May Honey Logo May Honey
Previous Next

၃၀၃။ ယန်ချောင်းဖြစ်မယ်

“လျန်လျန်! လျန်လျန်က ဘယ်ရောက်သွားလဲ?”   မုန့်ယွဲ့သည် ကုတင်ဆီသို့ ချက်ချင်းရောက်လာသည်။ လွတ်နေသည့် ကုတင်ကိုကြည့်၍ မိုလီ၏ မျက်နှာသည်လည်း အေးခဲသွားသည်။

ထိုအချိန်တွင် မုန့်ယွဲ့သည် ကုတင်ပေါ်တွင် ကျနေသည့် စာရွက်ပိုင်းကို တွေ့လိုက်ရသဖြင့် ကောက်ဖတ်လိုက်သည်။   ‘နင့်အတွက် လျန်လျန်အခြေအနေကို ငါကိုင်တွယ်ပေးမယ်။ အခုရှင်းပြဖို့ အချိန်မရှိလို့။ ပြန်လာတဲ့အချိန်အထိ ကျေးဇူးပြုပြီး စောင့်နေပေး - လင်း’

စက္ကန့်ပိုင်းအတွင်းမှာ အပြင်ကနေ အလျင်လိုသည့် ခြေသံများ ထွက်လာသည်။ ဝူချန်းယွဲသည် တံခါးတွင်ပေါ်လာကာ မေးသည်။   “လျန်လျန် ဘာဖြစ်တာလဲ? ဘာဖြစ်လို့ သူ့အရှိန်အဝါက ချက်ချင်းပျောက်သွားရတာလဲ?”

ထိုနောက် လွတ်နေသည့် ကုတင်းကို မြင်သည့်အခါ မျက်လုံးများပြူးသွား၍ ချောမောသည့် မျက်နှာသည် ချက်ချင်းမဲ့ရွဲ့တွန့်လိမ်သွားကာ   “လျန်လျန် ဘယ်မှာလဲ?”

မုန့်ယွဲ့သည် ဘာလုပ်ရမလဲ မသိတော့ပေ။ စိတ်ရှုပ်စွာဖြင့် သူမ၏လက်ထဲတွင် စာရွက်ပိုင်းကို ကိုင်ထားရင်း   “ဘာဖြစ်မှန်း ငါမသိဘူး. . .လျန်လျန်က ရုတ်တရပ်ပျောက်သွားတယ်. . .ဒါပင်မယ့် စာရွက်ပိုင်းတစ်ခုက ချက်ချင်းပေါ်လာတယ်. . .’

ဝူချန်းယွဲ့သည် အမြန်လျှောက်လာကာ စာရွက်ပိုင်းကို ယူလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ကာ စာကိုဖတ်လိုက်သည်။   “ဒါဘာသဘောလဲ? လျန်လျန်ကို ဘယ်သူခေါ်သွားတာလဲ? လင်း? လ င်းက ဘယ်သူလဲ?”

လျန်တရှုသည် ရောက်လာကာ စာကိုဖတ်ပြီး ဝူချန်းယွဲ့ကို ရှင်းပြသည်။   “စိတ်အေးအေးထား ဒီလူက ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်လောက်ပါဘူး!”

ဝူချန်းယွဲ့သည် စာရွက်ကို လုံးခြေလိုက်ကာ မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် စာရွက်ပိုင်းကို စိုက်ကြည့်ကာ   “ဒါ ယန်ချောင်းပဲ ဖြစ်ရမယ်! လျန်လျန်ရဲ့ အခြေအနေကို သိတဲ့သူက နည်းနည်းပဲရှိတာ! လျန်လျန်အခြေအနေကို ငါ့အတွက် ကိုင်တွယ်ပေးမယ်. . .ငါကရူးနေလို့လား? ဒါကိုဘယ်လိုလုပ်ယုံရမှာလဲ?”

