May Honey Logo May Honey
Previous Next

၂၄၀။ နောက်လိုက်တွေကစ

“ဒုခေါင်းဆောင်”   လင်းယုက မေးသည်။   “ဘာဖြစ်လို့ ပင်လယ်မြို့တောက်ကို ကျွန်တော်တို့ကိုရှာဖို့ လာခဲ့တာလား?”

ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ    “ငါတို့က အခု ဟန်ကျိုးမြို့နယ်ရဲ့အစွန်က မြို့တစ်ခုမှ နေကြတာ။ ငါတို့စခန်းသစ်ဆောက်တော့မလို့”

လင်းယုသည် ခနကြောင်အသွားကာ မျက်လုံးများပြူးသွားပြီး ယွမ်ထန်ရှင်းကို တအံ့တသြကြည့်ကာ   “စခန်းသစ်ဆောက်မှာ? ဘယ်သူတွေက?”

“ငါတို့”   ယွမ်ထန်ရှင်းက ဖြေသည်။

“လူဘယ်နှစ်ယောက်ရှိလို့လဲ?”   လင်းယုက မေးသည်။ ယွမ်ထန်ရှင်းသည် ခနတွေးကာ လူရေတွက်ပြီးနောက် ဖြေသည်။   “ဆယ်ယောက်လောက်။ ငါပင်လယ်မြို့တော်စခန်းကိုလာတာက အကူအညီလာတောင်းတာ။ ကြည့်ရတာ ဒီကလူတွေ ငါတို့ငှားရမယ့်ပုံပဲ”

လင်းယုသည် သူ့ကိုကြောင်အစွာ ကြည့်သည်။   ‘ဆယ်ယောက်တည်းနဲ့ စခန်းတည်မယ်? ဘယ်မှာလဲ?’

တစ်ဖက်တွင်တော့ လင်းချင်းနှင့် လင်းဖန်တို့သ်ည ယွမ်ထန်ရှင်ပြန်လာပြီး အတည်ပြုဖို့ကို စောင့်နေသည်။ ထိုအချိန်မှာ လင်းချင်းသည် ချူးလီလီနှင့် ရှဲ့တုန်းတို့၏ ကိုယ်ကိုအရင်ပြင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။ စွမ်းအားက မလောက်သဖြင့် လင်းချင်းသည် ချူးလီလီကို ဇွန်ဘီအမြူတေ ပိုရှာဖို့ တောင်းဆိုလိုက်ကာ ချူးလီလီ၏ နောက်လိုက်နှစ်ယောက်ကို မျက်စိကျသွား၍   “လီလီ ငါတို့ဒီနှစ်ကောင်ကို အဆင့်မြှင့်ပေးလိုက်ရမလား?”

“အာ ယာ?”   ချူးလီလီက သူမကို နားမလည်စွာ ပြန်ကြည့်သည်။   “သူတို့ကိုလား?”

ချူးလီလီသည် ထိုနှစ်ကောင်က လူစိတ်မရှိသောကြောင့် ဟိုတယ်နှင့်ဝေးရာတွင် တမင်စောင့်ခိုင်းထားခြင်း ဖြစ်သည်။ သူတိုသည် ချူးလီလီ၏ အမိန့်ကိုနာခံနေသောကြောင့် လူသားများအပေါ်တွင် အန္တရာယ်မရှိသလို လုပ်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတိုသည် သားရဲလို အသိစိတ်မျိုးဖြင့် ဉာဏ်ရှိကြသည်။ ချူးလီလီမရှိပါက သူတို့သည် ဆာလောင်စိတ်ကြောင့် လူသားအုပ်စုကို တိုက်ခိုက်နိုင်သည်။

