May Honey Logo May Honey
Previous Next

၄၀၀။ အဆောက်အဦးကိုယူမယ်

    	လင်းချင်းက အဆောက်အဦးထဲသို့ လျှောက်လာကာ အထဲက ပရိဘောဂများကို တစ်ချက်ကြည့်လိုက်သည်။ ဒီနေရာသည် ကမ္ဘာပျက်တည်းက ရောက်လာသည့်သူ မရှိသဖြင့် အကုန်လုံးက အစီစဉ်မကျဖြစ်ကာ ပရိဘောဂများက မှောက်လန်နေ၍ ဖုန်အလွှာတို့က အထူကြီး ဖြစ်နေသည်။  
   
    	လင်းချင်းက သေချာကြည့်လိုက်သည့်အခါ ဒါတွေက ဖုန်တက်နေရုံကလွဲ၍ အသစ်ဖြစ်နေကြောင်း သိလိုက်ရသည်။ သူမသည် လက်ကိုလှုပ်လိုက်သည့်အခါ မြူခိုးနက်တို့က ဧည့်ခန်းထဲက ပရိဘောဂများထံသို့ ထွက်သွားသည်။  
   
    	မြူခိုးများထွက်လာသည့်အခါ ယွမ်ထန်ရှင်းသည် အနားသို့ မကပ်ရဲသည့် ခံစားချက်ကို ရလိုက်သည်။ တံခါးကို အမြန်သွားပိတ်ပေးလိုက်ကာ   “ဒီအစွမ်းက တကယ်ရှိတာလား? နင်က အစွမ်းနှစ်ခုပိုင်ရှင်လား?”  
   
    	လင်းချင်းက သူ့အားကြည့်ကာ   “ဒီလိုပါပဲ”  
   
    	ထို့နောက် မြူခိုးနက်များထိသွားသည့် နေရာတိုင်းတွင် ဘာမှမကျန်ခဲ့သည်ကို တူယွမ်ရှင်းက မြင်လိုက်ရသည်။ စားပွဲ၊ ခုံ၊ ဆိုဖာနှင့် တခြားအရာများဖြင့် ပြုလုပ်ထားသည့် အရာတိုင်းက ပျောက်ကွယ်သွားသည်။ သတ္တုအမာဖြင့် ပြုလုပ်ထားသည်များကတောင် အရည်ပျော်ကာ ပျောက်သွားခြင်းပင်။ မြူခိုးနက်တို့က ထိလိုက်သည့်အရာတိုင်းကို ပျော်ဝင်စေတာ ဖြစ်သည်။  
   
    	ယွမ်ထန်ရှင်းသည် အခန်းထဲတွင် ပတ်သွားနေသည့် မြူခိုးနက်များကို ကြည့်လိုက်ကာ လင်းချင်း၏ လက်ဝါးကို ကြောက်လန့်စွာ ကြည့်လိုက်သည်။ ထို့နောက် ဧည့်ခန်းတစ်ခုလုံးသည် ဘာမှမကျန်သည့်အထိ အပြောင်ရှင်းခံလိုက်ရသည်။ တကယ်တော့ လင်းချင်း၏ အခန်းကို ရှင်းလင်းပုံမှာ အရမ်းကို ရိုးရှင်းကာ ကြမ်းလွန်းသည်။  
   
    	ဧည့်ခန်းကို ရှင်းပြီးနောက် သူမသည် ဒုတိယထပ်သို့ လျှောက်လာသည်။ ဒုတိယထပ်တွင် ၃ခန်းရှိသည်။ အိပ်ခန်းနှစ်ခန်းနှင့် စာကြည့်ခန်းတစ်ခုပင်။  ကော်ရစ်တာ အဆုံးတွင် ရေချိုးခန်းတစ်ခု ရှိသည်။ လင်းချင်းသည် အခန်းထဲက အရာတိုင်းကို ပျောက်ကွယ်စေပြီးနောက် သုံးထပ်မြောက်သို့ တက်သွားသည်။  

