May Honey Logo May Honey
Previous Next

၃၀၁။ အချင်းချင်းလွဲနေကြတယ်

ဆယ်စက္ကန့်လောက်ကြာသည့်အခါ ယွမ်ထန်ရှင်း၊ တူယွမ်ရှင်း၊ လင်းယုနှင့် တခြားသူတို့သည် ဝူယွဲ့လျန်ထံသို့ သွားကြသည်။

ဝူယွဲ့လျန်၏အိမ်တွင် မုန့်ယွဲ့နှင့် မိုလီတို့သည် လျန်လျန်၏ အခန်းထဲတွင် ဖြစ်သည်။ ဝူချန်းယွဲ့၊ ရှောင်ယွင့်လုံနှင့် တရှုတို့သည် အခန်းထဲတွင် စိုးရိမ်စွာ ထိုင်နေကြသည်။

ရှောင်လီချန်းသည် ရုတ်တရပ် ဧည့်ခန်းထဲသို့ ဝင်လာကာ   “ခေါင်းဆောင် ဒုခေါင်းဆောင်ယွမ် ရောက်လာတယ်”

ဝူချန်းယွဲ့သည် ချက်ချင်းခေါင်းမော့ကာ ဖြေသည်။   “အမြန်ဝင်ခိုင်းလိုက်!”

ထို့နောက် ရှောင်လီချန်းသည် ထွက်သွား၍ ခနကြာသည့်အခါ ယွမ်ထန်ရှင်းတို့နှင့်အတူ ဝင်လာသည်။

ထိုအခါ ဝူချန်းယွဲ့တို့သည် ထရပ်သည်။ ရှောင်ယွင့်လုံသည်လည်း သူထိုင်ခုံကနေ ဖယ်ပေးကာ ထိုင်ရန်ပြလိုက်၍   “ဒီမှာထိုင်”

ယွမ်ထန်ရှင်းသည် ထိုင်လိုက်သည်။ သူတို့သုံးယောက်၏ စိတ်ပူနေသည့် မျက်နှာများကြောင့် စိုးရိမ်စွာ မေးလိုက်သည်။   “လျန်လျန်က ပိုသက်သာလာလား?”

သူတို့သုံးယောက်သည် ခေါင်းခါပြသည်။ ယွမ်ထန်ရှင်းပေးသည့်ရေ သောက်ပြီးနောက် သူမ၏အခြေအနေသည် ပြောင်းသွားခြင်း မရှိပေ။ လက်ရှိတွင် သူမသည် ကိုမာတစ်ဝက်ဖြစ်နေဆဲပင်။ သူမ၏ အပူချိန်သည် ငါးဆယ်ဒီဂရီအထိ ကျသွားပြီးသည့်နောက် ထပ်မကျတော့ပေ။

ရေဘယ်လောက်ပဲ ထပ်သောက်ပါစေ ဘာမှသိသာသည့် အကျိုးဆက်များ ဖြစ်မလာတော့ပေ။ စွမ်းအားနှိုးခြင်းသာ ခနတန့်နေခြင်း ဖြစ်သည်။

လျန်တရှုသည် နည်းမျိုးစုံစမ်းသော်လည်း တစ်ခုမှ အသုံးမဝင်ပေ။

မုန့်ယွဲ့သည် ဆေးရုံကနေ နိုးလာသည်နှင့် ချက်ချင်းပြန်လာသည်။ သူမသည် ပြန်သက်သာလာသည်က မြန်သော်လည်း အဆင့်၆ဇွန်ဘီက လျန်လျန်ကို ခေါ်သွားနိုင်ခြင်းအတွက် အပြစ်မကင်းသလို ဖြစ်နေဆဲပင်။ ထို့ကြောင့် ပြန်လာတည်းက လျန်လျန်အနားတွင်သာ တချိန်လုံးနေတော့သည်။

ယွမ်ထန်ရှင်းသည် စိတ်ပူစွာဖြင့်   “ဒီလိုမျိုးဆက်ဖြစ်နေရင် နောက်ဆုံးဘယ်လိုဖြစ်မလဲ မပြောတက်ဘူး”

သူ့စကားများသည် လူသုံးယောက်လုံးကို စိတ်ညစ်စေသည်။ ဝူချန်းယွဲ့သည် အမှုအယာကိုထိန်းကာ မေးသည်။   “ခုနက မမေးမိတာ အားနာပါတယ်။ အခုဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ?”

