိုအခါ ဝူယွဲ့လျန်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ကာ ‘နင်ထွက်လာရင် ကလေးဖြစ်ပြီလား?’
‘ဟုတ်တယ် ဟုတ်တယ်’ နွယ်လေးက ပြောသည်။ ‘ဒါပင်မယ့် နင်အကြာကြီး စောင့်ရမယ်’
‘ရတယ်’ ဝူယွဲ့လျန်က ပြောသည်။
‘မင်းက ဘာလဲ? သူနဲ့. . .ဘယ်လိုဆက်ဆံရေးလဲ?’ ဝူချန်းယွဲ့က မေးသည်။
နွယ်လေးက ‘သူက နွယ်လေးရဲ့ မေမေပါ။ နွယ်လေးက နွယ်လေး’
ဝူချန်းယွဲ့သည် သူမ၏ အဖြေကို နားမလည်သဖြင့် မေးခွန်းပြောင်းတော့သည်။ ‘သူဒီလိုမျိုး ဘယ်လောက်ကြာမှာလဲ? ဘယ်တော့နိုးမလဲ?’
နွယ်လေးက ‘မေမေက မှတ်ဉာဏ်တွေထဲကို မျောနေတယ်။ သူ့ဟာသူ ထွက်ဖို့လမ်းကို ရှာရမယ်။ ဘယ်လောက်ကြာမလဲတော့ နွယ်လေးလည်း မပြောတက်ဘူး’
ဝူချန်းယွဲ့သည် လင်းချင်းကို ကြည့်ကာ ‘သူ့ကိုယ်က လူသားကိုယ်လို ဖြစ်နေပြီ။ သူ့အတွက် မင်းလုပ်ပေးထားတာလား?’
နွယ်လေးက ဂုဏ်ဆာစွာဖြင့် ‘ဟုတ်တယ် ဟုတ်တယ် နွယ်လေးရဲ့အစွမ်းက လူတွေနဲ့ ဇွန်ဘီတွေရဲ့ကိုယ်ကို ပြုပြင်ပေးနိုင်တယ်. . .ဒါပင်မယ့် လူတွေအတွက်တော့ အစွမ်းက သိပ်မထိရောက်ဘူး. . .လူသားတွေအတွက် တချို့ကုသရေးအာနိသင်လောက်ပဲ ပေးနိုင်တယ်. . .’