တတိယထပ်တွင် အခန်းနှစ်ခုရှိကာ တစ်ခုကကြီး၍ တစ်ခုကသေးသည်။ ဝရံတာသည် ဒီအထပ်၏ တစ်ဖက်တွင်ရှိကာ ဒီဝရံတာတွင် အပေါ်သို့တပ်သည့် လှေကားတစ်ခုရှိသည်။ လင်းချင်းသည် အမိုးပေါ် ခုန်တက်သွားကာ အမိုးခန်းကို တစ်ချက်ကြည့်၍ ပြန်ဆင်းလာသည်။ အခန်းနှစ်ခုကို ရှင်းပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းလာသည်။

“ရပြီ။ ဖောင်ဒေးရှင်းအပေါ်က အပိုင်းတွေကိုပဲ ငါ့ကိုထုတ်ပေးဖို့ လိုတယ်”
လင်းချင်းသည် ကားကိုမှီကာ ဆေးလိပ်သောက်နေသည့် ယွမ်ထန်ရှင်းကို လှမ်းပြောသည်။

    	ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ အဆောက်အဦးကို လက်နှစ်ဖက်ရွယ်၍ အောက်ချလိုက်သည်။ ထို့နောက် တစ်ခုခုကို ကိုင်ထားသည့်အလား လက်ကို မြှောက်လိုက်သည်။ သူ့လှုပ်ရှားမှုနောက်တွင် မြေသည်လှုပ်လာကာ လင်းချင်းရွေးထားသည့် အဆောက်အဦးသည် စ၍တုန်လာသည်။ နံရံက ဖုန်မှုန်များ ပြုတ်ကျလာကာ အဆောက်အဦးတစ်ခုလုံးသည် အနည်းငယ် ကျွံ့ဝင်ကျသွားကာ ရပ်သွားသည်။  
   
    	“ရပြီ”   တူယွမ်ရှင်းက လက်ကိုချကာ ပြောသည်။  
   
    	လင်းချင်းက ခေါင်းငြိမ့်ကာ အိမ်တံခါးကိုကိုင်၍ ‘ဝင်’ဟု စိတ်ထဲက ပြောလိုက်သည်။ ထို့နောက် အဆောက်အဦးသည် သူတို့မျက်လုံးရှေ့ကနေ ပျောက်သွားကာ နေရာလွတ်ကြီးသာ ကျန်ခဲ့သည်။  
   
    	လင်းချင်းသည် ကားထဲသို့ ဝင်ကာ ပြောသည်။   “သွားရအောင်”  
   
    	သူတို့၃ယောက်သည် ဟိုတယ်သို့ ပြန်ရောက်ချိန်တွင် တခြားသူများသည် ညစာစားနေကြပြီ။ လင်းချင်းသည် ပြန်ရောက်သည်နှင့် ငါးလွှာသို့ တန်းတက်သွားသည်။  
   
    	ချူးလီလီ၏ အခန်းထဲသို့ ဝင်လိုက်သည့်အခါ သူမသည် ပြတင်းပေါက်ကနေ အပြင်ကို ငေးနေသည်ကို တွေ့ရသည်။ လင်းချင်းဝင်လာသည့်အခါ သူမက လှည့်ကြည့်သည်။  
   
    	“ကိစ္စတွေက အတော်တည်ငြိမ်နေပြီ”   လင်းချင်းက ပြောသည်။   “နှစ်ရက်လောက်ကြာရင် ငါတို့ဇွန်ဘီနံရံနားမှာ လူတွေစားဖို့ အစာရှိမလား ငါသွားရကြည့်ရမယ်”  
   
    	အချို့ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စျေးအချို့တွင် အရင်တည်းက သိမ်းထားတာဖြစ်သည့် ဆန်၊ ဆားနှင့် တခြားစည်သွပ်ဘူးအချို့တို့ကို တွေ့နိုင်သည်။  
   
    	“ဘာဖြစ်လို့ သူတို့အတွက် အစာနဲ့ အထောက်အပံ့တွေကို အမြဲကူရှာပေးနေတာလဲ?”   ချူးလီလီက မကျေနပ်စွာ ပြောသည်။   “ဘာဖြစ်လို့ သူတို့ဟာသူတို့ မလုပ်ခိုင်းတာလဲ? ပြီးတော့လည်း သူတို့ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးနေဦးမှာလဲ?”  
   