လင်းချင်းက   “လင်းဖန်တို့ကို စောင့်ရှောက်ဖို့နဲ့ ငါတို့အင်အားတောင့်ဖို့ ဇွန်ဘီအုပ်လိုတယ်။ ငါတို့နောက်သွားမယ့် နေရာက ဇွန်ဘီတွေပြည့်နေတဲ့ ဇွန်ဘီမြို့တော်ကို။ ငါတို့အဖွဲ့ဝင်အသစ်မစုရင် အလုပ်ရှုပ်မှာ။ ပြီးတော့လည်း စခန်းမှာနေတဲ့သူတွေက ပိုများလာမှာဆိုတော့ သူတို့အဝင်အထွက်လုပ်မှာကို လိုက်စောင့်ရှောက်ပေးဖို့ ပိုလိုတယ်။ အဲ့ဒီအချိန်ကျရင် စခန်းနားက သာမန်ဇွန်ဘီတွေကို အဆင့်မြင့်ဇွန်ဘီတွေက ထိန်းပေးထားဖို့လိုတယ်”

ထိုအခါ ချူးလီလီသည် နားလည်စွာဖြင့် ခေါင်းငြိမ့်သည်။ လျူကျင်းသည် တုံတုံကိုချီကာ နားထောင်နေရင်း   “သူတို့ရဲ့ ဆာနေတာကို ငါတို့အရင်ရှင်းဖို့ လိုမယ်။ ငါ့အထင်တော့ နင့်ကန်ရေက ဒီလိုလုပ်နိုင်လိမ့်မယ်”

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “အင်း ငါလည်းဒီလိုပဲ အစီအစဉ်ဆွဲထားတာ”   ကန်ရေက ဇွန်ဘီများ၏ ဆာလောင်စိတ်ကို ဖြည်းဖြည်းချင်း ဖျောက်ပေးနိုင်စွမ်း ရှိကြောင်းကို သူမက သေချာသိသည်။ လျူကျွင်း၏ အပြောင်းအလဲများကို ကြည့်ရင်းဖြင့် တခြားဇွန်ဘီများသည်လည်း နွယ်လေးဖြင့် ကုသပြီးသည့်အခါ မှတ်ဉာဏ်ပြန်ရနိုင်မလားကို စမ်းသပ်ချင်နေမိသည်။ 

“ဟိုနှစ်ကောင်နဲ့ အရင်စမ်းဖို့ သွားရအောင်!”   လင်းချင်းနှင့် ချူးလီလီတို့သည် လှေကားမှ ဆင်းလာ၍ ကားပါကင်ဆီသို့ လျှောက်လာသည်။ သန္ဓေပြောင်းလိပ်များက လှောင်ချိုင့်ကြီးထဲတွင် အိပ်နေသည်။

လျူကျွင်းက လိုက်မလာတော့ပေ။ သူမ၏အခန်းပြတင်းပေါက်မှနေ လင်းချင်းနှင့် ချူးလီလီတို့ကို လှမ်းကြည့်၍ရသည်။ လင်းခင်းတို့သည် ကားပါကင်သို့ ရောက်နေသည့်အခါ လင်းရှောင်လုက ပြတင်းပေါက်ကနေ စပ်စုစွာကြည့်၍ သူမ၏အမေနှင့် အဒေါ်ကိုပါ အတူလာကြည့်ဖို့ ခေါ်သည်။   “မေမေ! ဒေါ်လေး! လာကြည့်! သူတို့က အောက်မှာဘာဆော့မလို့လဲ မသိဘူး!”

“ဘယ်သူတွေတုန်း?”   ချန်းဝမ်ရှုနှင့် လင်းဝမ်ဝမ်တို့က သူမကိုမေးသည်။

လင်းရှောင်လုသည် ပြတင်းပေါက်ကနေ အောက်ကိုလက်ညိုးထိုးပြကာ   “ကတုံးမမနဲ့ ဂါဝန်အဖြူနဲ့မမ”

“လုထန်ယုနဲ့ ချူးလီလီလား?”   လင်းဝမ်ဝမ်က ပြောသည်။   “သူတို့က ဘာလုပ်နေကြတာလဲ?”   ဒီလိုပြောရင်းဖြင့် ပြတင်းပေါက်နားသို့ စပ်စုစွာ လာကြည့်သည်။  
“အင်း တကယ်သူတို့ပဲ ဘာလုပ်မလို့လဲ?”

