May Honey Logo May Honey
Previous Next

၃၆၆။ ယန်ချောင်းသေပြီ

ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် ထိုအဆောက်အဦးထဲမှ အသံများကို ကြားသဖြင့် မျက်နှာမကောင်းကြတော့ပေ။

“လူတွေကို စပြီးတော့ စားနေပြီ”   ဝူချန်းယွဲ့သည် အဆောက်အဦးအတွင်းသို့ အမြန်ဝင်သွားရင်းက ပြောသည်။

ပိုးကူးခံရသည့် စွမ်းအားရှင်များသည် သူတို့အစွမ်းဖြင့် ပိုးကို မဖိနှိပ်နိုင်သည်နှင့် မကောင်းဆိုးဝါးများ ဖြစ်ကုန်ကြသည်ကို သူသိသည်။ အတွင်းကလီစာများနှင့် အစာချေစနစ်တို့က ပြောင်းလဲကုန်သောကြောင့် ဖြစ်သည်။

သူတို့သည် ပုံမှန်အစားအသောက်တို့ကို စိတ်ဝင်စားမှု လျော့ကျသွားကာ အသက်ရှိလူသားတို့၏ သွေးနှင့်အသား လက်လက်ဆက်ဆက်များကို စားချင်စိတ်တို့က စဖြစ်လာလေသည်။

ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် သူတို့ထင်သလို နံရံနှင့် ကော်ရစ်တာတို့မှာ လူသွေးနှင့်အသားတို့က ပွစာကြဲနေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်မှာ သွေးများနောက်သို့ အရှိန်မြှင့်၍လိုက်ရင်း မကောင်းသည့် ခံစားချက်တို့က စိတ်ထဲတွင် မြင့်တက်လာသည်။

ထိုအချိန်တွင် ယန်းချောင်းသည် အမျိုးသမီးတစ်ဦး၏ နောက်ကျောကနေ သူမ၏လည်ပင်းကို သူ့ပါးစပ်ပြဲကြီးဖြင့် ကိုက်စားနေကာ သူမအား ဆွဲခေါ်သွား၍ လေးဖက်ထောက်ကြီး နောက်သို့ဆုတ်ပြေးနေသည်။

သူ့၏သွက်လက်သည့် လှုပ်ရှားမှုနှင့်အတူ အမျိုးသမီး၏ကိုယ်သည် လေထဲတွင် အဝတ်စတစ်ခုလို လွင့်ပါနေသည်။ ယန်းချောင်းသည် ထောင့်များသို့ ကွေ့သွားလျှင် သူမ၏ကိုယ်အား နံရံများရိုက်မိသည်က များလှသည်။ သို့သော်လည်း သူမသည် နာကျင်သည့်အသံ တစ်သံမှတောင် ထွက်မလာနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သေဆုံးသွားနှင့်ပြီ။ ယန်းချောင်းသည် သူမ၏လည်ပင်းကို ကိုက်ထားကာ သူ့ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်နေသည်။

အမျိုးသမီးအား အပေါ်ထပ်သို့ ဆွဲသွားပြီးနောက် ဝူချန်းယွဲ့တို့မှာ သူ့နောက်သို့ လိုက်မလာနိုင်ဘူးဟု သူခံစားရသည်။ ထိုကြောင့် သူမအား နေရာလွတ်တစ်ခုသို့ ခေါ်သွားကာ သူမ၏အဝတ်များကို ဆွဲဖြဲပစ်လိုက်သည်။ မကြာခင်တွင် သူမ၏ အဝတ်တို့သည် အကုန်ပြဲကုန်သည်။

အဝတ်များကို ဖြဲပြီးနောက် သူသည် အမျိုးသမီး၏ ရင်သားများကို သူ့၏ပုံပျက်နေသည့် လက်များဖြင့် ကြမ်းတမ်းစွာ ကိုင်လိုက်သည်။ ရုတ်တရပ် သူ့လက်များကို အားထည့်လိုက်ကာ အမျိုးသမီး၏ ရင်သားများကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် ရင်သားနှစ်ဖက်ကို သူ့ပါးစပ်ထဲသို့ထည့်ကာ ကျယ်လောင်စွာ ဝါးစားနေရင်း သွေးတို့သည် သူ့သွားများနှင့် လက်သည်းတို့တွင် ရဲရဲနီနေလေသည်။ သူသည် ရင်သားများကို အမြန်ဝါး၍ မြိုချလိုက်ကာ လှေကားဘက်သို့ တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် ချက်ချင်းလှည့်ပြေးတော့သည်။

