May Honey Logo May Honey
Previous Next

၃၈၂။ သူ့ဖေဖေကို ချုပ်ထားခဲ့တဲ့ နွယ်လေး

“ဘာတွေကြောက်နေကြတာလဲ? သူသာ ပေါ်လာရဲလို့ကတော့ ဒီနေရာမှာတင် သူ့ကိုသေအောင် လုပ်ပစ်လိုက်မယ်”

ချောမွေ့သည့် အသံလေးက ရုတ်တရပ် ထွက်ပေါ်လာသည်။ လူတို့က လှည့်ကြည့်လိုက်သည့်အခါ လှေကားပေါ်ကနေ ကောင်မလေး နှစ်ယောက်ဆင်းလာသည်ကို မြင်လိုက်ရသည်။ တစ်ယောက်က လှပကာ တစ်ယောက်ကတော့ ရုပ်ဆိုးသည်။

ချူးလီလီသည် သူမ၏ ရှည်လျားကာ နက်မှောင်တောက်ပနေသည့် ကျစ်စာမြီးများကို လက်ဖြင့် ယမ်းခါလာရင်း ပြောသည်။ သူမ၏နောက်တွင် အကြေးခွံမျက်နှာဖြင့် ကောင်မလေးတစ်ယောက် ပါလာကာ သူတို့၏နောက်တွင်တော့ လျူကျွင်းက တုံတုံကို ချီလာသည်။
ချူးလီလီနှင့် အကြေးခွံမျက်နှာဖြင့် ဇွန်ဘီမတို့ကြားက သိသာလွန်းသည့် ကွာခြာမှုကို တွေ့ကြသည်။ လျူကျွင်းသည် လင်းဝမ်ဝမ်၏ ဆံပင်တိုများကို ကြည့်ကာ

“ဟမ်? ဝမ်ဝမ် နင့်ဆံပင်က ဘာဖြစ်တာလဲ?”

“ဘာမှမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ညှပ်လိုက်တာ”

လင်းဝမ်ဝမ်က ပြုံးကာ ပြောသည်။

လျူကျွင်းသည် သူမ၏ဆံပင်ရှည်ကို ခနစိုက်ကြည့်ကာ မနေနိုင်စွာဖြင့် ပြောသည်။

“နှမြောဖို့ ကောင်းလိုက်တာ! နင့်ဆံပင်ရှည်တွေက အရမ်းလှတာကို!”

လင်းဝမ်ဝမ်သည် ဘာမှမပြောဘဲ ပြုံးလို့သာနေသည်။
“နင့်ဆံပင်က နည်းနည်းထပ်တိပေးဖို့လိုသေးတာ”

လျူကျွင်းက ပြောသည်။
“ငါ့အကူအညီလိုလား?”

လင်းဝမ်ဝမ်သည် မျက်လုံးများ တောက်ပသွားကာ မေးသည်။

“လုပ်ပေးနိုင်မလား?”

လျူကျွင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။

“အရင်တုန်းက ငါကအလှပြင်တဲ့သူ။ ကမ္ဘာပျက်သွားတော့ လူတွေက အလှအပကို ဂရုမစိုက်ကြတော့တာနဲ့ ငါလည်း အလုပ်မရှိတော့တာ”

ချန်ဝမ်ရှုသည် သူမအား အံ့သြစွာကြည့်ကာ နားလည်သွား၍

“ငါနားလည်ပြီ! အဲ့ဒါကြောင့် သာမန်ဆံပင်စီးတာတာလေး နင်လုပ်ပေးရင်တောင်မှ အရမ်းလှနေတာ မထူးဆန်းတော့ပါဘူး”

လျူကျွင်းက အပြုံးဖွဖွဖြင့်

“နှစ်တွေအကြာကြီး အထိအတွေ့မရှိတော့ပင်မယ့် ဝမ်ဝမ်ရဲ့ဆံပင်ကိုတော့ ငါပြင်ပေးနိုင်မယ်လို့ ထင်တယ်”

“သူ့ဆံပင်ကို ကြည့်မနေနိုင်လို့ ကူညီပေးတာလို့ ငါထင်တယ်။ သူ့ဆံပင်ကို ကြည့်နေရတာ ငါလည်း ကြာတော့ အဆင်မပြေတော့ဘူး”

လုံချင်းယင်က ဝင်ပြောသည်။

လင်းဝမ်ဝမ်က သူမအား ခြိမ်းခြောက်သည့် အကြည့်တစ်ချက်ပစ်ကာ

“နင်ပဲ ငါ့ကိုညှပ်ပေးဖို့ ကူတာမလား? ပြောရက်လိုက်တာ”

လုံချင်းယင်က ပုခုံးကိုတွန့်ကာ အမှုအယာမဲ့စွာဖြင့်

“ဘယ်လိုညှပ်ရမလဲ ငါမှမသိတာ။ နင်လာညှပ်ခိုင်းတာလေ။ ငါ့အပြစ်လား?”

