၃၂၅။ စစ်ခွေးလိုသုံးတယ်
လီကျန်းနှင့် ရှောင်ယွင့်လုံတို့သည် ခွဲသွားကြသည်။ ရှောင်ယွင့်လုံသည် လူ၃၀၀ကို အကြောင်းကြားဖို့လိုကာ ချန်ယုတင်း၏ လက်ထောက်အား သူတို့အဖွဲ့ကလူများကို စုဖို့ပြောရသည်။
လီကျန်းက သူ့အဖွဲ့ဆီသို့ ပြန်ရောက်သည့်အခါ သူများထက်အရင် ရောက်နှင့်နေသည့် လဲ့ယောင်က လီကျန်းကို မြင်သည်နှင့် “ချန်ယုတင်းက အိမ်မှာ မရှိဘူး။ သူ့အိမ်နီးချင်းတွေ ပြောတာကတော့ မနေ့ညက အိမ်ပြန်မလာဘူးတဲ့။ သူ့မိန်းမ ပျောက်နေတယ်ဆိုပဲ!”
ထိုအခါ လီကျန်းသည် ဝူချန်းယွဲ့၏အိမ်မှ ချန်ယုတင်း၏ မကောင်းသည့် မျက်နှာကို ပြန်သတိရလိုက်သည်။ ထို့ကြောင့် ခေါင်းငြိမ့်ကာ “ငါသူ့ကို ခေါင်းဆောင်ဝူအိမ်မှာ တွေ့ခဲ့တယ်။ သူတကယ်ကို စိတ်ပူနေတာ!”
“ဒါဆိုရင် ကျွန်တော်တို့နဲ့ လိုက်ဦးမှာလား?” လဲ့ယောင်က မေးသည်။
လီကျန်းက ခေါင်းခါကာ လင်းချင်းနှင့် လင်းဖန်တို့ဆီသို့ သွား၍ “ဝူချန်းယွဲ့ရဲ့ကားတွေက ၂နာရီကျရင် လူ၃၀၀နဲ့ ရောက်လာပါလိမ့်မယ်။ ပြီးတော့ အမကြီးကို သူ့အိမ်ကို လာတွေ့စေချင်တယ်တဲ့။ သူအကူအညီတောင်းဆိုစရာ ရှိပုံရပြီးတော့ ဘာပြန်လိုချင်လဲပါ မေးခိုင်းလိုက်တယ်”
လင်းချင်းသည် သူ့ကိုနားမလည်စွာကြည့်ကာ “နင်ပြောတာကို ငါကြားမိပါတယ်။ ချန်ယုတင်းရဲ့မိန်းမက ပျောက်နေတော့ ဝူချန်းယွဲ့ကဆီကို ဒီမနက် အကူအညီ သွားတောင်းနေတဲ့ပုံပဲ။ ဒါပင်မယ့် ဝူချန်းယွဲ့က ငါ့ကိုဘာလုပ်စေချင်တာလဲ?”
လီကျန်းက ခေါင်းခါကာ ပြောသည်။ “မသိဘူး။ ဘာပြန်လိုချင်လဲပဲ မေးခိုင်းလိုက်တာ”
လင်းချင်းသည် ခနတွေးသည်။ ‘ဒီယောက်ျားကတော့ ငါဇွန်ဘီမှန်း သိသွားတာလား? အဲ့ဒါကြောင့် ချန်ယုတင်းရဲ့ မိန်းမကို ရှာခိုင်းတော့မှာလား? ဒါပင်မယ့် ငါသူ့ရှေ့မှာ နေကာမျက်မှန်လည်း မချွတ်ဖူးပါဘူး။ ဘယ်လိုလုပ်သိသွားတာပါလိမ့်?
ဒီအတွေးက မှားသည်ဟု ယုံလိုက်မိသည်။ ‘ငါဇွန်ဘီမှန်းသာ သူသိလို့ကတော့ စခန်းကနေ ငါ့ကိုကန်ထုတ်မှာမလား? ငါစခန်းထဲမှာ စိတ်လွတ်သွားမှာကို သူမစိုးရိမ်ဘူးလား?’
‘ပြီးတော့လည်း ငါနဲ့တွေ့ချင်တယ်? ပျောက်သွားတဲ့မိန်းမကို ရှာစေချင်တာမလား? ငါ့ကိုရဲခွေးလို မြင်နေတာလား?’
