May Honey Logo May Honey
Previous Next

၃၃၉။ လျန်လျန်ရဲ့အတွေး

ဝူချန်းယွဲ့၏အိမ်တွင် မုန့်ယွဲ့သည် ထမင်းစား စားပွဲ၏နောက်တွင်ထိုင်နေကာ သူမ၏ပန်းကန်ထဲသို့ ထမင်းထည့်နေသည်။ သူမသည် ခနတွေဝေသွားပြီးနောက် ဝူချန်းယွဲ့ကို မော့ကြည့်သည်။ ဝူချန်းယွဲ့သည် သူမ၏ဘေးတွင်ထိုင်ကာ ဝူယွဲ့လျန်စားနေသည်ကို ကြည့်နေတာ ဖြစ်သည်။

“အကို. . .ဘာဖြစ်လို့ အဲ့ဒီဇွန်ဘီမအတွက် အလှမျက်ကပ်မှန်တွေရှာပေးဖို့ လူတွေကို ခိုင်းခဲ့တာလဲ?”

ထိုအခါ ဝူချန်းယွဲ့သည် သူမကို ပြန်ကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့်   “ဘာဖြစ်လို့လဲ? နေကာမျက်မှန်ကြီးကို တစ်ချိန်လုံး တပ်ထားရတာက ပိုသံသယဝင်စရာ ကောင်းနေတယ်လို့ ငါခံစားမိလို့။ မျက်ကပ်မှန်ရသွားရင် ပိုကောင်းသွားတာပေါ့”

မုန့်ယွဲ့သည် ခနရပ်ကာ သူမ၏ မျက်လုံးထဲတွင် ဖော်ပြ၍မရသည့် ခံစားချက်တို့က ပေါ်လာကာ မျက်လွှာချလိုက်၍ တူကိုလှုပ်ရှားကာ စားလိုက်သည်။ ထို့နောက် သူမက မေးသည်။   “ဒါက လျန်လျန်ကို အစွမ်းနိုးအောင် ကူညီပေးလို့မလား?”

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ဖြေသည်။   “အင်း ဟုတ်တယ်! ဒီအလှမျက်ကန်မှန်တွေလောက်နဲ့ သူ့ကို ကျေးဇူးတင်လက်ဆောင် ပေးရတာ မလုံလောက်ဘူးလို့ ငါခံစားရတယ်။ ဒါပင်မယ့်လည်း သူကြိုက်မယ်လို့ ငါထင်ရတာပါပဲ”

မုန့်ယွဲ့၏ လက်များသည် ခနငြိမ်သွားပြီးမှ အပြုံးဖြင့်ပြောသည်။   “အင်း ဒါတွေက ဘယ်လောက်မလဲ။ သူက လျန်လျန်ကို ကယ်ပေးတာ ၁ကြိမ်မကဘူး။ ပြီးတော့လည်း အကိုက ကျေးဇူးတင်ခဲတဲ့သူပဲ။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သူ့ကိုထိုးမကျွေးလိုက်တာလဲ?”

သူမ၏နောက်ဆုံးစကားသည် စနောက်နေတာ အသိသာကြီး ဖြစ်သောကြောင့် ဝူချန်းယွဲ့က သူမကို ပြုံးကြည့်ကာ    “ငါ့ကိုယ်ငါ ဇွန်ဘီအစာကျွေးလိုက်ရတာမျိုး ဖြစ်စေချင်နေလို့လား?”

ဒီလိုပြောကာ သူသည် တစ်ယောက်တည်း တူလေးကိုင်ကာ စားနေသည့် ဝူယွဲ့လျန်ကိုကြည့်ပြီး ဆက်ပြောသည်။   “သူ့အတွက် အမေရှာပေးချင်ပင်မယ့် ရွေးချယ်မှုလွဲသွားပြီတော့ သူ့ကိုနာကျင်ရတာမျိုး ဖြစ်မှာငါစိုးရိမ်တယ်”

ဝူယွဲ့လျန်သည် တူကိုင်မကျွမ်းသေးသော်လည်း သူမဟာသူမတော့ ကိုင်စားနေတက်ပါပြီ။ သူမ၏အပြုအမှုများမှာ ကိုးယိုးကားယားနိုင်သော်လည်း ဒါလေးကပဲ ချစ်ဖို့ကောင်းနေတာ ဖြစ်သည်။ သူမသည် အစက လူကြီး၂ယောက်၏ စကားများကို ဂရုမစိုက်သော်လည်း ဝူချန်းယွဲ့က သူမအတွက် အမေရှာပေးမည်ဟု ပြောသံကိုကြားသည်နှင့် သူမသည် ရုတ်တရပ် တန့်သွားကာ သူမ၏ မျက်လုံးဝိုင်းများသည် တောက်ပလာသည်။ သူမသည် ခေါင်းငုံ့ကာ ဆက်စားနေသော်လည်း သူမ၏ မျက်လုံးများသည် တောက်ပသထက် ပို၍တောက်ပလာသည်။

