May Honey Logo May Honey
Previous Next

၂၀၄။ ဇွန်ဘီတွေလည်းအငြိုးထားနိုင်တယ်

လုထန်ရိသည် လင်းချင်းကိုကြည့်ကာ မေးလိုက်သည်။   “အပြင်က အဆင့်၆ဇွန်ဘီကို နင်မနိုင်ဘူးမလား?”

လင်းချင်းသည် မျက်လုံးကိုလှန်လိုက်သည်။ လုထန်ရိက သူမ၏အမှုအယာကို မမြင်သော်လည်း ခနတွေးပြီးနောက်   ‘ဇွန်ဘီဘုရင်ကို သတ်နိုင်ရင် ငါတို့နဲ့ အခုလို ငါပုန်းစရာမှ မလိုတာ။ ဒါပင်မယ့်လည်း လူတိုင်းကို ကယ်လိုက်နိုင်တာပဲ တကယ်အံ့သြဖို့ကောင်းအောင် တော်လွန်းနေပြီ’

သို့သော်လည် သူထပ်မေးလာသည်။   “ငါတို့ဘယ်လိုလုပ်ကြမလဲ? ထွက်သွားတဲ့အထိ နယ်မြေထဲမှာ နေကြမှာလား?”

လင်းချင်းသည် အလှည့်ကျ ရေသောက်နေသည့်သူများကို တစ်ချကကြည့်ကာ ရှဲ့တုန်းအာ ပုခုံးပုတ်လိုက်သည်။ ရှဲ့တုန်းသည် သူမကိုကြည့်လာသည့်အခါ မီဖိုချောင်ပစ္စည်းများ ထားရာကို ညွှန်ပြလိုက်သည်။ ပန်းကန်ခွက်များက ထိုနေရာတွင် ထားသည်။ ရှဲ့တုန်းသည် ခေါင်းငြိမ့်ကာ သွားလိုက်သည်။ လင်းချင်း၏ အဓိပ္ပာယ်ကို သူသိသည်။ သူမက ဒီလူများကို ရေသောက်ဖို့ ခွက်အချို့ပေးခိုင်းနေတာပဲ ဖြစ်သည်။ 

လင်းချင်းသည် ရှဲ့တုန်းနှင့်အတူ လိုက်လာကာ စတီးပန်းကန်တစ်ချက်ကိုယူ၍ လုထန်ရိအား အနားသို့လာဖို့ လက်ချောင်းကို ကွေးပြကာ ခေါ်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီခင်းဆီသို့ လျှောက်သွားသည်။ သူမ၏နယ်မြေထဲတွင်ကြောင့်လားမသိ စတော်ဘယ်ရီပင်များသည် ပိုရှင်သန်ကြီးထွားလို့ နေကြသည်။ စတော်ဘယ်ရီသီးပေါ်ချိန် မဟုတ်သော်လည်း ဒီအပင်များသည် အသီးများကို ထပ်သီးလို့နေသည်။ ပထမအသီးများသည် သူမတို့ခူး၍ရော ယုန်နှင့်ကြွက်တို့က စား၍ရော ကုန်သွားပြီဖြစ်သည်။

လင်းချင်းသည် မှည့်နေသည့် စတော်ဘယ်ရီသီးများကို ကုန်း၍ခူးကာ ပန်းကန်ပြားပေါ် တင်လိုက်သည်။ ထိုအချိန်တွင် သူမ၏အနောက်က နှစ်မီတာလောက် အကွာတွင် ရှိနေသည့် လုထန်ရိအား
“ငြိုးမယ်”

လင်းချင်းသည် ဖြည်းဖြည်းချင်းပြောသော်လည်း လုထန်ရိသည် သူမ၏စကားမဆုံးခင် သူမပြောချင်သည်ကို သိလိုက်သည်။   ‘ဇွန်ဘီဘုရင်ကို ပြောနေတာမလား? ဒါပင်မယ့် ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငြိုးသွားမှာလဲ?’

“ဘာအငြိုးလဲ? ငါတို့နင့်နယ်မြေထဲမှာ ဆိုတာကို သိပြီးတော့ နင်လည်း မကြာခင်ထွက်လာမယ်ဆိုတာလား? အဲ့အကောင်က ဒါကိုနားလည်လို့လား?”   လုထန်ရိသည် နားမလည်နိုင်စွာ မေးသည်။

လင်းချင်းသည် ထိုင်ချလိုက်ကာ စတော်ဘယ်ရီသီးများ ခူးနေရင်း သူ့စကားကြားသည့်အခါ လုပ်နေသည်ကိုရပ်၍ သူ့ကိုပြန်လှည့်ကြည့်ကာ   “နင့်လောက်ဉာဏ်ကောင်းတယ်”