“ဘယ်တော့. . .လုမိန်းကလေးက ပြန်လာမှာလဲ?”

ချန်ယုတင်းက အဆင်မပြေစွာဖြင့် မေးသည်။

ယွမ်ထန်ရှင်းက သူမကိုကြည့်ကာ ဖြေသည်။

“သူ့အစီအစဉ်ကို ငါတို့မသိဘူး။ ဒါပင်မယ့် အချိန်တစ်ခုကြာရင် သေချာပေါက် ပြန်လာမှာပါ”

ချူးလီလီသည် သူတို့ဘေးတွင် လက်ပိုက်ထိုင်နေရင်းက

“ချင်းချင်းကို နွယ်လေးက အဆင့်မြှင့်ပေးနေတာ ထင်တယ်။ ရက်နည်းနည်းလောက်ကြာရင် ပြန်လာမှာပါ။ နင်တို့အကုန်ရောက်လာပြီဆိုတော့ ငါတို့နက်ဖြန်ကစပြီး ဆောက်လုပ်ရေးကို တရားဝင်စလို့ရပြီမလား?”

လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့က ခေါင်းငြိမ့်ကာ

“နက်ဖြန်မနက် ငါတို့ဘယ်ကစရမလဲ အစည်းအဝေးလုပ်မယ်”
ယွမ်ထန်ရှင်းက ပြောသည်။ တခြားသူများက ခေါင်းငြိမ့်ကြသည်။ အမျိုးသမီးများကတော့ နက်ဖြန်သူတို့လုပ်စရာ မရှိသဖြင့် ဘာမှမပြောကြပေ။

“ညစာက အဆင်သင့်ဖြစ်ပြီထင်တယ်။ စားသောက်ခန်းကို သွားရအောင်”

လင်းဖန်က သူ့ဒူးကို ပုတ်လိုက်ပြီးနောက် ထသည်။ သူသည် အမျိုးသမီးလင်းထံသို့သွားကာ သူ့သမီးရှောင်လု၏ လက်ကိုဆွဲ၍ အရင်ထွက်သွားသည်။

ကျန်သည့်သူတိုင်းသည်လည်း စားသောက်ဆိုင်သို့ သူတို့နောက်ကနေ လိုက်လာကြသည်။

. . .

ပင်လယ်မြို့တော်စခန်းတွင် ဝူချန်းယွဲ့သည် မုန့်ယွဲ့အား တစ်နေ့လုံးကို မတွေ့ပေ။ သူမသည် အခန်းထဲက ထွက်မထွက်ကိုတောင် သူက မသိပေ။ သူမကလည်း သူ့ကိုတမင်ရှောင်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝူချန်းယွဲ့သည် သူမက အခုဘယ်လိုခံစားနေရမလဲ ဆိုသည်ကို နားလည်သည်။ ထို့ကြောင့် သူမ၏ခံစားချက်များကို အများကြီးသွားပြောသည်က မသင့်တော်ပေ။ ထို့ကြောင့် ဂရုမစိုက်တော့ဘဲ မနက်စာစားပြီးသည်နှင့် ဝူယွဲ့လျန်နှင့်အတူ အလုပ်သို့ ထွက်လာလိုက်သည်။
နေ့လည်တွင် ရှောင်လီချန်းသည် သူ့ရုံးသို့ အတော်ထူးဆန်းသည့် မျက်နှာထားဖြင့် ပြန်ရောက်လာ၍ သတင်းပို့သည်။

“ခေါင်းဆောင် လုမိန်းကလေးရဲ့ နောက်ကြောင်းက ဖုံးထားတယ်။ ကျွန်တော် ဘာကိုမှ မရှာနိုင်ဘူး!”

ဝူချန်ယွဲ့သည် ခနတွေဝေသွားပြီးနောက် သူ့လက်ထဲက ဖိုင်ကိုချ၍ ရှောင်လီချန်းကို ကြည့်ကာ မေးသည်။

“ဖုံးထားတယ်? ဘယ်သူကလဲ?”

