May Honey Logo May Honey
Previous Next

၃၁၆။ ငါ့ကိုလွှတ်ပေး

ဖြောင်ကောချန်သည် အမျိုးသမီးအား သူ့အောက်သို့ ဆွဲလိုက်ကာ မျက်နှာကို ဆေးလိပ်မီးခိုးဖြင့် မှုတ်ထုတ်လိုက်ပြီးနောက် စီးကရက်ဖင်စီခံကို လွှတ်ပစ်လိုက်ကာ အမျိုးသမီး၏ ကော်လံကနေ ဆွဲမလိုက်သည်။

“အာ့. . .ဟင်း. . .”

အမျိုးသမီးသည် ရုန်းကန်ရန် အတင်းကြိုးစားသည်။ သူမသည် ငါးအမြီးလိုတစ်ခုတည်းဖြစ်အောင် နှစ်ဖက်တုပ်ခံထားရသည့် ခြေထောက်ဖြင့် ဒီယောက်ျားထံမှလွတ်အောင် ကန်သည်။

သို့သော်လည်း ဖြောင်ကောချန်သည် သူမ၏အဝတ်များကို အကြမ်းပတမ်းဆွဲပစ်သဖြင့် သူမ၏အဝတ်များသည် အပိုင်းပိုင်းအစစ ပြဲကုန်လေသည်။ ဒီယောက်ျားသည် မိန်းမအဝတ်များ ဖြဲရသည့် ခံစားချက်ကို တကယ်ကြိုက်သည့်သူ ဖြစ်သည်။

“ဟင်း. . .”

သွေးပျက်နေသည့် မျက်ရည်များအပြည့် အကြည့်တို့ဖြင့်သူမထံမှ ပါးစပ်တွင်တိပ်ဖြင့် ပိတ်ခံထားရသောကြောင့် မပီမသအော်ဟစ်နေသည့် အသံတို့က ထွက်နေသည်။

ဖြောင်ကောချန်သည် သူမ၏နှင်းလိုဖြူသည့် ရင်သားများကို ဖြစ်ညှစ်လိုက်သည်။ နူးညံ့ကာ ဆွဲလို့ရသည့် ခံစားချက်ကို သူလက်ဝါးကနေ ခံစားမိသဖြင့် သူ့စိတ်တို့က ပိုတက်ကြွလာသည်။

“ဟင်း. . .”

ဖြောင်ကောချန်သည် အမျိုးသမီး၏မျက်နှာဘေးတွင် သူ့ကိုယ်သူအားပြုရန် လက်တစ်ဖက် ထောက်ထားသည်။ သူမ၏ မျက်နှာပေါ်မှ အကြည့်များကို မြင်သည့်အခါ ထိုလက်ဖြင့် သူမ၏ပါးစပ်ကို ပိတ်ထားသည့်တိပ်ကို ဖြုတ်လိုက်သည်။

“အား!!! မဟုတ်ဘူး!!! မဟုတ်ဘူး!!! ကျေးဇူးပြုပြီးတော့ လွှတ်ပေး. . .မဟုတ်. . .”

အမျိုးသမီးသည် ပါးစပ်ကတိတ်ကွာသည်နှင့် ငိုသံဖြင့်အော်ဟစ်လေသည်။ သူမသည် အော်နေရင်း ဒီလူထံမှ ရုန်းနိုင်သမျှရုန်းရှာသည်။

ဖြောင်ကောချန်သည် ညစ်ပတ်စွာ ရယ်မောရင်း သူမအား

“အော်! ဆက်အော်နေ! ငါမိန်းမတွေကို မုဒိန်းကျင့်ရတာကို တကယ်ကြိုက်တယ်။ ငါ့ကိုပြန်ခုခံနေတဲ့ မိန်းမကမှ ငါ့အတွက် သာယာဖို့ကောင်းတာ။ ဟား. . .”

ဒီလိုစကားပြောရင်း သူမ၏အပေါ်သို့ အားကြီးဖြင့် လှဲချလိုက်သည်။

“မဟုတ်ဘူး. . .ရပ်! ရပ်!!! ကူညီကြပါ! ကူညီပါ! တစ်ယောက်ယောက် ကယ်ကြပါဦး!!! မဟုတ်. . .”

