၂၉၁။ လိုချင်တာ ဘာမဆို လုပ်ပေးမယ်
လင်းဖန်သည် သူတို့ကိုကြည့်ကာ “ငါတို့မှာရေပျက်နေတာမျိုး ဇွန်ဘီအမြူတေပျက်နေတာမျိုး မရှိဘူး။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ဖယ်ပေးကြတော့”
“ဒါပင်မယ့်. . .” လူငယ်၏မျက်နှာသည် ပြောင်းသွားသည်။ သူတစ်ခုခုပြောချင်ပုံရသော်လည်း ချန်ယုတင်းသည် သူ့ကိုလက်ကာပြ၍တားလိုက်သည်။ ထို့နောက်မှ လင်းဖန်အား “နှောင့်ယှက်မိတာ အားနာပါတယ်”
ဒီလိုပြောကာ သူသည်ဘေးကိုဖယ်၍ သူ့လူများအား “သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြ”
သို့သော်လည်း လုချန်းဖန်ကသာ ဖယ်ပေး၍ အခြားသူများက ဖယ်မပေးကြပေ။ လုချန်းဖန်သည် သူတို့အားကြည့်ကာ “ဖယ်ကြ”
“ကပ္ပတိန်လု!” လူစုသည် သူတို့ခေါင်းဆောင်များကိုကြည့်ကာ တစ်ခုခုပြောချင်နေပုံရသည်။ သို့သော်လည်း ချန်ဖန်းယုက သူ့အသင်းဖော်များကိုကြည့်ကာ “မင်းတို့ကို ငါဖယ်လို့ ပြောတယ်။ ဘာလုပ်နေကြတာလဲ? သူတို့ကားနဲ့ အတိုက်ခံချင်နေကြတာလား?”
ထိုအခါမှ သူတို့သည် လမ်းဘေးသို့ ဖယ်ပေးကြသည်။
ဒီလိုအခြေအနေမျိုးတွင် အမဲလိုက်အဖွဲ့များသည် စခန်းအပြင်ဘက်တွင် အလဲအလှယ်လုပ်ခြင်းမျိုး သို့မဟုတ် ပူးပေါင်းခြင်းမျိုး လုပ်တက်ကြသည်။ သူတို့လူသုံးယောက်ကို ဓားပြများက ဖမ်းသွားသည့်နောက်တွင် ချန်ယုတင်းတို့မှာ သူတို့လက်နက်နှင့်အစာများ မလုံလောက်တော့ကြောင်း သိသွားသည်။
ဒီအခြေအနေကို ဘယ်လိုရှင်းရမလဲ ကြံနေစဉ်တွင် သူတို့သည် ကားသံကြားခဲ့ရသည်။ ထိုကားသံမှာ ဒီနေရာသို့ အမဲလိုက်အဖွဲ့တစ်စုက ဖြတ်သန်းလာကြောင်းပင်။ ထို့ကြောင့် သူတို့သည် ဇွန်ဘီများနှင့် ရင်ဆိုင်ရနိုင်သော်လည်း အရဲစွန့်၍ ကားလမ်းကို ပိတ်ရခြင်းဖြစ်သည်။
ကားသံကြောင့် အနားက ဇွန်ဘီများသည် ပိုများလာနိုင်သည်။ သို့သော်လည်း အံ့သြဖို့ကောင်းသည်မှာ ကားသံကြားမှ ဇွန်ဘီများသည် ဖြည်းဖြည်းချင်း နောက်ဆုတ်ပြေးသွားကြခြင်းပင်။
လင်းဖန်သည် အမိုးပေါ်က လင်းချင်းကို တစ်ချက်မော့ကြည့်လိုက်သည်။ ဒီလူများပေါ်မလာခင် လူသားအနံ့ကိုရတည်းက ချူးလီလီသည် ပျောက်သွားနှင့်ပြီ။ ထို့ကြောင့် အခုအချိန်တွင် လုံချင်းယင်နှင့်အတူ ကားအမိုးပေါ်တွင် လင်းချင်းသည် ဦးထုပ်ဆောင်း၍ နေကာမျက်မှန်ကြီးဖြင့် ရှိနေသည်။
လင်းချင်းသည်လည်း လင်းဖန်ကို တစ်ချက်ကြည့်ကာ ဘာမှမပြောပေ။ လင်းဖန်ကသာ ဒီလူများဖြင့် အလဲအလှယ်မလုပ်ချင်လျှင် သူမ၏ သဘောထားသည်လည်း ဒီလိုသာဖြစ်သည်။ ထို့ကြောင့် လင်းဖန်သည် ကားထဲသို့ ပြန်ဝင်သွားတော့သည်။ ထို့နောက် လီကျန်းသည်လည်း လင်းဖန်၏အနောက်သို့ လိုက်ဝင်လာသည်။
ချန်ယုတင်းတို့သည် သူတို့မောင်းထွက်သွားသည်ကို စိတ်မပါစွာဖြင့် စောင့်ပေးနေရသည်။ ကားသည် သူတို့ကို ကျော်မောင်းသွားတော့မည့်အချိန်တွင် အဖွဲ့ထဲက ကောင်မလေးတစ်ယောက်သည် ပြေးထွက်လာကာ ကားရှေ့တွင် ဝင်တားသည်။
“လုတင်း!!!”
