May Honey Logo May Honey
Previous Next

၃၉၀။ စိတ်မတိုဘူး ပြောထားပြီးတော့

ဝူချန်းယွဲ့သည် သူတို့နှစ်ယောက်၏ စိတ်ရျုပ်နေသည်များကို မသိပေ။ သို့သော်လည်း တော်သည့် ခေါင်းဆောင်ဖြစ်သောကြောင့် တစ်ခုခုက လွဲနေသည်ကို သိလိုက်ပြီ။
သူသည် လုထန်ရိကို တစ်ချက်ကြည့်ကာ ကောင်းချင်းမင်းအား

“မင်းတို့အပြုအမှုက . . .တစ်ခုခု မဟုတ်နေတဲ့ပုံ ပေါ်နေတယ်”
သူသည် နှစ်ယောက်လုံးကိုကြည့်ကာ ပြောသည်။
“ငါအိပ်. . .အင်း ဇွန်ဘီမပဲ။ ဘာဖြစ်လို့ မင်းတို့က အံ့သြနေတာလဲ? သူဘယ်သူလဲဆိုတာ မင်းတို့သိလို့လား?”
သူသည် ဇွန်ဘီမနှင့် အိပ်ခဲ့ကြောင်း ပြောချင်သော်လည်း လျန်လျန်က သူ့ဘေးတွင် ရှိသောကြောင့် စကားကို ချက်ချင်းပြောင်းလိုက်သည်။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်ကုန်ကြသည်။ ဇွန်ဘီမသည် လုထန်ရိဖြစ်၍ ဝူချန်းယွဲ့က နောက်ဆုံးတွင် ဒါကိုသိမှာကို သူတို့ခံစားမိသည်။ သူတို့သည် ဝူချန်းယွဲ့က နောက်ကြောင်းကို ဆက်ဖော်ဦးမည်ကို နားလည်ကြသည်။ ကောင်းချင်းမင်းသည် ဒီအမှန်တရားကို ကြာကြာဖုံးပေးထားနိုင်မှာ မဟုတ်တော့ကြောင်းကိုလည်း တွေးမိလိုက်ကြသည်။
နှစ်ယောက်လုံးသည် တွေဝေနေပြီးနောက် လုထန်ရိက ဝူချန်းယွဲ့အား သတိထားကာ ပြောသည်။

“သူ့ကိုစားလိုက်တယ်ဆိုတာကို ဂရုမစိုက်ပါဘူး. . .ပြီးတော့. . .အင်း. . .တကယ်တော့ အံ့သြမိသွားပါတယ်။ ဘယ်လိုလုပ် အိပ်ဖြစ်သွားတာလဲဆိုတာကို မေးလို့ရမလား?”

ဝူချန်းယွဲ့သည် ပြုံးလိုက်ကာ

“သူ့အကြောင်း အကုန်မင်းတို့ ပြောမပြရင် ဖြစ်ကြောင်းကို ပြောမပြနိုင်ဘူး။ ဘယ်လိုအိပ်ခဲ့မိသလဲက အရေးမကြီးဘူး။ အရေးကြီးတာက သူက ငါ့အပိုင်ဖြစ်သွားပြီ! သူ့အတွက် တာဝန်ယူပေးရမယ်။ ငါ့အတွက်လည်း သူ့တာဝန်ရှိတာပဲ”

ဟိုနှစ်ယောက်သည် ဘာပြောရမှန်းကို မသိတော့ပေ။
ဝူချန်းယွဲ့သည် အရမ်းကိုခိုင်မာနေပုံရသည့်အခါ သူတို့နှစ်ယောက်သည် စခန်းတစ်ခုလုံး၏ အမုန်းခံ သူ့အားမုဒိန်းကျင့်သွားသည့် မိန်းမ လုထန်ယုဆိုသည်ကို သူပြောနေမိတာ သိရောသိရဲ့လားဟု တွေးနေမိကြတော့သည်။ သိသွားပါက ဘယ်လိုမျက်နှာထားဖြစ်သွားမလဲပါ သူတို့သိချင်မိသည်။
ရုတ်တရပ် လုထန်ရိသည် ဝူချန်းယွဲ့၏ တု့န်ပြန်မှုများကြောင့် တိုက်ရိုက်ပြောဖို့ လုပ်လိုက်သည်။

