၄၀၆။ မြေနဂါးစခန်းက ဖုံးကွယ်ထားတဲ့ ပြဿနာ
လင်းချင်းသည် မပီမသညည်းမိကာ သူမ၏နဖူးကို လက်ဖြင့်ကာထားလိုက်သည်။
“ဘာဖြစ်လို့လဲ?”
လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့သည် ကြောင်အသွားကာ သူမအနားသို့ အမြန်လာကြသည်။
“ရ. . .ရပါတယ်။ ဒီတိုင်း. . .မှတ်ဉာဏ်တွေက. . .ခေါင်းကိုက်စေတာ ဖြစ်မယ်. . .”
လင်းချင်းသည် သူမ၏ ဦးနှောက်ထဲတွင် ပြင်းထန်သည့် နာကျင်မှုကို သည်းခံနေရင်း ဖြေသည်။ သူမသည် အသက်ကိုဝဝဆက်တိုက်ရှုလိုက်ရကာ ဒီပုံရိပ်များကို ခေါင်းထဲကနေ ထုတ်ပစ်ဖို့ ကြိုးစားလိုက်ရသည်။ ဒီလိုမှသာ သူမက နည်းနည်းသက်သာလာသည်။
လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့သည် သူမအား အံ့သြစွာကြည့်ကာ လင်းအမျိုးသမီးက နားမလည်စွာ မေးသည်။
“မှတ်ဉာဏ်တွေကြောင့် ခေါင်းကိုက်နေရတာလား? ဒါဆိုရင် ပြန်တွေးမနေနဲ့”
“မကြီး အရင်က ဖြစ်ခဲ့တာကို သိချင်သေးလား?”
လင်းဝမ်ဝမ်က တွေဝေစွာဖြင့် ပြောသည်။
လင်းအမျိုးသမီးသည် လင်းဝမ်ဝမ်ကိုကြည့်ကာ ပြောသည်။
“အခုမပြောပြနဲ့။ သူ့အခြေအနေကိုကြည့်ဦး။ ဒါတွေကြားရင် ပိုခေါင်းကိုက်နေရမှာမလား?”
လင်းချင်းသည် လင်းအမျိုးသမီးအား လက်ကာပြကာ ပြောသည်။
“မဟုတ်ဘူး။ သမီး. . .သမီးကြားချင်တယ်. . .တကယ်လို့ မကြားရရင်တောင်မှ ကိုယ့်ကိုယ်ကို ဖောက်ခွဲခဲ့တဲ့ တောင်ပိုင်းက အဲ့နေရာကို သွားရှာဖို့ပဲ။ အဲ့မှာ တစ်ခုခုတွေ့မယ်လို့ထင်ရ. . .ဒီလိုခံစားချက်ရတယ်. . .”
“ဒါပင်မယ့်. . .”
လင်းအမျိုးသမီးသည် သူမအား စိတ်ပူစွာ ကြည့်သည်။
လင်းချင်းသည် လင်းအမျိုးသမီးအား ဆိုဖာတွင် ပြန်ထိုင်စေကာ ပြောသည်။
“တကယ်လို့ ဒါကိုမကျော်ဖြတ်နိုင်ရင် ဘယ်တော့မှ မှတ်ဉာဏ်တွေကို ပြန်ရမှာ မဟုတ်ဘူး”
လင်းအမျိုးသမီးသည် ဘာမှမပြောသဖြင့် လင်းဝမ်ဝမ်က ဆက်ပြောသည်။
“ကမ္ဘာပျက်တော့ မကြီးနဲ့ အကိုကြီးတို့ နှစ်ယောက်လုံးက စစ်တပ်ကနေ ပြန်လာခဲ့တယ်။ ကျန်တဲ့ညီမလေးတို့ မိသားစုတွေက မကြီးတို့အဖွဲ့ ပေါ်မလာခင် အချိန်အထိ အိမ်ထဲမှာပဲ တစ်လလောက် တောင့်ခံနေခဲ့ရတာ။ ကမ္ဘာပျက်ပြီး ၁နှစ်ကြာတော့ မကြီးက တာဝန်တစ်ခုမှာ ထောင်ချောက်မိသွားတယ်။ ဇွန်ဘီမြို့တော်ထဲကို မြှားခေါ်ခံရပြီးတော့ အဲ့မှာပိတ်မိနေခဲ့တာ။ မကြီးကို ထောင်ချောက်ဆင်တာက ယန်းကျင်းဟွာ။ အဲ့မှာအကြာကြီး ပိတ်မိနေအောင် လုပ်ထားပြီးမှ လာကယ်တယ်”
လင်းချင်းက ခနတွေးကာ မေးသည်။
“ဘာဖြစ်လို့ ငါ့ကိုထောင်ချောက်ဆင်တာလဲ? အဲ့မတိုင်ခင်တုန်းက ငါသူ့ကိုသိလို့လား?”
