၂၅၉။ လျန်လျန်ဖျားနေတယ်
လင်းဖန်သည် သူမကိုကြည့်ကာ မေးသည်။ “နောက်ပြီးတော့?”
“သူနဲ့တိုက်ဖို့ ကြိုးစားပင်မယ့် နိုင်ဖို့မဖြစ်နိုင်လို့ ပြန်လာခဲ့တာ။ ကြည့်လိုက်ဦးမယ်” ဒီလိုပြောရင်းဖြင့် လင်းချင်းသည် အပြင်အခြေအနေကို မျက်လုံးမှိတ်ကာ ကြည့်လိုက်သည်။
ယန်ကျင်းဟွာတို့က ဟိုတယ်ကို ရောက်နေနှင့်ပြီ။ လင်းဖန်တို့အကုန် ပျောက်သွားသည်ကို တွေ့ရသဖြင့် သူအတော်ကြီးကို စိတ်တိုနေပုံရသည်။ ဟိုတယ်ပထမထပ်မှ ခြောက်လွှာအထိမှာ သူ့ကြောင့် ရေခဲခန်းလို ဖြစ်နေပြီ။
လင်းချင်းသည် မျက်လုံးကိုဖွင့်ကာ ပြောသည်။ “အပြင်မှာ အရမ်းအေးတယ်”
လူစုသည် သူမပြောသည်ကို နားမလည်နိုင်ပေ။ ညလည်ခေါင်ဖြစ်ရာ အနည်းငယ်အေးသည်က မဆန်းပေ။ ကမ္ဘာပျက်ခေတ်တွင် ညသည်အမြဲအေးနေသဖြင့် သူတို့သည် ဒါဖြင့်ကျင့်သားရနေသည်မှာ အတော်ကြာပြီ။
လင်းချင်းသည် သူတို့အတွေးများကို အာရုံဖြင့်သိသောကြောင့် ပုခုံးကိုတွန့်ကာ “ယန်ကျင်းဟွာက ဟိုတယ်ကို ခဲအောင်လုပ်နေတာကို ပြောချင်တာ။ ဆိုလာစက်တွေ တွေ့သွားလို့ ဖြုတ်ယူဖို့ လုပ်နေတာလို့ ငါထင်တယ်”
ထိုအခါ လင်းဖန်သည် သူ့ပေါင်ကိုရိုက်ချကာ ပြောသည်။ “အာ ဟုတ်သားပဲကွာ! ဒီခွေးကောင်ကတော့ ဆိုလာစက်တွေကို ယူတော့မှာပဲ!!!”
အမျိုးသမီးလင်းသည် လင်းချင်းကို ကြည့်ကာ “ဘာလဲ? ငါတို့ဆိုလာစက်တွေကို သူ့ဆီအပါမခံနိုင်ဘူး! လုမိန်းကလေး ဆိုလာစက်တွေကို ဒီကိုယူပေးနိုင်မလား?”
လင်းချင်းသည် ခေါင်းခါကာ “ပထမထပ်မှာ ဆင်ထားပြီးတော့ မဖြုတ်ရသေးဘူး။ အမိုးနဲ့လည်း ဆက်ထားတော့ အဆောက်အဦးတစ်ခုလုံးကို သွင်းတာမဟုတ်ရင် အထဲကိုထည့်မရဘူး”
“ဘာဖြစ်လို့ သူတို့ဖြုတ်တာကို မစောင့်တာလဲ? ပြီးမှပြန်ခိုးရတာပဲ” လင်းဟောင်က ပြောသည်။ ထိုအခါ သူတို့သည် ခနပဟေဌိဖြစ်သွားပြီးနောက် လင်းချင်းကို တအံ့တသြ လှည့်ကြည့်ကြသည်။
လင်းချင်းသည် လင်းဟောင်ကို လက်မထောင်ပြကာ “တော်တယ်! ငါတောင်ဒါကို မတွေးမိလိုက်ဘူး”
ဘေးကိုပတ်ကြည့်နေတာ ကြာပြီဖြစ်သည့် ချန်းဝမ်ရှုသည် မနေနိုင်တော့သည့်နောက်ဆုံး မေးတော့သည်။ “ကျွင်းကျွင်းနဲ့ တုံတုံကို မမြင်မိပါလား? သူတို့ဘယ်မှာလဲ?”