ဇွန်ဘီဘုရင်သည် လုထန်ရိလောက်ကို ဉာဏ်ကောင်းသည်။ လုထန်ရိတောင် ဒါကိုသိရင် သူလည်းသိမှာပင်။ ထို့အပြင် လူတစ်ဖွဲ့လုံးက ထွက်ခွာမည့်ဟန်မရှိဘဲ ရုတ်တရက်ပျောက်သွားသဖြင့် လင်းချင်းမှာ နယ်မြေရှိမည်ကို သိမှာအမှန်ပင်။

လုထန်ရိသည် ဘာပြောရမလဲ မသိပေ။ သူသည်မီတာနှစ်ဆယ်လောက်ဝေးသည့် သူ့လူများကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့်   “နင်ဘယ်လိုသေသွားတာလဲ?”

လင်းချင်းသည် သူ့ကိုခေါင်းမော့ကြည့်လာသည်။ လုထန်ယု၏ မှတ်ဉာဏ်ကို ခနနောက်တူးဆွကြည့်ပြီးနောက်    “ဇွန်ဘီအုပ်ထဲပစ်ချခံရတာ”   ဒီလိုပြောပြီးနောက် သူမသည် စတော်ဘယ်ရီသီးများကို ဆက်ခူးသည်။ ဆယ့်ငါးလုံးလောက်ခူးပြီးသည့်အခါ ပန်းကန်ကိုကိုင်၍ ရှဲ့တုန်းတို့ဆီသွားလိုက်သည်။ 

လုထန်ရိမှာတော့ သူမ၏စကားများကို တွေးနေသည်။
‘ဇွန်ဘီအုပ်ထဲကို ပစ်ချခံရတာလား? ဘယ်လိုလုပ်ပြီးတော့လဲ? နောက်ကနေ သူ့ကိုကန်ချလိုက်တာလား? ဒါမှမဟုတ် သူ့ကိုတိုက်ပြီးမှလား? ဟိုသုံးယောက်က စွမ်းအားရှင်တွေဆိုတော့ သူကသာမန်လူပဲဟာ။ အလွယ်လေးတွန်းချလိုက်တာ နေမှာ။ ဒါပင်မယ့် မသတ်ဘဲနဲ့ ဘာဖြစ်လို့ ဇွန်ဘီအုပ်ထဲကို ချခဲ့ရတာလဲ? မသေပင်မယ့် မေ့သွားရင်လည်း ဇွန်ဘီကိုက်လို့ နာနေရတာကြောင့် နိုးလာမှာပဲ။ ပြီးတော့ နိုးလာရင်လည်း ဇွန်ဘီအကိုက်ခံနေရတာကြီး။ တကယ်ကြောက်ဖို့ကောင်းခဲ့မှာပဲ!’
ဒီအတွေးဖြင့် လုထန်ရိသည် လင်းချင်း၏နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်နေစဉ် ဘယ်လိုများ အသိစိတ်ရှိသည့် ဇွန်ဘီဖြစ်လာသလဲကို တွေးမိနေရင်း မေးခွန်းပေါင်းစုံ ထွက်လာသည်။
‘ဇွန်ဘီဖြစ်လာတော့ သူဘယ်လူသားကိုမှ မစားဘူးလား?’

လင်းချင်းသည် ရေပုံးရှိရာသို့သွားလိုက်သည်။ အကုန်လုံးသည် ရေသောက်ပြီး၍ ထိုင်နားနေပြီဖြစ်ရာ လင်းချင်းသည် ရေပုံးကိုယူကာ ရေဖြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးများကို နှစ်လိုက်သည်။ ထို့နောက် ရေပုံးကို သူတို့အားပေးကာ
“စား”

ထိုအချိန်မှာ ဒီလူများသည် လင်းချင်း၏အသံက ထူးဆန်းသလို စကားပြောပုံသည်လည်း ဆန်းနေသည်ကို သိလိုက်ကြသည်။ သို့သော်လည်း ဘာမှမမေးဘဲ စတော်ဘယ်ရီသီးကြီးများကိုကြည့်ကာ နားမလည်စွာ တွေးနေကြသည်။   ‘ငါတို့ကိုသန္ဓေပြောင်းအသီးတွေ စားခိုင်းနေတာလား? မဖြစ်နိုင်တာ!’

လင်းချင်းသည် သူတို့ဆီကနေ ထွက်လာရင်းဖြင့် ဖြည်းဖြည်းချင်းပြောသည်။   “သူစားတယ်”   ‘နင်တို့ဆရာတောင် တစ်လုံးစားထားပြီး အဆင်ပြေနေတာ။ ဘာကိုကြောက်နေကြတာလဲ?’

