၂၆၁။ မှော်ဆေးရည်
ယွမ်ထန်ရှင်း၏စကားများကြောင့် အခြားသူများသည် သူ့ကိုအံ့သြစွာ ကြည့်သည်။ သူတို့သည် ဘာရေကို ပြောနေသလဲဆိုသည်ကို သိချင်နေကြသည်။
တူယွမ်ရှင်းသည် သူ့အိတ်ထဲမှ ခွက်ပါသည့်အဖုံးဖြင့် ဘူးတစ်ဘူးထုတ်ပြီး အဖုံးကိုဖွင့်၍ ရေထည့်ပေးလိုက်ကာ ယွမ်ထန်ရှင်းကို ပေးသည်။
ယွမ်ထန်ရှင်းသည် ဝူချန်းယွဲ့ကို ပေးကာ “ဒီရေက ထူးခြားတဲ့အစွမ်းတွေ ရှိတယ်။ ကလေးကို ကူညီနိုင်မလား သောက်ခိုင်းကြည့်လိုက်ပါ။ စွမ်းအားနိုးတဲ့ကိစ္စက အရမ်းကြီးတော့ ဒီရေက ကူညီပေးနိုင်လောက်မလားဆိုတာတော့ မပြောတက်ဘူး”
ဝူချန်းယွဲ့သည် ရေကိုယူကာ ယွမ်ထန်ရှင်းကို အံ့သြစွာကြည့်သည်။ ယန်ဖန်းယုကို တစ်ချက်ကြည့်ကာ ယွမ်ထန်ရှင်းကို ကြည့်ပြီး မေးသည်။ “ဒုခေါင်ဆောင်ယန် ဒီရေက စွမ်းအားနိုးတာကို တကယ်နှေးစေနိုင်တာလား?”
ယွမ်ထန်ရှင်း၏ ကြင်နာမှုကို ချက်ချင်းမငြင်းချင်ပေ။ သို့သော်လည်း ဒါသည် သူတို့ပထမဆုံးတွေ့ဆုံခြင်း ဖြစ်နေသည်။ သို့သော်လည်း တစ်ဖက်သူမှာ သူ့သမီးကို ထိခိုက်စေချင်သည့် အကြောင်းပြချက် လုံးဝမရှိသည်က သေချာသော်လည်း သတိဆိုသည်က ပိုသည်တော့ မရှိပေ။ ယွမ်ထန်ရှင်း၏နာမည်ကို သူကြားဖူးသည်။ လူချင်းမတွေ့ဖူးသော်လည်း လူဆိုးမဟုတ်သည်ကိုတော့ သိသည်။
ယွမ်ထန်ရှင်းသည် ခေါင်းခါကာ
“ဒါတော့ အာမမခံနိုင်ဘူး။ အမှန်တိုင်းပြောရရင် ဒီရေမှာ ဘယ်လိုအာနိသင်မျိုးရှိလဲဆိုတာ တိတိကျကျမသိပါဘူး။ ဒါပင်မယ့် လူ့ခန္ဓာကိုယ်အတွက်တော့ တကယ်ကောင်းတဲ့ဟာပါ။ ယုံတာမယုံတာကတော့ ခင်ဗျားတို့အပိုင်းပဲ”
ဝူချန်းယွဲ့သည် သူ့မျက်လုံးထဲသို့ ခနစိုက်ကြည့်ပြီးနောက် ရေကိုတစ်ငုံသောက်ကြည့်သည်။ အေးမြခြင်းကို လျှာဖျားကနေ ခံစားမိပြီးမှ လျန်လျန်အား တွေဝေမှုမရှိစွာ ချက်ချင်းတိုက်သည်။ “လျန်လျန်။ လျန်လျန်? လာ ရေနည်းနည်းသောက်ဦး။ ပါးစပ်ဖွင့်”
ယွမ်ထန်ရှင်းကို သူယုံဖို့မယုံဖို့က မသေချာသော်လည်း မျှော်လင့်ချက်ရှိနေသ၍ သူကြိုးစားကြည့်မှာ ဖြစ်သည်။ သူ့သမီးကို ထိခိုက်အောင်လုပ်ခြင်းသည် ယွမ်ထန်ရှင်းအတွက်လည်း ဘာအကျိုးမှ ရှိမှာမဟုတ်သည်ကို သူသိသည်။
ဝူယွဲ့လင်းလေးသည် အခုလူကနှုံးခွေနေရှာသည်။ သို့သော်လည်း သူ့အဖေကို တစ်ချက်မော့ကြည့်ကာ နာခံစွာဖြင့် ရေသောက်ဖို့ ပါးစပ်လေးဟပေးထားသည်။ ဝူချန်းယွဲ့သည် ရေတိုက်လိုက်သည်။
ရှောင်ယွင့်လုံသည် ကလေးမလေး၏ နဖူးကို မစမ်းကြည့်ဘဲ မနေနိုင်ပေ။ “အပူက ပိုကြီးသထက် ကြီးလာတယ်။ ငါတို့ဘယ်လိုလုပ်ကြမလဲ?”