သူကသာ သူစိမ်းတစ်ယောက် ဖြစ်မည်ဆိုလျှင် သူမသည် သူ့အပေါ်တွင် သတိအပြည့်ထားနေမှာ သေချာသည်။ ထို့ကြောင့် သူမအား ဇွန်ဘီမြို့တော်ထဲသို့ မြှားခေါ်သည့်သူမှာ ရင်းနှီးနေသည့်သူသာ ဖြစ်နိုင်သည်။
“သမီးကြီးရဲ့ အဖွဲ့သားတစ်ယောက်ကို လာဘ်ထိုးပြီးတော့ သတင်းမှားပေးခိုင်းတာ။ ဘာဖြစ်ခဲ့သလဲ အတိအကျတော့ မသိပင်မယ့် အမေတို့ သိသလောက်ကတော့ အဲ့အချိန်တုန်းက အဲ့မှာသမီးကြီး သေမလို ဖြစ်ခဲ့တာပဲ”
လင်းအမျိုးသမီးက ပြောသည်။
“အဲ့နေရာက အဲ့လောက်အန္တရာယ်များတယ်ဆိုရင် သူကဘယ်လိုလုပ်ပြီး သမီးကို ကယ်ခဲ့တာလဲ?”
လင်းချင်းက မေးသည်။
“မသိဘူး”
လင်းအမျိုးသမီးက ခေါင်းခါသည်။
လင်းဝမ်ဝမ်က ခနတွေးကာ မျက်မှောင်ကျုံ့၍ ချက်ချင်းပြောသည်။
“တခြားသူတွေနဲ့ အတူသွားတာကို မကြီးကို တွေ့တဲ့အချိန်မှ သူတစ်ယောက်တည်း ပေါ်လာတာ ဖြစ်မယ်ထင်တယ်။ အသက်ကယ်ပေးလို့ ကျေးဇူးဆပ်ချင်တာနဲ့ မကြီးက သူ့ကိုအရမ်းကောင်းကောင်းမွန်မွန်ကို ဆက်ဆံပေးခဲ့တာ။ ဒါပင်မယ့် ဒါတွေက သူအယောင်ဆောင်ထားတာတွေ ဖြစ်နေတယ်”
လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။
“နှစ်အကြာကြီး အယောင်ဆောင်ထားတာ အထင်ကြီးစရာပဲ!”
. . .
လင်းဝမ်ဝမ်နှင့် အမျိုးသမီးလင်းတို့သည် အရင်နှစ်များက ဖြစ်ခဲ့သည်ကို ပြောနေကြချိန်တွင် ယန်ကျင်းဟွာသည် လုံယုပိုင်ထံမှ အဆင့်၆ဇွန်ဘီ အမြူတေရဖို့အရေး ကြံဖန်ကြိုးစားနေသည်။ အမြူတေရမှသာ သူကအဆင့်တက်နိုင်မှာ ဖြစ်သည်။
ဒီရည်ရွယ်ချက်ဖြင့် အိပ်ယာပေါ်က ကိစ္စများ သူတို့လုပ်သည့်အခါ လုံယုပိုင်က သူ့ကိုငမ်းငမ်းတက်ဖြစ်လာအောင် မြူဆွယ်တော့သည်။ သူကဇွန်ဘီအမြူတေအကြောင်း မေးချိန်တွင် လုံယုပိုင်၏ စိတ်တို့သည် တစ်ပိုင်းက ခြိမ်းခြောက်ခံနေရကာ တစ်ပိုင်းက ဆွဲဆောင်ခံနေရသည်။
“ပိုင် အဲ့ဒီဇွန်ဘီအမြူတေက ကိုယ့်အတွက်မလား? ကိုယ့်ကိုဒီတိုင်း ပေးလိုက်ပါ။ အဆင့်မြင့်လာမှ မင်းအတွက် မြေနဂါးစခန်းကို ကိုယ်ထိန်းသိမ်းပေးနိုင်မယ်မလား? ဒီဒုခေါင်းဆောင်တွေကိုပဲ အမြဲတမ်း မှီခိုချင်နေတာ မဟုတ်ဘူးမလား?”
