May Honey Logo May Honey
Previous Next

၂၆၆။ ဆိုလာစွမ်းအင်

လင်းမိသားစုမဟုတ်သည့် လီကျန်းတို့သည် စတော်ဘယ်ရီသီးများကို မထိဘဲ အံ့သြစွာ ကြည့်နေသည်။ စိတ်အေးနေပြီဖြစ်သည့် ဖန်ယုမင်းသည် ၁၀မီတာအကွာက ရေပုံးကြီးနှစ်ခုကို မြင်သွားကာ စပ်စုစွာဖြင့် လက်ညိုးထိုးပြရင်းမေးသည်။   “ဟမ်? ရေပုံးထဲမှာ လူရှိနေတာလား? လူနှစ်ယောက်ထိုင်နေသလိုပဲ။ ဘာလုပ်နေကြတာလဲ?”

“ဪ ဒါလူတွေ မဟုတ်ဘူး။ ဇွန်ဘီတွေ။ ငါတို့အဲ့နေရာနဲ့ ဝေးဝေးနေသင့်တယ် ထင်တယ်”   လင်းဝမ်ဝမ်က ပြောသည်။

“ဇွန်. . .ဇွန်ဘီတွေ? နောက်ထပ်ဇွန်ဘီတွေ ရှိနေသေးတာလား?”   ဖန်ယုမင်းသည် ကြောက်လန့်စွာဖြင့် မေးသည်။

လင်းဖန်က ခေါင်းငြိမ့်ကာ    “ကတုံးနဲ့အမျိုးသမီး တစ်ယောက်တည်းကပဲ ဇွန်ဘီထင်နေတာလား? သူက ဇွန်ဘီအဖွဲ့ရဲ့ခေါင်းဆောင်”

လီကျန်းသည် နားမလည်ဖြစ်သွားကာ   “ခနလေး! ကပ္ပတိန်ကြီး ဇွန်ဘီအဖွဲ့က ဘာကြီးလဲ?”

လင်းဖန်က ပြုံးကာ   “ဘာဖြစ်လို့ ငါတို့ဒီနေရာမှာ လုံလုံခြုံခြုံနဲ့ နေတယ်လို့ ထင်လဲ? ဒါတွေအကုန်လုံးက ငါတို့မှာ ထူးခြားတဲ့ မဟာမိတ်ရှိနေလို့ပဲ”

“ဪ~ဒါနဲ့ယန်ကျင်းဟွာဆီက ဘယ်လိုလွတ်လာသလဲ သိချင်သေးတယ်”   လီကျန်းက ထပ်မေးသည်။

လင်းဖန်သည် သူတို့အား ဘာဖြစ်ခဲ့သလဲကို ပြောပြပြီးနောက်    “အခုငါတို့က ဒီမှာခနနေရင်း ယွမ်ထန်ရှင်းတို့ကို စောင့်နေတာ။ ယန်ကျင်းဟွာက ထပ်ပြန်ပေါ်လာမယ်လို့ ထင်မထားမိဘူး။ သူက ဉာဏ်များတယ်။ ချူးလီလီမရှိတော့ အသေဝင်တိုက်ရအောင်လို့ အဝေးကနေ ငါတို့ကို စောင့်ကြည့်နေတာပဲ”

အပြင်တွင် လင်းချင်းသည် ယန်ကျင်းဟွာတို့လူများက ဆိုလာစက်များကို ဖြုတ်နေသည်ကို ကြည့်နေသည်။ ဆိုလာပြား၊ ဘက်ထရီ၊ ထိန်းချုပ်စက်၊ တစ်ဆင့်ခံစက်နှင့် အခြားအပိုင်းများကို ဘေးတွင်ချထားကာ အောက်ထပ်သို့ သယ်ဖို့စောင့်နေကြသည်။ ထိုလူများက သယ်ဖို့ပြင်တော့မှ လင်းချင်းက လှုပ်ရှားသည်။