ဝူယွဲ့လင်းက ရေသောက်ပြီးသည့်အခါ ဝူချန်းယွဲ့သည် ခွက်ကို ယွမ်ထန်ရှင်းအား ပြန်ပေးကာ ကလေး၏နဖူးကို စမ်းကြည့်သည်။ သူ့စိတ်သည် ပို၍လေးလံလာသည်။
ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းအား နောက်တစ်ခွက် ထပ်ဖြည့်ခိုင်း၍ ဝူချန်းယွဲ့ကို ပြန်ပေးကာ “ဒီမှာ နောက်တစ်ခွက်။ ပုံမှန် သုံးခွက်ဆိုပင်မယ့် ကလေးဆိုတော့ ဒီလောက်နဲ့တင် ရရင်ရမှာပါ”
ဝူချန်းယွဲ့သည် သူ့ကိုတစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ဝူယွဲ့လင်းကို နောက်တစ်ခွက် ထပ်တိုက်လိုက်သည်။ ထိုအချိန်တွင် သူတို့နောက်မှ အသံတစ်သံထွက်လာသည်။ “ဟမ်? ဒုခေါင်းဆောင် ဘာဖြစ်လို့ ဒီမှာရပ်နေတာလဲ? ခေါင်းဆောင်ဝူနဲ့ ဒုခေါင်းဆောင်ရှောင် ပြန်လာပြီပဲ တွေ့ရတာ ဝမ်းသာပါတယ်”
သူတို့လှည့်ကြည့်သည့်အခါ လင်းယုသည် ဆေးအပြည့်ထည့်ထားသည့် အိတ်တစ်လုံးကိုကိုင်ကာ သူတို့ကို အံ့သြစွာကြည့်နေသည်ကို တွေ့ရသည်။
“မင်းကိုလာခေါ်တာ” ယွမ်ထန်ရှင်းက ပြောသည်။ “ပြောစရာရှိလို့လာတာမှာ ခေါင်းဆောင်ဝူနဲ့တွေ့တာပဲ။”
လင်းယုသည် တူယွမ်ရှင်းဘေးသို့လာကာ ဝူချန်းယွဲ့က ပြန်ပေးသည် ရေဘူးမှခွက်ကို နားမလည်စွာကြည့်သည်။ ထို့နောက် တူယွမ်ရှင်းသည် နောက်တစ်ခေါက်ထပ်ဖြည့်ကာ ဝူချန်းယွဲ့ကို ပေးသည်။
ယန်ဖန်းယုသည် ပြုံး၍ကြည့်ကာ “ယွမ်လူကြီးမင်းမှာ ဒီလိုကောင်းတာလေးတွေ ရှိနေမယ်ဆိုတာ တို့မသိခဲ့ဘူး။ မှော်ဆေးရည်လိုမျိုးလား?”