“ငါကြားတာတော့ လုထန်ယုက သူ့ဇွန်ဘီအဖွဲ့ကို ထပ်စုမလို့တဲ့။ သူအခုစတော့မယ် ထင်တယ်”   ချန်းဝမ်ရှုက ပြောသည်။

လင်းဝမ်ဝမ်သည် သူမကို အံ့သြစွာဖြင့် လှည့်ကြည့်ကာ   “ဇွန်ဘီအဖွဲ့? ဘာဇွန်ဘီအဖွဲ့လဲ?”

ချန်းဝမ်ရှုက ခေါင်းခါပြသည်။ 

အောက်ထပ်တွင် လင်းချင်းသည် ချူးလီလီအား
“လီလီ နင်အဆင့်ငါးဇွန်ဘီ သုံးကောင်လောက်ကို အမဲလိုက်သွားပြီးတော့ အမြူတေတွေကိုစုခဲ့။ ငါ့အထင် ဒီလောက်က နင့်အတွက်လောက်မှာပါ။ ပြီးတော့ နင့်ရဲ့ ဟိုဟာ နင့်နောက်လိုက်တွေကို ခေါ်လိုက်။ ငါသူတို့ကို နယ်မြေထဲထည့်ပြီး ပြင်ပေးလိုက်မယ်”

သူမကောင်းလာသည်နှင့် စကားပြောနှုန်းကလည်း ပုံမှန်ဖြစ်လာလေရာ ချူးလီလီသည် လင်းချင်းစကားဆုံးသည်နှင့် ပြောသလိုလုပ်သည်။ သူမက ခေါင်းငြိမ့်ပြကာ အပြင်ဘက်ကို အော်လိုက်သည်။   “အား!!!”

သူမ၏ စူးရှလွန်းသည့်အသံကို ကြားသည့်အခါ လင်းချင်းသည် မျက်ခုံးမတွန့်ဘဲကို မနေနိုင်ပေ။ ဆယ်စက္ကန့်အတွင်းမှာ အဝေးမှ အရိပ်နှစ်ခုရောက်လာကာ ချူးလီလီရှေ့တွင် ငြိမ်သက်စွာ ထိုင်နေကြသည်။ တစ်ကောင်သည် အထီးဖြစ်၍ တစ်ကောင်က အမဖြစ်သည်။ ဇွန်ဘီနှစ်ကောင်သည် ချူးလီလီရှေ့တွင် ထိုင်နေကြသည်မှာ လင်းချင်းအမြင်အရ ခွေးကြီးနှစ်ကောင်က သခင်ရှေ့တွင် ထိုင်နေကြသလိုပင်။

သူတို့သည် ချူးလီလီအား ကြောက်ရွံ့ခြင်းအပြည့်ဖြင့် ခေါင်းမော့ကာ အမိန့်ကို စောင့်နေကြသည်။ ချူးလီလီက လင်းချင်းကို လက်ညိုးထိုးပြကာ အော်သည်။   “အာ ယာ ယာ ယေး!”   ‘အခု သူ့စကားကိုနားထောင် မဟုတ်ရင် သူကနင်တို့ကို စားပစ်လိမ့်မယ်!’   ဇွန်ဘီနှစ်ကောင်ကို ဒီလိုပြောလိုက်တာ ဖြစ်သည်။

‘ငါဇွန်ဘီတွေကို မစားပါဘူးဟယ်’   လင်းချင်းသည် ချူးလီလီသည် တစ်ချက်ကြည့်ကာ နေကာမျက်မှန်ကိုချွတ်၍ ဇွန်ဘီနှစ်ကောင်အား တည်ကြည်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းနက်များထဲမျ အေးစက်သည့် အလင်းဖျော့ဖျော့က ထွက်လာသည်။

“ဂါး!”   ဇွန်ဘီနှစ်ကောင်သည် ချက်ချင်းကြောက်လန့်သွားကြသည်။ သူတို့ဆံပင်များသည် ထောင်သွားကာ လင်းချင်းကိုကြည်ပြီး နက်ရှိုင်းသည့်အူသံလိုမျိုးဖြင့် အော်ကြသည်။

ထိုအခါ ချူးလီလီသည် သူတို့ကို ထပ်အော်ရပြန်သည်။   “အာ ယာ ယေး!”   ‘တိတ်! သူ့စကားနားထောင်ရင် နင်တို့ကို မစားဘူး!’