သူ့နားကလေထုသည် ဖိအားများနေကာ သတ်ချင်စိတ်တို့ဖြင့် ပြည့်နေသည်။ သူ့လိုမဟုတ်သည့် သူ့ဘေးက လျန်တရှုသည် သူ့ကိုတည်ငြိမ်စွာဖြင့်   “အခု စိတ်အေးအေးထား။ လင်းကဘယ်သူလဲဆိုတာ အရင်ပဲ။ ငါတို့ဒါကိုအရင်တွေးပြီးမှ ဆုံးဖြတ်ချက်ချရအောင်။ ဒါပင်မယ့် ယန်ချောင်းတို့လူတွေကို သွားအရင်ရှင်းလည်း ရတယ်။ နောက်တစ်ချက်ပြောချင်တာက ဒီစာထဲကနေ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရမနေဘူး။ သူက မင်းကိုခြိမ်းခြောက်နေတာ မဟုတ်ပြီ။ ပြီးတော့လည်း သူပြန်လာမှာကို စောင့်နေခိုင်းတော့ ပြန်လာရှာမယ့် သဘောပဲ။ နောက်. . .”

သူသည် ခနရပ်ကာ မုန့်ယွဲ့နှင့် မိုလီတို့အား လှည့်ကြည့်၍   “လျန်လျန်ပျောက်သွားတုန်းက တစ်ခုခုကို နင်တို့နှစ်ယောက် ခံစားမိသေးလား? စိတ်အေးအေးထားတွေး!”

ထိုအခါ မုန့်ယွဲ့နှင့် မိုလီတို့သည် အချင်းချင်းကြည့်လိုက်ကြသည်။ မုန့်ယွဲ့သည် စိတ်အေးအောင်ထားကာ ခုနက ဖြစ်သမျှကို ပြန်တွေးကြည့်လိုက်သည်။ သူမသည် အလွန်ဖျော့သည့် အရှိန်အဝါတစ်ခုကို ခံစားမိပြီးနောက် လျန်လျန်ကို လှည့်ကြည့်လိုက်သည့်အခါ ကလေးမလေးက မရှိတော့တာ ဖြစ်သည်။

“အဲ့လူက ခနပေါ်လာသေးတယ်။ ငါ့အထင်. . .နေရာလွတ်စွမ်းအားရှင် ဖြစ်မယ်။  ဒီလူက ကိုယ်ဖျောက်နိုင်တယ်ဆိုရင်တောင်မှ လျန်လျန်ကို ခေါ်သွားတုန်း ကိုယ်ဖျောက်နေရင်းနဲ့ ငါတို့ကို ဘာမှမခံစားမိဘဲ ခေါ်သွားနိုင်မှာ မဟုတ်ဘူး”   မိုလီက ပြောသည်။

“သူ့ဆီက မကောင်းတဲ့ရည်ရွယ်ချက်မျိုးကို မခံစားမိဘူး။ ဒီအစား စိုးရိမ်ပြီး စိတ်ရှုပ်နေတဲ့ တခြားတစ်ယောက်ကို ငါခံစားမိလိုက်တယ်။ ငါ့အထင် ဒီကိုရောက်မှ လျန်လျန်အခြေအနေကို သိတာဖြစ်မယ်။ မရောက်ခင်က သေချာမသိလိုက်ဘူး။ စိုးရိမ်နေပုံရရင်. . .ခေါင်းဆောင် ကျွန်မအထင်တော့ လျန်လျန်အပေါ်ကို ကောင်းတဲ့လူထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ အိမ်ကလူတွေအပြင် လျန်လျန်ကို ဘယ်သူကကောင်းပေးသေးလဲ? ကျွန်မတို့ အကောင်းမြင်တွေးကြည့်ရအောင်”   မိုလီသည် ချုံငုံ၍ ပြောဆုံးသွားသည်။

ထိုအခမှ ဝူချန်းယွဲ့သည် အနည်းငယ်စိတ်အေးသွားသည်။ စာကိုပြန်ဖတ်ရင်း သူတစ်ခုကို ရုတ်တရပ် တွေးမိသွားသည်။   ‘လင်း? နေရာလွတ်စွမ်းအားရှင်? ငါစခန်းကို ပြန်မလာခင်တုန်းက ဒီလိုလူတစ်ယောက်နဲ့ ကြုံခဲ့ရသေးတယ်!’