ဝူချန်းယွဲ့၏စကားကြောင့် မုန့်ယွဲ့သည် သက်ပြင်းချလိုက်သည်။ ဝူချန်းယွဲ့ကိုကြည့်ကာ   “တကယ်တော့ လျန်လျန်က သမီးရင်းမဟုတ်ဘူးဆိုမှတော့ နောက်ထပ်ကလေးတစ်ယောက် ယူလိုက်လို့ရတာပဲ”

ဝူချန်းယွဲ့သည် ခေါင်းကိုခါကာ ပြောသည်။   “ငါ့သမီးရင်း ဟုတ်တာ မဟုတ်တာနဲ့ ဘာဆိုင်လို့လဲ? ငါ့သွေးတွေက သူ့ကိုယ်ထဲမှာ စီးနေတာ မဟုတ်ဘူးဆိုပင်မယ့် ငါသူ့ကိုချစ်တယ်။ ပြီးတော့ သူ့လည်း ငါ့ကိုအဖေလို သဘောထားပြီး ပြန်ချစ်တာပဲ”

မုန့်ယွဲ့သည် သူ့ကိုကြည့်ကာ တိတ်ဆိတ်သွားသည်။

ဝူယွဲ့လျန်သည် သူမ၏ပန်းကန်ထဲက အစာကုန်သွားသည့်အခါ တူကိုချ၍ ဝူချန်းယွဲ့အား ခေါင်းမော့ကြည့်သည်။ ဝူချန်းယွဲ့က သူမကိုကြည့်ကာ ပြုံး၍ပြောသည်။   “စားလို့ပြီးပြီလား? ပြီးရင် ပါးစပ်ကိုသုတ်ဖို့လိုသေးတယ်။ နားလည်လား?”

ဝူယွဲ့လျန်သည် စားပွဲပေါ်က ပုဝါကိုယူ၍ ပါးစပ်သုတ်ပြီးသည်နှင့် ခုံကနေ ခုန်ချလိုက်ကာ ဧည့်ခန်းထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားသည်။

“ဗိုက်ပြည့်နေတာကို အမြန်မပြေးရဘူး။ မဟုတ်ရင် ဗိုက်လာလိမ့်မယ်”   ဝူချန်းယွဲ့က သူမကို ပြောသည်။

ဝူယွဲ့လျန်သည် ချက်ချင်းရပ်သွားကာ အဖေဖြစ်သူကို တစ်ချက်လှည့်ကြည့်ပြီး ဧည့်ခန်းထဲသို့ လျှောက်သွားသည်။ သူမသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ အပေါ်တွင်ကွေးနေသည့် ယုန်ကိုမချီ၍ သူမ၏ပေါင်ပေါ်သို့ တင်လိုက်ကာ လက်သေးသေးလေးများဖြင့် ပွတ်ပေးသည်။

ယုန်သည်လည်း သူမ၏ပေါင်ပေါ်တွင် မလှုပ်ဘဲငြိမ်နေကာ သူမပွတ်ပေးသည်ကို သဘောကျနေပုံရသည်။ ယန်ကိုပွတ်ရင်းဖြင့် သူမသည် ခုနက ဝူချန်းယွဲ့ပြောသည်ကို စတွေးနေတော့သည်။

‘ဖေဖေက ငါ့ကိုအမေ ရှာပေးမလို့လား? ဒါပင်မယ့် ဘယ်သူ့ကိုမှ ငါ့အမေ မဖြစ်စေချင်ဘူး. . .ဖေဖေ့ကိုပဲ လိုချင်တာ! ဒါနဲ့အမေဆိုတာက ဘာကြီးလဲ? အမေကို ငါစားလို့ရလား? ဒါပင်မယ့် တကယ်လို့ ဖေဖေနဲ့ အမကြီး ဇွန်ဘီနဲ့ အတူနေကြရင် ကောင်းမှာပဲ။ နွယ်လေးကရော သဘောတူလောက်ပါ့မလား? နွယ်လေးနဲ့ ကစားချင်တယ်. . . အမကြီးဇွန်ဘီက ငါ့ဆီကို ဘယ်တော့မှ လာလည်မှာလဲ?’