“ဝူး”   အဆင့်လေး ဇွန်ဘီနှစ်ကောင်သည် ချူးလီလီကို အရမ်းကြောက်ရသည်ဖြစ်ရာ အသံတိုးတိုးဖြင့် အော်ပြီးနောက် ငြိမ်ကျသွားသည်။

လင်းချင်းက သူတို့ဆီသို့သွားကာ   “လက်သည်းတွေထုတ်!”

“ဂါး!”   ဇွန်ဘီနှစ်ကောင်သည် လင်းချင်းကို ရန်လိုစိတ်များကို ထိန်းထားသည်။ သူတို့သည် မလှုပ်ဘဲ သူမကိုကြည့်ကာ လည်ချောင်းထဲမှ ထူးဆန်းသည့်အသံဖြင့် အော်သည်။ လင်းချင်းသည် သူမ၏အရှိန်အဝါအပြည့်ကို မထုတ်ပြလို့မရတော့ပေ။ ထို့နောက် သူမ၏မျက်လုံးကို မှေးကျဉ်းက ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်သည်။

“ဝူး”   လင်းချင်းက အရှိန်အဝါများကို ထုတ်ပြလာသည်နှင့် အဆင့်၄ဇွန်ဘီနှစ်ကောင်သည် သတိအပြည့်ဖြစ်သွားကာ ခေါင်းကိုငုံ၍ ကျောများကို ကုန်းလိုက်ကြသည်။

“လက်သည်း!”   လင်းချင်းက ပြောသည်။ 

ဒီတစ်ခါတော့ ဇွန်ဘီနှစ်ကောင်က နာခံစွာဖြင့် လက်သည်းများကို ထုတ်ပြသည်။ သူတို့၏ ညစ်ပတ်နေသည့် လက်သည်းများကို ကြည့်ရုံလေးဖြင့် လင်းချင်းသည် သူတို့မှာ လူသားစားမစားကို မပြောတက်ပေ။

သို့သော်လည်း ဒီနေရာတွင် လင်းဖန်တို့အပြင် တခြားလူသားမရှိဘူး ဆိုတာကိုတော့ သူမခံစားမိသည်။ ဇွန်ဘီနှစ်ကောင်သည် လုံးဝကို တက်ကြွခြင်းမရှိပေ။ ကြည့်ရသည်မှာ သူတို့သည် အစာမစားရတာ ကြာလောက်ပြီ။

လင်းချင်းသည် သူတို့၏ အနည်းငယ်ပိုသန့်သည်ဟု ထင်ရသည့် နေရာမှ အဝတ်စနှစ်ခုကို ဆွဲလိုက်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် ချူးလီလီသည်လည်း အမိုးပေါ်ခုန်တက်ကာ အမြင့်ဆုံးအထိ တက်သွားသည်။ သူမသည် မျက်လုံးကိုမှိတ်ကာ အနံ့ခံပြီးနောက် တစ်ဖက်ကို ဦးတည်သွားကာ ပျောက်ကွယ်သွားသည်။

အပေါ်ထပ်မှ လင်းဝမ်ဝမ်သည်
“သူတို့ ဘာလုပ်နေတာလဲ? လုထန်ယုက အဆင့်၄ဇွန်ဘီနှစ်ကောင်ကို နယ်မြေထဲကို ခေါ်သွားပုံရတယ်။ ဘာလုပ်မလို့လဲမသိဘူးနော်?”

“ဘယ်သိမလဲ?”   ချန်းဝမ်ရှုက ပြောသည်။

လင်းဝမ်ဝမ်သည် မေးကိုလက်ထောက်ကာ ပြောသည်။
“သူ့နယ်မြေထဲကို ခေါ်သွားတဲ့နှစ်ကောင်က သူနဲ့သူ့သူငယ်ချင်းတွေလို မဟုတ်တဲ့ သာမန်ဇွန်ဘီထင်တယ်။ ဒီနှစ်ကောင်က စိတ်ပျောက်နေပြီး လူမြင်တာနဲ့ကိုက်တဲ့ ဇွန်ဘီကောင်တွေနဲ့ တူတယ်မလား?”

Previous Chapter 240 of 410 Next