ရုတ်တရပ် သူသည် အနောက်ပိုင်းရေကန်ခရိုင်တွင် သူ့ဇွန်ဘီအမြူတေကို ခိုးသွားသည့် မိန်းမကို ပြန်သတိရမိသည်။ သူမကို သူတိုက်ခဲ့သော်လည်း သူရှုံးခဲ့ရသည်။ ထို့အတူ သူမအား သူသည် ကိုက်တောင်ကိုက်လိုက်ခဲ့သေးသည်။    ‘ဒီမိန်းမက ကိုယ်ဖျောက်နိုင်ပြီး နယ်မြေရှိတယ်။ လျန်လျန်ကို သူခေါ်သွားတာလား?’

“ငါတစ်ယောက်ကို သွားရှာလိုက်ဦးမယ်!”   ဝူချန်းယွဲ့သည် ဒီလိုပြောကာ အပြင်သို့ထွက်သွားသည်။ ဒီမိန်းမအကြောင်းကို သူဘာမှမသိသဖြင့် လုထန်ရိကို သွားရှာမေးမှာ ဖြစ်သည်။ သူကရုတ်တရပ် ထွက်သွားသဖြင့် တခြားသူများသည်လည်း သူ့နောက်သို့ လိုက်ရသည်။

. . .

တစ်ဖက်တွင်တော့ လင်းချင်းသည် ဝူယွဲ့လျန်အား နယ်မြေထဲသို့ ခေါ်လာခဲ့သည်။

“ကလေးမလေး?”   သူမသည် ကလေးမလေး၏ မှေးစဉ်းကျနေသည့် မျက်လုံးထဲသို့ ကြည့်ကာ နူးညံ့စွာ ​ခေါ်သည်။ သို့သော်လည်း ကလေးမလေးသည် ဘာကိုမှ မတုန့်ပြန်ပေ။

လင်းချင်းသည် ဒူးတစ်ဖက်ချ၍ ထိုင်လိုက်ကာ ကလေးမလေးကို ပေါင်ပေါ်သို့ တင်၍ပွေ့ထားလိုက်သည်။ ထို့နောက် နေကာမျက်မှန်ကိုချွတ်လိုက်ကာ ကြည့်လိုက်သည်။ သူမ၏ မျက်စံအစိမ်းနှင့် မျက်သားနက်များဖြင့် ကြည့်နေရင်း  ထပ်ခေါ်သည်။   “ကလေးမလေး ငါဘယ်သူလဲဆိုတာ နင်သိလား?”

ကလေးမလေးသည် သူမ၏မျက်လုံးကို မြင်သည့်အခါ အနည်းငယ်ပြောင်းသွားသည်။ သို့သော်လည်း ခနပဲဖြစ်ကာ တခြားပြောင်းလဲမှုမျိုး မရှိတော့ပေ။ 

လင်းချင်းသည် သူမကို ကန်နားသို့ ခေါ်သွားကာ နွယ်လေးအား
“နွယ်လေး ကလေးမလေးရဲ့ အစွမ်းက နိုးလာတော့မယ်။ ငါတို့ ဘာလုပ်ကြမလဲ?”

နွယ်လေးသည် ဝူယွဲ့လျန်၏ကိုယ်အား နွယ်တစ်ခုဖြင့် ညင်သာစွာ ပတ်လိုက်ကာ နောက်တစ်ခုက လင်းချင်းကို လာပတ်ရင်း   ‘မေမေ စိတ်မပူနဲ့ နွယ်လေးက သူ့အစွမ်းကို နှိုးပေးလိုက်မယ်’

လင်းချင်းသည် ခေါင်းငြိမ့်ကာ နွယ်လေးအား ဝူယွဲ့လျန်ကို ကန်အောက်ခြေသို့ ခေါ်သွားခိုင်းလိုက်သည်။ 

လျူကျွင်းနှင့် ချူးလီလီတို့သည် လင်းချင်း၏ဘေးသို့ ရောက်လာကြသည်။ ဝူယွဲ့လျန်ကို သူတို့မသိကြသဖြင့် စပ်စုစွာဖြင့်   “ဒါနင်နဲ့နွယ်လေးတို့ပြောနေတဲ့ ကလေးမလေးလား? ဘယ်သူ့သမီးလေးလဲ? ဘာဖြစ်လို့လဲ?”

