May Honey Logo May Honey
Previous Next

၃၈၃။ မသွားဘူးလား

ဝူချန်းယွဲ့က သူ့ဗိုက်ကို စိုက်ကြည့်နေတုန်း ရုံးခန်းတံခါးသည် ရုတ်တရပ်ပွင့်လာကာ ရှောင်ယွင့်လုံက ဒေါသတကြီးဖြင့် ရောက်လာသည်။

“ယွဲ့ကို မင်းဘာပြောလိုက်တာလဲ?”

ဝူချန်းယွဲ့သည် သတိပြန်ကပ်သွားသည်။ ရှောင်ယွင့်လုံကို ခေါင်းမော့ကြည့်ကာ သူ့အပြုအမှုကို ထားလိုက်၍

“သူဘာဖြစ်လို့လဲ?”

ရှောင်ယွင့်လုံသည် သူ့အားဒေါသဖြင့် ကြည့်ကာ

“သူ့ကို ဘာအရင်ပြောလိုက်တယ် ဆိုတာကိုပဲ ငါ့ကိုအရင်ပြော။ ဝိဉာဉ်ပျောက်နေတဲ့သူလိုမျိုး မျက်တွင်းတွေကျနေတယ်။ တစ်ညလုံး တရေးမှ မအိပ်ရသေးဘူး။ တစ်ချိန်လုံးငိုထားလို့ မျက်လုံးတွေလည်း ဖောင်းယောင်နေတယ်။ ဒီနေ့ အပြင်ကိုတောင် ထွက်မလာရဲတော့ဘူး”

ဝူချန်းယွဲ့သည် ခုံကနေ ထလာကာ ရှောင်ယွင့်လုံအား

“အရင်စိတ်ငြိမ်ငြိမ်ထား!”
ထို့နောက် ဝူယွဲ့လျန်ထိုင်နေသည့် ဆိုဖာတွင်သွားထိုင်လိုက်ကာ သူ့အရှေ့တွင်ထိုင်ဖို့ခုံကို ညွှန်ပြလိုက်သည်။

ရှောင်ယွင့်လုံသည် မှုန်ကုတ်စွာဖြင့် ရောက်လာကာ ထိုင်၍ မေးသည်။

“ဘာဖြစ်တာလဲ ငါ့ကိုပြော။ မနေ့က မင်းတို့ပြန်လာတော့ သူ့ကိုတစ်ခုခု ပြောလိုက်တယ်မလား? မင်းသာမပြောရင် သူ့လိုတည်ငြိမ်တဲ့ ကောင်မလေးက ဒီလိုဖြစ်နေမလား?”

ဝူချန်းယွဲ့က

“ငါသူ့ကို ရှင်းအောင်ပြောလိုက်တယ်။ သူလက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာကို ငါသိပင်မယ့် ပြောချိန်တန်ပြီ။ ငါမပြောရင် အကုန်နောက်ကျသွားမယ်”

ရှောင်ယွင့်လုံသည် ခနပဟေဠိဖြစ်သွားကာ ဒေါသထွက်နေသည့် မျက်နှာထားက နည်းနည်းလျော့သွားသည်။

“မင်းဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ရုတ်တရပ်ကြီး စိတ်ရင်းတွေ သွားပြောနေတာလဲ?”

“လျန်လျန်အတွက် အမေတစ်ယောက် ငါရှာတော့မလို့။ ငါ့အပေါ်ကို သူလက်လျော့လိုက်ဖို့ လိုတယ်။ မဟုတ်ရင် ငါ့မိန်းမကို ခေါ်လာရင် သူမပျော်မရွှင်ဖြစ်နေရမယ်”
ရှောင်ယွင့်လုံသည် မျက်လုံးများ ပြူးကျယ်သွားကာ ဝူချန်းယွဲ့အား အံ့သြတကြီးဖြင့်

“ဘာ. . .ဘာတွေပြောနေတာလဲ? မင်းလက်ထပ်တော့မှာလား? လျန်လျန်ကရော? ငါခေါင်းကိုင်ထားတဲ့ သမီးလေးကို အဲ့မိန်းမက ခိုးနှိပ်ဆက်နေရင် ဘယ်လိုလုပ်မှာလဲ? ဘယ်သူကြီးလဲ?”

