May Honey Logo May Honey
Previous Next

၄၀၄။ ဇွန်ဘီတွေကို ရေချိုးပေးခြင်း

ဒီနှစ်ယောက်က ရေချိုးနေသည့်အခါ လင်းချင်းက ဘေးတွင်ရပ်စောင့်နေသည်။ မကြာခင် ဇွန်ဘီကောင်လေးသည် သူ့အရပ်ထက်တောင် ပိုရှည်သည့်သံပုံးကြီးကို ခေါင်းပေါ်တင်၍ ပြန်ရောက်လာသည်။

ဂွမ်!

လင်းချင်းသည် သူမ၏အရှေ့သို့ အသံကျယ်လောင်စွာ ပစ်ချလိုက်သည့် ဓာတ်ဆီဘူးအလွတ်ကြီးကို ကြည့်လိုက်သည်။

ဓာတ်ဆီအနံက ပြင်းပြင်းထွက်နေသဖြင့် လင်းချင်းသည် စိတ်ထဲမကောင်းတော့ပေ။

“နင်အထဲက ဆီတွေကို သွန်ပစ်လာတော့တော့ မဟုတ်ဘူးမလား. . .ဟုတ်လား?”

ပါးစပ်ပြဲနေသည့် ဇွန်ဘီကောင်လေးသည် သူမအား နားမလည်စွာကြည့်ကာ မျက်လုံးများက ဒီလိုပြောနေသည်။

‘အထဲက ရေတွေကို သိမ်းဖို့မှ မပြောထားတာ. . .ဒီရေတွေက ကပ်စေစေနဲ့ ရွံ့စရာကြီး. . .ဘာဖြစ်လို့ ယူလာရမှာလဲ?’

လင်းချင်းသည် ဘာပြောရမှန်းကို မသိတော့ပေ။ ဇွန်ဘီကောင်လေး၏ အပြစ်ကင်းသည့် မျက်လုံးများကိုကြည့်ရင်း သူမသည် နဖူးကို လက်ဖြင့်သာ ရိုက်မိတော့သည်။ ထို့နောက် သက်ပြင်းချလိုက်ကာ

“ဟုတ်ပြီ။ ဟုတ်ပြီ။ ထားလိုက်တော့. . .နောက်ဆိုရင် ဒီနံတဲ့ရေတွေကို သွန်မပစ်နဲ့ ဟုတ်ပြီလား? ငါ့ဆီကိုယူလာခဲ့။ ငါလိုတယ်”

ဇွန်ဘီကောင်လေးမှာ ဒီဓာတ်ဆီပုံးကြီးကို ရေဖြင့်တောင် ဆေးလာပုံရကာ အထဲမှာ ရေတချို့ရှိနေသည်။ 

“ဂါး”

ဇွန်ဘီကောင်လေးက ပြန်ပြောသည်။

‘နားလည်ပါပြီ’

လင်းချင်းသည် သံပုံးကိုယူ၍ နယ်မြေထဲသို့ယူသွားကာ ရေဖြည့်၍ ပြန်ထွက်လာသည်။ ဇွန်ဘီကောင်လေးသည် ရေပြည့်နေသည့် သံပုံးကြီးကိုကြည့်ကာ မျက်လုံးများ တောက်ပနေသည်။

“မဝင်ခင် အဝတ်ချွတ်ဖို့ လိုတယ်။ နားလည်လား?”

လင်းချင်းက ပြောသည်။

‘အဝတ်ချွတ်ရမယ်? အဲ့ဒါကဘာလဲ?’

ဇွန်ဘီကောင်လေးသည် လင်းချင်းကို နားမလည်စွာ ကြည့်သည်။

လင်းချင်းသည် သက်ပြင်းထပ်ချလိုက်ကာ ဒီကလေးအား အဝတ်များ ချွတ်ပေးလိုက်ရသည်။ ဒီအဝတ်များသည် မသွားခင်တုန်းက ဝတ်ပေးခဲ့တာများဖြစ်သော်လည်း အခုတော့ ညစ်ပတ်နေလေပြီ။ အခုတော့ ဒီဇွန်ဘီများကို အဝတ်ဘယ်လိုလျှော်ရမလဲပါ သင်ပေးဖို့ လိုလာပြီဟု လင်းချင်းက ခံစားရသည်။

အဝတ်ချွတ်ပေးပြီးသည့်အခါ လင်းချင်းသည် သံပုံးကြီးကိုညွှန်ပြ၍ 

“ရပြီ ဝင်တော့”

ဘုန်း!