လင်းချင်းသည် သူမကိုကြည့်ကာ အနောက်က နယ်မြေလေးကို လက်ညိုးထိုးပြသည်။ ဆိုဖာတွင် ထိုင်နေရသည်မှာ ပျင်းနေရှာသည့် လင်းရှောင်လုသည် မိခင်ဖြစ်သူထံမှ တုံတုံနာမည်ကို ကြားသည်နှင့် မော့ကြည့်ကာ မေးသည်။ “မေမေ တုံတုံနဲ့ သွားဆော့လို့ရလား?”
သူမသည် တကယ့်ကိုပျင်းရိနေတာ ဖြစ်သည်။ လူကြီးတွေကြားက စကားဝိုင်းသည် သူမကို အိပ်ငိုက်စေသော်လည်း အမေဖြစ်သူက သူမကို အိပ်ခွင့်မပေးပေ။ ချန်းဝမ်ရှုသည် ရှောင်လုကို လင်းချင်းကိုတစ်ချက်ကြည့်သည်။
လင်းချင်းက ခေါင်းငြိမ့်ပြကာ “ရပါတယ် ဆော့ရတာ မောသွားရင်တောင်မှ အဲ့ဒီမှာ အိပ်လို့ရတယ်။ ကုတင်ရှိတယ်”
လင်းချင်း၏ နယ်မြေသည် ကြီးလာသည့်အခါ နယ်မြေလေးသည် အစွန်ဆုံးအထိ ရွေ့သွားသည်။ ကုတင်တို့က လိုက်ရွေ့မသွားဘဲ အပြင်တွင် ကျန်ခဲ့သော်လည်း ကျွင်းကျွင်းတို့က နယ်မြေလေးထဲသို့ ပြန်ထည့်လိုက်သည်။ ထို့ကြောင့် လင်းချင်းသည် လျူကျွင်းတို့ သားအမိကို နယ်မြေထဲသို့ ပို့တိုင်း နယ်မြေလေးထဲသို့သာ တန်းထည့်ပေးလေ့ရှိသည်။
ချန်းဝမ်ရှုသည် ခေါင်းငြိမ့်ကာ လင်းရှောင်လုလက်ကိုဆွဲ၍ နယ်မြေလေးထဲသို့ လျှောက်သွားသည်။ လင်းချင်းက အခြားသူများကို ပြောပြီး ပျောက်သွားသည်။ “ငါအပြင်ကို အရင်သွားကြည့်လိုက်ဦးမယ်”
“သူကတကယ်ဇွန်ဘီလား? ဘယ်အဆင့်လဲ? အတော်ဉာဏ်ကောင်းတာပဲ ပြီးတော့ စကားလည်း ပြောနိုင်တယ် ဇွန်ဘီဘုရင်မလား?” လီကျန်းက လင်းဖန်ကို မေးသည်။
လင်းဖန်သည် ခေါင်းကိုခါပြကာ “ငါတို့လည်း မသိဘူး။ သူ့မိတ်ဆွေတစ်ယောက်ကတော့ ဇွန်ဘီဘုရင်မပဲ”
ဖန်ယုမင်းတို့သည် မျက်လုံးကျွတ်ကျမတက် ပြူးကျယ်သွားကာ ပတ်ဝန်းကျင်ကို ပတ်ကြည့်ရင်း “ဇွန်ဘီဘုရင်မက ဒီမှာလား? ဘယ်မှာလဲ?”