“ပင်လယ်မြို့တော်စခန်းက မင်းသမီးလေး။  ဘာဖြစ်လို့မှန်းမသိပင်မယ့် သူ့အစွမ်းတွေကလည်း ရုတ်တရပ်နိုးလာလို့”   လင်းချင်းက ပြောသည်။

“မင်းသမီးလေး? စခန်းခေါင်းဆောင်ရဲ့ သမီးလား? နင်နဲ့နွယ်လေးတို့က သူ့ကိုသိတယ်လား?”   လျူကျွင်းက မေးသည်။ လင်းချင်းသည် မင်းသမီးလေးကို အကြောင်းပြချက်ကောင်း မရှိဘဲ ခေါ်လာမှာ မဟုတ်ဘဲ ကုခိုင်းမှာ မဟုတ်သည်ကို နားလည်သည်။ နွယ်လေးကလည်း အပြင်ကသူကို ခံစားချက်မျိုးရှိနေသည့် အကြောင်းတစ်ခုခု ရှိနိုင်သည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ငါတို့နဲ့ သိတယ်။ နင်တို့နှစ်ယောက်နဲ့ မတွေ့ခင် သူ့ကိုတွေ့တာ။ တကယ်တော့ ဒါကလည်း အရင်ကိုယ်ရဲ့ ပြဿနာတစ်ခုပါ”

လျူကျွင်းနှင့် ချူးလီလီတို့သည် သိချင်စွာ ကြည့်ကြသည်။ သို့သော်လည်း လင်းချင်းက သူမတို့ကို ပြောပြဖို့ အစီအစဉ် မရှိသေးပေ။   “ငါနောက်မှ ပြောပြမယ်။ အခုတော့ ယွမ်ထန်ရှင်းကို စခန်းအပြင်ထွက် လိုက်ရှာလိုက်ဦးမယ်!”

“ဟင်?”   လျူကျွင်းနှင့် ချူးလီလီတို့သည် သူမကို အံ့သြစွာကြည့်သည်။   “ပင်လယ်မြို့တော်စခန်းကို ရောက်နေတဲ့ ယွမ်ထန်ရှင်းမလား? သူကဘယ်ကို သွားပြန်ပြီလဲ?”

လင်းချင်းသည် ခေါင်းကိုခါကာ   “သူဒီမှာမရှိတော့ဘူး။ ငါတို့ထွက်စာရင်းကို ကြည့်ပြီးပြီ။ နှစ်နာရီလောက်ကပဲ ထွက်သွားတာ။ အခုငါသူတို့ကို လိုက်ရှာရတော့မယ်!”

လျူကျွင်းနှင့် ချူးလီလီတို့သည် ဘာပြောရမလဲ မသိတော့ပေ။

လင်းချင်းသည် နွယ်လေးက ဝူယွဲ့လျန်အား ကန်ထဲသို့ ခေါ်သွားသည်ကို ကြည့်လိုက်သည်။ သူမသည် အနည်းငယ်စိတ်ပူသေးသည်။ သို့သော်လည်း နွယ်လေးက လင်းရှောင်လု၏အစွမ်းကို နှိုးရာတွင် ကူညီပေးဖူးထားသည်က တော်သေးသည်။ ထို့ကြောင့် ဒီတစ်ခေါက်လည်း အဆင်ပြေမည်ဖြစ်ကြောင်းကို သူမခန့်မှန်းမိသည်။

သူမသည် ဒီမှာနေရင်လည်း ကူညီနိုင်မှာ မဟုတ်သည်ကို သိသဖြင့် လင်းချင်းသည် နယ်မြေကနေထွက်ကာ အပြင်သို့ ထွက်လာသည်။ သူမသည် ယွမ်ထန်ရှင်းတို့က ဖြစ်နိုင်သမျှ မြန်မြန်တွေ့ရဖို့ မျှော်လင့်နေမိသည်။  
Previous Chapter 303 of 410 Next