“အတည်ပြုချင်တာ ရှိလို့ပါ”   ယွမ်ထန်ရှင်းက ပြောသည်။   “ဒီစခန်းက ခေါင်း​ဆောင်ယန်က အပြင်က ငါ့မိတ်ဆွေတွေနောက်ကိုလိုက်ဖို့ လူတချို့လွှတ်ထားတယ်ဆိုတာ ဟုတ်မဟုတ်ကို ကြားမိလား?”

ဝူချန်းယွဲ့သည် ချက်ချင်းရုပ်တည်သွားကာ   “ဪ ဟုတ်တယ်”   သူပြောသည်။   “ငါအခုလေးတင် ကြားတယ်။ ဒါကြောင့် ရောက်လာကြတာ ထင်တယ်။ ယန်ချောင်းက အပြင်က ဓားပြတွေနဲ့ အပေးအယူတချို့လုပ်ဖို့ ခိုးဆက်သွယ်တယ်လို့ ငါကြားတယ်။ ဒီဓားပြတွေက မင်းလာတဲ့နေရာကို အရင်ရက်တချို့က သွားတယ်”

“မင်းတို့သိရအောင် ငါလူလွှတ်ထားပေးတော့မလို့ပဲ”   ရှောင်ယွင့်လုံက ပြောသည်။   “ဒါပင်မယ့် သတင်းအရင်ရလိုက်တာပဲ”

“ဒါဆိုရင် သတင်းက အမှန်လား?”   ယွမ်ထန်ရှင်းသည် စိတ်ပူစွာပြောသည်။   “ဒါဆိုရင် လင်းဖန်တို့တွေ ဒုက္ခရောက်နေတော့မှာပဲ။ ပြီးတော့ မင်းတို့စခန်းခေါင်းဆောင်က ဘယ်လိုလုပ်ပြီးတော့ အပြင်က ဓားပြတွေနဲ့ ပေါင်းသင်းနေတာလဲ။ ဒါကိုဘယ်လိုမှ မနေကြဘူးလား?”

ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကို တစ်ချက်ကြည့်ကာ ပြောသည်။   “လက်ရှိ ငါတို့လည်း သူနဲ့ပတ်သတ်တဲ့ သက်သေတွေကို လိုက်စုနေတယ်။ ငါတို့ဘယ်လိုပဲမြင်မြင် ခိုင်လုံတဲ့သက်သေမရှိရင် ငါတို့က သူ့ကိုဘာမှလုပ်ရမှာ မဟုတ်ဘူး”

ယွမ်ထန်ရှင်းသည်လည်း မငြင်းနိုင်သဖြင့် ငြိမ်ကြည့်နေသည်။ ထို့နောက် ခေါင်းငြိမ့်ကာ ပြောသည်။   “ဟုတ်ပြီ! သတင်းက အမှန်ဆိုတာ သေချာသွားမှတော့ ငါတို့လည်း ဒီစခန်းကနေ ထွက်ရတော့မှာပဲ။ နှောင့်ယှက်မိတာ အားနာပါတယ်”

ဒီလိုပြောကာ ထွက်သွားဖို့လုပ်သည်။ ဝူချန်းယွဲ့တို့သည်လည်း ထရပ်သည်။ ဝူချန်းယွဲ့သည် သူ့ကိုလက်ကာပြရင်း   “ခနလေး! ယွင့်လုံကို မင်းနဲ့ထည့်ပေးလိုက်မယ်။ ငါကြားတာတော့ ယန်ချောင်းနဲ့ အလုပ်အတူလုပ်နေတဲ့ ဓားပြတွေက သာမန်မဟုတ်ဘူး။ အဆင့်၆အနည်းဆုံး ၂ယောက်ပါတယ်လို့ ထင်တယ်။ မင်းတစ်ယောက်တည်း မကိုင်တွယ်နိုင်လောက်ဘူး”

ဒီလိုပြောကာ ရှောင်ယွင့်လုံကို တစ်ချက်ကြည့်သော် ယွင့်လုံက ခေါင်းပြန်ငြိမ့်ပြသည်။ ယွမ်ထန်ရှင်းသည် ဝူချန်းယွဲ့ကို အံ့သြစွာ ကြည့်နေသည်။ ဝူချန်းယွဲ့က ရှောင်ယွင့်လုံကို သူတို့နှင့်အတူ ထည့်ပေးလိမ့်မည်ဟု မထင်ထားမိပေ။