 “သတိထား မကွဲစေနဲ့!”   ယန်ကျင်းဟွာသည် သူ့လူများကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးနေသည်။

လင်းချင်းသည် အောက်ထပ်သို့ အရင်ဆင်းသွားကာ လှေကားရှေ့မှနေ သူတို့ဆင်းလာမည်ကို စောင့်နေသည်။ လူတစ်ယောက်ဆင်းလာသည့်အခါ ပစ္စည်းကိုသိမ်းပြီး သူ့ကိုမေ့အောင်ရိုက်ပြီး ဘေးသို့ကန်ထုတ်လိုက်ကာ နောက်တစ်ယောက်ကို စောင့်သည်။ ဆိုလာစက်တွင် အပိုင်းမြောက်များစွာ ပါသောကြောင့် ယန်ကျင်းဟွာသည် လူအယောက်၂၀လောက်ကို သယ်ခိုင်းရသည်။

လင်းချင်းသည် သုံးယောက်မြောက်ကို မေ့အောင်ရိုက်ပြီးသည့်နောက်တွင်တော့ သူမကို မိသွားသည်။   “ဆိုလာစက်ကို ခိုးနေတဲ့သူရှိတယ်!”

ထိုအသံကြားသည့်အခါ လင်းချင်းသည် ပိုမြန်မြန်လှုပ်ရှားရတော့သည်။ သူမသည် လျှင်မြန်စွာတက်သွားကာ သူတို့လက်ထဲက ပစ္စည်းကိုထိပြီး လူတို့ကို မေ့အောင်အမြန်ရိုက်ချသည်။

ယန်ကျင်းဟွာသည်လည်း အသံကိုကြား၍ အောက်ထပ်သို့ အမြန်ဆင်းလာသည့်အချိန်တွင်တော့ လူစုသည် လှေကားပေါ်တွင် လဲနေကြကာ သူတို့လက်ထဲက စက်အပိုင်းအစများသည် မရှိတော့ပေ။ ထို့နောက် အချို့အစိတ်အပိုင်းများသည် အမိုးပေါ်တွင်ရှိသေးသည်ကို သတိရသဖြင့် အမြန်ပြန်ပြေးတက်သွားသည်။ သို့သော်လည်း အမိုးပေါ်သို့ သူရောက်သည့်အခါ ဘာမှမကျန်တော့ပေ။

ထိုအချိန်တွင် လင်းချင်းသည် သူနှင့်ဝေးသည့်ထောင့်မှာ ကိုယ်ပြန်ဖော်၍ အေးစက်စွာပြုံးရင်း   “ဆိုလာစက်က ငါတို့ဟာပဲ။ ဖြုတ်ပေးတဲ့အတွက်တော့ ကျေးဇူး!”

ယန်ကျင်းဟွာ၏ မျက်နှာသည် အခုအရမ်းကို မည်းသည်းနေပြီ။ ချောမောသည့်မျက်နှာသည် အခုတော့ တွန့်လိမ်နေကာ အံ့ကြိတ်ရင်း ပြောသည်။   “နင်ဒီမှာရှိနေသေးတယ်!!!”

လင်းချင်းသည် ပုခုံးတွန့်ကာ ပြောသည်။   “ဘာဖြစ်လို့ ဒီမှာမရှိနိုင်ရမှာလဲ? ဒါငါ့နယ်နိမိတ်။ နင်နေရဲရင်နေပေါ့။ ကြိုဆိုပါတယ်”

ယန်ကျင်းဟွာသည် ဝေးဝေးကိုသွားမည်ကို မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင်နေရာလွတ်စွမ်းအားရှင် တစ်ယောက်မှ မရှိကြောင်းကို သတိထားမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရာအားလုံးကို ပုံမှန်အတိုင်း သယ်ယူပို့ဆောင်ဖို့လိုပြီး သူ့ယာဉ်များကိုလည်း လင်းချင်းက ခိုးသွားသေးသည်။ ဆိုလာစက်ကို သယ်ဖို့မလိုရင်တောင်မှ သူသည် ဝေးဝေးသို့ ပြေးနိုင်မှာ မဟုတ်ပေ။