ဝူချန်းယွဲ့က သူ့တုန့်ပြန်မှုကြောင့် ရယ်ချင်သွားကာ

“စိတ်အေးအေးထား! လက်ထပ်မယ့်သူက ငါပါကွ။ မင်းမဟုတ်ဘူး။ ဘာတွေကို ဒီလောက် စိုးရိမ်နေတာလဲ?”
သူက ဂရုမစိုက်စွာဖြင့်
“လျန်လျန်ကို ထိခိုက်အောင် လုပ်မယ့်သူကို ငါက လက်ထပ်မယ် ထင်လား? ငါက ဒီလောက် ဆိုးဆိုးဝါးဝါးကြီး တုံးအနေတဲ့ကောင်မလို့လား?”

ရှောင်ယွင့်လုံသည် ကျောကိုဆန့်ထိုင်လိုက်ကာ ဝူချန်းယွဲ့အား နားမလည်စွာ စိုက်ကြည့်၍

“မဟုတ်ဘူး။ ငါပြောချင်တာက. . .မင်းတကယ်ကြီး လက်ထပ်တော့မလို့လား? အတည်လား?”

“မဖြစ်သင့်တာက ဖြစ်ပြီးသွားပြီ။ ငါဒီတိုင်း ဆက်သွားနေလို့ မကောင်းတော့ဘူးမလား?”

ဝူချန်းယွဲ့က ပြောသည်။

ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့အား သရဲမြင်လိုက်ရသည့်သူလို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ

“အရင်တစ်ခေါက်က မင်းမုဒိန်းကျင့်ခံရတာကလည်း မဖြစ်သင့်တာကြီးပဲ။ ဘာဖြစ်လို့ သူ့ကို လက်မထပ်လိုက်တာလဲ?”

ဝူချန်းယွဲ့သည် ခနတန့်သွားကာ သူ့အား အမှုအယာမဲ့စွာဖြင့် ဖြေသည်။

“ငါက ဒီလိုလူမျိုးကို လက်ထပ်ဖို့ ဖြစ်နိုင်လို့လား? ဘယ်လိုမိန်းမမျိုးလည်း ဆိုတာကို မင်းမတွေးဘူးလား? မင်းသာ ဒီလိုယုတ်မာတဲ့ မိန်းမဆီမှာ မုဒိန်းကျင့်ခံရရင် မင်းသူ့ကို လက်ထပ်မှာလား?”

ရှောင်ယွင့်လုံက ခေါင်းငုံ့သွားကာ

“ထားလိုက်တော့! ငါလည်း ဒီလိုမိန်းမမျိုးကို ကိုင်တွယ်နိုင်မယ် မထင်ဘူး။ ဒါဆိုရင် ဒါက မင်းယွဲ့ကို ရှင်းအောင်လုပ်တဲ့ အကြောင်းလား? ဘယ်သူလဲ? ဘယ်ကလဲ?”

ဝူချန်းယွဲ့သည် ခေါင်းခါကာ

“မင်းသိလာမှာပါ။ ငါ့သူ့နောက်ကြောင်းကို အကုန်မတူးရသေးဘူး”

ရှောင်ယွင့်လုံသည် သူ့အားခေါင်းအစ ခြေအဆုံးကြည့်ကာ

“ယွမ်ထန်ရှင်းတို့ဆီကို လျန်လျန်ကို မင်းသွားခေါ်တာ ငါမှတ်မိတယ်. . . မင်းအချိန်အကြာကြီး အဲ့မှာနေလို့ အိမ်ပြန်တောင် နောက်ကျသေးတယ်။ ဒီလိုဖြစ်ခဲ့တာပေါ့။ အဲ့မှာနေတဲ့ မိန်းမဆိုလို့ လင်းဝမ်ဝမ်ရယ် ဓားရှည်နဲ့ တစ်ယောက်ရယ်ပဲရှိတာ။ မင်း သူတို့ထဲက တစ်ယောက်နဲ့ အိပ်ခဲ့တာမလား?”

ဒီလိုပြောပြီးနောက် မျက်မှောင်ကျုံ့လိုက်ကာ

“အင်း. . .လင်းဝမ်ဝမ်ရဲ့ နောက်ကြောင်းကို ငါတို့သိပြီးသား။ မင်းက အခုသူ့နောက်ကြောင်းကို မဖော်ရသေးဘူးပြောတော့ ဓားရှည်နဲ့ တစ်ယောက်လား? လုံချင်း. . .ဘာပါလိမ့်?”