ထိုအခါ တစ်ဖွဲ့လုံးသည် လုထန်ရိကိုကြည့်ကာ တအံ့တသြဖြင့်   “ဆရာ ဒါတွေကို စားလိုက်တာလား?”

“မဖြစ်နိုင်တာ ဘာဖြစ်လို့ စားတာလဲ?”

“ဆရာ ဒါတွေက စားလို့ရလို့လား?”

လုထန်ရိသည် သူတို့နားသို့သွားကာ လင်းချင်းကိုကြည့်လိုက်သည်။ သူလည်းမသေချာပေ။ သူသည် ရန်စခံနိုင်ရ၍ စားလိုက်မိတာဖြစ်သည်။ စားချင်လို့ စားခြင်းမဟုတ်သော်လည်း အနည်းဆုံးတော့ သူအခုအထိ အဆင်ပြေနေသေးသည်။ စား၍ရခြင်းလား? အဆိပ်က မပြသေးတာလားတော့ သူလည်းမပြောတက်ပေ။

သူတို့ကကြောက်နေသဖြင့် လင်းချင်းသည် အတင်းမစားခိုင်းသော်လည်း ရှဲ့တုန်းအား ပေးထားလိုက်သည်။ ထို့နောက် သူတို့နားကခွာကာ ထိုင်ခုံတွင်သွားထိုင်နေလိုက်သည်။   ‘မစားလည်းနေပေါ့။ အဆာလွန်သေမှာက ငါမှမဟုတ်တာ’

သူတို့သည် အံ့သြနေကြသည်။ လင်းချင်းက သန္ဓေပြောင်းအသီးများ ကျွေးခြင်းကို နားမလည်သော်လည်း ဗိုက်ဆာနေခြင်းကတော့ ၂ရက်ရှိပြီဖြစ်၍ ရှဲ့တုန်း၏လက်ထဲက ပန်းကန်ကို မကြည့်ဘဲ မနေနိုင်ကြပေ။ စိတ်ထဲတွင် စားချင်စိတ်ကို မနည်းထိန်းနေရသည်။

သူတို့သည် လုထန်ရိထံမှ စတော်ဘယ်ရီကစားရသည် ဆိုသည်ကို  ကြားချင်စွာဖြင့် မျှော်လင့်ချက်အပြည့်ကြည့်နေကြသည်။ သို့သော်လည်း စားလိုက်မှ သူတို့တစ်ခုခုဖြစ်သွားမည်ကိုတော့ စိုးရိမ်နေသေးသည်။ သူတို့အကြည့်အောက်တွင် လုထန်ရိက ပြောလာသည်။   “ငါစားထားတယ်။ အခုအထိတော့ ဘာမှမဖြစ်သေးဘူး။ နာရီပိုင်း ရက်ပိုင်းကြာမှ တစ်ခုခုဖြစ်ရင်တော့ ငါလည်းမသိဘူး”

“စမ်းသပ်ချက်တွေအရတော့. . .”   ကောင်းချင်းမင်းက ပြောသည်။   “လူတစ်ယောက်က ဇွန်ဘီကိုက်ခံရရင် သေသွားတာနဲ့ သုံးမိနစ်တွင်း ဇွန်ဘီဖြစ်လိမ့်မယ်။ တကယ်လို့ အဲ့ဒီလူကအားနည်းရင် ချက်ချင်းသေမယ်။ နည်းနည်းသန်ရင်တော့ သေဖို့က နည်းနည်းကြာလိမ့်မယ်။ ဒါကိုငါတို့အားလုံးသိတယ်မလား”

အခြားသူများသည် ခေါင်းငြိမ့်ပြသည်။ သူပြောသည်မှာ လူတိုင်းသိကိုသိရမည့် အကြောင်းအရာပင်။

ကောင်းချင်းမင်းက ဆက်ပြောသည်။   “သန္ဓေပြောင်းအပင် ဒါမှမဟုတ် အကောင်ကို စားလိုက်ရင်တော့ ဇွန်ဘီဖြစ်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ငါတို့မသိဘူး။ ဒါပင်မယ့် သေရင်ဇွန်ဘီတော့ ဖြစ်မှာပဲ”

သူပြောချင်သည်မှာ သန္ဓေပြောင်းအပင်နှင့် တိရစ္ဆာန်များကို စားသည့်မည်သူမဆို အနှေးနှင့်အမြန် ဇွန်ဘီဖြစ်မည်။ အချို့အရာများသည် လူတို့ကို သုံးစက္ကန့်အတွင်းသေစေသော်လည်း တစ်ခါတစ်လေတော့ ဒီလိုဖြစ်စဉ်သည် သုံးနာရီ သို့မဟုတ် သုံးရက် သို့မဟုတ် သုံးလလောက် ကြာတက်သည်။  
Previous Chapter 204 of 410 Next