သူမသည် မျက်လုံးကို လှန်လိုက်သည်။ ထို့နောက် နာရီကို ကြည့်သည့်အခါ ၁၀နာရီ မထိုးသေးကြောင်းကို တွေ့ရသည်။ ထွက်ခွာဖို့ ၄နာရီလောက် လိုနေသေးသဖြင့် ဝူချန်းယွဲ့ထံသို့ ဘာလဲသွားကြည့်ခြင်းက ကောင်းမည်ဟု သူမဆုံးဖြတ်လိုက်သည်။
လီကျန်းပြောသလိုသာဆိုလျှင် နောက်ထပ်လူ၁၀၀လောက် အလုပ်လုပ်ဖို့ ပို့ပေးရန် ဝူချန်းယွဲ့ကို တောင်းဆို၍ ရလောက်သည်။ သူမသည် လီကျန်းအား “ဟုတ်ပြီ ငါသွားလိုက်မယ်” ထို့နောက် လင်းဖန်အား ဝူချန်းယွဲ့၏အိမ်ကို ခနသွားမည့်အကြောင်း ပြောပြ၍ ထွက်လာသည်။
ဖြောင်ကောချန်၏ လူတို့ထံမှ အဖမ်းခံရသည့် အမျိုးသမီးသည် Fအပိုင်း၏ အခန်းတစ်ခုထဲတွင် ရှိနေသည်။ သူမ၏ နာမည်သည် ရှန်ယုကျန်းဖြစ်၍ ချန်ယုတင်း၏ မိန်းမဖြစ်သည်။
အခုတော့ သူမသည် မနေ့ကထက် အခြေအနေဆိုးနေသည်။ သူမသည် ကုတင်ပေါ်တွင် ကျိုးပဲ့နေသည့်အရုပ်လို လဲနေသည်။ သူမ၏ အဝတ်များသည် စုတ်ပြဲနေကာ နှင်းလိုဖြူသည့်အသားများတွင် အညိုမည်းတို့က ပြည့်နေ၍ သူမ၏ အစိတ်အပိုင်းတစ်ခုမှာသည် ညစ်ပတ်၍ သွေးများဖြင့် စွန်းထင်းနေသည်။
မျက်နှာတွင်လည်း ဒဏ်ရာများ ရှိသည်။ သူမ၏ မျက်လုံးတို့သည် တစ်ဝက်လောက်သာ ပွင့်တော့၍ ကယောင်ကတမ်းဖြစ်နေသလိုမျိုး မျက်နှာကျက်ကို ကြည့်နေသည်။
မနေ့က ဖြောင်ကောချန်က သူမကို မုဒိန်းကျင့်ပြီးနောက် တခြားယောက်ျားများသည် တစ်ယောက်ပြီးတစ်ယောက်ဝင်လာကာ သူမအား အကြမ်းပတမ်း မုဒိန်းကျင့်ကြသည်။ ဘယ်နှယောက်ဝင်လာ၍ ဘယ်နှယောက်ထွက်သွားသလဲ မမှတ်မိနိုင်လောက်သည့်အထိ သူမသည် မနေ့နေ့လည်တည်းက အကြိမ်ရေများစွာ လိင်အကြမ်းဖက်ခံလိုက်ရတာ ဖြစ်သည်။
တစ်ညလုံးဖြစ်၍ ညအမှောင်သည် သူမ၏အပေါ်က မျက်နှာကို သေချာမမြင်နိုင်သည့် ယောက်ျားများလောက် ကြောက်ဖို့ မကောင်းခဲ့ပေ။ မနက်မိုးလင်းသည့်အခါ သူမသည် မေ့မျောတော့မတက် ဖြစ်နေ၍ အသက်ရှုနှုန်းသည် မမှန်တော့ပေ။
ထိုအချိန်တွင် အပြင်က ယောက်ျားသည် နောင်တရစွာ ပြောသည်။
“ငါတို့အရမ်းပြင်းသွားတယ်။ ငါ့အထင် ဒီမိန်းမက နာရီပိုင်းအတွင်း သေတော့မှာပဲ!”