သို့သော်လည်း သူပြေးသည်က နှစ်မီတာပင် မရှိသေး သူ့ဘေးက နံရံသည် ရှည်ထွက်လာကာ သူ့အရှေ့တွင် ပိတ်ဆို့ပစ်လိုက်သည်။ သို့သော်လည်း သူသည် နံရံကို ဂရုမစိုက်ဘဲ လက်ကိုမြှောက်၍ အားဖြင့် ထိုးချလိုက်သည်။ 

သူ့၏ အခုလက်ရှိအင်အားဖြင့် သူသည် နံရံကို အပေါက်ဖြစ်အောင် တကယ်ထိုးနိုင်သော်လည်း သူ့အရှေ့ကနံရံသည် သာမန်နံရံ မဟုတ်သဖြင့် အက်ကွဲရာတောင် မထင်ပေ။

“စခန်းထဲကလူတွေကို ဘယ်လိုလုပ်စားရဲတာလဲ ယန်းချောင်း မင်းရူးနေပြီ”
ကျိုးရှုဟွေ့၏ အသံက ထွက်လာသည်။

“ဂါး”   ယန်းချောင်းသည် တစ်ဖက်သို့ လှည့်ပြေးဖို့ လုပ်သည့်အခါ နောက်တွင်လည်း ပိတ်ထားသည်ကို မြင်လိုက်ရသည်။ သူသည် ပတ်ပတ်လည်လှည့်နေရင်း အသံတုန်တုန်ဖြင့်   “ဟား ဟား  ဟား မိန်းမတွေရဲ့ရင်သားက အရသာအကောင်းဆုံးပဲ. . .မင်းတို့အကုန် စမ်းစား. . .”

သူ့စကားမဆုံးခင် နံရံပတ်ပတ်လည်မှနေ စတီးချောင်းချွန်မြောက်များစွာက သူ့ထံသို့ ပစ်လာသည်။ သူသည် ဒီလိုနေရာကျဉ်းကျဉ်းလေးထဲတွင် ပတ်ပြေးနေသော်လည်း လက်ချောင်းစာ တစ်မီတာရှည်သည့် စတီးချွန်အကုန်လုံးကို မရှောင်နိုင်ဘဲ သူ့ကိုယ်အား ဖောက်ဝင်ကုန်တော့သည်။

“ဂါး”   သူသည် ဒေါသတကြီး အော်ပြီးနောက် မပြေးတော့ဘဲ စတီးချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဆွဲထုတ်လိုက်သည်။ သို့သော် စတီးချွန်ထွက်လာသည်နှင့် သွေးတို့ကလည်း စိမ့်ထွက်လာတော့သည်။ 

သူသည် နောက်စတီးချောင်းကို ထုတ်နေသည့် အချိန်မှာ သူ့ခေါင်းတည့်တည့်သို့ စတီးချွန်တစ်ချောင်းက ရုတ်တရပ် ထိုးစိုက်သွားတော့သည်။ သူသည် အေးခဲသွားကာ သူ့လက်တို့က ဒီကိုယ်ပေါ်က စတီးချောင်းတွင် ကပ်နေလေသည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။

နံရံအပိုနှစ်ခုသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကြသည်။ နံရံများ၏ အနောက်က ဝူချန်းယွဲ့၊ ရှောင်ယွင့်လုံနှင့် ကျိုးရှုဟွေ့တို့က ခေါင်းတွင် သံချွန်ထိုးစိုက်ခံရကာ ကြမ်းပြင်ပေါ်သို့ လဲကျနေသည့် ယန်းချောင်းထံသို့ လျှောက်လာကြသည်။

ရှောင်ယွင့်လုံသည် ယန်းချောင်းထံသို့ အမြန်သွားကာ သူ့ကိုယ်ကို ခြေဖြင့်ကန်ကြည့်သည်။ သေသွားပြီဆိုတာ သေချာမှသာ တခြားသူများအား   “သူသေပြီ။ ဒါပင်မယ့် မသေခင် မိန်းမတစ်ယောက်ကို သတ်ခဲ့သေးတယ်။ ဒါကို ဘယ်လိုလုပ်ကြမလဲ?”

