May Honey Logo May Honey
Previous Next

၃၇၄။ ကိုယ်အသစ်

‘မကောင်းတော့ဘူး!’   လင်းချင်းသည် ဝူချန်းယွဲ့၏ စကားများကို ကြားသည့်အခါ တွေးမိသည်။ သူမ၏ကိုယ်သည် အရမ်းကို ခွေကျနေကာ မငြင်းဆန်နိုင်တော့ပေ။ သူမ၏ကိုယ်အား လှည့်လိုက်ကာ သူတို့က မျက်နှာချင်းဆိုင် ဖြစ်သွားသည်ကို ခံစားမိသည်။

သူမ၏တင်ပါးကို လာဖိနေသည့် မာကျောသည့်အရာသည် အခုတော့ သူမကိုယ်၏ အပိုင်းတစ်ခုသို့ တည့်တည့်ကိုလာဖိနေတော့သည်။ ထို့နောက် သူမ၏နှုတ်ခမ်းများပေါ်သို့ သူ့နှုတ်ခမ်းတို့ဖြင့် လာဖိကပ်တော့သည်။ 

နူးညံ့ကာ နွေးသည့်လျှာသည် သူမ၏နှုတ်ခမ်းပေါ်ကနေ ပါးစပ်ထဲသို့ အားဖြင့်ထိုးဖောက်ဝင်ရောက်လာသည်။ လင်းချင်းက အသက်မရှုသဖြင့် အသက်ရှုကြပ်တာမျိုးတော့မရှိပေ။ ထိုလျှာသည် သွက်လက်စွာဖြင့် သူမ၏အာခေါင်ကို ပွတ်တိုက်သွားကာ သူမ၏လျှာအား ရစ်ပတ်နေသည်။

‘. . .ဘယ်သူလဲ?’   သူမက ဒီယောက်ျားက ဘယ်သူမှန်းမသိသေးသော်လည်း တစ်ဖက်ကတော့ သူမက ဘယ်သူမှန်း သိနေနှင့်သည်။ 

ဝူချန်းယွဲ့သည် ခနတန့်သွားကာ အံ့သြသွားသည်။   ‘ငါဘယ်သူလဲလို့ မေးနေတာလား။ ငါ့ကိုဒီအထဲကို ခေါ်လာတာက သူမဟုတ်ဘူးလား?’

သို့သော်လည်း လန်းဆန်းကာ ချိုမြိန်စေသည့် အရသာကြောင့် ဝူချန်းယွဲ့သည် ဒီမေးခွန်းကို မေ့သွားတော့သည်။ သူမ၏ နှုတ်ခမ်းကို နမ်းရှိုက်ရင်း စိတ်ထဲက ဖြေလိုက်သည်။   ‘မှန်းကြည့်’

လင်းချင်းသည် ဒီယောက်ျားကို ကိုက်ပစ်ချင်နေသည်။ သူမ၏ ပါးစပ်ထဲသို့ ရောက်နေသည့်လျှာအား ကိုက်ပစ်ချင်နေသော်လည်း သူမသည် ဒီလိုလုပ်ဖို့တောင် အားကမရှိတော့ပေ။	

ဝူချန်းယွဲ့သည် အံ့သြနေသည်။ ဒီဇွန်ဘီမသည် အရမ်းကိုအရသာရှိလိမ့်မည်ဟု ဘယ်တုန်းကမှ သူမတွေးခဲ့မိပေ။ အခုအချိန်တွင် သူသည် ဘာအနံ့ကိုမှ မရသော်လည်း သူ့ပါးစပ်ထဲတွင် ချိုမြိန်သည့်အရသာ တစ်ခုထဲကိုသာ ရနေသည်။ ထို့အတူ ဒီဇွန်ဘီမ၏ကိုယ်သည် ကြွက်သားများဖြင့် ကျစ်လစ်နေကာ အသားအရည်က ချောမွေ့နူးညံ့နေသေးသည်။

လင်းချင်းသည် နွယ်လေးကို စိတ်ထဲကနေ ဒေါသတကြီး ပြောနေသည်။ အခုတော့ ဒါတွေက ဘယ်သူ့အစီအစဉ်လဲဆိုသည်ကို သူမက သိသွားပြီ။   ‘နွယ်လေး! သူ့ကိုရပ်ခိုင်းလိုက်! မဟုတ်ရင် ငါနင့်ကို ဘယ်လိုဒဏ်ပေးမလဲ စောင့်နေပေါ့!’