“တောက်! ဒါမင်းအပြစ်ပဲ သက်သက်သာသာလုပ်လို့ ငါပြောသားပဲ။ နောက်အနာဂတ်မှာသုံးဖို့ ငါတို့သူ့ကိုရှင်အောင် ထားရမှာကို မင်းက ဘယ်တုန်းကမှ မိန်းမနဲ့ မထိဖူးတဲ့အတိုင်းပဲ။ မင်းဘယ်နှခါ အခန်းထဲကို ဝင်သွားခဲ့တာလဲ?”
“သုံးခါ”
“လေးခါ”
“နှစ်ခါ”
“နှစ်ခါ”
“မြင်လား? သူက သာမန်လူပဲမလား? ဘာဖြစ်လို့ မင်းတို့ ဒီလောက် ကစားလိုက်ရတာလဲ? အားနည်းတဲ့ကိုယ်က ရှင်နိုင်မယ် ထင်လား?”
“ဟာ! သေသွားလည်း ဘာအရေးလဲကွာ။ အခုငါတို့တွေးရမှာက အလောင်းကို ဘယ်လိုလုပ်ကြမလဲ?”
“စခန်းကနေ မသိအောင် ခိုးလွှတ်ပစ်ရုံပဲရှိမယ်!”
“ဘယ်လိုလဲ? နံရံတွေက အစောင့်တွေနဲ့။ ငါတို့ထွက်တာနဲ့ တန်းမိပြီပဲ!”
လူအချို့သည် ရှန်ယုကျန်း၏ကိုယ်အား ဘယ်လိုလွှတ်ပစ်ကြမလဲကို ပြောနေကြသည်။ သူမသည် မသေသေးသော်လည်း အခုအချိန်တည်းက ဒီလူများသည် သူမကို သေလူအဖြစ် သတ်မှတ်ထားကြပြီ။
“ခနလေး! ငါ့မှာအကြံရှိတယ်။ ဇွန်ဘီသုသေသနအတွက် ဇွန်ဘီတွေ လိုနေတာပဲမလား? ငါတို့ဒီမိန်းမကို ဇွန်ဘီပြောင်းပြီး သွားပို့လိုက်မယ်!”
လူတစ်ယောက်က အတွေးတစ်ခုပေါ်လာကာ မျက်လုံးများတောက်၍ ထပြောသည်။
အခြားသူများသည် သူ့ကိုကြည့်ကာ နားမလည်စွာဖြင့် “ဇွန်ဘီအဖြစ်ပြောင်းကြမယ်? ဘယ်လိုလဲ? အရင်ဆုံး ဘယ်ကနေ ဇွန်ဘီပိုးကို ငါတို့သွားရှာကြမလဲ?”
ဒီအကြံကိုပေးသည့်သူသည် ယုတ်မာစွာပြုံးကာ “ဒါကိုမပူနဲ့။ ငါအခု ဇွန်ဘီပိုးသွားယူခဲ့မယ်။ မင်းတို့သူ့မျက်နှာကို ဖျက်ထားကြ။ အဲ့ဒါမှ သူ့ကိုဘယ်သူကမှ မှတ်မိမှာ မဟုတ်တာ။ ငါပြန်လာတာကို စောင့်နေကြ” ဒီလိုပြောကာ သူသည် အမြန်လှည့်ထွက်သွားသည်။ အခြားသူများက သူ့ကိုငေးကြည့်၍ ကျန်ခဲ့သည်။
“နှမြောစရာကြီးကွာ! ငါဒီမိန်းမနဲ့ ကစားလို့တောင် မဝသေးဘူး”
“ဟုတ်တယ်! သူက အရမ်းပျော့တာပဲ”
“ဟား! ဘာပဲဖြစ်ဖြစ် သေတော့မှာပဲကွာ။ အသက်ရှုနေတုန်း ငါတို့ဝင်ပြီး ထပ်လုပ်ကြမလား? ဒီအခွင့်အရေးကိုမယူရင် ငါတို့ထပ်ရမှာမဟုတ်ဘူး။ ဒီလိုကောင်းတာမျိုးက ဘယ်တော့မှ ငါတို့ဆီကို ထပ်ရောက်လာမလဲ မပြောတက်ဘူး”
“ဒီအကြံကို ကြိုက်တယ်!”
“ဝင်ရအောင်!”