ယွမ်ထန်ရှင်းသည် သူမကို ခပ်ဖျော့ဖျော့ပြုံးကာ “ဒီလိုသဘောမျိုးပါပဲ”
ဝူချန်းယွဲ့သည် သူ့သမီးက သုံးခွက်မြောက်သောက်လောက်သည်ကို ကြည့်ပြီးနောက် တူယွမ်ရှင်းကို ပြန်ပေးကာ “ကျေးဇူးတင်ပါတယ် တကယ်လို့ လျန်လျန်သက်သာသွားရင် ငါ့အကူအညီကို မင်းတို့လိုအပ်ရင်လာတောင်းပါ”
လင်းယုသည် ဘာဖြစ်သလဲကို မသိသဖြင့် သူတို့ကို နားမလည်စွာ ကြည့်နေသည်။ ယွမ်ထန်ရှင်းက ပြုံး၍ဖြေသည်။ “ဒါပေါ့ ခေါင်းဆောင်ဝူက အများကြီးအကူအညီပေးမှာပဲဗျာ။ တကယ်တော့ ကျွန်တော့်မှာ တောင်းဆိုစရာရှိတယ်။ ဒီရေရဲ့ အစွမ်းအကြောင်းကို ဘယ်သူ့မှ မပြောပြဖို့ပါ”
“တို့မပြောပါဘူး။ စိတ်မပူနဲ့” ယန်ဖန်းယုက ပြုံး၍ပြောသည်။
ဝူချန်းယွဲ့က ခေါင်းငြိမ့်ပြသော်လည်း သူ့မျက်လုံးများက သူ့သမီးကိုသာ ကြည့်နေသည်။
ယွမ်ထန်ရှင်းသည် သူ့ကိုကြည့်ကာ “ကလေးကို နားဖို့ခေါ်သွားလို့ရပါပြီ။ ကျွန်တော်တို့လည်း သွားတော့မယ်။ ရေကချက်ချင်း အာနိသင်မပြလောက်တော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ် ထင်တယ်”
ဝူချန်းယွဲ့သည် ပြုံး၍ခေါင်းငြိမ့်ကာ “ဒီနေ့ မကြိုဆိုနိုင်တာ အားနာပါတယ်ဗျာ။ အလုပ်မရှုပ်ရင် ညစာဖိတ်ကျွေးဖို့ပါပဲ”
ယွမ်ထန်ရှင်းသည် ခေါင်းခါ၍ “အာ မလိုပါဘူး။ ကလေးကို ကူညီချင်လို့လုပ်ပေးတာပါ”
ဒီလိုနှုတ်ဆက်ပြီးနောက် ယန်ဖန်းယု၊ ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် သူတို့နေရာကိုယ်စီသို့ ပြန်သွားကြသည်။ ယန်ဖန်းယုထွက်သွားသည်နှင့် လင်းယုသည် တူယွမ်ရှင်းကို မေးသည်။ “မင်းသမီးလေးကို ဘာရေတွေ ပေးလိုက်တာလဲ?”