ဝူချန်းယွဲ့သည် ကျိုးရှုဟွေ့ကိုကြည့်ကာ   “ကျိုး သူ့နောက်လိုက်ကို မင်းလိုက်ဖမ်းလိုက်။ ငါလူတွေတွေကို နှစ်သိမ့်ပေးထားလိုက်မယ်”

ကျိုးရှုဟွေ့သည် ခေါင်းငြိမ့်ကာ ယန်းချောင်းကို ကြည့်၍ သက်ပြင်းချပြီးမှ လှည့်ထွက်သွားသည်။

“သူ့ခေါင်းကိုခွဲလိုက်”   ဝူချန်းယွဲ့က ရှောင်ယွင့်လုံကို ပြောသည်။

ရှောင်ယွင့်လုံသည် လက်ကိုယမ်းလိုက်သည်။ သံချွန်အားလုံးသည် စုသွားကြကာ အကုန်ပေါင်းသွားပြီး သံလုံးကြီး ဖြစ်သွားသည်။ သူသည် လက်တစ်ဖက်ဖြင့် လေထဲက သံလုံးကြီးကို ထိန်ချုပ်ကာ တစ်ဖက်က မျဉ်းဆွဲသလို လုပ်လိုက်သည်။ သူ့လှုပ်ရှားမှုအောက်တွင် သံလုံးကြီးသည် အလင်းရောင်အောက်တွင် တောက်ပသည့် ချွန်ထက်သည့် ဓားသွားဖြစ်သွားသည်။ 

ထို့နောက် ရှောင်ယွင့်လုံသည် လက်ဖက်ကို အောက်ချလိုက်သည့်အခါ သံဓားသည် ယန်းချောင်း၏ကိုယ်ပေါ်သို့ ပြုတ်ကျလာသည်။ ‘ဘုန်း’ဆိုသည့်အသံနှင့်အတူ သူ့ခေါင်းသည် ပြတ်သွားကာ သွေးတို့က ပြတ်သွားသည့် လည်ပင်းကနေ စီးကျလာသည်။

ထိုအချိန်တွင် ဝူချန်းယွဲ့သည် သေဆုံးသွားသည့် အမျိုးသမီး၏ အလောင်းကို သွားစစ်ကြည့်သည်။
“သူသည် ကူးစက်ခံထားရပြီ။ သူလည်း ဇွန်ဘီအဖြစ်ပြောင်းမလားဆိုတာကို ငါတို့မသိနိုင်ဘူး။ အခုသေချာထိန်းထားမှပဲ။ နောက်မှ စောင့်ကြည့်ကြတာပေါ့”

ထိုအချိန်တွင် ရှောင်ယွင့်လုံသည် ယန်းချောင်း၏ ခေါင်းကိုညွှန်ပြကာ မေးသည်။
“ငါတို့ အထဲက အမြူတေကို ယူသင့်လား?”

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ   “ထုတ်လိုက်။ ဘာပဲဖြစ်ဖြစ် သူက အဆင့်၇ပဲ”

ထိုအခါ ရှောင်ယွင့်လုံသည် သံဓားကို ထိန်းချုပ်ကာ ယန်းချောင်း၏ ခေါင်းကိုဖြတ်လိုက်၍ သံချွန်ဖြင့် သူ့ဦးနှောက်များကို မွှေရှာလိုက်သည်။ မကြာခင်တွင် အမြူတေက ထွက်လာသည်။ အမြူတေကို ယူလိုက်၍ ယန်းချောင်း၏ စုတ်ပြဲနေသည့် ကုတ်ဖြင့် သေချာသုတ်လိုက်ပြီးမှ ဝူချန်းယွဲ့ကို ထ၍ပေးသည်။