ထို့နောက် လူအချို့သည် မှောင်နေသည့် အခန်းထဲသို့ဝင်ကာ ကုတင်ပေါ်တွင် မလှုပ်နိုင်အောင် လဲနေပြီဖြစ်သည့် အမျိုးသမီးအား ထပ်၍ အကြမ်းဖက်ကြပြန်သည်။
တစ်ဖက်တွင်တော့ ချန်ယုတင်းသည် လီကျန်းဆီမှ သတင်းပြန်လာဖို့ကို စောင့်နေရသည်မှာ စိတ်မရှည်တော့ပေ။ ဝူချန်းယွဲ့သည်လည်း ဒီလိုဖြစ်သည်။ နာရီဝက်ကြာသည့်အခါ ရှောင်လီချန်းက ဧည့်ခန်းထဲသို့ ဝင်လာကာ “ခေါင်းဆောင် လုမိန်းကလေး ရောက်လာပါပြီ”
ဝူချန်းယွဲ့သည် ဝူယွဲ့လျန်နှင့် ထမင်းစားခန်းတွင် မနက်စာ စားနေကြတာ ဖြစ်သည်။ ရှောင်လီချန်း၏အသံကြားသည့်အခါ ချက်ချင်းခေါင်းငြိမ့်၍ “ဝင်ခိုင်းလိုက်!”
ဧည့်ခန်းထဲတွင် ချန်ယုတင်းသည် ခုံကနေ အမြန်ထလာသည်။ ရှောင်လီချန်းကတော လင်းချင်းဝင်လာသည်နှင့် ထွက်သွားသည်။ ထို့နောက် အက်ကွဲ့သည့်အသံက ထွက်လာသည်။ “ပြော။ ငါဘာလုပ်ပေးရမလဲ?”
ဝူချန်းယွဲ့သည် သူမကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ သို့သော်လည်း ဘာမှမပြောပေ။ သူ့အရှေ့တွင်ထိုင်နေသည့် ဝူယွဲ့လျန်သည် သူမ၏ ပန်ကန်လုံးထဲက ခက်ရင်းကိုချ၍ ခုံကနေ လျှောဆင်းကာ လင်းချင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားသည်။ သူမ၏ ဖိနပ်အပါးလေးကိုတောင် မစီးနိုင်တော့ပေ။
“ဟေး! မနက်စာ မကုန်သေးဘူးလေ” ဝူချန်းယွဲ့သည် သူ့သမီးက ဇွန်ဘီမထံသို့ စိတ်လှုပ်ရှားစွာ ထွက်သွားသည်ကို ကြည့်ရင်း ဝူချန်းယွဲ့က အံ့သြနေသည်။
သူပြောနေရင်း ယုန်သည်လည်း လင်းချင်းထံသို့ ခုန်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ခုန်သွားသည်မှာ တကယ့်ကို အမြင့်ကြီးပင်။ အသေးလေးက သူမထံသို့ ပျော်ရွှင်စွာ ပြေးလာသည့်အခါ လင်းချင်းသည် ပြုံး၍ သူမကို ပွေ့ချီလိုက်သည်။
“ဝသွားပြီလား?”
ဒီလိုပြောရင်း သူမသည် ဆိုဖာပေါ်တွင် သူမအိမ်အတိုင်းပဲ ဝင်ထိုင်လိုက်သည်။
“ပြော။ ငါဘာလုပ်ပေးရမလဲ? အပေးအယူဖြစ်မယ်ဆိုရင် ငါ့အတွက် အလုပ်လုပ်ပေးမယ့်သူတွေ ထပ်လိုချင်တာပဲ ရှိမယ်” သူမက ပြောသည်။
ချန်ယုတင်းက သူမအား အမြန်ပြောသည်။ “လုမိန်းကလေး ငါ့မိန်းမကို အမြန်ရှာပေးနိုင်မလား?”
လင်းချင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။ “နင့်မိန်းမ ဘာဖြစ်လဲကို ငါသိပြီးပြီ။ သူ့ကိုရှာစေချင်ရင် ငါနဲ့အလုပ်လုပ်ဖို့ လူ၅၀ထပ်ပို့ပေး။ ရှာတွေ့ပြီး ပြန်အပါခေါ်စေချင်ရင် လူ၁၀၀”