May Honey Logo May Honey
Previous Next

၃၃၄။ နေခိုင်းတယ်

လင်းချင်းသည် နွယ်လေးကို လှည့်ပြောသည်။    “ဟုတ်ပါပြီ။ ငါထွက်ပြီးတော့ နင့်အတွက် ဇွန်ဘီအကောင်ကြီးကြီး ဒါမှမဟုတ် သန္ဓေပြောင်းအပင်ရဲ့ အမြူတေတွေဖြစ်ဖြစ် သွားဖမ်းရှာလာပေးမယ်”

ထိုအခါ နွယ်လေးသည် ပျော်ရွှင်သွားကာ   ‘ဟုတ်ကဲ့ ဟုတ်ကဲ့ မေမေ မြန်မြန်အဆင့်မြှင့်နိုင်အောင် ကူညီပေးနော်. . .နွယ်လေးက အပြင်ထွက်ချင်နေပြီ! အပြင်ထွက်မယ် ယေး!’

“အပြင်ထွက်ချင်နေတာလား?”   လင်းချင်းသည် အံ့သြစွာ မေးသည်။

နွယ်လေးက သူ့နွယ်များကို လှုပ်ခါ၍   ‘ဟုတ်ကဲ့ ထွက်ချင်တယ်!’

လင်းချင်းက ခေါင်းငြိမ့်လိုက်သည်။ နွယ်လေးသည် ဒီအထဲမှာ နေရသည်ကို ပျင်းနေပုံရသည်။ 

“ဟုတ်ပြီ။ ငါ့ဒီကအလုပ်တွေ ပြီးတာနဲ့ နင့်ကိုအမြူတေတွေရှာဖို့ ခေါ်သွားပေးမယ်”   သူမက ပြောသည်။ 

‘ကောင်းလိုက်တာ! ကောင်းလိုက်တာ!’   နွယ်လေးက သူ့နွယ်များကို လှုပ်ခါကာ စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

လင်းချင်းက နွယ်လေးကို သူမအား တွယ်ဖက်မနေဖို့ ခိုင်းလိုက်ပြီးနောက် ချူးလီလီတို့ထံသို့သွားကာ   “ငါတို့သွားတဲ့နေရာကို ရောက်ပြီ။ အပြင်ထွက်ပြီး အလုပ်တွေ စီစဉ်ရအောင်။ ပြီးတော့လည်း နင်တို့အခန်းရွေးကြ”

ချူးလီလီနှင့် လျူကျွင်းတို့က ထရပ်သည့်အခါ လင်းချင်းက သူတို့ကို အပြင်သို့ထုတ်ပေးဖို့လုပ်သည်။ ထိုအခါ တောထဲတွင်ပုန်းနေသည့် မုံမုံသည်လည်း အပြေးအလွှား အမြန်ထွက်လာသည်။ လင်းချင်းသည် သူတို့သုံးယောက်နှင့် တုံတုံကို အရင်ထုတ်ပြီးနောက် ဇွန်ဘီ၇ကောင်ကိုထုတ်ဖို့ ပြန်ဝင်လာသည်။ နောက်ဆုံးတွင်တော့ ရှန်ယုကျန်းသည်သာ နယ်မြေထဲတွင် ကျန်ခဲ့တော့သည်။

အမိုးပေါ်တွင် လင်းချင်းသည် ဇွန်ဘီအဖွဲ့ဝင်များအား   “တခြားသူတွေကို ဒီထိပ်ဆုံးထပ်က ငါတို့ပိုင်နက်လို့ ပြောထားပြီးသား။ ကြိုက်တဲ့အခန်းကို သွားရွေးနေကြ။ ဒါပင်မယ့် လီလီနဲ့ ငါ့ရဲ့ခွင့်ပြုချက်မရဘဲ အောက်ထပ်တွေကို မဆင်းရဘူး။ နားလည်ကြလား?”

သူမသည် ဇွန်ဘီ၇ကောင်ကို ပြောပြီးနောက် အမိုးစွန်းသို့ ခိုးထွက်သွားကာ အောက်ကိုငုံ့ကြည့်နေသည့် မုံမုံကို လှမ်းပြောရသည်။   “ပြီးတော့ နင်! ဒီကိုပြန်လာပြီး ငါပြောတာကို နားထောင်”

မုံမုံသည် ဝရံတာလက်တန်းကနေ ဟိုတယ်အောက်ကို ငုံ့ကြည့်ကာ ဒီပတ်ဝန်းကျင်ကို စူးစမ်းနေရင်း တစ်ဖက်သို့ ထွက်သွားဖို့ ပြင်နေတာ ဖြစ်သည်။ ထိုအချိန်မှာ လင်းချင်းက သူမကို ခေါ်တာကို ကြားလိုက်ရသည်။