ဇွန်ဘီကောင်လေးသည် ကလေးများလို ရေပုံးထဲသို့ ခုန်ဝင်သွားသည်။

“ဘုရားရေ တော်ပါသေးရဲ့။ ငါအရှောင်မြန်လို့သာပဲ။ မဟုတ်ရင် ငါပါစိုတော့မယ်”

လင်းချင်းက ဘေးကိုအမြန်ရှောင်လိုက်ကာ ရေပုံးထဲတွင် တစ်ကိုယ်လုံးစိမ်နေသည့် ဇွန်ဘီကောင်လေးအား ပြောသည်။

ဇွန်ဘီကောင်လေးသည် ငယ်သေးသောကြောင့် အရပ်ကလည်း ပုသည်။ ထို့ကြောင့် ရေထဲတွင် မတ်တပ်ရပ်နေသည့်အခါ ခေါင်းသာပေါ်သည်။ သူထိုင်ချလိုက်သည့်အခါ တစ်ကိုယ်လုံးက ရေမြုပ်သွားတော့သည်။ သို့သော်လည်း ဇွန်ဘီများက အသက်ရှုမဖို့ မလိုသဖြင့် ဒါကိုသူဂရုမစိုက်ပေ။

လင်းချင်းသည် တစ်နာရီလောက် စောင့်လိုက်သည့်အခါ ဇွန်ဘီခေါင်းဆောင် တစ်ဝက်လောက်က ပြန်လာသည်။ ဒီဇွန်ဘီခေါင်းဆောင်များသည် ပုံးမျိုးစုံဖြင့် ပြန်လာကြတာပင်။ သို့သော်လည်း တော်သေးသည်မှာ ဇွန်ဘီကောင်လေးလို ဆီပုံးကို ဆီသွန်၍ ယူလာတာတော့ မရှိကြပေ။ 

သူတို့ယူလာသည်များက ပလတ်စတစ်နှင့် သစ်သားပုံးတို့ ဖြစ်ကြသည်။ တချို့ပုံးများသည် အသေပိတ်ထားကာ အပေါ်တွင် အပေါက်လေးတစ်ခုသာ ပါသည်။ လင်းချင်းသည် ဒီဇွန်ဘီများ ဝင်ထိုင်ဖို့ရရန် လက်သည်းဖြင့် ဖြတ်ကာ ဖွင့်ပေးလိုက်ရသည်။

သက်ကြီးဇွန်ဘီသည် သူမအရှေ့သို့ သစ်သားပုံးအကြီးကြီးကို ယူချလာသည်။ လင်းချင်းက အံ့သြလွန်း၍ မမေးဘဲ မနေနိုင်တော့ပေ။

“ဒီလောက်ကြီးတဲ့ သစ်သားပုံးကြီးကို ဘယ်ကနေ ရှာလာတာလဲ?”

‘ကမ္ဘာပျက်သွားတော့ လူတွေက သစ်သားပုံးတွေကို သုံးနေသေးလို့လား?’

လင်းချင်းသည် ပုံးကိုသေချာကြည့်ကာ အံ့သြစွာဖြင့် ပြောသည်။

“ဒါကိုကြည့်ရတာ အတော်ရှေးကျတဲ့ပုံပဲ. . .”

‘ဒါပင်မယ့်လည်း ရှေးဟောင်းပစ္စည်းတွေက အခုတန်ဖိုးမှ မရှိတော့တာ!’

သူမသည် ပုံးများကို ရေဖြည့်ပြီးသည့်အခါ ဇွန်ဘီတို့အား အဝတ်များကိုချွတ်၍ ပုံးထဲတွင် ဝင်ထိုင်စေသည်။

သက်ကြီးဇွန်ဘီသည် သူ့ကိုရေထဲဝင်ခိုင်းသည့်အခါ ထူးဆန်းတာကို စလုပ်သည်။ လင်းချင်းသည် သူ့ကိုနားမလည်စွာ ကြည့်ကာ

“ဘာဖြစ်လို့ လာကြည့်နေတာလဲ? အဝတ်တွေကို ချွတ်လေ”

