၃၀၄။ မေမေကူပါဦး
သို့သော်လည်း စခန်းကထွက်လာ၍ သိပ်မကြာခင်တွင် နွယ်လေး၏ အသံကို နယ်မြေထဲကနေ ကြားလိုက်ရသည်။
‘မေမေ! ဒီကိုလာ! မေမေ ဝင်ခဲ့!’
လင်းချင်းသည် နယ်မြေထဲသို့ ချက်ချင်း အမြန်ဝင်လာရသည်။
“ဘာဖြစ်လို့လဲ? နွယ်လေး?”
သူမသည် ကန်ဘေးတွင်ရပ်နေကာ ကန်ကိုကြည့်ရင်း မေးလိုက်သည်။
ကန်ထဲကနေ နွယ်တစ်ခုထွက်လာကာ သူမလက်ကို ရစ်ပတ်ပြီးနောက် နွယ်လေးပြောသည်ကို ကြားလိုက်ရသည်။
‘မေမေ! အသေးလေးရဲ့ကိုယ်ထဲက အစွမ်းတွေက ဖိနှိပ်ထားတာ အရမ်းကြာနေပြီ. . .နွယ်လေး အခုအကုန်လုံးကို မထိန်းနိုင်တော့ဘူး. . .မေမေ ဆင်းလာပြီး ကူပါဦး”
“ငါက ဘယ်လိုကူနိုင်မှာလဲ?”
လင်းချင်းသည် အံ့သြစွာ မေးသည်။ သူမသည် တခြားသူ၏ စွမ်းအားနှိုးရာတွင် ဘယ်လိုကူရမလဲကို မသိပေ။
“အရင်တစ်ခါက ရှောင်လုအစွမ်းကို နှိုးတုန်းက ရတယ်မလား? ဘာဖြစ်လို့ ဒီတစ်ခါမရတာလဲ?”
လင်းချင်းက ဆက်မေးသည်။
နွယ်လေးသည် ခနတွေးကာ ဖြေသည်။
‘အင်း. . .မမရှောင်လုအခြေအနေက သိပ်မကြာသေးတော့ နွယ်လေးက သူ့အစွမ်းတွေကို ထိန်းနိုင်တယ်။ ဒီတစ်ခါကျတော့ အသေးလေးက ဒီလိုအခြေအနေကြီး ဖြစ်နေတာ ရက်အတော်ကြာပြီ. . . သူ့အစွမ်းတွေကို တစ်ချိန်လုံး ဖိနှိပ်ထားသိလိုကြီး ဖြစ်နေတော့ မကောင်းတော့ဘူး. . .အခုသူ့ကိုယ်ထဲမှာ အစွမ်းတွေ အရမ်းများနေပြီ. . .နွယ်လေးစိတ်ပူတာက ဒီကိုယ်သေးသေးလေးက တောင့်မခံနိုင်မှာကိုပဲ’
နွယ်လေး၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းချင်းသည် စိတ်ပူသွားကာ
“ဒါဆိုရင် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ? ငါဆင်းလာရင် ဘယ်လိုကူပေးရမလဲ နင်သိလား?”
‘မေမေ ဆင်းလာ. . .နွယ်လေးက ကလေးမလေးရဲ့ အစွမ်းတွေကို မေမေ့ကိုယ်ထဲကို ပြောင်းထည့်ပေးလိုက်မယ်။ ဒါဆိုရင် သူကပိုအန္တရာယ်ကင်းနိုင်တယ်!’
လင်းချင်းသည် ခေါင်းငြိမ့်ကာ
“ဒါဆိုရင်လည်း ဟုတ်ပြီ!”
ချူးလီလီနှင့် လျူကျွင်းတို့သည် ဆိုဖာတွင် သူမကိုထိုင်ကြည့်နေသည်။ လင်းချင်းက လက်ယက်ခေါ်သည့်အခါ ချူးလီလီသည် ဘေးသို့ချက်ချင်း ရောက်လာသည်။
“ဘာလဲ?”
လင်းချင်းက သူမအား
“ငါကန်ထဲကိုဆင်းပြီး နွယ်လေးကို ကူမလို့။ အဲ့ဒါကြောင့် ယွမ်ထန်ရှင်းကို နင်အခုရှာပေး။ ငါတို့ထဲမှာ နင်ကလေစွမ်းအားရှိတော့ အမြန်ဆုံးပဲ။ ယွမ်ထန်ရှင်တို့ကို ငါ့အစား ရှာပေးနိုင်မယ်မလား?”