“ဂါး”   သူမသည် လင်းချင်းထံသို့ စိတ်မပါစွာဖြင့် လျှောက်လာကာ   ‘လာပြီ’

ထို့နောက် လင်းချင်းသည် ချူးလီလီကိုပါ ပြောသည်။   “ငါအပြင်ကို ထွက်သွားရင် နင်နဲ့မုံမုံက ဒီနေရာကနေ အတူထွက်သွားလို့ မရဘူး။ အဆင့်မြင့်တဲ့တစ်ယောက်ကတော့ ဒီမှာရှိနေရမယ်. . .နားလည်လား?”

ချူးလီလီက ခေါင်းငြိမ့်ကာ   “ညီမလေး နားလည်ပါတယ်။ ဒါဆိုရင် အပေါ်ဆုံးလွှာက အခန်းရွေးဖို့ ဆင်းတော့မယ်နော်”   ဒီလိုပြောကာ သူမ၏ ကျစ်စာမြီးအရှည်နှစ်ခုကို လေထဲသို့လွှဲ၍ လှည့်ထွက်သွားသည်။ လျူကျွင်းက တုံတုံကိုချီကာ အောက်ထပ်သို့ လိုက်ဆင်းသွားသည်။ သူမသည် ဒီနေရာတွင် လိုအပ်သည့်သူ မဟုတ်ပေ။

“အခု ဒီအဆောက်အဦးထဲက လူသားနံ့တွေကို မှတ်ပြီးရင် ဒီအနား၂မိုင်လောက်က ဇွန်ဘီတွေ အကုန်လုံဂကို မောင်းထုတ်။ ပြီးရင် နင်တို့သူတို့ကိုစုပြီးတော့ ဝင်ပေါက်တွေ အကုန်လုံးကို ပိတ်ထားခိုင်းလိုက်။ ဒီနေရာက နင်တို့ပိုင်နက်မလို့ နင်တို့စောင့်ရမယ်။ နားလည်လား?”   သူမသည် ဇွန်ဘီ၈ကောင်ကို ပြောလိုက်သည်။

“ဂါး”   ဇွန်ဘီအုပ်စုက ပြန်ဖြေသည်။   ‘နားလည်ပါတယ်’

လင်းချင်းက ထပ်ပြောသည်။   “အဆင့်၃အထက် ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်ပြီးတော့ ငါ့ဆီကို အမြူတေတွေ ယူလာပေး။ တစ်ယောက်တည်းမနိုင်ရင် အနားက မိတ်ဆွေကို အကူအညီတောင်း။ နင်တို့က အခုတစ်ဖွဲ့တည်းပဲဆိုတော့ အချင်းချင်းကူညီဖို့ သိရမယ်။ နားလည်လား?”

“ဂါး”   ဇွန်ဘီခေါင်းဆောင်များသည် တစ်ယောက်တည်းသာ လုပ်ဆောင်တက်ကြသူများဖြစ်သဖြင့် စိတ်မပါစွာဖြင့်   ‘ဟုတ်ကဲ့. . .’

“သွား”   လင်းချင်းက သူတို့ကို လက်ကာပြလိုက်သည်။ ထို့နောက် ဇွန်ဘီခေါင်းဆောင်၅ယောက်နှင့် စွမ်းအားရှိသည့်ဇွန်ဘီ၂ကောင်တို့သည် မတူညီသည့် နေရာ၇ခုသို့ ထွက်သွားကြကာ လင်းချင်း၏ မျက်လုံးရှေ့မှ ပျောက်သွားကြတော့သည်။

ထို့နောက် အမိုးပေါ်တွင် လျှောက်ပတ်ကြည့်နေသည့် မုံမုံသာ ကျန်ခဲ့တော့သည်။

“နင့်အခန်းကို ဆင်းသွားရွေးတော့”
လင်းချင်းသည် သူမကို အပေါ်ဆုံးလွှာသို့ ခေါ်သွားသည်။

သူတို့သည် ချူးလီလီ၏ အနံ့ရှိရာအခန်းသို့ အရင်သွားကြည့်သည်။ ချူးလီလီသည် အခန်း၏ အလည်တွင်ရပ်နေကာ လက်ကိုဝေ့ယမ်း၍ သူမ၏ လေအစွမ်းဖြင့် အခန်းထဲက ဖုန်များကို ရှင်းနေသည်။ 

