၂၀၉။ မိစ္ဆာကိုခိုးသွားခြင်း
“ဂါး!” ဇွန်ဘီဘုရင်သည် အန္တရာယ်ကို အာရုံရသည်နှင့် လင်းချင်းရှိနေသည့် နေရာနားကို ပြေးလာသည်။
ဘုန်း! ထိုအချိန်တွင် ဝူချန်းယွဲ့၏ မိုးကြိုးသည် နှစ်ထပ်တိုက်၏ အမိုးကို အပေါက်ဖြစ်အောင် လုပ်ပစ်သည်။
လင်းချင်းသည် အချင်းကတစ်မီတာလောက်ရှိသည့် အမိုးပေါ်က အပေါက်ကိုကြည့်ရင်း အဆောက်အဦးကို ဖြိုချနိုင်လောက်မည်မှန်း သိလိုက်သည်။ သို့သော်လည်း သူမအနားသို့ ဇွန်ဘီဘုရင်က ပြေးလာနေသည့်အခါ လင်းချင်းသည် ပွဲထိုင်ကြည့်နေရသည့် စိတ်ဝင်စားနေခြင်းကို ပျောက်ရှကုန်သည်။
သူမသည် ခြေထောက်ကိုအားပြုကာ နောက်အဆောက်အဦး၏ အမိုးပေါ်သို့ ခုန်တက်လိုက်သည်။ လင်းချင်းသည် ပထမအဆောက်အဦးမှ ခုန်လိုက်ပြီး ငါးစက္ကန့်အတွင်းမှာ ဇွန်ဘီဘုရင်သည် ခုန်တက်လာပြီးနောက် နောက်တစ်ဖက်သို့ ခုန်ကူးသွားသည်။ ထို့နောက် အမိုးပေါ်သို့ မိုးကြိုးလုံးသည် ချက်ချင်းကို ကျလာသည်။
‘ကပ်သီလေးပဲ’ လင်းချင်းသည် နောက်အမိုးပေါ်ကနေ သက်ပြင်းချလိုက်ရသည်။
ဇွန်ဘီဘုရင်သည် ဝူချန်းယွဲ့ဘက်သို့ သူ့လက်ဖြင့်များဖြင့် ရွယ်လိုက်သည်။ မိုးခြိမ်းများသံများနောက်တွင် ကောင်းကင်သည် မည်းမှောင်လာကာ မိုးကြိုးများသည် ခေါင်းပေါ်သို့ ကျဆင်းလာသည်။
ထိုအခါ ဝူချန်းယွဲ့သည် မရပ်ဘဲနေမရတော့ပေ။ ဓာတ်တိုင်အောက်မှနေ ကောင်းကင်ပေါ်က မိုးကြိုးများကို မော့ကြည့်လိုက်၍ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် မိုးကြိုးကွန်ရက်ဖန်တီးလိုက်ရသည်။ သူဖန်တီးလိုက်သည်နှင့် မိုးကြိုးများသည် သူ့ကွန်ရက်ပေါ်သို့ ကျဆင်းလာသည်။ မိုးကြိုးပစ်ချသံများနှင့်အတူ စွမ်းအားများသည် အချင်းချင်းတိုက်ခိုက်နေကြရ လေကပြင်းထန်လာသည်။ သဲနှင့်ကျောက်တုံးများသည် သာမန်ဇွန်ဘီများနှင့်အတူ ကောင်းကင်သို့ လွင့်ပျံကုန်သည်။
နှစ်ဖက်လုံးသည် မိုးကြိုးအစွမ်းဖြစ်သော်လည်း ဝူချန်းယွဲ့သည် ဇွန်ဘီဘုရင်က ထိန်းချုပ်ထားသည့် မိုးကြိုးအစွမ်းကို စုပ်ယူ၍မရပေ။ ဇွန်ဘီဘုရင်၏ အစွမ်းသည် ယုတ်ကြမ်းသဖြင့် သူ့မိုးကြိုးများက ပေါင်းစပ်၍ မရပေ။
ဇွန်ဘီဘုရင်၏ မိုးကြိုးပစ်ခံရပါက သူကိုယ်တိုင်လည်း အထိနာမှာ ဖြစ်သည်။ သဘာဝလွန်စွမ်အားရှိသူများသည် အမြူတေကနေ အစွမ်းများ စုပ်ယူ၍ရသော်လည်း ဒါကတစ်ခုတည်းသော အဖြေမဟုတ်ပေ။ အစွမ်းတူသူခြင်းဆိုလျှင် အခြားသူ၏ အစွမ်းကို တိုက်ရိုက်စုပ်ယူ၍ ရသည်။ အမြူတေဆိုသည်မှာ လူ့အမြူတေ၊ ဇွန်ဘီအမြူတေနှင့် သန္ဓေပြောင်းအပင်အကောင်များ၏ အမြူတေတို့အကုန်ကို ဆိုလိုခြင်း ဖြစ်သည်။
ဝူချန်းယွဲ့က လှုပ်ရှားမှုကို ရပ်လိုက်သည်နှင့် ဇွန်ဘီဘုရင်သည် အနောက်ဘက်ကန်သို့ ထွက်ပြေးသွားသည်။ လင်းချင်းသည် ဇွန်ဘီဘုရင်က ဘယ်ကိုသွားနေသလဲကို သေချာမြင်ရအောင် နောက်ကနေ လိုက်သွားသည်။ ဝူချန်းယွဲ့၏အမှုအယာအရဆိုလျှင် ဇွန်ဘီဘုရင်ကို ထွက်သွားခွင့်ပြုမှာ မဟုတ်ပေ။
‘အဆင့်ခြောက်မိုးကြိုးဇွန်ဘီရဲ့ အမြူတေကို ဘယ်လိုလုပ်ပြီး သူကအလျှော့ပေးမှာတဲ့လဲ? တုံးတဲ့ပုံတော့မရဘူးပဲ!’