ရှောင်လီချန်းသည် ခေါင်းခါ၍

“သေချာမသိဘူး။ ဟေးဒီးစခန်းက လူတွေနဲ့ ပြောဆိုကြည့်ပင်မယ့် သူတို့က တစ်ခွန်းမှကို ပြောမပြဘူး။ သူတို့က လုမိန်းကလေးရဲ့ သရုပ်မှန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးထားတာ ဖြစ်မယ်။ ခေါင်းဆောင် ဘာဖြစ်လို့ ရုတ်တရပ်ကြီး သူ့အကြောင်း ကျွန်တော့်ကို စုံစမ်းခိုင်းတာလဲ?”

ဝူချန်းယွဲ့သည် မျက်လွှာကိုချလိုက်ကာ သူ့ဟာသူ တွေးရင်း ပြောသည်။

“ဘာဖြစ်လို့ ယွမ်ထန်ရှင်းတို့က သူ့အကြောင်းကို ဖုံးထားတာလဲ?”

ရှောင်လီချန်းသည် ခေါင်းခါ၍ ပြောသည်။

“ဒါက. . .ကျွန်တော်လည်း မသိဘူး။ ဆက်ပြီးတော့ တူးသင့်လား?”

ဝူချန်းယွဲ့က ပြုံးကာ

“သေချာပေါက်ပဲ။ သူတို့က ဖုံးထားလေလေ ငါတို့က ပိုသိချင်လေလေပဲ။ ပိုတောင်စိတ်ဝင်စားဖို့ ကောင်းလာပြီ”

ရှောင်လီချန်းက ခေါင်းငြိမ့်ကာ

“ဟုတ်ကဲ့။ သူတို့ပြောလာမယ့်နည်း ကျွန်တော်ရှာလိုက်ပါ့မယ်”

“ဆက်လုပ်!”

ဝူချန်းယွဲ့က ပြောသည်။
“သူတို့စခန်းသစ်ကို ခိုးစောင့်ကြည့်ဖို့နဲ့ ယွမ်ထန်ရှင်းတို့ အရင်နေသွားတဲ့နေရာကို စောင့်ကြည့်ဖို့ လီယွဲ့ရှန်ကို ပြောထား။ လုမိန်းကလေးရဲ့ အစအနတစ်ခုခုတွေ့ရင် ငါတို့ဖြစ်နိုင်သမျှ အမြန်ဆုံးသတင်းလာပေး”

ရှောင်လီချန်းက သူ့အားနားမလည်ဖြစ်သွားကာ မေးသည်။

“ခေါင်းဆောင် လုမိန်းကလေးမှာ ပြဿနာရှိလို့လား? ဘာဖြစ်လို့ ယွဲ့ရှန်းတို့ကို စောင့်ကြည့်ခိုင်းရတာလဲ?”

ဝူချန်းယွဲ့က သူ့အားလျို့ဝှက်သည့် အပြုံးဖြင့်ကြည့်ကာ

“စခန်းက အလုပ်တွေကို ငါမြန်မြန် အပြီးသတ်ပြီးတာနဲ့ ဘာဖြစ်လို့လဲဆိုတာကို မင်းတို့သိရမှာပါ။ နောက်တစ်ခုက လုမိန်းကလေးရဲ့ နောက်ကြောင်းစုံစမ်းခိုင်းတာကို မုန့်ယွဲ့ကို မသိစေနဲ့”

“ဟုတ်ကဲ့!”

ရှောင်လီချန်းသည် ဝူချန်းယွဲ့ထံမှ အရမ်းကို နားမလည်နိုင်စွာဖြင့် ထွက်သွားသည်။ ဝူချန်းယွဲ့က သူ့အား ဘာမှပြောပြမည့်ပုံမရှိလေရာ သူ့အလုပ်ကိုသာ သိချင်စိတ်ဖြင့် လုပ်ရတော့မည်။

ရှောင်လီချန်းထွက်သွားသည်နှင့် ဝူချန်းယွဲ့သည် ယွမ်ထန်ရှင်းတို့မှာ ဘာဖြစ်လို့ ဇွန်ဘီမ၏ အကြောင်းကို ဖုံးနေသလဲကို သူစ၍ တွေးတောနေမိသည်။

‘မျိုးရိုးနာမည်က လုတဲ့။ မသေခင်က ဘယ်သူလဲ? ဘာဖြစ်လို့ သူ့မျက်နှာကို ရင်းနှီးနေတာလဲ?’