“အင်း. . .သူဘယ်သူလဲဆိုတာ သိချင်တာ သေချာလား? ကျွန်တော်ပြောချင်တာက ဇွန်ဘီမဖြစ်ခင်က သူ့သရုပ်မှန်ကို”

ကောင်းချင်းမင်းသည် လုထန်ရိအား ဒီလိုမေးခွန်းပါသည့် အကြည့်ဖြင့်ကြည့်သည်။

‘မင်းတကယ်ပြောလိုက်မလို့လား?’

‘အနှေးနဲ့အမြန် သိတော့မှာပဲကွာ’

လုထန်ရိက ဒီလိုပြန်ကြည့်လာသည်။

ကောင်းချင်းမင်းက ခနတွေးကာ

‘ဒါဆိုရင် ငါပြေးတော့မယ်!’

‘မရဘူး! ဟေ့ကောင် မပြေးနဲ့! အတူသေမယ်!’

လုထန်ရိက မျက်လုံးဖြင့် ပြောသည်။

သူတို့နှစ်ယောက်က မျက်လုံးဖြင့် စကားပြောနေသည့်အခါ ဝူချန်းယွဲ့သည် နားမလည်ဖြစ်သွားကာ မေးသည်။

“ဘာဖြစ်လို့လဲ? သူ့နောက်ခံက အရမ်းရှုပ်တာ မဟုတ်ရင် အရမ်းကြောက်ဖို့ကောင်းနေလို့လား?”

ကောင်းချင်းမင်းက သူ့ကိုကြည့်ကာ

“ဟို. . .သူ့သရုပ်မှန်ကို သိသွားရင် စိတ်မတိုပါနဲ့”

လုထန်ရိက ခေါင်းငြိမ့်ကာ

“ဟုတ်တယ် ခေါင်းဆောင်။ စိတ်ပြောင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ အရင်ထွက်ပေးတဲ့အထိတော့ စောင့်ပါ”

ဝူချန်းယွဲ့သည် သူတို့စကားများကြောင့် စိတ်ရှုပ်သွားကာ သိချင်စိတ်ပြင်းပြလာ၍

“ဘာဖြစ်လို့ ငါကပြောင်းလဲမှာလဲ? ဘာတွေဖြစ်မှာမလို့လဲ? မင်းတို့နှစ်ယောက် တကယ်ထူးဆန်းတယ်!”

“ခေါင်းဆောင် စိတ်မဆိုးပါဘူးလို့ ကတိမပေးရင် ကျွန်တော်တို့ ဘာမှမပြောနိုင်ဘူး!”

လုထန်ရိက ပြောသည်။

ဝူချန်းယွဲ့က တွေဝေခြင်းမရှိဘဲ သဘောတူသည်။

“ဟုတ်ပါပြီ။ ငါသိပြီ ပြီးတော့ ငါဒီလိုလွယ်လွယ်နဲ့ မပြောင်းလဲပါဘူး။ ငါဘယ်လိုလူလဲဆိုတာ မင်းတို့လည်း သိတယ်မလား”

‘ဘယ်လိုလူလဲ သေချာပေါက်သိလို့ ပေါက်ကွဲမယ်ဆိုတာ သိနေတာပေါ့ဗျာ!’

သူတို့နှစ်ယောက်သည် စိတ်ထဲက ပြောနေကြသည်။

ဝူချန်းယွဲ့က စိတ်မဆိုးဘူးဟု ကတိပေးမှ လုထန်ရိက စပြောသည်။

“တွေးကြည့်ဗျာ။ သူ့နောက်ဆုံးမျိုးရိုးက လု။ ပြီးတော့ သေနှင့်ပြီ။ မမျှော်လင့်ဘဲ ဇွန်ဘီဖြစ်လာရတာ”

ဝူချန်းယွဲ့က ခေါင်းငြိမ့်၍ သူ့ကိုကြည့်ကာ

“အဲ့ဒီတော့?”