လင်းချင်းက တွေးမိသည်။ ဝူချန်းယွဲ့က မိုးကြိုးကွန်ရက်ဖြင့် ကာကွယ်လိုက်သည်နှင့် သူမသည် တွက်ချက် ဖြစ်သည်။
ဝူချန်းယွဲ့သည်လည်း ဇွန်ဘီဘုရင်အနောက်သို့ အရိပ်တစ်ခုလို အမြန်လိုက်လာသည်။ သူသည် လင်းချင်းလောက်ကို မြန်တာဖြစ်သည်။ လင်းချင်းနှင့် ဆယ်မီတာလောက် ကွာသည့်အချိန်တွင် ဇွန်ဘီဘုရင်က သူ့အားလှည့်ကြည့်လာသည်။ သို့သော်လည်း လင်းချင်းရှိနေသည်ကိုတော့ လုံးဝကို အာရုံမခံမိပေ။
သူတို့သုံးယောက်သည် အရမ်းမြန်ကြသော်လည်း သူတို့အတွက်တော့ သိပ်မထူပေ။ သို့သော် တခြားသူသာ မြင်ပါက အနောက်ဘက်ရေကန်သို့ လွင့်သွားသည့်အရိပ်ကို ဖြတ်ခနဲသာ မြင်လိုက်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့် လူလား ဇွန်ဘီလားတောင် ပြောနိုင်မှာ မဟုတ်ပေ။
အပင်များက ပိုများလာသည့်အခါ ဝူချန်းယွဲ့သည် ကုန်းရှောင်သွားရှင်း ဇွန်ဘီဘုရင်အား နောက်ထပ်မိုးကြိုးကွန်ရက်တစ်ခုဖြင့် လှမ်းပစ်လိုက်သည်။ ဇွန်ဘီဘုရင်သည်လည်း မိုးကြိုးကွန်ရက်ထဲသို့ အကျမခံဘဲ လှည့်ရှောင်လိုက်သည်။ ဤသို့ဖြင့် ဇွန်ဘီနှင့်လူကြားတွင် တိုက်ပွဲထပ်ဖြစ်လာသည်။
လင်းချင်းသည် အနားက တာဝါတိုင်ပေါ်သို့တက်လိုက်ကာ လက်ပိုက်လျှက် ပွဲဆက်ကြည့်သည်။ နှစ်ယောက်လုံးသည် အစွမ်းကြီးလေရာ သူတို့လက်လှုပ်၍ တိုက်ခိုက်သည်နှင့် အနားက အပင်နှင့်အဆောက်အဦးတို့သည် မိုးကြိုးဒဏ်ခံရသည်။
လင်းချင်းသည် နှစ်ရက်ကြာသည့်တိုင်အောင် သူတို့ကြားက တိုက်ပွဲကို လိုက်ကြည့်နေသည်။
ဇွန်ဘီဘုရင်သည် သူ့ကိုယ်က ခံနိုင်ရည်မြင့်ကာ သွက်လက်သော်လည်း ရှုံးနိမ့်မလို ဖြစ်လာသည်။ ဝူချန်းယွဲ့က ဘယ်လောက်တိုက်တိုက် သူကရှောင်နိုင်နေသည်။ တစ်ခါခံလိုက်ရသည့် ဇွန်ဘီဘုရင်သည် ဝူချန်းယွဲ့၏ မိုးကြိုးဒဏ်ကို ထပ်မခံတော့ပေ။
ပွဲလိုက်ကြည့်နေသည့် လင်းချင်းမှာ သူတို့၏အစွမ်းများဖြင့် ကြားထဲက တိုက်ခံရသလို ဖြစ်သော်လည်း သူမသည် အချိန်တိုင်း ရှောင်၍ကြည့်နေနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းချင်းတွင် အကြောင်းပြချက်ကောင်းရှိသည်။ အကယ်၍ ဝူချန်းယွဲ့က ဇွန်ဘီဘုရင်ကို မလှုပ်နိုင်အောင် လုပ်လိုက်သည့်အချိန်တွင် သူမက ခိုးကြောင်ခိုးဝှက်ဖြင့် အမြတ်ထုတ်ဖို့ဖြစ်သည်။ ‘သူက အရမ်းစိတ်တိုသွားမှာ ဟမ့်!’