လုံယုပိုင်၏ အပေါ်တွင် လှဲလိုက်ကာ မျက်လုံးများထဲသို့ စိတ်ပြင်းထန်စွာဖြင့် စိုက်ကြည့်ရင်း မေးသည်။ အထိအတွေ့ကြောင့် ထိန်းချုပ်ခံနေရပုံရသော်လည်း သူ့မျက်လုံးထဲတွင် အေးစက်သည့် အလင်းတစ်ခုကဖြတ်ခနဲ လက်သွားသည်။
ထိုအချိန်တွင် လုံယုပိုင်၏ မျက်လုံးများသည် ဝေဝါးနေပုံရကာ သူ့၏သန့်ရှင်းလှပသည့် မျက်နှာသည် နှစ်လိုဖွယ်ကောင်းအောင် နီရဲနေသည်။ ဒီမျက်လုံးများက ရေလိုမျိုးလဲ့၍ တောက်ပနေကာ သူ့နီရဲကာ စိုစွတ်နေသည့် နှုတ်ခမ်းတို့က တစ်ဝက်ဟနေသည်။
ယန်ကျင်းဟွာသည် ဒီလိုချောမောလွန်းသည့် အသွင်ကြောင် အပြင်းအထန် ဆွဲဆောင်ခံလိုက်ရသော်လည်း သူကတည်ငြိမ်နေသေးသည်။ လူချင်းကပ်လိုက်ကာ လုံယုပိုင်၏ နှုတ်ခမ်းနားကို ကပ်လိုက်ရင်း ပြောသည်။
“ပြီးရင် ကိုယ့်ကို ဇွန်ဘီအမြူတေပေးမယ်လို့ ကတိပေး”
အသက်ရှုထုတ်လိုက်သည့် နွေးထွေးသည့်လေတို့သည် လုံယုပိုင်၏ မျက်နှာထက်သို့ ဖြတ်သန်းသွားကာ လုံယုပိုင်က သူ့နှုတ်ခမ်းများကို မေးပင့်၍ နမ်းလာစေသည်။
သို့သော်လည်း ယန်ကျင်းဟွာသည် ဒီအနမ်းအား အနည်းငယ် မျက်နှာကိုရှောင်လိုက်၍
“သဘောမတူဘူးဆိုရင် အခုဒီမှာပဲထားလိုက်တော့မယ်”
လုံယုပိုင်သည် အခုအချိန်တွင် ပုံမှန်လို ခေါင်းအေးအေးဖြင့် မတွေးနိုင်တော့ပေ။ ဒီအခိုက်အတန့်တွင် ယန်ကျင်းဟွာ တောင်းဆိုသမျှ ဘာမဆိုကို သူလက်ခံရုံအပြင်မရှိ။
“ငါသိပြီ! ငါမင်းကိုပေးမယ်!”
ဒါကိုကြားသည့်အခါ ယန်ကျင်းဟွာ၏ လှုပ်ရှားမှုတို့က ပြင်းထန်လာကာ လုံယုပိုင်၏ စိတ်နှင့်ခန္ဓာနှစ်ခုလုံးကို တစ်ချိန်တည်းတွင် ကျေနပ်သွားစေသည်။
ထို့နောက် ယန်ကျင်းဟွာသည် လုံယုပိုင်ကိုဖက်၍ အိပ်ယာပေါ်တွင် လှဲနေသည်။ ခုနက သူ့အားအရမ်းစွဲမက်နေခဲ့သည့် လုံယုပိုင်သည် အခုတော့ ပြန်တည်ငြိမ်နေပြီ။ ယန်ကျင်းဟွာ၏ သန်မာသည့် ရင်ဘတ်ပေါ်ကို ခေါင်းမှီထားရင်း အေးစက်သည့် လေသံဖြင့် ပြောသည်။
“ဇွန်ဘီအမြူတေကို မင်းက ဒီလောက်ကြိုက်နေမှတော့ ငါပေးမယ်။ ဒါပင်မယ့် အခြေအနေတစ်ခုရှိတယ်။ ဒီစခန်းကို မင်းလုံးဝဖျက်စီးရမယ်။ နံရံကိုဖြိုချပြီးတော့ အိမ်တိုင်းကို မီးရှို့။ ပြီးရင် စခန်းက လူတိုင်း ကလေးကအစ လူကြီးအထိ အကုန်သတ်ပစ်။ စခန်းက မိန်းမတွေကိုတော့ ငါ့စစ်သားတွေကို စိတ်ကျေနပ်အောင် ပြုစုပေးဖို့ ငါခေါ်သွားမယ်။ ငါ့စစ်သားတွေက လိုအပ်နေတဲ့ သန်မာတဲ့ကောင်တွေ။ တစ်ခါတစ်လေ သူတို့ကို ခွင့်ပြုမပေးရင် ရူးကုန်ကြလိမ့်မယ်”