သူမ၏အသံကိုကြားသည့်အခါ နွယ်တို့သည် အနည်းငယ်တုန်လှုပ်သွားကာ စိတ်ထဲကနေ အကြောင်းကြားသည်။   ‘နွယ်လေးက ကူညီရုံတင်ပါ. . .မရပ်နဲ့နော်။ လျန်လျန်ရဲ့ဖေဖေ အပြင်ထွက်ရင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်! ဟီး ဟီး ဟီး. . .’

နွယ်လေး၏ ရယ်သံသည် ထူးဆန်းကာ အေးစက်သည့် ခံစားချက်ကို ရစေသည်။ သို့သော်လည်း ဝူချန်းယွဲ့သည် သူ့ကိုယ်၏အစိတ်အပိုင်းမှာ ယောင်ကိုင်းသလို နာကျင်မှုကြောင့် ဒါကိုခနအတွင်း မေ့ထားလိုက်တော့သည်။

လင်းချင်းသည် သူ့၏လျှင်မြန်သည့် လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ သူမ၏ ခြေထောက်တစ်ဖက်အား သူ့ခါးပေါ်သို့ မြှောက်၍ ချိတ်ထားခံလိုက်ရသည်။ သူမသည် သိသွားကာ တစ်ကိုယ်လုံးတောင့်တင်းသွား၍ စိတ်ထဲကနေ   ‘တော်! အာ့!’

သူမသည် ရုတ်တရပ်ထိုးဖောက်မှုကို နောက်ခံစားလိုက်ရသည်။ နာကျင်မှုကို မခံစားရသော်လည်း သူမ၏ကိုယ်အား ကျူးကျော်ခံရသည့် ခံစားချက်သည် အရမ်းကို အဆင်မပြေကာ. . .ထူးဆန်းလွန်းသည်။   ‘တောက်! ဒီလောက်လောရသလား!’

ရုတ်တရပ် သူမ၏ခေါင်းသည် ပေါက်ကွဲတော့မလို ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်အား ခံစားနိုင်မှုသည် ပျောက်သွားချိန်တွင် သူမ၏စိတ်ထဲတွင် ပျံ့ကျဲနေသည့် ပုံရိပ်တို့က ပေါ်လာသည်။

သူမသည် ကိုယ်လုံးတီးယောက်ျားတစ်ယောက်ပေါ်တွင် ထိုင်နေကာ ထိုယောက်ျား၏ မျက်နှာထားသည် ဒေါသကို မနည်းထိန်းထားရပုံ ပေါ်သည်။  ဒီမျက်နှာကို သူမမှတ်မိသည်။ ဒီယောက်ျားက ဝူချန်းယွဲ့ပင်!

ထို့နောက် မြင်ကွင်းတို့က ပြောင်းသွားသည်။ သူမသည် စခန်းထဲ၌ လမ်းလျှောက်နေတာ ဖြစ်သည်။ ငုံ့ကြည့်သည့်အခါ ဒေါက်မြင့်ဖိနပ်စီးထားကာ လှစ်ဖော်ထားသည့် ပေါင်တံရှည်ရှည်သွယ်သွယ် ဖွေးဖွေးလေးများကို မြင်ရသည်။

ထို့နောက် သူမသည် ယန်းချောင်း၏အောက်တွင် ယန်းချောင်းကို ကြည့်ရင်း ချိုသာစွာ ညည်းညူနေသည်ကို တွေ့ရပြန်သည်။ ယန်းချောင်း၏ မျက်နှာထက်တွင် ဘာခံစားချက်မှ မရှိသော်လည်း သူ့ကိုယ်အောက်ပိုင်းသည် ဆက်တိုက်ကို လှုပ်ရှားနေသည်။ သူမသည် ဒီမှတ်ဉာဏ်များက သူမဟာ မဟုတ်ဘဲ လုထန်ရိဟာမှန်း သိသည်။