    	လင်းချင်းက သက်ပြင်းချကာ   “အခုသူတို့မှာ လူမှမလောက်သေးတာ။ ငါတို့စခန်းနံရံကို ဆောက်တာတင်ပဲ အတော်ကြာမှာ။ ဘယ်လိုလုပ်ပြီး အစာရှာဖို့ အချိန်ရှိမလဲ? သူတို့ကြိုးစားရင်တောင်မှ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး”  
   
    	“စစ်စခန်းကို ရှာသင့်တယ်။ စစ်တပ်ကရိက္ခာတွေက အချိန်တော်တော်ကြာအောင် ခံနိုင်လောက်တယ်။ တခြားနေရာတွေထက် စစ်တပ်က သွားယူရင် အတော်များမှာ”   ဆိုဖာပေါ်တွင် ထိုင်နေသည့် လျူကျွင်းက ပြောသည်။  
   
    	လင်းချင်းက ခေါင်းငြိမ့်ကာ   “ဒီနားမှာ စစ်စခန်းရှိတာကို ငါသိတယ်။ လေတပ်ဖြစ်မယ် ထင်တယ်။ ငါတို့အချိန်ရရင် အဲ့ကိုသွားကြည့်ကြတာပေါ့”  
   
    	အပြင်ထွက်ရမည်ကို ကြားသည့်အခါ ချူးလီလီက ပျော်ရွှင်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့်ပြောသည်။   “ကောင်းတယ် ဒါဆိုရင် အရင်ဆုံး မြို့ပေါ်ခရိုင်ကနေစပြီး စစ်စခန်းတွေ သွားရှာကြတာပေါ့”  
   
    	လင်းချင်းက ခနတွေးကာ ပြောသည်။   “ဒါက အချိန်ကြာမယ်ထင်တယ်. . .တစ်လလောက်။ အခု ဒီနေရာကို ဘယ်သာမန်လူသားနဲ့ ဇွန်ဘီကမှ မဝင်နိုင်ဘူး။ ငါတို့မြို့ပေါ်ခရိုင်ကို ရောက်နေရင် ဒီနေရာက အကာကွယ်အတော် လျော့သွားမှာ”  
   
    	“ဘာကိုပူနေတာလဲ?”   ချူးလီလီက နားမလည်ပေ။   “အဆင့်၆လူသားက ဒီမှာရှိသားပဲ။ သူတို့ဒုက္ခမရောက်လောက်ဘူးမလား?”

    	လင်းချင်းက ခေါင်းခါကာ   “အနားမှာ ပင်လယ်မြို့တော်စခန်းရှိတယ်။ ဝူချန်းယွဲ့နဲ့ ကျိုးရှုဟွေ့တို့ကလွဲရ၍ အဆင့်၇ရောက်နေတဲ့ ဓားပြတစ်ယောက်က ဒီနားမှာ ရှိသေးတယ်။ ပြီးတော့ သူကထွက်ပြေးနေတာ”  
   
    	“အဲ့ဓားပြက ဒီကိုရောက်လာမှာ စိုးတာလား?”   ချူးလီလီက တွေးကာပြောသည်။  
   
    	လင်းချင်းက ခေါင်းငြိမ့်ကာ   “ငါအဲ့ဓားပြနဲ့ တစ်ခါတွေ့ဖူးတယ်။ ငါတို့စခန်းကိုမရောက်ခင် သူက လင်းဖန်တို့နောက်ကို လိုက်နေနှင့်တာ။ သူ့မိတ်ဆွေ ယန်းချောင်းက မရှိတော့ပင်မယ့် ငါတို့ကို သူမျက်စိကျနေနိုင်တယ်”  
   
    	ချူးလီလီသည် စိုးရိမ်သွားကာ ပြောသည်။   “ဒါဆိုရင် သူ့ကိုအရင်ရှာသင့်တယ်မလား? မဟုတ်ရင် ရိက္ခာစုဖို့ ထွက်မရဖြစ်နေတော့မှာမလား?”  
   