ထိုကောင်မလေး၏ အပြုအမှုကြောင့် ချန်ယုတင်း၊ လုချန်းဖန်နှင့် အခြားသူများသည် မျက်နှာပျက်ကာ လှမ်းအော်ကြသည်။
လုတင်းဆိုသည်မှာ ဓားပြများထံမှ ပြန်ပေးဆွဲခံရသည့် ကောင်မလေးပင်။ သူမသည် ကားရှေ့ဝင်ပြေးလာသောကြောင့် လီကျန်းသည် ကားကိုအမြန် ဘရိတ်အုပ်လိုက်ရသည်။ တော်သေးသည်မှာ ကားသည်အရှိန်မများသောကြောင့်ပင်။ ထို့နောက် လီကျန်းနှင့် လင်းဖန်တို့က ကားပေါ်ကနေ စိတ်မရှည်စွာဖြင့် ဆင်းလာကြသည်။
“ဘာလုပ်တာလဲ? ကိုယ့်ကိုယ်ကို သတ်သေမလို့လား?”
လုတင်းသည် ခေါင်းကိုခါကာ လင်းဖန်ဆီသို့ လျှောက်လာပြီး ပြည်တည်တည်မျက်နှာထားဖြင့် မြူဆွယ်သလို ကြည့်ကာ “ညီမတို့ကို လက်နက်နဲ့အစာ လဲပေးဖို့အတွက် ဘာလုပ်ပေးရမလဲ? အစာသာပေးမယ်ဆိုရင် ရှင်ဘာလိုချင် လိုချင် ညီမလုပ်ပေးမယ်. . .ဟိုလိုကိစ္စတွေအထိ!” လုတင်း၏ မျက်နှာထားသည် စကားဆုံးသည့်အထိ မပြောင်းလဲပေ။ သို့သော်လည်း မျက်လုံးထဲတွင်တော့ အနေရခက်နေခြင်းတို့က ပေါ်လွင်နေသည်။ အစာအတွက်သာ သူမပြောနေခြင်း ဖြစ်သည်။
ဘယ်ယောက်ျားမဆို သူမပြောချင်သည်ကို သိကြသည်။ သူမ၏ကိုယ်ဖြင့် အစာကို လဲဖို့ကမ်းလှမ်းနေတာ ဖြစ်သည်။ ဒီလိုလဲလှယ်ခြင်းမျိုးသည် ကမ္ဘာပျက်ခေတ်တွင် ဖြစ်သည်က ပုံမှန်ပင်။ စခန်းထဲတွင်ရော စခန်းအပြင်တွင်ရော ဖြစ်ပျက်နေသည်။
လင်းဖန်သည် သူမကိုကြည့်ကာ ခေါင်းခါပြီး “အားနာပါတယ်။ ကားထဲမှာ ငါ့မိန်းမနဲ့ ကလေးရှိတယ်” သူသည် သူမကို ရှင်းရှင်းလျန်လျန် ငြင်းလိုက်ကာ အခြားသူများအား ကလေးကို မကောင်းတာညွှန်ကြားမိသလို မလုပ်မိစေရန် ပြောခြင်းဖြစ်သည်။
လုတင်း၏ မျက်နှာထက်တွင် ရှက်ရွံ့မှုက ပေါ်လာသည်။ သူမ၏ အစီအစဉ်မှာ ရှုံးနိမ့်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ အမြဲတမ်း အလုပ်ဖြစ်တာ ဖြစ်ခဲ့တာ ဖြစ်ခဲ့သည်။ သို့သော်လည်း သူမသည် အမှုအယာကို ပြောင်းလိုက်ကာ ပြုံးရင်းဖြင့် “တောင်းပန်ပါတယ် ဒါပင်မယ့် ကျွန်မတို့နဲ့ အလဲအလှယ်မလုပ်ချင်တာ သေချာလား? တခြားသူကိုတော့ ကျွန်မပြုစုပေးနိုင်ပါတယ်”