သူတို့သည် ဇွန်ဘီဘုရင်မများမှာ ဒဏ္ဍာရီလာသတ္တဝါများဟု ပြောလို့ရအောင်ရှားသဖြင့် မမြင်ဖူးကြပေ။ တစ်ခါမှ မကြားဖူးကြသဖြင့် ဘယ်လိုပုံရှိမလဲကို တကယ်သိချင်နေကြတာ ဖြစ်သည်။
လင်းဖန်သည် အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။ “လျှောက်ရှာမနေနဲ့။ ဒီမှာမရှိဘူး။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ထွက်သွားတယ်။ မဟုတ်ရင် ယန်ကျင်းဟွာက ငါတို့ဆီကို ရဲရဲတင်းတင်း ဘယ်လာရဲမလဲ။ ဒီမှာသာရှိလို့ကတော့ ငါတို့နားတောင် ကပ်ရဲမယ့်သတ္တိရှိတာ မဟုတ်ဘူး”
ဇွန်ဘီဘုရင်မ မရှိကြောင်းသိသည့်အခါ လီကျန်းတို့သည် စိတ်ပျက်သွားကြသည်။ ဖန်ယုမင်းက မေးသည်။ “အဆင့်၆ဇွန်ဘီက ဘယ်လိုမျိုးလဲ? ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်လား? အရမ်းစွမ်းအားကြီးတာလား?”
အမျိုးသမီးလင်းက ပြုံးကာဖြေသည်။ “ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် မရှိပါဘူး။ စွမ်းအားကြီးတာကတော့ ယန်ကျင်းဟွာတောင် သူ့ကိုမနိုင်ဘူး။ ဒါပင်မယ့် အဆင့်၇စွမ်းအားရှင်ကို နိုင်မနိုင်တော့ ငါတို့လည်း မပြောတက်ဘူး”
လင်းဝမ်ဝမ်သည် သန္ဓေပြောင်းစတော်ဘယ်ရီသီးများကို သွားခူးကာ ရေဆေးဖို့လုပ်သည်။ သူတို့နားက ဖြတ်သွားရင်းက “သူများတွေနဲ့ အချိန်ဖြုန်းရတာ မကြိုက်တဲ့ ကလေးမ ငယ်ငယ်ချောချောလေးပါပဲ” ဒီလိုပြောပြီးနောက် ကန်ဘေးသို့ သွားသည်။
ထိုအချိန်တွင် လင်းချင်းသည် ကိုယ်ဖျောက်လျှက်သားဖြင့် ဟိုတယ်အမိုးပေါ်သို့ တက်သွားနှင့်ပြီ။ သူမသည် ယန်ကျင်းဟွာတို့က ဆိုလာဖြုတ်နေသည်ကို ဘေးကနေ ရပ်စောင့်ကြည့်နေသည်။
“သူတို့က ဆိုလာကို တကယ်ကြီး ရှာတွေ့တာပဲ တကယ့်အံ့ဖွယ်ပဲ!” ယန်ကျင်းဟွာက အံ့သြစွာပြောသော်လည်း သူ့မျက်နှာသည် ဆူပုတ်နေသေးသည်။
တစ်ဖက်တွင်တော့ ပင်လယ်မြို့တော်စခန်းသို့ ဝူချန်းယွဲ့သည့် သူ့သမီးနှင့်အတူ ဒဏ်ရာရနေသည့် မုန့်ယွဲ့ဖြင့် ပြန်ရောက်သွားသည်။ စခန်းရောက်သည်နှင့် ကလေးမလေးသည် ဖျားလေရာ ဝူချန်းယွဲ့သည် သူ့သမီးနှင့် မုန့်ယွဲ့ကို ဆရာဝန်ဖြင့် အမြန်ပြရတော့သည်။