ဝူချန်းယွဲ့က ခေါင်းခါကာ

“မင်းအတွေးလွန်နေပြီ။ သူတို့မဟုတ်ဘူး”

ထိုအခါ ရှောင်ယွင့်လုံသည် သူ့အား ပဟေဠိဖြစ်စွာ ကြည့်ကာ

“ဘာ? မဟုတ်ဘူးလား? ဒါဆိုရင် ဘယ်သူလဲ? မင်းပြန်လာတုန်းက တောထဲမှာ အလှလေးနဲ့တွေ့ပြီး အတူအိပ်ခဲ့တာလား?”

ဝူချန်းယွဲ့က သက်ပြင်းချကာ သူ့အားလက်ကာပြရင်း

“တော်လိုက်တော့! မင်းက ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်လောက်တဲ့အထိ တော်တာမှ မဟုတ်တာ။ အခု ငါယွဲ့ကို စိတ်မကောင်းဖြစ်အောင် လုပ်ထားလို့ သူနဲ့တွေ့နေရမှာ အနေခက်တယ်။ အဲ့ဒါကြောင့် ငါနဲ့ လျန်လျန်နဲ့ ရုံးမှာပဲ အချိန်ခနလောက် နေမယ်။ မင်းအခွင့်ရေးယူပြီး သူနဲ့စကားပြောကြည့်”

“ငါက. . .သူ့ကိုပြောရမယ်? ဘယ်တုန်းက ငါ့စကားကို သူနားထောင်ဖူးလို့လဲ?”

ရှောင်လီချန်းက မျှော်လင့်ချက်မဲ့စွာဖြင့် ပြောသည်။

ထို့နောက် ဝူချန်းယွဲ့က ဆိုဖာကနေထကာ သူ့စားပွဲတွင် သွားထိုင်၍
“မင်းမသွားဘူးလား? ဒါဆိုရင် ငါလီချန်းကို လွှတ်လိုက်မယ်။ လီချန်း လာဦး”

ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့က မုန့်ယွဲ့နှင့် စကားပြောဖို့ ရှောင်လီချန်းကို ခေါ်နေသလား နားမလည် ဖြစ်သွားသည်။

‘ရှောင်လီချန်းနဲ့ မုန့်ယွဲ့တို့အတွက် အခွင့်အရေး လုပ်ပေးနေတာလား?’

ရှောင်လီချန်းက တံခါးဖွင့်၍ ဝင်လာသည်နှင့် ရှောင်ယွင့်လုံသည် ချက်ချင်းထပြောသည်။

“ငါလုပ်မယ်! ဘာဖြစ်လို့ လီချန်းကို လွှတ်နေတာလဲ? သူက ဘယ်လိုပြောရမှာလဲ မသိဘဲနဲ့. . .”
ဒီလိုပြောကာ အမြန်လှည့်ထွက်သွားတော့သည်။

ရှောင်လီချန်းသည် ဝူချန်းယွဲ့ကို နားမလည်စွာ ကြည့်ကာ တောင့်တောင့်ဖြောင့်ဖြောင့် ရှောင်ယွင့်လုံကြီးက လှည့်ထွက်သွားသည်ကို ကြည့်လိုက်သည်။
ရှောင်ယွင့်လုံ ထွက်သွားသည့်အခါ ဝူချန်းယွဲ့သည် သူ့ခုံတွင် ထိုင်နေရင်းက ရှောင်လီချန်းအား

“ငါနဲ့ လျန်လျန်နဲ့က အခုဒီမှာနေမလို့။ ငါတို့အဝတ်တွေကို ဒီကိုယူလာပေးစမ်းပါ”

“ဟုတ်ကဲ့ ဆရာ”

ရှောင်လီချန်းက ခေါင်းငြိမ့်ကာ ထွက်သွားသည်။

“သွားတော့”