ထိုအချိန်တွင် စိတ်ထဲက ပုံရိပ်တို့က ပြောင်းသွားပြန်သည်။ သူမသည် ကုတင်ပေါ်တွင်လဲနေကာ သူမ၏အပေါ်တွင် တခြားယောက်ျားတစ်ယောက် ရှိနေသည်။ ယန်းကျင်ဟွာပင်!

သူမသည် ရင်သည် ဒိန်းခနဲခုန်သွားသည်။   ‘ဘာဖြစ်လို့ ဒီကောင်က ငါ့မှတ်ဉာဏ်ထဲကို ပေါ်လာတာလဲ?’

ယန်ကျင်းဟွာသည် သူမ၏အပေါ်တွင် သာယာနေသည့် အမှုအယာဖြင့် လှုပ်ရှားနေကာ သူ့မျက်နှာလှလှပေါ်သို့ ချွေးတို့က စီးကျနေသည်ကို သူမမြင်လိုက်ရသည်။	

“စိတ်အေးအေးထား! ကိုယ်ထားမသွားဘူး. . .အမြဲရှိနေပေးမှာ. . .”   ယန်းကျင်းဟွာ၏ နှုတ်ခမ်းတို့က လှုပ်သွားသည်။ သူကတစ်ခုခုကို ပြောနေသော်လည်း သူမသည် သေချာကို မကြားရပေ။

လင်းချင်းက ရုတ်တရပ်နိုးလာသည့်အခါ ခေါင်းထဲက ပုံရိပ်တို့က ပျောက်ကွယ်သွားသည်။ သူမက ဒီမှတ်ဉာဏ်တို့ကို ထပ်မရှာနိုင်ခင် ရုတ်တရပ် ထိုးသွင်းမှုက သူမ၏ တစ်ကိုယ်လုံးကို ကြက်သီးထသွားစေသည်။ မာကျောသည့် အရာတစ်ခုက သူမ၏ ရင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ သူမ၏စိတ်ရှုပ်ကာ ကူကယ်ရာမဲ့နေသည့် ခံစားချက်တို့က ချေဖျက်သွားသည်။

ဝူချန်းယွဲ့သည် သူမ၏ကိုယ်ထဲသို့ ပထမဆုံးကျူးကျော်လိုက်ချိန်တွင် ရပ်တန့်သွားမိသည်။  သူသည် အေးခဲသွားကာ သူမ၏ နူးညံ့သည်ကိုယ်အား သံသယတို့ဖြင့် တင်းတင်းဖက်ထားမိသည်။ သူ့၏အရာသည် တစ်စုံတစ်ခုကို ထိုးခွဲမိသည်ကို ရုတ်တရပ် ခံစားမိလိုက်ရ၍ပင်။

‘မဖြစ်နိုင်တာ! ဒီဇွန်ဘီမက တကယ့်ကို အပျိုလေးလား? အရင်က ဘယ်ယောက်ျားနဲ့မှ မဆက်ဆံဖူးဘူးလား?’   ဒီခန့်မှန်းချက်ကြောင့် သူကြောင်အသွားသည်။

ထိုအချိန်တွင် သူ့စိတ်ထဲသို့ အသံတစ်ခုက ပြောလာသည်။    ‘ဒါက မေမေရဲ့ကိုယ်ကို ပြင်ပေးထားလို့။ မူလအခြေအနေလို ပြန်ထိန်းသိမ်းပေးထားလိုက်တာ။ လျန်လျန်ရဲ့ဖေဖေက အရမ်းကံကောင်းတယ်!’