ဝူယွဲ့လင်းသည် ပင်လယ်မြို့တော်စခန်း၏ မင်းသမီးလေးဖြစ်ရာ ဆရာဝန်သည် စိုးရိမ်တကြီး အမြန်ပြေးလာကာ သူမအား အကုန်စစ်ဆေးပေးသည်။ ထို့နောက် ပြဿနာက တက်လေသည်။
ပြဿနာမှာ ဘယ်ဆရာဝန်ကမှ မင်းသမီးလေးက ဘယ်လိုအဖျားရှိနေသလဲကို မပြောတက်ခြင်းပင်။ ထိုအချိန်တွင် ဝူယွဲ့လင်းသည် ဖျားနေသော်လည်း သူမ၏စိတ်သည် ပို၍ရှင်းလင်းလို့လာနေသည်။
သူမ၏အနားတွင် အလုပ်များနေသည့် ဆရာဝန်များကို နားမလည်စွာကြည့်သည်။ ဆရာဝန်များက သူမကိုထဖို့လုပ်တိုင်း အမြန်ရှောင်က ဝူချန်းယွဲ့အား မျက်ရည်ရွှဲနေသည့် မျက်လုံးများဖြင့် သူမကို ခေါ်သွားပေးဖို့ ကြည့်တက်သည်။ ‘သမီးဒီမှာ မနေချင်ဘူး ဖေဖေ’
ဝူယွဲ့လင်းသည် ငိုတော့မတက် ဖြစ်နေလေရာ ဝူချန်းယွဲ့သည် သူမအနားသို့သွား၍ ဖက်လိုက်ပြီးနောက် “သမီးက လိမ္မာပါတယ်။ ဆရာဝန်တွေကို စစ်ခိုင်းလိုက်နော်။ မဟုတ်ရင် သမီးနေလို့ထိုင်လို့ ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး”
ဝူယွဲ့သည် ခေါင်းကိုတစ်ချိန်လုံး ခါပြသည်။ ‘မဟုတ်ဘူး မဟုတ်ဘူး နေမကောင်းတာ မဟုတ်ဘူး ဘာဖြစ်လို့ ဆရာဝန်နဲ့ တွေ့ရမှာလဲ?’
ဝူချန်းယွဲ့သည် သူမ၏နဖူးကို ထိကြည့်သည့်အခါ ကျွမ်းမတက်ပူနေဆဲဖြစ်သည်။ စိတ်ပူစွာဖြင့် မေးသည်။ “လျန်လျန် သမီးအဆင်မပြေ မဖြစ်ဘူးလား?”
ဝူယွဲ့လင်းသည် ခေါင်းကိုထပ်ခါပြသည်။
“ဆရာ သူဘယ်လိုနေလဲ? ဘာဖြစ်လို့ ကိုယ်က ဒီလောက်ပူနေတာလဲ?”
ဝူချန်းယွဲ့သည် ဘေးက ဆရာဝန်ကို မေးသည်။
ဆရာဝန်က ဝူယွဲ့လင်းကို ကြည့်ကာ နားလည်ရခက်စွာဖြင့် ဖြေသည်။
“ကလေးက ကျန်းမာပါတယ်။ အဖျားဖြစ်ရတာကတော့ ဖြစ်နိုင်ချေ တစ်ခုရှိပင်မယ့် မသေချာဘူး”
“ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ မသေချာတာလဲ?” ဝူချန်းယွဲ့က စိုးရိမ်တကြီးမေးသည်။
ဆရာဝန်သည် ကလေးမလေးကိုကြည့်ကာ ဝူချန်းယွဲ့အား “ကြည့်ရတာ အစွမ်းက နိုးလာတော့မယ့်ပုံပဲ။ ဒါပင်မယ့် အရမ်းငယ်သေးတော့ အစွမ်းတွေကို နှိုးဖို့က သိပ်မဖြစ်နိုင်ဘူး”
ဝူချန်းယွဲ့တို့သည် ဆရာဝန်အား အံ့သြစွာကြည့်ကြသည်။ ရှောင်ယွင့်လုံသည် မနေနိုင်တော့ဘဲ မေးသည်။ “ခနလေး! ဘယ်လိုလုပ်ပြီး ကလေးက အစွမ်းနိုးမှာလဲ? သူ့ကိုယ်ထဲမှာ စွမ်းအားအရင်းအမြစ်က မရှိဘူးမလား?”