ဒီလိုပြောရင်းဖြင့် သူမသည် လီကျန်းကိုတစ်ချက်ကြည့်ကာ ကားထဲသို့ ကြည့်သည်။ ထို့နောက် ခေါင်းမော့လာကာ ကားပေါ်က လင်းချင်းတို့ကို ကြည့်သည်။
လင်းချင်းသည် ကားအမိုးပေါ်တွင် ဒူးပေါ်သို့ လက်တင်ကာ မေးထောက်၍ အောက်ကိုကိုင်းကြည့်နေတာ ဖြစ်သည်။ သူမသည် ဒီကောင်မလေးကို စိတ်ဝင်တစား ထိုင်ကြည့်နေသည်။
လင်းချင်းသည် ကိုင်းထိုင်နေ၍ အပေါ်ဝတ်ပွပွကြီးက ဖုံးနေကာ ရင်ဘတ်ကို မမြင်ရပေ။ ထို့အတူ သူမသည် နေကာမျက်မှန်နှင့် ဦးထုပ်လည်း ပါနေသလို ဦးထုပ်အောက်မှ ကျနေသည့်ဆံပင်စတို့က တစ်စမှ မရှိဖြစ်သောကြောင့် လုတင်းသည် လင်းချင်းကို ယောက်ျားဟု ထင်လိုက်သည်။ တကယ်လည်း လင်းချင်းသည် ယောက်ျားနှင့်တူနေပါသည်။ ထိုအခါ လင်းချင်းကို အကြည့်ဖြင့် မြူဆွယ်ဖို့ လုပ်တော့သည်။
လင်းချင်းသည် လုတင်းကိုကြည့်ကာ ရယ်ချင်သွားသည်။ ဓားပြများထံတွင် လင်းချင်းတွေ့ခဲ့တုန်းက သူမ၏မျက်နှာသည် စိတ်ဓာတ်ကျမှုတို့ရှိနေကာ အခုတော့ ဒါမျိုးတွေ လုံးဝမရှိတော့ဘဲ လမ်းလည်ခေါင်ကြီးတွင် သူမ၏အလှဖြင့် မြူဆွယ်နေရဲသေးသည်။
လင်းဖန်နှင့် လီကျန်းတို့သည် လုတင်းကို တစ်ချက်ကြည့်ကာ လင်းချင်းအား အဓိပ္ပါယ်တစ်ခုခုရှိနေသည့်အကြည့်များဖြင့် မော့ကြည့်ကြသည်။ လင်းချင်းသည် လုတင်းကိုတစ်ချက်ကြည့်ကာ ချန်ယုတင်းတို့ကို ကြည့်လိုက်သည်။
ဒီလူတိုင်းသည် ခက်ခဲနေကြပုံရသည်။ သူတို့သည် လုတင်း၏ အပြုအမှုကို သဘောကျပုံမရသော်လည်း တစ်ချိန်တည်းတွင် လုတင်းကို အောင်မြင်နေစေချင်ကြသည်။ သဘောကျပုံမရသည့်အထဲတွင် ချန်ယုတင်းက အဆိုးဆုံးဖြစ်သည်။
သူတို့တွင် ဘာယာဉ်မှ မရှိကာ ပင်လယ်မြို့တော်စခန်းသည် ဒီကနေ မိုင်သုံးရာလောက် ဝေးသေးသည်။ ခြေကျင်ပြန်ရလျှင် ၇ရက်လောက် ကုန်မှာပင်။ ဒီအချိန်တွင်းမှာ ဇွန်ဘီနှင့်တခြားဒုက္ခမျိုးစုံ ကြုံရနိုင်သည်။ သူတို့တွင် ရေရှိသော်လည်း အစာနှင့်လက်နက်မရှိသဖြင့် ပင်လယ်မြို့တော်စခန်းသို့ မပြန်နိုင်ကြလောက်တော့ပေ။ ထို့ကြောင့် စခန်းကို ပြန်နိုင်ရန် လင်းဖန်တို့က လဲပေးဖို့အပြင် တခြားရွေးချယ်စရာ မရှိကြပေ။လင်းဖန်တို့ကားသည် အရမ်းခိုင်သဖြင့် ဒီကားထဲကလူများတွင် အစာနှင့်လက်နက် ပေါမည်ဟု သူတို့ထင်လိုက်ကြသည်။
