၃၁၁။ ငါ့အကြောင်းပြောနေတာလား
သူတို့လေးယောက်လုံးမှာ လင်းချင်းက စားပွဲဘေးသို့ လျှောက်လာကာ ဟင်းပွဲများကို အနံ့ခံကြည့်သည်။ ဒီချက်ထားသည့် အစားအသောက်များမှ သူမသည် ဘာအနံ့ကိုမှ မရပေ။
“ခေါင်းဆောင်ဝူ ငါတို့ကို ထမင်းကျွေးချင်ရုံလောက်နဲ့ ဖိတ်တာတော့ မဟုတ်ဘူးမလား?” ယွမ်ထန်ရှင်းက မေးသည်။
ထိုအချိန်တွင် ရှောင်ယွင့်လုံသည် သူ့ပန်းကန်လုံးထဲသို့ စွပ်ပြုတ်များကို လောင်းထည့်နေပြီဖြစ်သည်။ ထိုစကားကိုကြားသည့် ဝူချန်ယွဲ့သည် ဧည့်သည်များအား စွပ်ပြုတ်ထည့်ပေးကာ “ငါ့မှာမေးစရာတချို့ရှိတယ်။ ဒါပင်မယ့်စားရင်း ပြောလို့ရပါတယ်။ ဒီမှာစွပ်ပြုတ်အရင် သောက်ပါဦး။ အေးသွားရင် စားလို့မကောင်းတော့ဘူး”
ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည် စွပ်ပြုတ်ကို တစ်ငုံစီ သောက်ပြီးနောက် လင်းဖန်က “စွပ်ပြုတ်က ကောင်းတယ်!”
လင်းချင်းသည် သူတို့ထံမှ အသုံးဝင်သည့်အကြောင်းများ ကြားချင်သော်လည်း သူတို့ကစားနေသဖြင့် ဘာမှဖြစ်တော့မည် မဟုတ်ဘူးဟု ထင်လိုက်သည်။ ထို့နောက် နယ်မြေထဲသို့ဝင်လိုက်ကာ ဝူယွဲ့လင်းကို ကြည့်လိုက်သည်။ ကလေးမလေးသည် လျူကျွင်းက စောင်ခြုံပေးထားသည့်အတိုင်း အိပ်ပျော်နေဆဲဖြစ်သည်။ တုံတုံက အနားက ဆိုဖာတစ်ခုပေါ်တွင် ပင်ပန်းပုံရသဖြင့် လာလှဲအိပ်နေသည်။
လင်းချင်းသည် ကုတင်နားသို့ လျှောက်လာကာ ဝူယွဲ့လင်း၏ ဆံပင်များကို ကိုင်ကြည့်လိုက်လေရာ ခြောက်နေပြီ ဖြစ်သည်။ ရှဲ့တုန်းက ဆံပင်ကို အခြောက်ခံပေးတာ ဖြစ်မည်ဟု လင်းချင်းက ခန့်မှန်းမိသည်။
ရှဲ့တုန်း၏ တည်ရှိမှုသည် အရမ်းကို အာရုံခံဖို့ဖျော့လွန်းသည်။ တကယ်တော့ သူသည် တစ်ချိန်လုံး လင်းချင်း၏ နယ်မြေထဲတွင် ရှိနေတာ ဖြစ်သည်။ ခုနက လင်းချင်းက အဝတ်ချွတ်စဉ်တုန်းက သူသည် သစ်တော်ထဲသို့ ဝင်သွားပေးတာ ဖြစ်သည်။
လင်းချင်းသည် ကလေးမလေးကို ပွေ့ချီလိုက်သည်။ ထိုအခါ ဘေးကလျူကျွင်းက မေးသည်။ “ထွက်တော့မလို့လား?”