သူ့အမှုအယာကြောင့် ဝူချန်းယွဲ့သည် ပြုံးကာ   “ငါ့ကိုဒီလိုမကြည့်ပါနဲ့။ မင်းအကူအညီကြောင့် လျန်လျန်က အခုဒီလောက် ကောင်းနေနိုင်သေးတာ။ ငါကသူ့ဘေးက ခွာလို့မရတာကြောင့် မဟုတ်ရင် ငါလည်း လင်းဖန်တို့ကို လိုက်ကူညီပေးမှာပါ။ ဒါပင်မယ့် အခုတော့ ရှောင်ယွင့်လုံကိုပဲ ငါ့အစားလုပ်ပေးခိုင်းရတော့မယ်”

ယွမ်ထန်ရှင်းသည် ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ကာ   “ကျေးဇူးတင်ပါတယ်!”

“မလိုပါဘူး!”   ရှောင်ယွင့်လုံက ပြောသည်။   “မင်းတို့က ရပါတယ်။ ပြီးတော့လည်း ငါတို့ကိုလည်း ကူညီထားသေးတာပဲ။ အချင်းချင်းကူညီပေးရမှာပေါ့။ ငါတို့က ကျေးဇူးမတင်တက်တဲ့သူတွေ မဟုတ်ပါဘူး”

ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ပြကာ ဝူချန်းယွဲ့အား   “ဒါဆိုရင် ငါတို့အခုသွားတော့မယ်. . .နောက်မှတွေ့တာပေါ့”

ဝူချန်းယွဲ့သည် သူ့ကိုတံခါးအထိ လိုက်ပို့ကာ   “တစ်ခုခုဖြစ်ရင် ငါ့ကိုသတင်းပို့ဖို့ လူတစ်ယောက်ယောက် လွှတ်လိုက်ပါ”

“ဟုတ်ပြီ။ ကျေးဇူးတင်ပါတယ်”   ယွမ်ထန်ရှင်းက ပြောသည်။

ယွမ်ထန်ရှင်းနှင့် ရှောင်ယွင့်လုံတို့ ထွက်သွားသည်ကို ကြည့်ရင်း လျန်တရှုသည်   “ယန်ချောင်းက ဒီတစ်ခေါက် မင်းကိုဘာလုပ်မလဲ ငါသိချင်တဘ်။ မင်းပြန်မတိုက်ဘူးလား?”

ဝူချန်းယွဲ့၏ မျက်နှာသည် အေးစက်နေကာ   “ငါလုပ်မှာပါ။ လျန်လျန်ကိစ္စရှင်းမှ။ ငါက ဘာမှမသိဘူးလို့ သူထင်နေလား မသိဘူး?”

ယန်ချောင်း၏ လှည့်ကွက်လေးများစွာကို သူသိသည်။ သူလျစ်လျူရှုထားခြင်းမှာ သူ့အတွက် မထိခိုက်သောကြောင့်ပင်။ ပုံမှန်အားဖြင့် သူသည် ယန်ချောင်းအား လူပြက်တစ်ယောက်လိုသာ သဘောထား၍ ကြည့်သည်။ 

လျန်လျန်၏ အခြေအနေသည် အခုအရမ်းအရေးကြီးနေသည်။ ယန်ချောင်း၏ အစီအစဉ်ကတော့ သူနောက်မှပဲ တုန့်ပြန်တော့မည်။

“အခုသူက ပိုပြီးတော့ရဲလာတယ်။ လျန်လျန်အခြေအနေကို သိနေလောက်တယ်!”   လျန်တရှုက ပြောသည်။   “ငါ့အထင် ဒါကိုအခွင့်အရေးလို အသုံးချပြီးတော့ မင်းကိုဒုက္ခပေးနိုင်တယ်။ သတိထားနေဖို့လိုမယ်!”