လုထန်ရိသည် တံတွေးကိုမြိုချကာ ဖြည်းဖြည်းချင်း ဆက်ပြောသည်။

“အင်း. . .ကျွန်တော့်မျိုးရိုးကလည်း လုပဲ။ သိမှာပါ. . .ကျွန်တော် အရင်က လာရှာတာ. . .”

ဝူချန်းယွဲ့သည် ခနတော့ ပဟေဌိဖြစ်သွားကာ တွေးကြည့်သည်။

‘လုမျိုးရိုးခြင်း တူကြတယ်? လုထန်ရိကလည်း လုထန်ယုသေတော့ အလောင်းကိုရှာဖို့ လာပြောသေးတယ်။ ဒါကကြာလှပြီ. . .ဟမ်! လု?’

ဒီလိုတွေးနေရင်း ဝူချန်းယွဲ့သည် တစ်ခုကို ရုတ်တရပ် သတိရသွားသည်။ သူ့မျက်လုံးများက လုထန်ရိထံတွင် ရှိနေကာ

“မင်းပြောတာက သူ့နောက်ဆုံးနာမည်က လု။ မင်းကလည်း လု. . .ဒီလိုပြောချင်တာမလား? အရင်တုန်းက ငါ့ကိုမင်းလာရှာတာက မင်းရဲ့အမ အလောင်းကို ရှာဖို့မလား?”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အသက်တောင် ဖြောင့်ဖြောင့်မရှုရဲကြတော့ပေ။ သူတို့သည် ခေါင်းအမြန်ငြိမ့်လိုက်ကာ ထွက်ပြေးဖို့ အသင့်ပြင်ထားကြသည်။
ဝူချန်းယွဲ့သည် သုံးစက္ကန့်လောက် ငြိမ်သွား၍ သူတို့ကို စိုက်ကြည့်ကာ အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာ၍ မေးသည်။

“ဒါဆိုရင် သူက လုထန်ယုလား?”

ဒီမျက်နှာကို သူအရမ်းရင်းနှီးနေတာ မထူးဆန်းတော့ပေ။ နောက်ဆုံးတော့ လုထန်ယု၏ မိတ်ကပ်မပါသည့် မျက်နှာမှန်း သိသွားလေပြီ။ ထို့ကြောင့် အရင်က တွေးဖူးသလို သူခံစားနေခဲ့ရတာပင်။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ရပ်တန့်သွားကြသည်။ သူတို့သည် ခေါင်းလည်းမငြိမ့်သလို အသံလည်း မပြုရဲကြဘဲ ထူးဆန်းသည့်အပြုံးဖြင့်သာ ကြည့်နေကြသည်။
ထို့နောက် ဝူချန်းယွဲ့၏ မျက်နှာသည် ထူးဆန်းလာသည်။ အပြုံးဖျော့ဖျော့က ဆက်ရှိနေဆဲ ဖြစ်သော်လည်း ထူးဆန်းသည့် အလင်းက သူ့မျက်လုံးထဲတွင် ဖြတ်ခနဲလင်းနေကာ နဖူးကြောကြီးများက ထောင်ထလာသည်။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် တောင့်ခဲကုန်ကြကာ မလှုပ်ရဲတော့ပေ။ ထိုအချိန်တွင် ဝူချန်းယွဲ့၏ အရှိန်အဝါသည် အနည်းငယ်ရန်လိုနေကာ ရုံးခန်းတစ်ခုလုံးသည် အန္တရာယ်ကြတော့မတက် ဖြစ်လာသည်။

ဟိုနှစ်ယောက်သည်လည်း စိတ်ထဲတွင် ငိုကြွေးနေကြပြီ။
‘လူလိမ်! မပြောင်းလဲဘူးလို့ ပြောခဲ့တာမလား? ဘာလုပ်နေတာလဲ! ဒါကပိုကြောက်ဖို့ကောင်းတယ်! ကျေးဇူးပြုပြီး မပြုံးပါနဲ့တော့ဗျာ! သွေးကြောတွေက ပေါက်ထွကတော့မလိုပဲ! ဘာအမှုအယာမှမရှိဘဲ မျက်နှာကိုပဲ မြင်ပါရစေ!’