လင်းချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့နှင့် ဧည့်သည်တို့သည် နွေးထွေးစွာ စားသောက်နေကြသည်။ ဝူချန်းယွဲ့သည် စကားကိုစမပြောသလို ယွမ်ထန်ရှင်းသည်လည်း ခနလောက်မပြောဘဲနေသေးသည်။ ထို့နောက် သူတို့ပဲ မနေနိုင်စွာဖြင့် စပြောရတော့သည်။ သူတို့သာ မပြောရင် တစ်ချိန်လုံး ဒီလိုစားနေရသည်က အဆင်ပြေမှာ မဟုတ်ပေ။
“ခေါင်းဆောင်ဝူ မပြောရင် ငါတို့ပဲ စပြောတာပေါ့။ ခုနတုန်းက ဒုခေါင်းဆောင်က စာကိုပြတဘ်။ လက်ရေးကို ငါတို့မှတ်မိပါတယ်” လင်းဖန်က ပြောသည်။
ဝူချန်းယွဲ့၏စားနေသည့်လက်သည် ခနတန့်သွားသည်။ ထို့နောက် ရှောင်ယွင့်လုံကို တစ်ချက်ကြည့်လေရာ ခေါင်းငြိမ့်ပြသည်။
“သူက မင်းတို့နဲ့လား? ငါအဝင်အထွက် အကုန်စစ်ပြီးပြီ။ ဒါပင်မယ့် နာမည်ကို မတွေ့ဘူး” ဝူချန်းယွဲ့သည် လင်းဖန်ကို နားမလည်စွာ မေးသည်။ သူသည် သံသယဝင်စရာ နာမည်တိုင်းကို တစ်ယောက်ချင်းစီတွေ့ကာ စစ်ပြီးပြီ ဖြစ်သည်။ သို့သော်လည်း ဒီနာမည်ဖြင့် အမျိုးသမီးကို မတွေ့ပေ။
‘သူစာရင်းမပေးခဲ့ဘူးလား?’
ဝူချန်းယွဲ့သည် ခနတွေးပြီးနောက် လင်းချင်းက ကိုယ်ဖျောက်နိုင်သည်ကို သတိရသွားသည်။ သူမသည်သာ ကိုယ်ဖျောက်၍ စခန်းထဲသို့ ဝင်လာလျှင် စာရင်းပေးစရာမလိုပေ။ သို့သော်လည်း ကိုယ်ပျောက်နေခြင်းသည် သူမက လေထဲမှာ ပျောက်နေတာ မဟုတ်ပေ။ သူမကို အဝင်ဝက စက်ပစ္စည်းမျိုးစုံဖြင့် စစ်ဆေးနိုင်ဆဲပင်။ သူမ၏ ကိုယ်အပူချိန်၊ နှလုံးခုန်သံနှင့် အသက်ရှုသံတို့သည် စက်များတွင် ဖမ်းမိသည်။
‘ဘယ်လိုများ ဝင်လာတာလဲ? ၇မီတာ ၈မီတာလောက်မြင့်တဲ့ နံရံကိုပဲ တွယ်တက်လာတာလား?’
“သူတို့နဲ့အတူရှိတယ်လို့ ပြောလို့ရပါတယ်” ယွမ်ထန်ရှင်းက ပြောသည်။ “ဒါပင်မယ့် သူကကိုယ်ဖျောက်နိုင်တယ်။ များသောအားဖြင့် သူပေါ်ချင်တဲ့နေရာမျိုးမှာ ထူးထူးဆန်းဆန်းပေါ်လာပြီးတော့ ပျောက်ချင်ရင်ပျောက်သွားတာ!”
ဝူချန်းယွဲ့သည် စိတ်ပူလာသည့်အခါ အပြုံးဖျော့ဖျော့က ပျောက်သွားသည်။ “ဒါပင်မယ့် ငါ့သမီးကို ဘာဖြစ်လို့ ခေါ်သွားတာလဲ? ဒါကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကူညီဖို့ တကယ်သိလို့လား?”
ယွမ်ထန်ရှင်းသည် လင်းဖန်ကိုကြည့်သည်။ လင်းဖန်က သူ့ကိုတစ်ချက်ပြန်ကြည့်ကာ ဝူချန်းယွဲ့အား “သူသိတယ်။ ငါ့သမီး ရှောင်လုလည်း အစွမ်းနိုးလာတာ မကြာသေးဘူး။ ဒီမိန်းကလေးက ငါ့သမီးကို အောင်မြင်အောင် ကူညီပေးတာ ။ ဒီလိုလုပ်တာ ငါတစ်ခါမြင်ဖူးပင်မယ့် လျန်လျန်က ငါ့သမီးလို အခြေအနေမျိုး ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပင်မယ့် စိတ်ပျက်နေတာထက် မျှော်လင့်ချက်ရှိတာက ပိုကောင်းပါတယ်!”
ဝူချန်းယွဲ့သည် သူ့ကိုအံ့သြစွာကြည့်ကာ “ခနလေး ခင်ဗျားသမီးရဲ့အစွမ်းလည်း နိုးလာတာလား? တကယ်လား?”
