May Honey Logo May Honey
Previous Next

၃၁၅။ အရင်ကစားတာ

ချန်ယုတင်းသည် ဖြောင်ကောချန်တို့ လုပ်လိုက်သည့်အပေါက်ကို ချက်ချင်းဖာပြီးနောက် သူ့အသားအရည်သည် ကျောက်တုံးလိုမျိုး မည်းနက်လာသည်။ ထိုအချိန်တွင် ကျောက်တုံးနံရံမှ ကျောက်တုံးများက ကျလာကာ ဉမင်၏တစ်ဖက်ကိုပိတ်သည်။ ထိုအခါ ဖြောင်ကောချန်၏လူလွှတ်လိုက်သည့် မြွေနက်များသည် ပိတ်မိကုန်သည်။

ချန်ယုတင်းသည် အဆင့်၆စွမ်းအားရှင်ဖြစ်၍ ဖြောင်ကောချန်သည် သူ့အားခနလေးအတွင်းမှာ ထိခိုက်မှုများအောင် မလုပ်နိုင်ပေ။ တခြားသူများကို ကာကွယ်ရန် ချန်ယုတင်းသည် တစ်ယောက်တည်း တိုက်နေရသည်။ သို့သော်လည်း ဖြောင်ကောချန်သည် မြေအောက်ကနေ သူခိုးထွက်ဖို့ သိပ်မကြာဖူးဟု ခန့်မှန်းရသည်။

ဖြောင်ကောချန်သည် ဒါကိုဂရုစိုက်ပုံမရပေ။ သူသည် လက်ကိုမြှောက်ကို မီးကိုပြန်ရုတ်သိမ်းလိုက်၍   “ချန်ယုတင်း! မင်းဒီတစ်ခါတော့ ပြေးလွတ်ပင်မယ့် ငါပြောလိုက်မယ်. . . ငါ့ဆီကို မင်းပြန်လာရမှာ။ အဲ့အချိန်ကျရင် ကိုယ့်လက်ကိုယ်ဖြတ်ပြီး ငါ့ဆီကိုယူခဲ့”   စကားဆုံးသည့်အခါ သူ့လူများကို လက်ပြ၍ လှည့်ထွက်သွားသည်။ ဒီလိုဖြင့် သူတို့တစ်ဖွဲ့လုံးသည် ထွက်သွားတော့သည်။

ဖြောင်ကောချန်၏ မျက်နှာထက်က ယုံကြည်မှုကြောင့် နံရံပေါ်တွင်ရပ်နေသည့် လင်းချင်းသည် သူပြောမသွားသည့်အရာ တစ်ခုခုရှိမည်ဟု ခံစားမိလိုက်သည်။ ထို့နောက် ချန်ယုတင်းတို့ကို ကြည့်လိုက်သည်အ့ခါ မြေနံရံသည် ဖြည်းဖြည်းချင်းကျွံ့ကျသွား၍ ရုပ်ထုလို လူတစ်ယောက် ပေါ်လာသည်။ သူမသည် ရုပ်ထု၏မျက်နှာကို သေချာကြည့်သည့်အခါ ချန်ယုတင်း၏ မျက်နှာပင်။

မကြာခင်တွင် ချန်ယုတင်း၏ ကျောက်တုံးလို အသားအရည်သည် ပုံမှန်ပြောင်းသွားသည်။ ထို့နောက် သိပ်မဝေးသည့်နေရာက မြေကြီးသည် ကွဲသွားကာ မြေအောက်ဉမင်ထဲက သူ့လက်ထောက်နှင့် တခြားသူများ ပေါ်လာသည်။ သူ့လက်ထောက်သည်သာ စိတ်ကပ်နေသေးကာ ကျန်သည့်သူများကတော့ မြေပြင်တွင် မေ့မျောနေကြသည်။

“ခေါင်းဆောင် သူတို့မီးအဆိပ်သင့်နေပြီ!”   လက်ထောက်သည် ချန်ယုတင်းအာ စိုးရိမ်စွာ အော်ပြောသည်။ ချန်ယုတင်းသည် သူ့လူများထံသို့ အမြန်ပြေးလာကာ ထိုသုံးယောက်ကို မြေပေါ်သို့ ဆွဲတင်လိုက်သည်။

“ဆေးရုံကို အရင်ပို့မှပဲ!”   သူပြောသည်။

လင်းချင်းသည် သူတို့ကို တစ်ချက်ကြည့်၍ တွေးကာ လှည့်ထွက်သွားသည်။

. . .