သက်ကြီးဇွန်ဘီသည် သူမကိုခနစိုက်ကြည့်နေပြီးနောက် ပတ်ဝန်းကျင်တွင် တစ်ခုခုကို ပတ်ရှာနေပုံရသည်။ သူလိုချင်သည်ကို ရှာမတွေ့ပုံရသည့်အခါ ချက်ချင်းလှည့်ပြေးသွားသည်။ လင်းချင်းသည် သူပြေးသွားသည်ကို နားမလည်စွာ ကြည့်နေချိန်တွင် ခုံတစ်ခုံဖြင့် အမြန်ပြန်လာသည်။

လင်းချင်းသည် ဘာပြောရမှန်းကို မသိတော့ပေ။ သူမသည် သူ့ကို ကူကယ်ရာမဲ့စွာကြည့်ကာ

“နောက် ခုံလိုရင်ပြောလို့ ရပါတယ်. . .”

သက်ကြီးဇွန်ဘီသည် သူမကိုလျစ်လျူရှုထားသည်။ လင်းချင်းက ရေဖြည့်ပေးပြီးသည့်အခါ လှေကားခန်း၏အကွယ်သို့ ခုံကိုဆွဲသွားထားသည်။ ထို့နောက် ရေပုံးကို ထိုနေရာသို့ လာဆွဲသွားပြန်သည်။

အဝတ်များကိုချွတ်လိုက်သည့်အခါ ပိန်လီနေသည့်ကိုယ်က ပေါ်လာသည်။ ထို့နောက် သူ့အဝတ်များကို သေချာခေါက်၍ ထိုင်ခုံပေါ်တင်သည်။ လင်းချင်းက သူ့ကိုကြည့်နေသည်ကို အာရုခံမိပုံရသဖြင့် ခေါင်းလှည့်ကြည့်ကာ သူ့အသားရည်တွေ ရွတ်တွနေသည့်တင်ပါးကို လင်းချင်းဘက်ကိုလှည့်၍ သစ်သားပုံးထဲသို့ ဆင်းသွားသည်။ 

လင်းချင်းသည် သူ့ကိုကြည့်ကာ တကယ်ကို ဆွံ့အနေသည်။ 

‘ရေလေးချိုးရုံတင်ပါ ဘာဖြစ်လို့ ဒီလောက်ရှုပ်ယှက်တွေကို ခတ်နေတာလဲ? ဇွန်ဘီဖြစ်နေပြီဆိုတာကို မေ့နေပြီလား? ဇွန်ဘီအဘိုးရေ!’

. . .

နယ်မြေထဲတွင် ဇွန်ဘီခွေးသည် လင်းချင်းထွက်သွားပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်နေသေးသည်။ ဘယ်သူမှမရှိသည်ဆိုတာ သေချာမှ မြေကြီးပေါ်ကနေထကာ ရေဇလုံအနားသို့ တိုးလာသည်။

ရေ၏အနံ့က သူ့အားဆွဲဆောင်ထားတာပင်။ လျှာကိုထုတ်ကာ ရေကိုလျက်ကြည့်သည်။ ထို့နောက် ခနတောင့်ခဲသွားကာ မျက်လုံးတို့က တောက်ပလာသည်။

‘ဟင်? စွမ်းအားတွေ!’

ထို့နောက် ထပ်လျက်ကြည့်သည့်အခါ စွမ်းအားအစစ်ဖြစ်ကြောင်းကို သိသွားသည်။ ထို့နောက် ဇလုံထဲသို့ ခေါင်းကိုနှစ်ကာ ရေကိုစသောက်တော့သည်။

အပြင်တွင် လင်းချင်းသည် ဇွန်ဘီတိုင်းက သူတို့ပုံးထဲတွင်ထိုင်နေသည်ကို ကြည့်ပြီးမှ အောက်ထပ်သို့ ဆင်းလာသည်။ ထိုအခါ လင်းဝမ်ဝမ်နှင့် အမျိုးသမီးလင်းတို့သည် ဟောခန်းတွင် သူမကို ရပ်စောင့်နေပုံရသည်ကို တွေ့လိုက်ရသည်။

သူတို့အကြည့်များကို မြင်သည့်အခါ လင်းချင်းက ဘာဖြစ်လို့ သူတို့လာသလဲ ဆိုသည်ကို သိသွားကြသည်။ သူမသည် သူတို့ထံသို့ လျှောက်လာကာ တခြားအခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။

လျူကျွင်းသည် သူမတွင် ဘာမှလုပ်စရာမရှိ ဖြစ်နေသဖြင့် ငါးလွှာက အခန်းတိုင်းကို ပြန်စီစဉ်ထားသည်။ ထို့ကြောင့် အခုအခန်းတိုင်းသည် သန့်ပြန့်နေသည်။

“နှစ်ယောက်တည်းလား? လင်းဖန်တို့ပါ လာမယ်ထင်တာ။ လိုက်ခဲ့လေ. . .”