ထိုအချိန်တွင် ဖြောင်ကောချန်သည် စိတ်မရှည်စွာဖြင့် အမျိုးသမီး၏နှုတ်ခမ်းကို စီးကရတ်အနံ့ဆိုးဆိုးဝါးဝါးရနေသည့် သူ့ပါးစပ်ကြီးဖြင့် ပိတ်လိုက်လေသည်။ သူ့လက်နှစ်ဖက်လုံးကလည်း အလုပ်များနေသေးသည်။

“မဟုတ်. . .မဟုတ်. . .”

အမျိုးသမီးသည် သူမ၏ပါးစပ်ထဲသို့ ရွံ့ဖို့ကောင်းတာများ စီးဝင်လာသည်ကို ခံစားမိကာ ချောကျိနေသည့် လျှာကြီးသည် သူမ၏သွားများကို ဖြတ်ကာ ပါးစပ်ထဲသို့ ဝင်လာသည်။

ထိုအချိန်တွင် အပြင်က ယောက်ျားများသည် တံခါးကိုနားကပ်၍ အထဲကအသံများကို စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေကြသည်။

“ဝိုး! ကြမ်းလာပြီ! ဒီမိန်းမအော်သံက ကောင်းလိုက်တာ!”

“နားထောင်ကြည့် သူ့အသံက မရှင်းမရှင်းဖြစ်နေတယ်။ ဒုခေါင်းဆောင်က သူ့ကိုမနမ်းဘဲ နေနိုင်မှာ မဟုတ်ဘူးလို့ ငါလောင်းရဲတယ်!”

အခန်းထဲတွင် မုဒိန်းမှုဖြစ်နေကာ တံခါးအပြင်ကလူများက ဒါကိုအရသာခံ၍ နားထောင်နေကြောင်းကို ဘယ်သူကမှ သတိမထားမိကြပေ။ ဒီအဆောက်အဦးအရှေ့ကနေ ဖြတ်သွားသည့်သူရှိလျှင် အမျိုးသမီး၏ အော်ငိုနေသံကို ကြားရင်တောင်မှ ဝင်ပါကြမှာ မဟုတ်ပေ။ သူတို့သည် မကြားချင်ယောင်ဆောင်ကာ ထွက်သွားကြမှာပင်။

. . .

တစ်ဖက်တွင် လင်းချင်းသည် လင်းဖန်တို့ တိုက်ခန်းရှေ့သို့ ရောက်လာသော်လည်း လှေကားကနေ မတက်ပေ။ သူမသည် နံရံကို ခုန်တက်ကာ ပြတင်းပေါက်နေ ဝင်ဖို့လုပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တံခါးတွင် စောင့်နေသောကြောင့် ဖြစ်သည်။

လင်းဖန်၏ပြတင်းပေါက်ကို ရှာပြီးသည့်အခါ သူမသည် လျှင်မြန်စွာတက်၍ ပြတင်းပေါက်နေ ဝင်လိုက်သည်။ အမျိုးသမီးလင်းတို့သည် ဧည့်ခန်းမှ ဆိုဖာတွင်ထိုင်ကာ စကားပြောနေကြသည်။

“လင်းဖန်က ခေါင်းဆောင်ဝူအိမ်ကနေ ပြန်လာရင် စားမှာလား? နာရီဝက်ကျော်နေပြီ”

ချန်းဝမ်ရှုက ပြောသည်။ သူမသည် ဆိုဖာပေါ်တွင်ထိုင်ကာ လင်းရှောင်လုက သူမ၏ပေါင်ပေါ်တွင် ထိုင်နေသည်။

အမျိုးသမီးလင်းသည် ကုလားထိုင်ကို နောက်မှီထိုင်ကာ လက်ပိုက်ထားရင်း ခေါင်းခါကာ

“သူဟိုမှာ စားလာလောက်တယ်။ ခေါင်းဆောင်ဝူက လင်းဖန်ကို ဒီတစ်ခေါက်ဖိတ်တာဆိုတော့ တစ်နပ်ကျွေးမှာပါ။ သူတို့စားနေတုန်း ထင်တယ်”

လင်းဝမ်ဝမ်သည် သူမ၏ ဆံပင်ရှည်များကို ဖြီးနေရင်းက

“ဘာဖြစ်လို့လဲ? လုမိန်းကလေးကြောင့်လား?”