    	“ဟုတ်တယ်”   လင်းချင်းက ပြောသည်။   “အဲ့ဒါကြောင့် မြို့ပေါ်ခရိုင်ကို မသွားခင် အဲ့ဓားပြက ဘာလုပ်နေသလဲ ဆိုတာကို ငါတို့အရင်သိအောင် လုပ်ထားရမယ်”  
   
    	“ဒါဆိုရင် နင့်ရဲ့တောင်ပိုင်းကို သွားဖို့ကိစ္စက ဆောင်းတွင်းအထိ ရွေ့လိုက်ရမှာမလား?”   လျူကျွင်းက ပြောသည်။  
   
    	လင်းချင်းက သူမကိုတစ်ချက်ကြည့်၍ ခေါင်းငြိမ့်ကာ   “ဒီကအခြေအနေတွေ တည်ငြိမ်တဲ့အထိ စောင့်ဖိုလိုဦးမယ်။ အခု ပုန်းနေတဲ့ အဆင့်၇ဓားပြရဲ့ အန္တရာယ်ရှိသေးတယ်။ ငါတို့ဒီတိုင်းသွားလို့မရသေးဘူး”  
   
    	လျူကျွင်းက သဘောတူစွာ ခေါင်းငြိမ့်ကာ   “ငါ့အထင် လင်းဖန်တို့က အရမ်းအားနည်းနေသလိုပဲ”  
   
    	လင်းချင်းက ခေါင်းခါကာ   “တကယ်တော့ သူတို့က အားမနည်းပါဘူး။ အဆင့်၆စွမ်းအားရှင်က နေရာတိုင်းမှာ ရှိတာမဟုတ်ဘူး။ ပြဿနာက သူတို့အဆင့်၇ဓားပြနဲ့ တွေ့နေရလို့။ ဒါကလည်း ကြီးကြီးကျယ်ကျယ်ဖြစ်တာတော့ မဟုတ်ပါဘူး။ သူတို့မှာ ဖြေရှင်းစရာ နည်းမရှိတာမှ မဟုတ်ဘဲ။ ငါကဓားပြကို အာရုံခံနိုင်တယ်။ ဒါနဲ့ လီလီ ခုနက တစ်ခုခုတွေ့လား?”  
   
    	ချူးလီလီက အံ့သြစွာဖြင့်   “ဟမ်? သိတယ်လား?”  
   
    	လင်းချင်းက ခေါင်းငြိမ့်ကာ   “ငါလာတုန်းက နင်စိုက်ကြည့်နေတဲ့နေရာကို ငါမြင်တယ်။ ငါလည်းတစ်ခုခုကို ခံစားနေမိတယ်”  
   
    	ထိုအခါ ချူးလီလီသည် နှုတ်ခမ်းဆူသွားကာ လင်းချင်းအား မကျေနပ်စွာဖြင့်   “မကြီးရဲ့ အာရုံခံနိုင်စွမ်းက ညီမလေးထက်တောင် ထက်နေသေးတယ်။ ညီမလေးက မကြီးထက်အဆင့်မြင့်ပင်မယ့် မကြီးကြိုသိနေပြီးမှ ညီမလေးက သတိထားမိတယ်လား?”  
   
    	လင်းချင်းက ရယ်ကာပြောသည်။   “ဒါကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ငါတို့က မတူဘူးဆိုတာ နင်သိတယ်မလား”
Previous Chapter 400 of 410 Next