‘အဆင့်ခြောက်ဇွန်ဘီအမြူတေ ပေးလိုက်ရင် နွယ်လေးက ဘယ်အဆင့်ရောက်သွားလောက်လဲ? ငါ့ကိုယ်ကို ပိုပြီးတော့ ပြင်ပေးနိုင်လောက်လား? ဒါမှမဟုတ် သူ့ဟာသူ အဆင့်မြှင့်မှာလား? ငါကစွမ်းအင်မလိုဘူး ဆိုရင်တော့ ရှဲ့တုန်းနဲ့ ကျွင်းကျွင်းတို့အတွက် ပေးလိုက်လို့ရတယ်’ ဒီလိုအတွေးဖြင့် လင်းချင်းသည် အမြူတေကိုစုဖို့ စောင့်ရင်းလိုက်နေတာ ဖြစ်သည်။
ဝူချန်းယွဲ့ကတော့ သူကြိုးစားအားထုတ်နေရသည့် အပေါ်တွင် ကိုယ်ဖျောက်ထားသည့်သူက မျက်စိကျနေကြောင်းကို လုံးဝကို မသိပေ။ ဇွန်ဘီဘုရင်သည်လည်း အရှေ့က အားကြီးလူသားအပြင် သူကြောင့်ပြေးသွားသူက လိုချင်စိတ်ဖြင့် စိုက်ကြည့်နေကြောင်းကို မသိပေ။
“ဂါး!” ဇွန်ဘီဘုရင်၏ အချို့ကြွက်သားများသည် မိုးကြိုးကြောင့် ကျွမ်းကုန်ပြီ။ သူ့ကြွက်သားများသည် စွမ်းအားပြည့်နေတာဖြစ်သော်လည်း ဝူချန်းယွဲ့၏ တိုက်ခိုက်မှုကြောင့် သူ့ကြွက်သားများသည် ပျက်စီးလာကာ သူသည် အရင်ကလောက် မသွက်တော့ပေ။ ခေါင်းနှင့်ကိုယ်သည် ဆက်နေသော်လည်း လက်မောင်းတစ်ဖက်သည် ပြုတ်သွားကာ ဗိုက်တွင်ပေါက်နေပြီ။
အနောက်ပိုင်းကန်သို့ ပြေးနေသော်လည်း ထိုနေရာတွင် သန္ဓေပြောင်းအပင်နှင့်အကောင်များ ပေါများလေကြောင်းကို မသိသလို ထိုအရာများဖြင့် ဝူချန်းယွဲ့ကို တားဆီးနိုင်ရုံတင်မကဘဲ သတ်ပစ်နိုင်ကြောင်းကို သိဖို့ဉာဏ်လည်း မကောင်းပေ။
ထိုအချိန်တွင် ဝူချန်းယွဲ့သည်လည်း အခြေအနေ သိပ်မကောင်းပေ။ သူ့ကိုယ်တွင် ဒဏ်ရာများစွာရှိနေကာ သူ့၏ချောမောသည့်မျက်နှာထက်တွင်လည်း ခြစ်ရာပွန်းရာအချို့ ရှိနေသည်။ သူသည် ပန်းခြံ၏ရုပ်ထုပေါ်တွင် ရပ်နေကာ အသက်ဝဝရှုနေသည်။ သူ့၏ရှေ့ဆယ်မီတာလောက်တွင် ဇွန်ဘီဘုရင်သည် လေးဖက်ထောက်လျှက် ရှိနေသည်။
“ဂါး!” ဇွန်ဘီဘုရင်သည် အားနည်းစွာဖြင့် အော်သည်။ ထိုအချိန်တွင် မိုးခြိမ်းသံများက ဆက်တိုက်ထွက်လာသည်။ ဒီရက်ပိုင်းတွင် မိုးခြိမ်းသံနှင့် မိုးကြိုးပစ်သံတို့က ဆူညံ့နေသောကြောင့် အချို့သတ္တဝါများသည် ထွက်ပြေးနေကြသည်။
ဝူချန်းယွဲ့သည် လက်ကိုမြှောက်ကာ ဇွန်ဘီဘုရင်၏ ကိုယ်ပေါ်သို့ ပြင်းထန်သည့် မိုးကြိုးကို ပစ်ချလိုက်ကာ မလှုပ်နိုင်အောင် လုပ်လိုက်သည်။ ထိုအချိန်တွင် မြူခိုးနက်များကလည်း ထွက်လာလေသည်။
ဝူချန်းယွဲ့သည် ဇွန်ဘီဘုရင်နားသို့ မသွားခြင်းမှာ သေလားရှင်လား မသေချာသောကြောင့် ဖြစ်သည်။ သူကမရွေ့သော်လည်း လေကတော့ ပြင်းပြန်းတိုက်လာသည်။ ထို့နောက် ဇွန်ဘီဘုရင်၏ခေါင်းသည် မသိရသည့်သတ္တဝါကြောင့် ပြုတ်ထွက်သွားကာ ပျောက်သွားတော့သည်။ ‘ငါ့မျက်စိရှေ့မှာ ဇွန်ဘီခေါင်းက ပျောက်သွားတယ်!’