အမျိုးသမီးလင်းက ခေါင်းငြိမ့်ကာ

“ဟုတ်မယ် ထင်တယ်. . .မဟုတ်ရင် ဘာပြောစရာရှိလို့လဲ? ပြီးတော့လည်း ခေါင်းဆောင်ဝူက သူ့သမီးလေးကို ပြန်မှရှာမတွေ့သေးတာ။ တခြားအကြောင်းပြောဖို့ စိတ်ပါပါ့မလား?”

ကျန်သည့်သူများက ခေါင်းငြိမ့်ကာ သဘောတူကြသည်။

ထိုအချိန်တွင် လင်းချင်းသည်လည်း ခုံအလွတ်တစ်လုံးတွင် ဝင်ထိုင်ကာ ခေါင်းငြိမ့်မိသည်။ သူမက ကိုယ်ဖျောက်ထားသဖြင့် သူမကိုတော့ ဘယ်သူကမှ မမြင်နိုင်ပေ။

ထိုအချိန်တွင် လင်းဝမ်ဝမ်သည် နာရီကိုကြည့်ကာ

“တာဝန်ခန်းမကို ငါတို့သွားပြီးတော့ ဒီနေ့အလုပ်လျှောက်မယ့်သူ ဘယ်သူရှိမလဲလို့ ငါတို့သွားကြည့်ရမယ့် အချိန်ပဲ!”

ဒီလိုပြောကာ ထလိုက်သည်။

သူမထသွားသည့်အခါ လင်းဟောင်နှင့် လုံချင်းယင်တို့က သူမ၏နောက်ကနေ လိုက်သွားကြသည်။ သူတို့သုံးယောက်သည် တံခါးထံသို့ သွားသည်။ ဒီတိုက်ခန်းတွင် နေမှာဖြစ်သည့်သူများကလည်း သူတို့အား ထွက်လိုက်ပို့ကြသည်။

လင်းချင်းသည်လည်း သူတို့နောက်သို့ ထလိုက်ရသည်။ သူမထွက်လာသည့်အခါ လင်းဝမ်ဝမ်သည် တခြားအခန်းတံခါးကို ခေါက်နေသည်။

“တာဝန်ခန်းမကို သွားဖို့အချိန်ရောက်ပြီ!”

တံခါးသည်ပွင့်လာကာ တူယွမ်ရှင်းနှင့် လီကျန်းက ထွက်လာသည်။ တူယွမ်ရှင်းက

“ငါတို့နင့်ကို မျှော်နေတာ!”

လင်ဝမ်ဝမ်သည် သူတို့တံခါးရှေ့တွင်စောင့်နေသည့် တပ်သားများကို တစ်ချက်ကြည့်ကာ လမ်းလျှောက်ရင်း

“သွားရအောင်။ နေ့လည်စျေးကိုသွားပြီးတော့ ငါတို့လဲလို့ရတာ ဘာရှိမလဲ သွားကြည့်ချင်သေးတယ်”

လင်းဟောင်သည် သူမအား နားမလည်စွာကြည့်ကာ

“ထပ်ပြီးတော့လား? မနေ့ကရော တနေ့ကရော အမသွားတယ်။ ငါတို့လဲသင့်သလောက် လဲပြီးနေပြီမလား?”

စျေးဆိုသည်မှာ အစာသို့မဟုတ် လိုအပ်သည့် တန်ဖိုးရှိအရာများအတွက် လူများလဲလှယ်ရာ ဖြစ်သည်။ အများစုကတော့ အစာအတွက် လဲလှယ်ကြသည်။ ဇွန်ဘီအမြူတေဖြင့် ပြန်လဲလို့လည်း သေချာပေါက်ကို ရပါသည်။ စျေးထဲတွင် ရောင်းချလို့လည်းရသည်။

ဒီရက်ပေါင်းတွင် လင်းဝမ်ဝမ်သည် လုံချင်းယင်အား စျေးသို့ ၃ခါတိုင်အောင် ဆွဲခေါ်သွားပြီးသား ဖြစ်သည်။ ထို့ကြောင့် လင်းဟောင်သည် သူမလိုအပ်သမျှကို ရပြီးသားဟု ထင်နေတာ ဖြစ်သည်။