“နင့်မှာ နေရာလွတ်စွမ်းအား နောက်လိုက် တစ်ယောက်တောင် မရှိဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နင်ကအောင်မြင်နိုင်ချေကို မရှိဘူး!”   လင်းချင်းကပြောသည်။

ထိုအခါ ယန်ကျင်းဟွာ၏ မျက်နှာသည် မည်းသထက် မည်းလာသည်။ ညအချိန်ဖြစ်သောကြောင့် ဘယ်သူကမှ သူ့မည်းနေသည့် မျက်နှာထားကို သတိမထားမိကြပေ။ သို့သော်လည်း သူအရှိန်အဝါသည် ပို၍နက်မှောင်လာကာ စိတ်ကျနေသလို ဖြစ်နေပြီး   “ငါ့ဟာငါ အောင်မြင်တာဖြစ်ဖြစ် ကျရှုံးတာဖြစ်ဖြစ် နင်ပြောစရာ ဘာအကြောင်းမှ မရှိဘူး။ ပုန်းမနေဘဲ မျက်နှာချင်းဆိုင် လာတိုက်စမ်းပါ!!!”

လင်းချင်းသည် သူ့စကားကြား၍ ရယ်လိုက်ကာ   “နင်ပြောတာကို ငါတော့မကြိုက်ပါဘူး။ ငါသာတက်နိုင်ရင် ဘာဖြစ်လို့ ငါကပုန်းနေရမှာလဲ? နင့်ကိုမနိုင်တာတော့ အမှန်ပဲ။ ဒါပင်မယ့် နင့်ကိုငါက နှောင့်ယှက်နေတာ မဟုတ်ဘူး။ နင်ကသာ ငါ့ကိုလာနှောင့်ယှက်နေတာ။ ငါသာနင့်ကို ချနိုင်ရင် နင်မသန်စွမ်းဖြစ်နေပြီးသားပဲ”

ယန်ကျင်းဟွာသည် ဘာပြောရမလဲ မသိတော့ပေ။ သူမပြောသည်က မှန်သည်။ သူသည် လင်းဖန်တို့ကို ဒုက္ခပေးဖို့ ရောက်လာသည့်သူ ဖြစ်သည်။

“သူတို့က ခွေးလေခွေးလွင့်တွေပါပဲ!”   နှာခေါင်းရှုံ့ကာ ပြောသည်။   “အနှေးနဲ့အမြန် ငါအကုန်လုံးကို သတ်ပစ်မှာ။ ငါ့အထင် သူတို့အခု နင့်နယ်မြေထဲမှာမလား?”   ခုနက စကားများကို အခြေခံ၍ လင်းချင်းတွင် နယ်မြေရှိကြောင်း သူသိလိုက်သည်။ မြူခိုးနက်များကတော့ သူမ၏နောက်ထပ်အစွမ်းဟုတ် မဟုတ်ကို သူမသိပေ။ သူထင်လိုက်မိသည်က သူမသည် အဆိပ်ရှိသည့် မြူခိုးများကို စုထားကာ လက်နက်ပုန်းအဖြစ် အသုံးပြုနေခြင်းဟုသာ။

လင်းချင်း၏ မျက်နှာသည် ချက်ချင်းအေးစက်သွားကာ ယန်ကျင်းဟွာအား နက်မှောင်သည့် မျက်လုံးများက ထူးဆန်းသည့် အလင်းတောက်လာပြီး စိုက်ကြည့်ကာ   “နင့်မှာ အခွင့်အရေးမရှိတော့ပေ။ နင်ကဒီလောက် အစွမ်းကြီးနေတဲ့သူ မဟုတ်ဘူး။ လင်းချင်းကို နင်လုပ်ခဲ့တာအတွက် တစ်နေ့မှာ နင်ပြန်ပေးဆပ်ရမှာပဲ”

လင်းချင်း၏နာမည်ကို ကြားသည့်အခါ ယန်ကျင်းဟွာသည် တောင့်သွားသည်။ ထို့နောက် မျက်နှာကြီးမည်းသည်းနေခြင်းမရှိတော့ကာ ဂုဏ်ယူစွာပြုံးရင်း   “ဪ! နင်က လင်းချင်းကို သိတယ်လား? သူ့အစား လက်စားချေပေးမလို့တော့ မဟုတ်ဘူးမလား? ဒီလိုမလုပ်ခင် အရင်ဆုံး သူ့အလောင်းကိုပဲ သွားကောက်စမ်းပါ!”