ဝူယွဲ့လျန်သည် အတွေးများနေသော်လည်း ဝူချန်းယွဲ့မှာတေ့ သူ့စကားက ကလေး၏အာရုံကို ဖမ်းစားနိုင်လိုက်ကြောင်းကို မသိခဲ့ပါပေ။ ဝူယွဲ့လျန်က ဧည့်ခန်းထဲသို့ ယုန်နှင့်သွားဆော့သည်နှင့် ဝူချန်းယွဲ့သည် အစာကို စ၍စားသည်။

ညစာကိုစားရင်း သူနှင့်မုန့်ယွဲ့တို့သည် အရေးကြီးကိစ္စများကိုပြောဖို့ ဆိုဖာတွင် ထိုင်ကြသည်။ ဝူချန်းယွဲ့က   “ယန်းချောင်းတို့ကို အခုတလော စောင့်ကြည့်ပေးထားဖို့ လိုမယ်။ ပြီးတော့လည်း တရှုနဲ့ မိုလီတို့ကို သုသေသနမှာ ဘာတွေဖြစ်နေသလဲ ဂရုစိုက်ကြည့်ဖို့ ပြောထားလိုက်”

မုန့်ယွဲ့က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။   “ယန်းချောင်းနဲ့ ခိုးပြီးတော့ အတူအလုပ်လုပ်နေတဲ့ ဓားပြအကြောင်းကို အခုအထိ ဘာမှမတွေ့သေးဘူး။ သူစခန်းထဲကို ရောက်နှင့်နေတာ ဖြစ်နိုင်တယ်လို့ မထင်ဘူးလား?”

ဝူချန်းယွဲ့က သဘောတူစွာ ခေါင်းငြိမ့်သည်။   “ဖြစ်နိုင်တယ်. . .သူ့ပစ်မှတ်က လင်းဖန်တို့တွေ ဆိုပင်မယ့် သူတို့က ငါတို့စခန်းကို လုံလုံခြုံခြုံနဲ့ ရောက်လာတယ်။ အဲ့ဒါကြောင့် ငါ့အထင် ဓားပြက အလွယ်အလျော့မပေးနိုင်ဘူး။ ယန်းချောင်းက သူ့ကိုဝင်ခွင့်ပြုထားပြီးသာ ဖြစ်မှာပဲ။ အခုသူဘယ်မှာလဲဆိုတာပဲ ငါတို့မသိတာ။ လင်းဖန်တို့နောက်ကို ဒီနေ့လိုက်သွားတာလဲ ဖြစ်နိုင်တာပဲ”

ဒီလိုပြောပြီးနောက် ခနရပ်ကာ ဆက်ပြောသည်။   “ဒါပင်မယ့် သူတို့နဲ့အတူ ဇွန်ဘီမရှိနေရင် ဓားပြက အဆင့်၇ဖြစ်နေရင်တောင် ထိခိုက်အောင် လုပ်မရပါဘူး”

“ဘာဖြစ်လို့လဲ?”   မုန့်ယွဲ့က နားမလည်စွာ မေးသည်။   “လုမိန်းကလေးက အဆင့်၆အထက်ကို ရောက်နေနှင့်တာလား? ဒါပင်မယ့် သူ့ဆီကနေ ပြင်းတဲ့စွမ်းအားကို မခံစားမိပါဘူး”

ဝူချန်းယွဲ့က ခေါင်းကိုခါ၍ ပြောသည်။   “သူမဟုတ်ဘူး။ ငါပြောတာက သူနဲ့အတူရှိနေတဲ့အခြားသူတွေ”   ‘တခြားဇွန်ဘီလို့ပဲ ပြောရမလား?’   နောက်ဆုံးအပိုင်းကိုတော့ သူအသံထွက်၍ မပြောလိုက်ပေ။

လုမိန်းကလေးသည် အရင်တစ်ခါက နေကာမျက်မှန်ကိုချွတ်၍ သူ့ကိုမျက်နှာပြတည်းက ဝူချန်းယွဲ့သည် မိတ်ကပ်မပါသည့် ဒီနူးညံ့နေသည့်မျက်နှာကို အနည်းငယ်ရင်းနှီးသလို ခံစားခဲ့ရသည်။   ‘ဒီမျက်နှာကို ငါဘယ်မှာမြင်ဖူးတာပါလိမ့်? ကမ္ဘာပျက်ခတ်မှာ မိန်းမကတွေက ရှားတော့ ဒီလိုမျက်နှာလှလှလေးကို မြင်ဖူးတာနဲ့ ငါမေ့နိုင်မယ်လို့ မထင်ဘူး’