လျူကျွင်းသည် ဒီမှာမရှိသော်လည်း သူတို့သားအမိမှာ ဘေးကပ်ရပ်အခန်းတွင် ရှိမှာကို လင်းချင်းက သိလိုက်သည်။ ချူးလီလီသည် လေဖြင့်စုထားသည့် ဖုန်အလုံးကြီးကို ပြတင်းပေါက်နေ ပစ်ထုတ်လိုက်ပြီးနောက် ပြန်လှည့်လာသည့်အခါ သူမကြိုက်သည့် အိပ်ယာပေါ်တွင် မုံမုံက လူးလှိမ့်နေသည်ကို မြင်လိုက်ရသည်။

“အား! ဒီအိပ်ယာက ငါ့ဟာ! နင့်အနံ့တွေကူးကုန်မယ်! ဆင်းဟာ!”   မုံမုံ၏ အပြုအမှုကြောင့် ချူးလီလီသည် ချက်ချင်းကို အကျယ်ကြီး အော်ပြောသည်။ ထို့နောက် သူမ၏ ကျစ်စာမြီးရှည်နှစ်ခုကို လက်ဖြင့်သပ်လိုက်ကာ ကုတင်းပေါ်သို့ အမြန်တက်လာ၍ မုံမုံကို ခြေဖြင့်ကန်ချပစ်လိုက်သည်။

မုံမုံသည် ကုတင်ပေါ်ကနေ လှိမ့်၍ပြုတ်ကျသွားသည်နှင့် ခေါင်းမော့လာကာ ပြန်ပြောသည်။   “ဂါး. . .ဂါး. . .”   ‘ငါနင်နဲ့ တစ်ခန်းထဲ အတူနေချင်တယ်’

ချူးလီလီသည် အပြင်းအထန်ကို ငြင်းဆိုသည်။ သူမသည် မျက်လုံးလေးကို ပြူးကာပြဲကာဖြင့်   “နင်က ဘာဖြစ်လို့ ငါနဲ့တစ်ခန်းထဲ နေမှာလဲ? ဒီမှာကုတင်က တစ်ခုတည်းရယ်။ တခြားအခန်းကိုသွား!”

သို့သော်လည်း မုံမုံသည် ကုတင်အောက်သို့ အမြန်တိုးဝင်သွားကာ   “ဂါး!”   ‘မသွားဘူး!’

လင်းချင်းသည် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ မုံမုံမှာ ချူးလီလီ၏ အနားတွင်သာ နေချင်သည်က သိသာလှသည်။

“ငါပင်လယ်မြို့တော်စခန်းကို ပြန်သွားရမယ်။ လမ်းမှာ နွယ်လေးအတွက် အမြူတေလည်း ရှာရဦးမှာ။ နင်တို့ဒီနေရာကို သေချာကြည့်ထား။ သူစိမ်းတွေ လာမရှုပ်စေနဲ့”   လင်းချင်းသည် တံခါးကိုပိတ်ကာ ပြော၍ ထွက်သွားဖို့ လုပ်သည်။

ချူးလီလီသည် ကုတင်အောက်က မုံမုံကို ကုန်း၍ အတင်းဆွဲထုတ်နေတာ ဖြစ်သည်။ လင်းချင်းပြောသည်ကို ကြားသည့်အခါ ခါးကိုပြန်မတ်လာ၍   “ဟင်? နွယ်လေးအတွက်လား? သူကထပ်ပြီးတော့ အဆင့်မြှင့်ဦးမှာလား?”

လင်းချင်းသည် တံခါးဝနားကနေ ပြနဖြေသည်။   “ကြည့်ရတာ သူအပြင်ကို တကယ်ထွက်လာချင်နေပြီ ထင်ပါရဲ့”   ဒီလိုပြောကာ အခန်းထဲကနေ ထွက်လာသည်။

သူမသည် ဘေးက လျူကျွင်း၏ အခန်းထဲသို့ ဝင်လိုက်သည်။ လျူကျွင်းသည် တုံတုံအား တံခါးနားက လွတ်သည့်နေရာအနားတွင်ထားကာ ဖုန်များကိုခါရင်း အမှိုက်ရှင်းနေသည်။

“ငါပင်လယ်မြို့တော်စခန်းကို အခုပြန်တော့မယ်။ နင်နဲ့တုံတုံ တစ်ခုခုလိုရင် လီလီကိုသွားရှာ”   လင်းချင်းက ပြောသည်။

လျူကျွင်းသည် ကုတင်ပေါ်က အခင်းအဟောင်းကို လှန်နေခြင်းကိုရပ်ကာ လင်းချင်းအား   “နွယ်လေးက ထွက်လာတော့မှာမလား? သူအထဲမှာ နေရတာ ပျင်းနေပြီတဲ့လား?”