လင်းဖန်၏သမီး လင်းရှောင်လူသည် ၇နှစ်ရှိကာ လျန်လျန်ထက် ၂နှစ်ပဲကြီးကြောင်းကို သူသေချာသိသည်။ ‘ဘာဖြစ်လို့ ဒီလောက်ငယ်ငယ်လေးမှ အစွမ်းနိုးလာတာလဲ?’
သူသိသလောက်ရှိလျှင် လျန်လျန်သည် စွမ်းအားနိုးလာသည့် ဒုတိယကလေးဖြစ်သည်။ ‘ဘာတွေဖြစ်နေတာလဲ? ငယ်တဲ့အချိန်မှာ ဘာဖြစ်လို့ အစွမ်းတွေက နိုးလာကြတာလဲ?’
လင်းဖန်သည် ခေါင်းငြိမ့်ကာ “ငါလည်း တိတိကျကျ အကြောင်းပြချက်တော့ မပြောတက်ဘူး။ ရှောင်လုတုန်းကတော့ အစွမ်းနိုးနိုးချင်း တန်းသိတာမလို့ ဒီစာကိုချန်ပေးထားခဲ့သူက ချက်ချင်းကူညီပေးလိုက်တာ”
“အဲ့ဒါကြောင့် အခုစိတ်ပူမနေနဲ့တော့” ယွမ်ထန်ရှင်းက ဝူချန်းယွဲ့ကို ပြောသည်။ “သူက ယုံကြည်မှုရှိပါတယ်။ မဟုတ်ရင် လျန်လျန်ကို ခေါ်သွားပါ့မလား?”
ဝူချန်းယွဲ့သည် သူ့ကိုယ်သူစိတ်အေးအောင် ထားသော်လည်း သိချင်စိတ်ဖြင့် မနေနိုင်စွာ မေးသည်။ “အခုပြောနေတဲ့သူက ဘယ်သူလဲ?”
ထိုအခါ လင်းဖန်သည် သူ့အားထူးဆန်းသလိုကြည့်ကာ “တကယ်တော့ သူ့ကိုသိပြီးသားမလား? အရင်တစ်ခေါက်ကာ ဆံပင်တိုနဲ့ ဦးထုပ်ဆောင်းထားပြီး နေကာမျက်မှန်နဲ့ မိန်းမဆိုတာကို မြင်ဖူးမယ်ထင်တယ်။ အဲ့ဒါသူပဲ။ ငါတို့ကိုပြောတဲ့နာမည်နဲ့ ငါတို့သိတဲ့နာမည်ပဲ မတူတာ။ အဲ့ဒါကြောင့် သူ့ကိုပြောနေတာ ဟုတ်မဟုတ် ငါတို့လည်း မသေချာခဲ့တာ”
“သူ့နာမည်က လင်းမဟုတ်ဘူးလား? ငါ့ကိုသူကိုယ်တိုင် ပြောသွားတာ။ ဒီစာကိုလည်း မြင်ပြီးပြီမလား။ ဒါကသူ့လက်မှတ်မဟုတ်ဘူးလား?” ဝူချန်းယွဲ့က မေးသည်။
စာပေါ်က ‘လင်း’ဆိုသည့် နာမည်အကြောင်း ပြောသည့်အခါ လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် ထူးဆန်းသည့် ခံစားချက်ကို ရလိုက်သည်။
“ငါ့အကြောင်းပြောနေတာလား?” ရုတ်တရပ် ခြောက်ကပ်သည့်အသံတစ်ခုက ဝင်ပြောလာသည်။
လူတိုင်းသည် ခနတန့်သွားကာ အသံလာရာကို လှည့်ကြည့်ကြသည်။ သုံးမီတာလောက် အကွာတွင် ကလေးချီထားသည့် မိန်းမတစ်ယောက်ကို သူတို့မြင်လိုက်ရသည်။ သူမသည် ဦးထုပ်ဆောင်းထားကာ နေကာမျက်မှန်တစ်လက်ကို တပ်ထားသဖြင့် မျက်နှာကို သေချာမမြင်ရပေ။
ဘုန်း! ဝူချန်းယွဲ့သည် ချက်ချင်းထရပ်လိုက်သဖြင့် ထိုင်ခုံသည် နောက်သို့လန်ကာ လဲကျသွားသည်။
“လျန်လျန်!” သူ့၏အဖိုးတန်သမီးလေးကို သူသည်တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
ဝူချန်းယွဲ့သည် သူမအား တိုက်လာတော့မည့်ပုံရသဖြင့် လင်းချင်းသည် အနောက်သို့ ချက်ချင်း၂လှမ်းလောက် ဆုတ်လိုက်ကာ “ဟဲ့! ခနလေး! ခနလေး! ဒါကိုငါအရင်ရှင်းအောင် ပြောရဦးမယ်။ ငါအခု နင့်သမီးကို နင့်ကိုပြန်ပေးတယ်။ ပြီးတော့လည်း ကလေးက အခုလုံးဝကို ကျန်းမာသွားပြီ။ အိပ်ပျော်နေရုံတင်။ ၁နာရီ ၂နာရီလောက်ကြာရင် နိုးလာလိမ့်မယ်။ ငါ့ကိုထပ်တိုက်ဖို့ လုပ်ရင်တော့ ငါထပ်ပြန်လာခေါ်သွားမှာ!”