ထို့အတူ သူမ၏ မျက်နှာလှလှလေးထက်မှ လုံးဝနက်နေသည့် မျက်လုံးများက အနည်းငယ်ကြောက်ဖို့ကောင်းကာ ဘာမှမသိသည့်သူအတွက် ထူးဆန်းနေလိမ့်မည်။ သို့သော်လည်း ဝူချန်းယွဲ့ကတော့ ဒီမျက်လုံးများကို စိတ်ဝင်စားသလို ခံစားရသည်။ မျက်ဝန်းနက်များတွင် မျက်စံစိမ်းစိမ်းဖြင့် မျက်လုံးများကို သူစတွေ့သည့်နေ့တည်းက ဒီမျက်လုံးများက လုံးဝလှတာမဟုတ်တာတောင် သူထပ်ခါထပ်ခါ မြင်ချင်မိနေသည်။

“တခြားသူတွေရှိတယ်လား?”   မုန့်ယွဲ့က မေးသည်။   “ဒါမှမဟုတ် တခြားဇွန်ဘီလို့ပဲ ပြောချင်တာလား?”

ဝူချန်းယွဲ့သည် သူမကိုကြည့်ကာ ခေါင်းလည်းမငြိမ့်သလို ခေါင်းလည်းမခါဘဲ ထပ်ပြောသည်။   “သူ့မှာ အစွမ်းကြီးကြီး ရှိလိမ့်မယ်လို့ ငါခံစားမိရုံတင်”

မုန့်ယွဲ့က ခေါင်းငြိမ့်ကာ ပြောသည်။   “ညီမလည်း ခံစားမိတယ်။ ဒီအစွမ်းက သူ့ကိုယ်ပိုင်အစွမ်းနဲ့ မတူဘူး”

“ယွင့်လုံက ဒီညပြန်လာသင့်တယ်”   ဝူချန်းယွဲ့က ပြောသည်။   “မနက်ဖြန် နင်တို့၂ယောက် စခန်းမှာနေခဲ့။ ငါတပ်ကိုဦးဆောင်ပြီးတော့ တစ်ယောက်တည်းထွက်မယ်”

သူ့စကားသည် မုန့်ယွဲ့ကို ကြောင်အသွားစေသည်။   “တစ်ယောက်တည်းသွားမလို့လား? ဘာဖြစ်လို့လဲ? ညီမတို့တွေက အမြဲတမ်း အတူထွက်ကြတာမလား?”   ‘စခန်းကနေထွက်တိုင်း ငါ့ကိုခေါ်နေကြကို ဘာဖြစ်လို့ ဒီတစ်ခါ ကျန်ခဲ့ခိုင်းတာလဲ?’

“ယန်းချောင်းက အခုတလော စလုပ်နေပြီ”   ဝူချန်းယွဲ့က ပြောသည်။   “အဲ့ဒါကြောင့် မင်းတို့၂ယောက်ကို စခန်းမှာ စောင့်နေစေချင်တာ။ ကျိုးရှိဟွေ့က ဒီတိုင်းစောင့်ရှောက်တဲ့သူပဲ။ ငါစိုးရိမ်တာက ငါမရှိတုန်း ယန်းချောင်းက စခန်းထဲမှာ တစ်ခုခုလုပ်မှာကို”

မုန့်ယွဲ့သည် သူ့အားမော့ကြည့်ကာ ပါးစပ်ဟ၍ ပြောဖို့လုပ်သော်လည်း ဝူချန်းယွဲ့သည် သူမကို ဘာမှမပြောစေပေ။ 

“ယွဲ့ ဒါကအမိန့်!”
ဝူချန်းယွဲ့က သူမအား အပြုံးဖျော့ဖျော့ဖြင့် ကြည့်ကာပြောသည်။ သူ့မျက်လုံးများသည် ပုံမှန်အပြုံးဖြင့်ရှိနေသော်လည်း မုန့်ယွဲ့အား သူ့အမိန့်ကို လွန်ဆန်၍မရဘူးဟု အသေချာပြောနေတာ ဖြစ်သည်။

မုန့်ယွဲ့သည် စိတ်ထဲတွင် မကျေနပ်ဖြစ်သွားသော်လည်း သူမက ခေါင်းငြိမ့်နေရဆဲပင်။ ဝူချန်းယွဲ့သည် သူမအား သူနှင့်တန်းတူ ဘယ်တုန်းကမှ မထားဘူးဟု သူမက ခံစားရသည်။  
Previous Chapter 339 of 410 Next