ချူးလီလီနှင့် ယွမ်ထန်ရှင်းတို့သည် အချင်းချင်းသိကြသည်။ ထို့ကြောင့် လင်းချင်းသည် သူမ၏အစား လီလီကို သွားခိုင်းတာက ပိုသင့်တော်သည်ဟု ခံစားမိသည်။ အဆင့်၇လေစွမ်းအားဇွန်ဘီအနေဖြင့် သူမသည် အခုဆိုလျှင် ပြိုင်ကားထက်ကို အဆပေါင်းများစွာ မြန်ဆန်နေပြီ။ သူမသည် သစ်ပင်ထိပ်များပေါ်မှနေ ပျံသန်းရင်း ယွမ်ထန်ရှင်းကို ရှာနိုင်သည်။
ချူးလီလီသည် ခနပဲတွေးကာ ခေါင်းငြိမ့်၍
“ဟုတ်ပြီ။ ညီမလေး သွားလိုက်မယ်”
“ဂါး!”
‘ငါလည်းသွားမယ်!’
ထိုအချိန်တွင် နယ်မြေသုံးထဲတွင် ပုန်းနေသည့် မုံမုံသည် ထွက်လာ၍ အော်ပြောသည်။ သို့သော်လည်း နွယ်လေးကို သတိထား၍ လှမ်းကြည့်နေသေးသည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ
“အချိန်ဖြုန်းနေလို့ မရဘူး။ ငါအခုပဲ နင်တို့ကိုထုတ်ပေးမယ်!”
ဒီလိုပြောရင်း သူမသည် ဇွန်ဘီမငယ်နှစ်ယောက်၏ လက်ကိုဆွဲကာ ထွက်လာလိုက်သည်။ အပြင်တွင်ချပေးပြီးသည်နှင့် လင်းချင်းသည် နယ်မြေထဲသို့ တန်းပြန်ဝင်သွားသည်။
အပြင်ရောက်သည်နှင့် ချူးလီလီသည် အမြင့်ဆုံးသစ်ပင်ပေါ်သို့ ခုန်တက်သွားစဉ် မုံမုံသည် မြေပြင်ကနေ သူမကို မော့ကြည့်နေသည်။ ချူးလီလီက လျှင်မြန်စွာ စ၍ပျံပြေးသည်နှင့် သူမသည်လည်း နောက်ကနေ အမြန်လိုက်တော့သည်။
လင်းချင်းသည် နယ်မြေထဲသို့ ဝင်ပြီးနောက် အဝတ်များကို ချွတ်ဖို့လုပ်သည်။ သို့သော်လည်း တစ်ခုကိုတွေးမိ၍ လှည့်ကြည့်သည့်အခါ နယ်မြေတို့၏ အပေါက်ဝတွင် ဇွန်ဘီများသည် ခေါင်းပြူ၍ သူမကို ကြည့်နေဆဲပင်။
“ဝင်ကြ!”
လင်းချင်းသည် အော်လိုက်သည်။
“ငါအဝတ်ချွတ်နေတာကို ကြည့်ရဲလို့ကတော့ နင်တို့ကို ကန်ထဲခေါ်ဖို့ နွယ်လေးကို ငါခိုင်းလိုက်မှာ!”