ရုတ်တရတ် အခြေအနေပြောင်းသွားသည့်အခါ အာရုံခံကောင်းသည့် ဝူယွဲ့လျန်သည် ဝူချန်းယွဲ့အား ခေါင်းမော့ကြည့်ကာ သူ့ဘေးကိုတိုးလာ၍ သူ့အကျီစကို ဆွဲလိုက်သည်။

ဝူချန်းယွဲ့၏စိတ်သည် ချက်ချင်းအရည်ပျောက်ကြသွားသည်။ သက်ပြင်းချလိုက်ကာ ဝူယွဲ့လျန်ကို မေးသည်။
“လျန်လျန် ဖေဖေဘာလုပ်ရမလဲ? အခုတစ်ယောက်ယောက်နဲ့ တိုက်ချင်နေတယ် ဇွန်ဘီမိန်းကလေးနဲ့ အခုသွားတိုက်သင့်လား? ဟမ်?”

ဝူယွဲ့လျန်သည် သူ့အားနားမလည်စွာ ကြည့်နေကာ ဘာပြောချင်လဲဆိုသည်ကို မသိပေ။

‘တိုက်မယ်? ဘယ်သူနဲ့လဲ? ဖေဖေပြောတော့ မလိုအပ်ရင် မတိုက်ရဘူးဆို?’

“ဟား ခေါင်းဆောင်. . .ဟို. . .ပြောချင်တာက. . .တိုက်ပြီးသားမလား။ မေ့နေတာလား? ဟို. . .ပေါင်ကိုတောင် ကိုက်ခဲ့သေးတယ်လေ”

ဝူချန်းယွဲ့၏ ကြောက်ဖို့ကောင်းသည့် အရှိန်အဝါပျောက်သွားသည့်အခါ လုထန်ရိက သက်ပြင်းချလိုက်ကာ စသလို နောက်သလိုဖြင့် သတိပေးလိုက်သည်။

ဝူချန်းယွဲက ဇွန်ဘီမိန်းကလေးနှင့် သူ့ဇွန်ဘီအမြူတေကို ခိုးသွားတုန်းက အမိုးပေါ်တွင် တိုက်ခိုက်ခဲ့သည်ကို သတိရသွားသည်။ ရလဒ်ကတော့ တိုက်ပွဲတွင် သူရှုံးသွားကာ သူမ၏ပေါင်ကို ကိုက်ခဲ့သေးသည်။
‘ခနလေး! တစ်ခုခုက လွဲနေတယ်!’
ရုတ်တရပ် လုထန်ရိကိုကြည့်ကာ မေးသည်။

“ဒါဟုတ်တယ်လို့ မထင်ဘူး။ ငါတို့စခန်းမှာနေတုန်းက အဲ့မိန်းမက သာမန်လူပါပဲ။ အင်အားမရှိဘဲ လှတဲ့မိန်းမဖြစ်နေရုံတင်။ ဇွန်ဘီဖြစ်လာတာနဲ့ ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီလောက်အင်အားကြီးလာစရာ မရှိဘူး။ သေချာလေ့ကျင့်ခံထားရတဲ့ တပ်သားတွေလိုမျိုး တိုက်ခိုက်နိုင်ဖို့ဆိုရင် ပိုတောင်ဝေးသွားပြီ။ သူ့စရိုက်နဲ့ အလုပ်လုပ်တဲ့ပုံတွေကလည်း အရင်ကနဲ့ မတူတော့ဘူး အရင်က တစ်ချိန်လုံး ဒါတွေကို သူဖုံးဖိထားတယ်လို့တော့ ငါ့ကိုမပြောနဲ့!”

‘ဒါကတစ်ယောက်တည်း မဟုတ်ဘူးလို့ ငါထင်တယ်။ မဖြစ်နိင်ဘူး. . .’

ဝူချန်းယွဲ့သည် မျှော်လင့်ချက် ပေါ်လာသည်။ ဇွန်ဘီအမျိုးသမီးနှင့် လုထန်ရိတို့မှာ ဝိဉာဉ်မတူဖို့ကို သူမျှော်လင့်မိသွားသည်။

Previous Chapter 390 of 410 Next