ဝူချန်းယွဲ့သည် သူမ၏စကားကို ကြားသည့်အခါ ရပ်သွားသည်။ သူမ၏လေသံသည် အစကတော့ ပုံမှန်ဖြစ်ပုံရသော်လည်း ဘာဖြစ်လို့ သူ့ကိုခြိမ်းခြောက်နေသလို ဖြစ်လာတာနည်း?
“ဟင်? ဘယ်တုန်းက ပြန်လာတာလဲ? လျန်လျန်ကရော?”
“ဟုတ်တယ်။ လျန်လျန်လေး ဘယ်လိုနေလဲ?”
ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည် လင်းချင်းကို အံ့သြစွာကြည့်ရင်း စကားထပြောကာ တင်းမာနေသည့် အခြေအနေကို လျှော့ကျစေဖို့ လုပ်သည်။
“ငါမသွားခဲ့ပါဘူး။ စခန်းအပြင်မှာရှိနေရုံတင်” စကားပြောရင်းဖြင့် လင်းချင်းသည် ဝူချန်းယွဲ့ထံသို့ ကလေးကို ပေးလိုက်သည်။ ထိုအချိန်တွင် သူမ၏ခေါင်းပေါ်သို့ ရုတ်တရပ်ကျလာနိုင်သည့် မိုးကြိုးအတွက်လည်း အသင့်ပြင်ထားရသေးသည်။ ‘အရင်ကလည်း ငါ့ကိုဒီလိုလုပ်ဖူးတယ်ဟ!’
ဝူချန်းယွဲ့သည် ကလေးကို အမြန်ယူကာ နဖူးနှင့်လည်ပင်းကို စမ်းကြည့်သည်။ သူမ၏သွေးခုန်နှုန်းနှင့် အပူချိန်တို့သည် ပုံမှန်ဖြစ်ကြောင်း ခံစားမိသည်။ ထိုအချိန်တွင် သူရင်သည် ပေါ့သွားသည်။ သူ့သမီးအဆင်ပြေမှန်းသိမှ ဝူချန်းယွဲ့သည် စိတ်သက်သာသလို ခံစားရသည်။
ထို့နောက် လင်းချင်းသည် မေးခွန်းကို မဖြေသေးကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် ခေါင်းမော့ကာ မေးလိုက်သည်။ “အခုလျန်လျန်အခြေအနေက ဘယ်လိုလဲ?”
လင်းချင်းသည် မျက်လုံးကို လှန်လိုက်ကာ “နိုးလာရင်သိရမှာပေါ့” ဒီလိုပြောပြီးနောက် လင်းချင်းသည် ပျောက်သွားသည်။
ထိုအချိန်တွင်ပဲ မုန့်ယွဲ့သည် ဝူချန်းယွဲ့၏ အနားသို့လာကာ ဝူယွဲ့လျန်၏လက်ကိုကိုင်၍ သူမ၏အာရုံသိဖြင့် ကြည့်လိုက်သည်။ ကလေးသည် တကယ့်ကို ကျန်းမာနေပြီ။
“လျန်လျန်က တကယ်ကောင်းသွားတဲ့ပုံပဲ” သူမသည် ဝူချန်းယွဲ့အား စိတ်သက်သာရသည့်လေသံက သိသာစွာဖြင့် ပြောသည်။