လုံယုပိုင်၏ အမိန့်ပေးနေသည့် လေသံကို ကြားသည့်အခါ ယန်ကျင်းဟွာသည် လုံယုပိုင်၏ နားအနားသို့ နှုတ်ခမ်းတိုးကပ်ကာ ပြောသည်။
“ဟုတ်ပြီ။ ကိုယ့်ကိုအချိန်ခနပေး။ အသုံးဝင်မယ့်ဟာတွေကို ခွဲပြီးရင် ကျန်တာတွေ အကုန်ဖျက်စီးပစ်လိုက်မယ်”
“အချိန်ဘယ်လောက်လိုလဲ? သုံးရက်ဆို တော်သင့်ပြီ”
လုံယုပိုင်က ပြောသည်။
ယန်းကျင်းဟွာက ရယ်ကာ
“စခန်းက အကြီးကြီးပဲလေကွာ။ ဘယ်လိုလုပ်ပြီး ၃ရက်နဲ့ လောက်မှာလဲ?”
ယန်းကျင်းဟွာက ရယ်ကာ
“ဒါဆိုရင် ၇ရက်ပေးမယ်”
လုံယုပိုင်က ပြောသည်။
“၇ရက်ပဲ။ ဘာလုပ်ရမလဲဆိုတာ မင်းသိပါတယ်”
“ဟုတ်ပြီ”
ယန်းကျင်းဟွာက ပြန်ဖြေသည်။
လုံယုပိုင်သည် တစ်ခုခုကို ရုတ်တရပ် တွေးမိသွားပုံရကာ
“မင်းက လင်းမိသားစုကို မသတ်နိုင်ဘူးဆိုမှတော့”
သူက ပြောသည်။
“ငါကိုယ်တိုင်လုပ်မယ်။ သူတို့ကို ပင်လယ်မြို့တော်စခန်းက ကာကွယ်ပေးထားတယ် ဆိုရင်တောင်မှာ ငါသူတို့ကို သတ်မှာကို ဘာကမှ မတားနိုင်ဘူး”
ယန်ကျင်းဟွာသည် ခနတန့်သွားကာ မေးသည်။
“ဘာဖြစ်လို့လဲ? သူတို့သေအောင်လုပ်မှလား? သူတို့က အခုအိမ်မရှိတော့တဲ့ ခွေးအလေအလွင့်တွေပဲ။ ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူးမလား?”
လုံယုပိုင်သည် သူ့အားတစ်ချက်ကြည့်ကာ ပြောသည်။
“နောက်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ငါတားချင်ရုံတင်။ သူတို့က ဘာမှမလုပ်နိုင်မှတော့ ငါ့ဟာငါပဲ သေချာအောင် လုပ်လိုက်တော့မယ်”
ယန်ကျင်းဟွာ၏ အကြည့်သည် ပြောင်းသွားသည်။ ခနတွေဝေနေပြီးနောက် မေးသည်။
“မင်းလူတွေကိုခေါ်ပြီး ပင်လယ်မြို့တော်စခန်းကို သွားမလို့လား?”
လုံယုပိုင်သည် ယန်ကျင်းဟွာအား ခေါင်းလှည့်ကြည့်ကာ ပြောသည်။
“ဟုတ်တယ်။ ငါပြန်မလာခင် ဒီကအလုပ်တွေကို မင်းအပြီးလုပ်ထားမယ်လို့ ငါမျှော်လင့်ပါတယ်။ ပြီးရင် ငါတို့ မြေနဂါးစခန်းကို ပြန်ကြမယ်”
ယန်ကျင်းဟွာသည် လုံယုပိုင်၏ မျက်လုံးထဲတွင် ပေါ်လာသည့် လူသတ်ချင်စိတ်ကို သတိမထားမိပေ။ တကယ်တော့ လုံယုပိုင်သည် လင်းဝမ်ဝမ်ကိုသာ သွားသတ်ချင်နေတာ ဖြစ်သည်။
‘အဲ့မိန်းမသာ မရှိတော့ရင် ဒီကောင်က ငါပြောသမျှ စကားတသွေမသိမ်း လိုက်နာလာလိမ့်မယ်!’