ဒီလိုပြောသည်နှင့် ဇွန်ဘီများသည် အစအနကို မမြင်ရအောင် ဝင်ပုန်းကြတော့သည်။
ထို့နောက် လင်းချင်းသည် ကန်ဘက်သို့ သွားသည်။ သူမအဝတ်ချွတ်ချိန်တွင် လျူကျွင်းသည် တုံတုံ၏ မျက်လုံးကိုကာ၍ ဝေးရာသို့ ခေါ်သွားပေးသည်။
လင်းချင်းသည် ကန်ထဲသို့ ဆင်းသည့်အခါ ကန်ထဲတွင် စွမ်းအားများက လှိုင်းထန်နေသည်ကို သိလိုက်သည်။ ရေနက်ရာသို့ ရောက်သည့်အခါ ကလေးလက်မောင်းလုံးလောက်ရှိသည့် နွယ်ဖြစ်နေသည့် နွယ်လေးသည် သူမကို ကန်လယ်သို့ ဆွဲခေါ်သွားသည်။
အောက်သို့ရောက်သည့်အခါ ဝူယွဲ့လျန်၏ တစ်ကိုယ်လုံးကို နွယ်လေး နွယ်များက ပိုးအိမ်သဖွယ် ရစ်ပတ်ထားကြောင်း မြင်လိုက်ရသည်။ ပိုးအိမ်သည် တောက်ပနေကာ အထဲကနေ အဖြူရောင်အလင်းက ထွက်နေသဖြင့် တောက်ပနေသည့် ဉလုံးလေးလိုပင်။
ချစ်ဖို့ကောင်းသော်လည်း လင်းချင်းကို အန္တရာယ်ဟု ခံစားမိစေသည့် စွမ်းအားများပါနေသည်။ လင်းချင်းအတွက်တော့ ဒါသည်သိပ်မပြင်းသော်လည်း ဝူယွဲ့လျန်အတွက်တော့ အရမ်းကိုပြင်းထန်သည်။
ထိုအချိန်တွင် နွယ်လေးသည် လင်းချင်းအား နွယ်လေးငါးခြောက်ခုဖြင့် ပိုးအိမ်တစ်ခုလို ရစ်ပတ်လိုက်သ်ည။ ထို့နောက် ပိုးအိမ်ကြီးနှင့်အသေးကို အတူကပ်ထားလိုက်သည်။
ထိုအခါ လင်းချင်းသည် သူမ၏ကိုယ်ထဲသို့ စွမ်းအားစီးကြောင်းတစ်ခုက ဝင်လာကြောင်းကို ခံစားမိလိုက်သည်။
. . .
တစ်ဖက်တွင်တော့ ဝူချန်းယွဲ့သည် ရှောင်လီချန်းအား ယန်ချောင်း၏ လက်တလော လှုပ်ရှားမှုများကို စုံစမ်းရန် ခိုင်းပြီးနောက် လျန်လျန်ကိုရှာဖို့ လူအချို့လည်း လွှတ်ထားသည်။ ထို့အတူ ဒီရက်ပိုင်း လူအဝင်အထွက် စာရင်းများကို စစ်ခိုင်း၍ သံသယရှိသူစာရင်းကို သူ့အားတင်ပြရန် ခိုင်းထားသေးသည်။
“ဘယ်သွားမလို့လဲ?”
ဝူချန်းယွဲ့က လူရှာနေသဖြင့် သူ့နောက်လိုက်နေသည့် မုန့်ယွဲ့က နားမလည်စွာ မေးသည်။
“အထူးနေရာ C ကို!”
ဝူချန်းယွဲ့က ပြန်ဖြေသည်။
“အထူးနေရာ C ကို? ခေါင်းဆောင်ကျိုးဘက်က လူကိုသွားရှာမလို့လား?”
မုန့်ယွဲ့က သိချင်စွာဖြင့် မေးသည်။
ပင်လယ်မြို့တော်စခန်းကို သုံးပိုင်းခွဲထားသည်။ အထူးနေရာ A, B, C ဟူ၍ ဖြစ်သည်။ ထိုနေရာတွင် အဆင့်မြင့်လူများ နေထိုင်လုပ်ကိုင်ကြသည်။ ထိုနေရာ၏အပြင် ကျန်သည့်နေရများကို A to F အထိ ခွဲလိုက်၍ တစ်ခုချင်းစီတွင် ရပ်ကွက်များ၊ အလုပ်နေရများနှင့် အုပ်ချုပ်ရာများ ပါသည်။
အထူးနေရာA တွင် ဝူချန်းယွဲ့၏ အုပ်ချုပ်ပိုင်ခွင့်ဖြစ်၍ သူနေသည်။ အထူးနေရာ B သည် ယန်ချောင်း၏ အပိုင်းဖြစ်သည်။ အထူးနေရာ C ကတော့ ကျိုးရှုဟွေ့၏ အပိုင်းပင်။ အထူးနေရာ C တွင် နေထိုင်ကြသူများသည် ကျိုးရှုဟွေ့၏ လူများဖြစ်ပြီး သူ့အတွက် အလုပ်လုပ်ပေးနေသူများ ဖြစ်ကြသည်။ အခု ဝူချန်းယွဲက ဒီကိုသွားနေလေရာ ကျိုးရှုဟွေ့၏ လူကိုရှာခြင်းပင်။
ထိုနေရာ၏ ရုံးထဲတွင် ဝူချန်းယွဲ့သည် မုန့်ယွဲ့အား လုထန်ရိဆိုသည့်သူ ရှိသလားဟု မေးစေသည်။ မိနစ်အချို့ကြာသည့်အခါ သူမသည် ပြန်လာကာ
“လုထန်ရိက ရုံးထဲမှာမရှိဘူး။ ဖန်လုံအိမ်ကိုသွားတယ်။ ငါတို့အဲ့ဒီကို သွားရှာမှပဲ”
ထိုအခါ ဝူချန်းယွဲ့သည် ချက်ချင်းလှည့်သွားသည်။
“ဒါဆိုရင် ဖန်လုံအိမ်ကို သွားရအောင်!”