လင်းချင်းက တံခါးဘောင်ကိုမှီရင်း ခေါင်းငြိမ့်သည်။   “ဟုတ်လောက်မယ်”

“ငါသိပါပြီ”   လျူကျွင်းသည် ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။ ထို့နောက် သူမသည် လင်းချင်းကိုကြည့်ကာ တစ်ခုခုကို ရုတ်တရပ် သတိရသွားသည့်ပုံဖြင့် မေးသည်။   “ငါသိချင်နေတာ တစ်ခုက ဘာဖြစ်လို့ ဝမ်ဝမ်ကို ဟိုစခန်းမှာ ထားခဲ့တာလဲ? လူတွေများတော့ ကောင်းတဲ့သူ မကောင်းတဲ့သူများတယ်။ သူဒုက္ခရောက်ရင် ဘယ်လိုလုပ်မလဲ? အခုနင်လည်း အဲ့မှာရှိတာမှ မဟုတ်တာ”

“ငါထားခဲ့တာ မဟုတ်ဘူး”   လင်းချင်းက ပြောသည်။   “သူက နေဖို့အတွက် အတင်းကိုပြောနေလို့။ သူက မလိုက်ချင်မှတော့လည်း ငါကဘာလုပ်ရမှာလဲ? သူ့ဆုံးဖြတ်ချက်ကို လေးစားရမှာပဲ။ ပြီးတော့လည်း ယွမ်ထန်ရှင်းက အဲ့မှာရှိသားပဲ။ သူက ဘာမှအဖြစ်ခံမှာ မဟုတ်ပါဘူး”

လင်းဝမ်ဝမ်၏ ယွမ်ထန်ရှင်းကို ကြည့်နေပုံများကို အခုတလောပင် လင်းချင်းက သတိထားမိသည်။ ဒီ၂ယောက် တွဲဖြစ်သွားတာက မကောင်းတာမျိုး မဟုတ်ပေ။ သူ့ညီမလေးကို သူမ၏ အရင်က လက်အောက်ငယ်သားဖြင့် အတူရှိခွင့်ပေးတာက သူမလည်း သေချာမသိသဖြင့် ကိုင်တွယ်ရခက်မည့် ယောက်ျားထက် ပိုကောင်းသည်ဟု ယုံကြည်သည်။ ထို့အတူ ကမ္ဘာပျက်ခေတ်က ယောက်ျားများသည် အရမ်းကို ကြောက်ဖို့ကောင်းကြသည်။

လျူကျွင်းသည် စိတ်ပူစွာဖြင့် ခေါင်းခါကာ   “ငါတော့ စိတ်ထဲထင့်နေတယ်။ သူတို့စခန်းက အခြေအနေက မငြိမ်တော့ဘူး။ လင်းဝမ်ဝမ်ကို မျက်စိကျတဲ့သူရှိရင် ဒုခေါင်းဆောင်ယွမ်ကတောင်မှ သူ့လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူး”

လင်းချင်းက မျက်တောင်ခတ်ကာ ပြောသည်။   “ပူမနေပါနဲ့။ ဝူချန်းယွဲ့က စခန်းမှာ ဒီ၁ရက်၂ရက် ရှိဦးမှာပါ။ ဒီလူတွေက တခြားဘာမှ မလှုပ်ရှားရဲပါဘူး။ ပြီးတော့လည်း ငါကအခုတန်းပြန်ဖို့ လုပ်နေတာလေ။ ၂နာရီလောက်ပဲ မောင်းရတဲ့ခရီးမလို့ လမ်းမှာ နွယ်လေးအတွက် အမြူတေကို ၁နာရီလောက် ဝင်ရှာမလို့။ နက်ဖြန် သူတို့စခန်းကို ပြန်ရောက်မှာပဲဟာ။ ဒီအချိန်အတိုအတွင်း ဘာမှမဖြစ်နိုင်ပါဘူး။ ရှောင်ယွင့်လုံနဲ့ တခြားသူတွေလည်း မကြာခင် ပြန်လိုက်လာမှာ”

လျူကျွင်းသည် ခနတွေးကာ ခေါင်းငြိမ့်၍   “နင်ပြောတာလည်း ဟုတ်မှာပါ။ ၁ညလေးပဲကို။ ဒီလူတွေက ချက်ချင်းတော့ မလှုပ်ရှားလောက်သေးပါဘူး”  
Previous Chapter 334 of 410 Next