ဝူချန်းယွဲ့က သူ့အားလက်ကာပြလိုက်သည်။

ဝူယွဲ့လျန်သည် တစ်ယောက်တည်းသာ နေတက်၍ လူကြီးတွေကြားက စကားများကို လုံးဝကို ဂရုမစိုက်တက်ပေ။ ရှောင်လီချန်း ထွက်သွားသည့်အခါ ခေါင်းတစ်ချက်မော့လာပြီးတော့ သူမ၏ပုံဆွဲစာအုပ်ကို ပြန်ငုံ့ကြည့်သည်။ ထို့နောက် ခဲတံကိုချ၍ ဆိုဖာပေါ်က ခုန်ဆင်းလိုက်ကာ သူမ၏ ဖိနပ်သေးသေးလေးများကို စီး၍ ဝူချန်းယွဲ့ထံသို့ စာအုပ်လေးကိုင်ကာ ပြေးလာသည်။
ဝူချန်းယွဲ့သည် ဖိုင်များကို ဖတ်ဖို့လုပ်နေသော်လည်း လျန်လျန်က သူ့ထံသို့ လာသည့်အခါ ဖိုင်ကိုချထား၍ သူမကို ကြည့်လိုက်သည်။ သူမက အမြန်ပြေးလာကာ သူ့ပေါင်ပေါ်သို့ ပုံဆွဲစာအုပ်ကို လာတင်ပေးသည်။
“လျန်လျန် ဘာတွေဆွဲခဲ့တာလဲ?”

ဝူချန်းယွဲ့က သူမ၏ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်ပေး၍ မေးကာ သူမဆွဲထားသည်ကို ကြည့်လိုက်သည်။

ကလေးဆွဲသည့်ပုံအများစုသည် ရိုးရှင်းသည်။ ဝူယွဲ့လျန်၏ပန်းချီသည် အကြမ်းဖျင်းဆွဲခြစ်ထားသည်နှင့် အရောင်အချို့သာ ပါသည်။ သို့သော်လည်း ကလေး၏ ပန်းချီသည် တချို့အချက်အလက်များကို ပြထားနိုင်သည်။
ဝူယွဲ့လျန်၏ ပုံသည် လူကြီးနှစ်ယောက်ကြားက ကလေးတစ်ယောက်၏ ပုံဖြစ်သည်။ သို့သော်လည်း သူမ၏ အဖေဖြစ်သူသည် ဘာဖြစ်လို့ လူကြီးတစ်ယောက်က ကတုံးဖြစ်နေသလဲကို နားမလည်ပေ။
အလည်က လူသေးသေးလေးကို လက်ညိုးထိုးပြကာ ဝူယွဲ့လျန်အား

“ဒါက လျန်လျန်လား”

ဝူယွဲ့လျန်က မျက်လုံးတောက်တောက်လေးများဖြင့် ခေါင်းငြိမ့်ပြသည်။

ထို့နောက် ဝူချန်းယွဲ့သည် ဆံပင်ဖြင့် လူကြီးတစ်ယောက်ကို ထိုးပြကာ
“ဒါက ဘယ်သူလဲ?”

ဝူယွဲ့လျန်အား သူ့အားလက်ညိုးထိုးပြကာ ဘာမှမပြောပေ။
ဝူချန်းယွဲ့သည် ကတုံးဖြင့်လူကြီးကို လက်ညိုးထိုးကာ ဆက်မေးသည်။

“ဒါဆိုရင် ဒါကရော?”

ဝူယွဲ့လျန်သည် အနည်းငယ် အခက်တွေ့သွားပုံရသည်။ သူမ၏ခေါင်းကို လက်ညိုးထိုးပြကာ သူမ၏ လက်များဖြင့် ပွတ်ပြသည်။ ဒီလိုရှင်းပြပုံက မရှင်းသေးဘူးဟု သူမက ခံစားရသဖြင့် ဘေးကို ပတ်ကြည့်သည်။ အဖေဖြစ်သူသည် ကလေးမက ဘာကိုရှာနေသလဲ မသိပေ။ ထို့နောက် သူမ၏ လက်နှစ်ဖက်လုံးကို သူမ၏ရင်ဘတ်ပေါ်သို့တင်၍ စက်ဝိုင်းနှစ်ခုကို လက်ဖြင့်ဆွဲပြသည်။
ဝူချန်းယွဲ့သည် ကြောင်အသွားသည်။ သူ့ အပြစ်ကင်းသည့် သမီးလေးမှာ ကျားမကွဲခြားပုံကို သိတက်နေပြီ ဖြစ်သည့်အကြောင်း သူသိလိုက်ရ၍ပင်!
Previous Chapter 383 of 410 Next