နာရီဝက်ကြာသည့်အခါ ဖြောင်ကောချင်းတို့သည် ဒုက္ခသည်ကယ်ဆယ်ရေးနေရာလိုမျိုး ဒေသFသို့ ရောက်လာကြသည်။ ဒီကအိမ်များသည် အိုဟောင်းကာ စုတ်ပြတ်၍ ၁ထပ်၂ထပ်သာရှိပြီး တံခါးနှင့် ပြတင်းပေါက်တို့သည်လည်း ကျိုးပဲ့နေကြကာ ပြတင်းပေါက်အများစုကို အိမ်ထဲသို့ လေဓာတ်မှ ကာကွယ်နိုင်အောင် ကတ္တူစာရွက်များဖြင့် ကာထားကြသည်။ 

ဒေသတစ်ခုလုံးသည် အိုဟောင်းနေသည်။ ဒီတွင်နေသူများသည်။ အများစုသည် ညစ်ပတ်သည့် အဝတ်များကို ဝတ်ဆင်ထားကြကာ သနားဖို့ ကောင်းလှသည်။ သူတို့အကုန်လုံးသည် အစွမ်းမရှိသည့် သာမန်လူများပင်။

အပြင်ကကြည့်လျှင် အိမ်ထဲ၌ ဘာပရိဘောဂမှ မရှိသည်ကို သိနိုင်သည်။ ကုတင်၁ခု၂ခုလောက်သာမြင်ရတာမျိုးရှိ၍ အများစုသည် ကြမ်းပြင်တွင် အိပ်ကြရသည်။

ဖြောင်ကောချန်နှင့် တခြားသူများသည် ဒီနေရာကို ဖြတ်လာသည့်အခါ တံခါးနားတွင် ထိုင်နေသည့်သူများသည် သူတို့မှာ သန့်သည့်အဝတ်များဝတ်၍ လက်နက်ဖြစ်သည့် သေနတ် သို့မဟုတ် ရိုင်ဖယ်တို့ကိုင်ထားသည်ကို မြင်ကြသည်။ ထို့ကြောင့် သူတို့သည် ငြိမ်သက်သွားကြကာ သူတို့က ခေါင်းမော့ကာ သွားသည်ကို ငေးကြည့်နေကြသည်။

ဒီနေရာကလူများသည် သူတို့မှာ စခန်း၏ အလယ်တန်းစားများဟု ပြောနိုင်သဖြင့် သူတို့သည် ဒီလူများဖြင့် မရှုပ်သင့်ကြောင်းကို သိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှုပ်မိပါက သူတို့သည် ဘယ်လိုသေမှန်းမသိ သေသွားနိုင်ကာ ဘယ်သူကမှ သူတို့သေခြင်းအတွက် စစ်ဆေးပေးမှာ မဟုတ်ပေ။

မိနစ်၂၀လောက် လျှောက်ပြီးသည့်အခါ ဖြောင်ကောချန်တို့သည် ၂ထပ်အိမ်လေးတစ်ခုရှေ့တွင် ရပ်လိုက်သည်။ သူတို့သည် ဝင်လာကာ အပေါ်ထပ်သို့ တက်လိုက်သည်။ လှေကားသည် မည်းသည်း၍ ညစ်ပတ်နေပြီး အမှိုက်နှင့် ကျောက်တုံးများက ဘေးတွင်ရှိနေကာ လူသွားထားသဖြင့် အလယ်နေရာသာ သန့်သည်။

ဒုတိယထပ်၏ ဝရံတာတွင် လူသုံးယောက်သည် တံခါးကို စောင့်နေကြသည်။ ဖြောင်ကောချန်လာသည်ကို မြင်သည့်အခါ သူတို့သည် ယဉ်ကျေးစွာဖြင့်
“ဒုခေါင်းဆောင်!”