ဘယ်သူမှ သူမကို ပြန်မဖြေလေရာ လုတင်းသည် စိုးရိမ်လာသည်။ သူမသည် လင်းဖန်ကို တောင့်တစွာကြည့်ကာ မျက်လုံးများရဲလာ၍ ကူကယ်ရာမဲ့စွာ တောင်းပန်သည်။
“တောင်းပန်ပါတယ်. . .ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို ကယ်ပေးပါ! အစာနဲ့ရေပေးနေသ၍ ရှင်တို့လုပ်ချင်တာမှန်သမျှ ကျွန်မတို့ လုပ်ပေးပါ့မယ်!”
လုတင်းသည် မိန်းမမာယာများ သုံးလာသည့်အခါ လင်းဖန်နှင့် လီကျန်းတို့သည် လင်းချင်းအား ကူကယ်ရာမဲ့စွာဖြင့် မော့ကြည့်ကြသည်။ အမျိုးသမီးများက ဘာဖြစ်လို့ ဒီလိုကျိုးကြောင်းမစီလျော်တာတွေ လုပ်နေကြမှန်း သူတို့မသိကြပေ။
ထိုအခါ လင်းချင်းသည် ထရပ်လိုက်သည်။ ထို့နောက် ချန်ယုတင်း၊ လုချန်းဖန်နှင့် အခြားသူများသည် သူမက မိန်းမဖြစ်ကြောင်း သိကုန်ကြသည်။ ‘ရင်သားတွေက အကြီးကြီးပဲ!’
သူမသည် ကားပေါ်ကနေ ခုန်ဆင်းလိုက်ကာ အံ့သြနေသည့် လုတန်းထံသို့ လျှောက်သွားသည်။ ထို့နောက် ကောင်မလေး၏ မေးဖျားကို နူးညံ့စွာဖြင့် လက်ဖြင့်ပင့်တင်လိုက်ကာ သူမ၏အက်ကွဲနေသည့် အသံဖြင့်မေးသည်။ “ငါလုပ်ချင်တာ ဘာမဆိုလုပ်မှာလား?”
လုတင်းသည် ချက်ချင်းအသိပြန်ဝင်သွားသည်။ သူမ၏ မျက်နှာအမှုအယာသည် ထူးဆန်းနေသော်လည်း သူမသည် လင်းချင်းအား ပြတ်သားစွာဖြင့် ခေါင်းငြိမ့်ပြသည်။ “အင်း! နင်ငါ့ကိုမသတ်သ၍ ဘာမဆိုလုပ်ပေးမယ်!”
သူမ၏စကားနှင့် ဆန့်ကျင်စွာ လင်းချင်းကိုင်ထားသည့် မေးဖျားသည် ကြက်သီးများ ထနေလေပြီ။
‘ငါယောက်ျားနဲ့ ဒါမျိုးကိစ္စများကို စိတ်ထဲမထားသော်လည်း . . .မိန်းမ နဲ့ကျတော့. . .? ငါက လိင်တူကြိုက်တဲ့သူ မဟုတ်တော့ ဒါမျိုးမိန်းမနဲ့ ရုပ်ပိုင်းဆိုင်ရာကြီးကို ငါလက်မခံနိုင်လောက်ဘူး!’