လင်းချင်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခုက ဖြတ်ခနဲပေါ်လာကာ   “ဒါဆိုရင် ဇွန်ဘီမြို့တော်မှာ သူ့ကိုထောင်ချောက်ဆင်ပြီး ကယ်ပေးသလိုလိုနဲ့ ကယ်တင်ရှင်ကြီး အယောင်ဆောင်ပြီး ရင်းနှီးအောင် လုပ်ခဲ့တာ အမှန်လား?”

ယန်ကျင်းဟွာသည် ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ လင်းမိသားစုက မသိဘူးလား? နင်က ငါ့ဆီက အတည်ပြုဖို့ လိုနေသေးတာလား? လာအာရုံစားမနေနဲ့။ ငါသူကိုထောင်ချောက်ဆင်ခဲ့တော့ရော ဘာဖြစ်လဲ? နင်က ငါ့ကိုဘာလုပ်နိုင်လို့လဲ?”

လင်းချင်းသည် ရုတ်တရတ် ရယ်ချကာ ထူးဆန်းသည့် အသံဖြင့်   “နင်ခုနက ပြောတဲ့စကားကြောင့် အသက်ကြာကြာလေး ရှင်ပေးစမ်းပါ။ အရင်မသေနဲ့ဦး။ မဟုတ်ရင် ငါတကယ်စိတ်မကောင်း ဖြစ်နေရတော့မှာပဲ”

လင်းချင်းသည် သူမ၏မှတ်ဉာဏ်များ ပြန်ရသည်နှင့် ယန်ကျင်းဟွာအား သတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာမှမမှတ်မိခင် သတ်လိုက်ခြင်းက သူ့သေခြင်းသည် အဓိပ္ပါယ်မဲ့သွားမည်။ ပြန်မှတ်မိသွားချိန်တွင် သူ့ကိုသတ်လိုက်ခြင်းက မလုံလောက်သေးသလို ခံစားနေရတာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သူပြောသလိုသာ တကယ်လုပ်ခဲ့လျှင် ဝေဒနာပြင်းပြင်းထန်ထန် မခံစားရဘဲ အသေမခံနိုင်ပေ။

ယန်ကျင်းဟွာသည် ဂရုမစိုက်သလို နှာခေါင်းရှုံ့ကာ ပြောသည်။   “ငါ့ကိုသေချင်တာလား? အရင်ဆုံး ငါ့ကိုသတ်နိုင်မယ့် အရည်အချင်းရှိမလားပဲ ကြည့်ရမယ်!”

“ဟား ဟား”   လင်းချင်းသည် လှောင်ရယ်လိုက်ကာ   “အခုငါ့မှာ နင့်ကိုသတ်နိုင်တဲ့ အရည်အချင်းရှိရင်တောင် မသတ်သေးဘူး”

“ဘာသဘောလဲ?”   ယန်ကျင်းဟွာသည် နားမလည်သဖြင့် မေးသည်။   “ငါ့ကို သနားပြနေတာလား?”

လင်းချင်းက ရယ်ကာ ဖြေသည်။   “နင့်ကိုဒီတိုင်း မသေစေချင်ရုံတင်ပဲ။ လျှောက်တွေးမနေနဲ့!”

ဒီလိုပြောပြီးနောက် သူမသည် နယ်မြေထဲကို ဝင်သွားလိုက်တော့သည်။  
Previous Chapter 266 of 410 Next