ဝူချန်းယွဲ့၏ မျက်နှာသည် အုံ့မှိုင်းသွားသည်။ သူသည် မျက်နှာကိုထိန်းမနေနိုင်တော့ဘဲ   “လျန်လျန်ကို နာကျင်အောင် လုပ်ရဲလို့ကတော့ ငါသတ်ပစ်မယ်!!!”   ‘သတ်ပစ်မယ်’ဟု ပြောလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးမှ လူသတ်ချင်စိတ်များ ထွက်လာသည်။

လျန်တရှုသည် သူ့ကိုကြည့်ကာ ဘာမှမပြောတော့ပေ။

ထိုအချိန်တွင် ယွမ်ထန်ရှင်း၊ ဝူချန်းယွဲ့နှင့် ယန်ချောင်းတို့သည် လင်းဖန်တို့မှာ ပင်လယ်မြို့တော်စခန်းသို့ ရောက်နေပြီမှန်း မသိကြပေ။ 

ပင်လယ်မြို့တော်စခန်းသို့ရောက်၍ ၂နာရီကြာသည့်အခါ လင်းဖန်တို့သည် ယွမ်ထန်ရှင်းတို့မှာ သူတို့ကိုရှာဖို့ ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ စာရင်းရုံးထဲက ထွက်လာသည့် လင်းဖန်တို့သည် အနည်းငယ် နားမလည်နိုင် ဖြစ်နေကြသည်။

“ဒါဆိုရင် ငါတို့လွဲသွားတာလား?”   ချန်းဝမ်ရှုက မေးသည်။ လင်းဖန်သည် ကူကယ်ရာမဲ့စွာဖြင့် နဖူးကို လက်ဖြင့် ကိုင်ထားရင်း ခေါင်းငြိမ့်သည်။ သူတို့သည် ယွမ်ထန်ရှင်းကိုရှာဖို့ ဒီအထိလာခဲ့သော်လည်း သူကထွက်သွားနှင့်သည်။ သူတို့သည် လာရာသွားရာ လမ်းမတူသဖြင့် အချင်းချင်းလွဲသွားကြခြင်းပင်။

လင်းချင်းသည် လင်းဖန်၏ဘေးတွင် ရပ်နေရင်းက   “စိတ်မပူပါနဲ့။ သူတို့ကိုရှာဖို့ ငါလူလွှတ်လိုက်မယ်။ အခုဒီမှာ ခနတည်းဖို့နေရာပဲ အရင်ရှာ။ စကားမဆပ် ယွမ်ထန်ရှင်းရဲ့ ဒီကအခြေအနေလည်း စုံစမ်းထားကြဦး”

ဇွန်ဘီပိုးစစ်သည့်စက်များကို သူမက ဘယ်လိုကျော်ဖြတ်နိုင်သလဲ သိချင်နေကြသူများရှိမည်။ လင်းချင်းသည် ကိုယ်ဖျောက်၍ ဒီတိုင်းဝင်လာရုံတင်။ သူမကို ဘယ်သူကမှ မမြင်သလို သူမသည် ဘာမှလည်း အစစ်မခံရပေ။ ထို့ကြောင့် သူမသည် စခန်းထဲသို့ ရောက်နေတာကို ပင်လယ်မြို့တော် တစ်စခန်းလုံးက မသိပေ။

ဓားပြထန်ဟေးလာတုန်းကတောင် ယန်ချောင်းတို့လူများက သူ့အားရုပ်ဖျက်၍ ခိုးခေါ်လာရခြင်းပင်။

လင်းချင်း၏စကားကိုကြားမှ လင်းဖန်သည် စိတ်မပူတော့ပေ။   “ဒီနည်းပဲ ရှိတော့တယ်။ ပြီးတော့လည်း နင်တို့က ငါတို့ထက် လူရှာရတာ ပိုကောင်းပါတယ်”

သူ့ဘေးက ချန်ယုတင်းက စခန်းကိုလိုက်ပြနေရင်း   “သူတို့က အနားမှာပဲ ရှိဦးမှာပါ။ အခုသွားရင် တွေ့နိုင်ဖို့ အခွင့်အရေးပိုများတယ်”

ဒါသည် လင်းဖန်တို့အတွက် ပင်လယ်မြို့တော်စခန်းသို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်ရာ ချန်ယုတင်းတို့သည် ဧည့်ဝတ်ကျေနေကြသည်။ သူတို့သည် ဧည့်သည်များကို စာရင်းသွားပေးကာ ခနတည်းခိုစရာ နေရာကို ရှာပေးကြသည်။  
Previous Chapter 301 of 410 Next