ဇွန်ဘီဖြစ်သွားသည့်နောက် သူမအား အပျိုဖြစ်အောင် ပြန်ပြုပြင်ထားသည်ကိုလည်း သူအရမ်းကို အံ့သြနေသည်။ ဒါကိုတွေးမိသည့်အခါ ဝူချန်းယွဲ့သည် ထူးဆန်းသည့် ခံစားချက် ဖြစ်လာသည်။ သူ့၏ ထူးဆန်းသည့် ခံစားချက်ကြောင့် သူ့မျက်လုံးထဲက အပြုံးသည် ပိုပီပြင်လာသည်ကို သူကိုယ်တိုင်တောင် သတိမထားမိပါပေ။
ယွမ်ထန်ရှင်းတို့ဖြင့် အတူလာသောကြောင့် သူမသည် ဟေးဒီးစခန်းဟောင်းက ဖြစ်နိုင်သည်။ ဘာဖြစ်လို့ သူမ၏ သရုပ်မှန်ကို လျို့ဝှက်ထားသလဲနှင့် သူမ၏အကြောင်း အချက်အလက်များကို ဖုံးထားသလဲဆိုသည်ကို နားမလည်နိုင်ပေ။
‘နောက်ကြောင်းကို မဖော်ဖို့ရမလား? ငါဒီဇွန်ဘီမနဲ့ လက်ထပ်တော့မှာကို သူ့အကြောင်း တစ်ခုမှ ငါမသိရသေးဘူး’
နွယ်ပင်က ကလေးဖြစ်လာမည်ဟု ပြောသည့်စကားကိုလည်း သူတွေးနေမိသည်။

‘တကယ်ဆိုရင် ဘယ်လိုဖြစ်မှာလဲ? ငါတို့ဆက်ဆံရေးကြောင့် ဇွန်ဘီမက တကယ်ကိုယ်ဝန်ရနိုင်တာလား? ဒါက မယုံနိုင်စရာကြီး တကယ်ဆိုရင် နွယ်ပင်က ကလေးရဲ့ဝိဉာဉ်ဖြစ်လာမှာမလား? ဒါဆိုရင်. . .ဒီနွယ်က ငါ့သုတ်ပိုးနဲ့ သူ့မျိုးဉကို ပေါင်းပြီးတော့ သွေးသားခန္ဓာကိုယ် ဖန်တီးနိုင်တာလား?’

ဝူချန်းယွဲ့သည် သူ့ဗိုက်အောက်ကို နားမလည်စွာဖြင့် ပြန်ငုံ့ကြည့်လိုက်သည်။

‘ဒီလောက် ဉာဏ်ကောင်းတဲ့ သန္ဓေပြောင်းပင်ဆီမှာ ငါဖမ်းခံလိုက်ရတာလား? ဒီအပင်က ငါ့ဆီက သုတ်ပိုးကို ငှားပြီးတော့ သူ့ကိုယ်သူ ကလေးဖြစ်အောင် လုပ်တာလား?’

ရုတ်တရပ် သိသွားသည့်အခါ ဝူချန်းယွဲ့သည် ကြောင်အသွားသည်။ သူ့မျက်လုံးများက အံ့သြ၍ ပြူးကျယ်သွားကာ သူ့ဗိုက်အောက်ကို အံ့အားသင့်စွာ ကြည့်နေသည်။

‘တောက်! ဘာလဲကွာ! အရင်တစ်ခေါက်က မကောင်းတဲ့မိန်းမဆီမှာ ငါမုဒိန်းကျင့်ခံလိုက်ရတယ်. . .အခုတော့ ငါက အပင်တစ်ပင်ဆီမှာ အဖမ်းခံလိုက်ရပြန်တယ်!’

‘တော်တယ် နွယ်သေးသေးလေး! မွေးတောင်မလာသေးဘဲ ကိုယ့်အဖေကို ဖမ်းတယ်ပေါ့! မွေးလာလို့ကတော့ ငါအပြစ်ပေးရမယ်! ဒါပင်မယ့်လည်း အခုသူ့အမေနဲ့ အရင် အဆင်ပြေအောင် ငါလုပ်ဦးမှပါ. . .’
Previous Chapter 382 of 410 Next