လင်းချင်းက ပြောသည်။

လင်းဝမ်ဝမ်နှင့် လင်းအမျိုးသမီးတို့သည် အချင်းချင်းကြည့်ကာ လင်းချင်း၏ အနောက်သို့ လိုက်လာကြသည်။ အခန်းထဲသို့ သူတို့ရောက်သည့်အခါ လင်းဝမ်ဝမ်က တံခါးကို ပိတ်လိုက်သည်။

လင်းချင်းသည် ဆိုဖာနှစ်ခုံကို ညွှန်ပြလိုက်ကာ သူမက သစ်သားခုံတစ်ခုကို ဆွဲယူလာ၍ ထိုင်လိုက်သည်။ နှစ်ယောက်လုံးသည် ဆိုဖာပေါ်တွင် စိတ်လှုပ်ရှားနေပုံရသောကြောင့် ကိုယ်တို့က တောင့်တင်းနေသည်။

လင်းချင်းသည် သူတို့နှစ်ယောက်ကို ထိုင်ကြည့်နေသည်။ ထိုင်နေတည်းက ဒီနှစ်ယောက်သည် ဘာပြောရမှန်းမသိဘဲ လင်းချင်းကိုသာ စိုက်ကြည့်နေသည်။ သူတို့ကစမပြောသဖြင့် လင်းချင်းသည် ကိုယ်တိုင်သာ မေးလိုက်ရတော့သည်။

“မေးစရာ မရှိဘူးလား?”

လင်းအမျိုးသမီးသည် လင်းချင်းကိုကြည့်ကာ မသေချာသဖြင့် တွေဝေနေသည်။ သူမသည် တိတ်ဆိတ်စွာသာ နေသည်။ လင်းဝမ်ဝမ်က

“. . . ငါတို့ကို သိသင့်တယ်”

“သိတယ်။ ဒါပင်မယ့် ယုံပါ့မလားတော့ မသိဘူး”

လင်းချင်းက ပြောသည်။

လင်းဝမ်ဝမ်သည် မျက်လုံးအပြူးသားဖြင့် လင်းချင်းကို စိတ်တက်ကြွစွာ ကြည့်ကာ မေးသည်။

‘ဒါဆိုရင်. . .ဒါက တကယ်လား? တကယ်ပြန်လာတာလား?’

သူမသည် အသံထွက်မပြောဘဲ စိတ်ထဲက မေးတာဖြစ်သည်။ လင်းချင်းက သေချာပေါက်ကြားမည် ဆိုသည်ကို သူမက သိသည်။

လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ ချက်ချင်းမဖြေသေးဘဲ လင်းအမျိုးသမီးအား နူးညံ့စွာမေးသည်။

“ယုံကြည်ရဲ့လား?”

လင်းအမျိုးသမီးသည် လင်းချင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ခြင်းအချို့ကို ရုတ်တရပ်မြင်လိုက်ရသည့်အခါ ရင်ဘတ်ထဲတွင် အောင့်လာကာ မနေနိုင်တော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

‘ဘယ်လိုလုပ်ပြီး ငါမေ့နိုင်မှာလဲ? ငါ့အရှေ့မှာ အခုရှိနေတဲ့သူက ငါ့သမီးကြီးသာ တကယ်ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ခံစားနေရရှာမလဲ? ကိုယ့်မိသားစုကတောင် ကိုယ့်ကိုမယုံရင် နာကျင်နေရမှာပဲ’	

လင်းချင်းသည် အခုတလော ဘယ်လောက်တောင် ခံစားရမလဲကို တွေးမိသည့်အခါ လင်းအမျိုးသမီးသည် ဝမ်းနည်းလာကာ မျက်လုံးများနီရဲလာတော့သည်။ 
Previous Chapter 404 of 410 Next