ဖြောင်ကောချန်သည် ဆေးကရက်ကို ဘူးထဲက ထုတ်လိုက်ကာ တံခါးနားသို့လာသည်။ တံခါးရှေ့သို့ရောက်သည့်အခါ စီးကရက်ကို နှုတ်ခမ်းတွင် ခဲလိုက်၍ သူ့ဘေးက လူတစ်ယောက်က သူ့အားမီးငြှိပေးလာသည်။

သူသည်တစ်ရှိုက်ရှုလိက်ကာ မီးခိုးများကို မှုတ်ထုတ်၍   “သူ့ကိုခေါ်လာပြီလား?”

“ဟုတ်ကဲ့ ချန်ယုတင်းရဲ့ အိမ်ထဲကို ဝင်ခေါ်ဖို့လုပ်ပင်မယ့် နည်းနည်းခက်တယ်။ ဒါပင်မယ့် သိပ်မကြာဘူး။ ဒီမိန်းမက သူ့ဟာသူထွက်လာတယ်။ စျေးသွားဖို့ ထင်ပါတယ်။ ကျွန်တော်တို့က သူ့အစောင့်နှစ်ယောက်ကို ရိုက်လိုက်ပြီးတော့ လူပြတ်တဲ့နေရာကို ပစ်ထားခဲ့တယ်”

ဖြောင်ကောချန်သည် ခေါင်းငြိမ့်ကာ   “ဟုတ်ပြီ။ တံခါးဖွင့်။ မင်းတို့သူ့ကို မထိရသေးဘူးမလား?”

တံခါးက ၃ယောက်သည် ခေါင်းအမြန်ခါ၍ လက်ကာပြကာ   “မလုပ်ပါဘူး ဒုခေါင်းဆောင်က အရင်ကစားမယ်ပြောထားတာကို ကျွန်တော်တို့က ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ် ထိရဲမှာလဲ? ဒီမိန်းမက တကယ့်ကို ကိုယ်လုံးကိုယ်ပေါက် လှတယ်ဗျ!”   ဒီလိုပြောရင်း တံခါးဖွင့်ပေးသည့် ၃ယောက်၏ မျက်လုံးများသည် လောဘအပြည့်ဖြင့် ဖြစ်နေကြသည်။

ဖြောင်ကောချန်သည် ရယ်ကာ    “ကောင်းတယ် မပူပါနဲ့။ ငါပြီးရင် မင်းတို့ကစားလို့ရမှာပါ။ ဒါပင်မယ့် သတိတော့ထား။ မသေစေနဲ့။ ဒီမိန်းမက မင်းတို့ကို ကြကြာအဖော်ပြုလို့ရအောင်လို့!”

သူအထဲသို့ဝင်သွားသည်ကိုကြည့်ရင်း တခြားသူများသည် စိတ်လှုပ်ရှားနေကြသည်။ ဖြောင်ကောချန်သည် အထဲသို့ရောက်သည်နှင့် တံခါးကိုပြန်ပိတ်လိုက်သည်။

ချန်ယုတင်း၏ အရေးပါသည့်တစ်ယောက်ကို ပြန်ပေးဆွဲလာတာ ဖြစ်သည်။ သူနှင့်ချန်ယုတင်း၏ စကားအရ သူသည်ဒီလူကို အသုံးပြုဖို့ ချန်ယုတင်းကို နာကျင်အောင် လုပ်ချင်တာ ဖြစ်သည်။ လုတင်းသည် သူ့မိန်းမများထဲမှ တစ်ယောက်သာဖြစ်ပြီး သူ့အတွက် သူမက အရမ်းကြီး အရေးပါတာတော့ မဟုတ်ပေ။

အခန်းသည် မှောင်ပိန်းနေကာ အိပ်သာတောင်မပါဘဲ တစ်ခုတည်းရှိသည့် ပြတင်းပေါက်သည်လည်း ပိတ်ခံထားရသည်။ အခန်းတွင် ကုတင်၁လုံးရှိကာ ကုတင်ပေါ်တွင် ဟောင်းနွမ်းနေသည့် စောင်တစ်ခုနှင့် ထောင့်တွင်ခြေလက်နှင့် ပါးစပ်ကို ကြိုးတုပ်ခံထားရသည့် အမျိုးသမီးတစ်ယောက်က ထိုင်လျှက်သား ရှိနေသည်။