ဒီစကားများကို ကြားသည့်အခါ ဝူချန်းယွဲ့သည် အံ့သြသွားသည်။ မယုံနိုင်စွာဖြင့် သူ့စိတ်ထဲမှ   ‘မင်း. . .ပြောတာက တကယ်လား? ဘယ်သူလဲ?’

‘မေမေက ခုနက မပြောဘူးလား?’   ထိုအသံက ဖြေသည်။   ‘နွယ်လေးလေ’

ဝူချန်းယွဲ့သည် ဆွံ့အသွားသည်။ ထိုဇွန်ဘီမက သူ့အားလိမ်နေခဲ့သည်ဟုပဲ သူထင်ခဲ့တာ ဖြစ်သည်။

နွယ်လေးက ဆက်ပြောသည်။   ‘ဒါက မေမေရဲ့ကိုယ်အသစ်။ နွယ်လေးအစွမ်းနဲ့ ကိုယ်ကို အသစ်ပြန်လုပ်ပေးထားတာ။ အပျိုစင်ဘဝကို ရသွားပြီးဆိုတော့. . .မေမေ့ကို တာဝန်ယူဖို့လိုမယ်. . .’

‘မင်းမေမေကရော ဒါကိုသိလား?’   ဝူချန်းယွဲ့က မေးသည်။

‘မေမေရဲ့စိတ်က အခု မှတ်ဉာဏ်တွေထဲမှာ မျောနေတော့ အခုလုပ်နေတာတွေကို မခံစားနိုင်တော့ဘူး. . . နိုးလာမှပဲ ခံစားမိမှာ. . .အဲ့ဒါကြောင့် အပျိုစင်ဘဝဆုံးရှုံးသွားတာကို မသိသေးဘူး. . .’

 ဝူချန်းယွဲ့သည် ကံကောင်းသည်လား ပြဿနာရသွားပြီလား မသိတော့ပေ။ သို့သော်လည်း မကြာခင်တွင် သူ့အရာအား နူးညံသည့်အရာက ရစ်ပတ်ထားသည့် ခံစားချက်ဖြင့် ဆွဲဆောင်ခံလိုက်ရတော့သည်။ ပြင်းထန်သည့် စိတ်ဆန္ဒနှင့်အတူ နွေးထွေးကာ တင်းကြပ်သည့် ခံစားချက်က သူ့အား စိတ်သက်သာရာရစေသည်။ 

နွယ်လေးပြောသည်ကို ကြားပြီးနောက် သူ့ရင်ထဲတွင် မတူတော့သည့် အတွေးတို့က ထွက်လာသည်။ ထို့နောက် သူဆုံးဖြတ်ချက်ချကာ သူ့တင်ပါးတို့ကို လွှဲကာ သူမ၏နူးညံသည့်ကိုယ်အား လှုပ်ရှားလေသည်။ သူမ၏ကိုယ်သည် ပြန်ပြင်ထားသလား အသစ်လား ဆိုသည်ကို ဂရုမစိုက်တော့ပေ။ အခုအချိန်တွင် ယောင်ကိုင်းသလို သူနာကျင်တာကနေသာ သက်သာချင်တာပဲ ရှိတော့သည်။

လင်းချင်းနိုးလာသည့်အခါ သူမ၏ကိုယ်အောက်ပိုင်းသည် ပြင်းထန်သည့် ထိုးဆောင့်မှုများကို ခံထားရသည်ကို ခံစားမိသည်။ သူမသည် ဘာနာကျင်မှုကိုမှ မခံစားရသော်လည်း ဒါများကြောင့် သူမ၏ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်ကို ရစေသည်။

သူမသည် ရင်ဘတ်သည် တင်းကြပ်နေသည်ကို ခံစားမိသည်။ သူထိုးဝင်လိုက်သည့်အခါတိုင်း သူမ၏ရင်သည် နာကျင်လာလေသည်။
‘ဘာလား?. . .ငါ့အောက်ပိုင်းက မနာဘဲ ဘာဖြစ်လို့ ရင်ဘက်က နာနေတာလဲ? ငါနှလုံးရောဂါများ ရှိနေတာလား?’

Previous Chapter 374 of 410 Next