“သိမ်းထား။ မင်းသူ့ကိုသတ်လိုက်ပါပဲ။ ဒီအမြူတေက မင်းပိုင်သင့်တာ သေချာပေါက်ပဲ”   ဝူချန်းယွဲ့သည် အမြူတေကို မယူဘဲ လှည့်ထွက်သွားရင်း ထပ်ပြောသည်။   “အလောင်းနှစ်ခုကို သယ်လာခဲ့”

“ဟုတ်ကဲ့”   အနားက စစ်သားများက ချက်ချင်းပြန်ဖြေသည်။ စစ်သားများသည် အပေါ်သို့ တက်မလာခင်တည်းက ယန်းချောင်းတိုက်ခိုက်သွားသည့် အလောင်းကို ယူလာတာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အဝတ်ဖြူနှင့် ထမ်းဆင်တို့ ပါလာကြသည်။ အမျိုးသမီးအလောင်းကို အဝတ်ဖြူဖြင့်အုပ် ထမ်းစင်ပေါ်တွင်တင်သည်။ ထို့နောက် ယန်းချောင်း၏ အလောင်းကိုလည်း ပြင်တော့သည်။

ရှောင်ယွင့်လုံသည် အမြူတေကိုကိုင်ကာ ယန်းချောင်း၏ ခေါင်းမဲ့နေသည့် အလောင်းကို တစ်ချက်ကြည့်၍ ဝူချန်းယွဲ့၏ အနောက်သို့ လိုက်လာသည်။ အောက်ထပ်သို့ ဆင်းလာရင်း ဝူချန်းယွဲ့သည် ရှောင်ယွင့်လုံအား သန့်ရှင်းရေး တာဝန်အချို့ကို လုပ်စေကာ အနီးအနားအဆောက်အဦးများက ကြောက်လန့်နေသည့် လူများကိုစု၍ စ၍နှစ်သိမ့်ပြောဆိုပေးတော့သည်။

အကယ်၍ လင်းချင်းကသာ အပြင်မှာရှိလျှင် ယန်းချောင်းသေဆုံးခြင်းကို ချက်ချင်းသိနိုင်သော်လည်း သူမသည် နယ်မြေထဲတွင် ရောက်နေသည်။ ထို့အတူ သူမသည် နွယ်လေးကို လမ်းလျှောက်လည်း သင်ပေးနေရသေးသည်။ ဟုတ်ပါသည်။ သူမသည် နွယ်ပင်လေးကို ဘယ်လိုလမ်းလျှောက်ရမလဲ တကယ့်ကို သင်ပေးနေတာပင်။

နွယ်လေးတွင် အမြစ်၆ချောင်းရှိပြီး တစ်ချောင်းစီသည် လင်းချင်း၏ လက်မတစ်ခုလောက်ရှိသည်။ အရှည်သည် မီတာတစ်ဝက်လောက်ရှည်ပြီး အဖြူရောင်သွယ်သွယ်လေးများဖြစ်ရာ ကြည့်ရတာက အတော်ချစ်ဖို့ကောင်းသည်။ 

သို့သော်လည်း အမြစ်ခြေထောက်များပေါ်တွင် ရပ်လိုက်သည်နှင့် ခြေထောက်များကို ဘယ်လိုထိန်းချုပ်ရမလဲကို မေ့သွားတက်သည်။ ခေါင်းအထက်က ဆံပင်လောက်ရှိသည့် နွယ်သေးသေးများကိုကျတော့ တစ်ခုချင်းစီ ထိန်းနိုင်သော်လည်း အမြစ်ခြေထောက်များကိုတော့ မထိန်းတက်ပေ။ လမ်းလျှောက်သည့်အခါ ဘယ်အမြစ်ခြေထောက်ကို စရွေ့ရမလဲကို မသိပေ။ တစ်ခါတစ်လေ ခြေ၂ချောင်း ၃ချောင်းလောက်ကို မတူသည့်ဘက်များသို့ တစ်ခါတည်းရွေ့တက်လေရာ ခြေထောက်တို့မှာ လိမ်ကုန်၍ ပိုရှုပ်ကုန်တော့သည်။ ထို့နောက် . . .ထပ်၍ လဲကာ လုံးလုံးလေးကို လှိမ့်သွားပြန်သည်။  
Previous Chapter 366 of 410 Next