လင်းဝမ်ဝမ်က မျက်လုံးကို လှန်လိုက်ကာ

“နင်က ဘာသိလို့လဲ? ဒါက ရတနာတူးရသလိုပဲ။ ငါအရင်က ကျန်ခဲ့တာ တစ်ခုခု ရှိရင်ရှိနေမှာပေါ့”

များသောအားဖြင့် ယောက်ျားများသည် အမျိုးသမီးတို့၏ စျေးဝယ်ရတာကို နှစ်သက်ခြင်းကို နားမလည်ကြပေ။ ထို့ကြောင့် လင်းဟောင်နှင့် တခြားယောက်ျားတို့သည် သူမတို့အား နားမလည်စွာသာ ကြည့်နေကြသည်။

သူတို့သည် အောက်ထပ်သို့ ဆင်းသွားသည့်အခါ တပ်သားများက သူတို့ကို တားမြစ်တာမျိုးမရှိသော်လည်း တပ်သားနှစ်ယောက်သည် သူတို့နောက်ကနေ လိုက်ပါသွားသည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်တွင် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့အား ရှောင်ယွင့်လုံက ပြန်လာပို့ပေးသည်။ သူပြန်သွားသည့်အခါ ကျန်သည့်တပ်သားအားလုံးကို သူနှင့်အတူ ပြန်ခေါ်သွားတော့သည်။

လင်းဝမ်ဝမ်တို့ တာဝန်ခန်းမသို့ ရောက်သည့်အခါ လူအချို့သည် ထောင့်နေရာတွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

ခန်းမထဲတွင် LED screenကြီး တစ်ခုရှိကာ ရရှိနိုင်သည့် တာဝန်အကုန်လုံးကို ပြထားသည်။ လူအများအပြားသည် လွတ်သည့်နေရာတို့တွင် တာဝန်ပေးရန် သို့မဟုတ် လူငှားခံရန်အတွက် ဆိုင်းပုဒ်များချထားကြသည်။

လင်းဝမ်ဝမ်တို့သည် သူတို့နေရာသို့ သွားသည့်အခါ ရိုးရှင်းစွာ ဝတ်ဆင်ထားသည့်သူအချို့ကို တွေ့လိုက်ရသည်။ သူတို့ရောက်သည့်အခါ လူတိုင်းသည် သူတို့ကို စိတ်လှုပ်ရှားစွာကြည့်ကြ၍ အချင်းချင်းတွန်းထိုးကုန်ကြသည်။ သို့သော်လည်း ဘယ်သူကမှ စမမေးရဲကြပေ။

“မဂ်လာပါ။ ဒီမှာအလုပ်လျှောက်ချင်လို့လား? ဘာအရည်အချင်းနဲ့ ဘယ်လိုလိုအပ်ချက်မျိုးတွေရှိလဲ?”

လင်းဝမ်ဝမ်သည် အရှေ့ကိုထွက်၍ ပြုံးကာမေးသည်။ ထိုအခါ လူတစ်ယောက်သည် သူ့သူငယ်ချင်းများထဲမှ တွန်းထုတ်ခံလာရကာ သူအလျင်စလိုဖြင့် လှည့်ကြည့်သည့်အခါ အခြားသူများက သူ့အားခေါင်းငြိမ့်ပြသည်။ ထိုအခါ လင်းဝမ်ဝမ်ကို ကြည့်၍ မရဲတရဲဖြင့်

“ငါတို့သိချင်တာက. . .သာမန်လူတွေကရော အလုပ်လျှောက်ရမလား? မရဘူးလား?”

လင်းဝမ်ဝမ်တို့သည် ဒီလူများမှာ သာမန်လူများဖြစ်ကြောင်း ရောက်တည်းက သိလိုက်သည်။ အစွမ်းရှိသည့်သူများသာဆိုပါက သူတို့သည် ရှက်ကြောက်နေမှာ မဟုတ်သလို ဒီလိုအနံ့ဆိုးများထွက်နေသည့် ညစ်ပတ်သည့်အဝတ်များကိုလည်း ဝတ်နိုင်မှာ မဟုတ်ပေ။

အစွမ်းရှိသည့်သူများက သူတို့နှင့် ဝေးရာသို့ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆဖြင့် ရှောင်ရပ်နေကြသည်။

Previous Chapter 316 of 410 Next