တံခါးပွင့်လာ၍ သူစိမ်းယောက်ျားက လျှောက်လာသည့်အခါ အမျိုးသမီးသည် သူ့ကိုကြည့်၍ ကြောက်သွားကာ နောက်သို့မဆုတ်ဘဲ မနေနိုင်ပေ။

“ဝူး. . .”   သူမသည် ခေါင်းကိုအမြန်ခါကာ သူမ၏မျက်လုံးထဲတွင် ခြောက်ခြားကြောက်လန့်ခြင်းကလွဲ၍ တခြားဘာမှမရှိပေ။ သူမသည် အပြင်ကလူများ ပြောနေသည်ကို ကြားသဖြင့် သူမကို ဒီလူက ဘာလုပ်တော့မည်ကို သိနေသည်။

ဖြောင်ကောချန်သည် တံခါးနားတွင်ရပ်နေကာ ဆေးလိပ်သောက်ရင်း ကုတင်ပေါ်က အမျိုးသမီးကို ပြတင်းပေါက်အကွဲမှ ဝင်လာသည့် အလင်းဖြင့် ကြည့်နေသည်။

အမျိုးသမီးသည် မလှပေ။ မျက်နှာသည် နူးညံ့မနေသော်လည်း မျက်နှာအစိတ်ပိုင်းတို့က ကြည့်ကောင်းသည်။ သို့သော်လည်း သူမ၏ရင်ဘတ်အရှေ့တွင် ကွေးထားသည့် ခြေတံများက ရှည်လျားသည်။

ဖြောင်ကောချန်သည် စီးကရက်ကို နှုတ်ခမ်းတွင်ခဲကာ ကုတင်နားသို့ လျှောက်လာသည်။

“ဝူး!!!”   အမျိုးသမီးသည် ကြောက်၍နောက်သို့ဆုတ်ကာ နောက်ကနံရံထဲအထိ ဝင်ပုန်းချင်နေပုံပင်။ သို့သော်လည်း မကြာခင်တွင် ထိုယောက်ျားက သူမ၏ခြေထောက်ကနေ သူ့ထံသို့ အကြမ်းပတမ်းဆွဲခေါ်တော့သည်။

“ဝူး!!!”   အမျိုးသမီးသည် ကြောက်လန့်သွားကာ ချည်ခံထားရသည့် ခြေသလုံးကို ကိုင်ခံလိုက်ရသဖြင့် အော်သော်လည်း ပါးစပ်တွင် အဝတ်ဖြင့် ပိတ်ခံထားရသည်။

“မင်းမှာ ခြေသလုံးသွယ်သွယ်လေးတွေ ရှိတာပဲ။ ငါအားသုံးပြီး လိမ်လိုက်ရင် ကျိုးသွားလောက်မလား?”   ဖြောင်ကောချန်သည် သူမကို ဆွဲထုတ်လာပြီးနောက် သိချင်စိတ်ဖြင့် ပြောသည်။

“ဟင်း. . .ဟင်း. . .”   အမျိုးသမီးသည် ရုန်းနိုင်သလောက် ရုန်းသည်။ သူမသည် ကိုင်ခံထား၇သည့် ခြေထောက်ကို အားဖြင့်ဆွဲထုတ်သော်လည်း သူမ၏အားက ဖြောင်ကောချန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

သူမ၏ခြေသလုံးကို တစ်ဖက်ဖြင့်ကိုင်ကာ နောက်တစ်ဖက်က ပါးစပ်ထဲက စီးကရက်ကို ထုတ်လိုကသ်ည။ ထို့နောက် သူ့ဂွကြားအောက်သို့ သူမကို ဆွဲခေါ်လိုက်ကာ သူမ၏ကြောက်ရွံ့ကာ စိတ်ပျက်ပြားနေသည့် မျက်နှာပေါ်သို့ ဆေးလိပ်မီးခိုးများဖြင့် မှုတ်ထုတ်လိုက်သည်။  
Previous Chapter 315 of 410 Next