ဖန်လုံအိမ်သည် စခန်းတစ်ခုလုံး၏ အစားအစာအရင်းမြစ် ၉၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသည့် နေရာပင်။ ထိုအထဲတွင် စိုက်ပျိုးမြေများနှင့် မွေးမြူရေးမြေများ ပါဝင်သည်။ ကျိုးရှုဟွေ့အပိုင်း၏ အကြီးဆုံးနေရာသည် စိုက်ခင်းများဖြစ်သည်။ သို့သော်လည်း သဘာဝမြေနှင့်ရေတို့၏ ပြဿနာတို့ကြောင့် အပင်များကို ကျန်းမာစွာ စိုက်ပျိုးနိုင်ရန် သဘာလွန်စွမ်းအားရှင်တို့ကို လိုအပ်သည်။ သို့သော်လည်း ကောင်းမွန်စွာ မကြီးထွားကြသဖြင့် ရိတ်သိမ်းရသည်မှာ ကျေနပ်စရာမရှိပေ။ ကောင်းမွန်စွာရိတ်သိမ်းနိုင်ဖို့အတွက် အစိမ်းရောင်စွမ်းအားရှင်များ၏ အစွမ်းကိုလိုအပ်သည်။ ဒီစွမ်းအားရှင်များသည် အရမ်းကို ရှားပါးသည်။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အပင်များကြီးထွားလာရန် ရေလောင်းပေးနေကြသည်။ သူတို့ထံသို့ လူတစ်ယောက်သည် ပြေးလာကာ အော်ပြောသည်။
“ဆရာ ခေါင်းဆောင်ဝူက လာရှာတယ်”
လာပြောသည့်သူကို လှည့်ကြည့်လိုက်သည့်အခါ သူတို့အလုပ်ရုံက လက်အောက်ငယ်သားဖြစ်ကြောင်းကို ၂ယောက်လုံးက သိလိုက်ရသည်။
“ခေါင်းဆောင်ဝူက ဘာဖြစ်လို့ မင်းကိုလာရှာတာလဲ?”
ကောင်းချင်းမင်းက လုထန်ရိကို ကြည့်ကာ အံ့သြစွာဖြင့် မေးသည်။
လုထန်ရိကသည် ခေါင်းခါကာ ပြန်ဖြေသည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ? သွားကြည့်ကြတာပေါ့”
လုထန်ရိသည် ဒီလိုပြောရင်းက လေထဲသို့ မြောအောင်လုပ်ထားသည့် ရေစက်လုံးကို သူ့လက်ပေါ်သို့ ပြုတ်ကျစေကာ လက်ကိုရေဆေးလိုက်သ်ည။ ကောင်းချင်းမင်းသည် သူ့အနားသို့လာကာ လက်ကိုဖြန့်ပြရင်း
“ငါ့ကိုလည်းပေးဦး!”
လုထန်ရိသည် လက်တစ်ဖက်ကိုမြှောက်လိုက်သည့်အခါ လက်ထဲတွင် ရေစက်လုံးတစ်ခုပေါ်လာ၍ ထိုရေစက်လုံးဖြင့် ကောင်းချင်းမင်းအား လက်ဆေးစေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် ဖန်လုံအိမ်ထဲမှ ထွက်လာကြသည်။