တူယွမ်ရှင်းသည် လင်းယုလက်ထဲက ဆေးများကို တစ်ချက်ကြည့်ကာ ယွမ်ထန်ရှင်းအား “ဆရာ တကယ်တော့ ဒီဆေးတွေ ကျွန်တော်တို့မှ မလိုတာ။ အစာနဲ့ လဲလိုက်ရတာက နည်းနည်းနှမြောဖို့ ကောင်းနေတယ်”
လုထန်ယု၏နယ်မြေထဲက ရေဖြင့်သာဆိုလျှင် သူတို့သည် ဒီလိုသာမန်ဆေးများကို မလိုအပ်ကြပေ။
“ငါတို့မှာ အစာတွေ အလုံလောက်ရှိကြောင်း သူများတွေ သိအောင်လုပ်တာ” တူယွမ်ရှင်းက ပြောသည်။ “ဒါမှ တစ်ချို့လူတွေက ငါတို့နဲ့တွဲလုပ်ဖို့ စိတ်ဝင်စားမှာ”
“ဪ” တူယွမ်ရှင်းသည် သေချာနားမလည်စွာဖြင့် ဖြေသည်။ ‘ဘာဖြစ်လို့ ငါတို့မှာ အစာရှိကြောင်း သိအောင်လုပ်ရတာလဲ? ငါတို့ဆီက လာလုရင် ဘယ်လိုလုပ်မလဲ?’ သို့သော်လည်း သူ့ဆရာရှိနေသ၍ အဆင့်၆ သို့မဟုတ် အဆင့်၇မဟုတ်သည့် ဘယ်သူကမှ လာလုရဲမှာ မဟုတ်ပေ။
“မင်းသမီးလေးကို ငါတို့တိုက်လိုက်တဲ့ရေကို မင်းလည်းသောက်ထားတာ” ယွမ်ထန်ရှင်းက လင်းယုကိုပြောသည်။ “မင်းသက်သာလာတာက အရမ်းမြန်တယ်လို့ မခံစားရဘူးလား? ဒါကငါတို့ရဲ့ လျှို့ဝှက်လက်နက်ပဲ။ ဘယ်သူမှ သွားမပြောပြနဲ့”
“ဒါဆိုရင် ဘာဖြစ်လို့ ဝူချန်းယွဲ့နဲ့ ဒုခေါင်းဆောင်နှစ်ယောက်ကို အသိပေးလိုက်တာလဲ?” လင်းယုက မေးသည်။
ယွမ်ထန်ရှင်းသည် ပြုံးကာ “အရင်ဆုံး ဒီရေက စွမ်းအားနိုးတာကို တစ်ခုခုလုပ်ပေးနိုင်လား ငါသိချင်လို့။ နောက်တစ်ခုက ငါတို့အခု သူ့ကိုကူညီနိုင်ရင် သူက ငါတို့အပေါ် ကျေးဇူးကြွေးတင်သွားမှာ။ နောက်နောင် ငါတို့ပူးပေါင်းရင် မကောင်းတာမရှိတော့ဘူး။ မိန်းမလေးယန်ကတော့ မကောင်းတဲ့သူ မဟုတ်လို့ သူသိတာက ပြဿနာမရှိပါဘူး”
တူယွမ်ရှင်းသည် အပြုံးကြီးဖြင့် မေးသည်။ “ဆရာ စခန်းတစ်ခုလုံးက စိတ်ကူးယဉ်နေရတဲ့ ကောင်မလေးကို ကြိတ်ကြိုက်နေတာလား? အသတ်မခံရအောင် သတိထားနော်”
ယွမ်ထန်ရှင်းသည် သူ့အားကြည့်ကာ “မင်းဘာတွေ ပြောနေတာလဲ? ငါ့ရင်ထဲမှာ ချစ်ရတဲ့သူရှိပြီးသား။ ယန်မိန်းကလေးက ငါ့အပေါ်ကောင်းလွန်းလို့ ငါသူ့ကို အေးတိအေးစက် ဆက်ဆံလို့မှ မဖြစ်တာ။ အမျိုးသမီးတွေကို ကြင်နာရမယ်ဆိုတာ မသိဘူးလား? မင်းတစ်ချိန်လုံး တစ်ယောက်တည်းဖြစ်နေတဲ့အကြောင်း ငါအခုမှသိတော့မယ်”
တူယွမ်ရှင်းသည် သူ့ကိုအနည်းငယ် ဆွံ့အစွာကြည့်၍ ပြောသည်။ “ဆရာကရော တစ်ယောက်တည်း မဟုတ်လို့လား”
ဒီတစ်ခါတော့ ယွမ်ထန်ရှင်းသည်လည်း ပြန်မဖြေတက်တော့ပေ။
လင်းယုက သူတို့နှစ်ယောက်ကိုကြည့်ကာ “ငါတို့ဒုခေါင်းဆောင်က အရမ်းကြင်နာတက်ပြီးချောတော့ မိန်းကလေးတွေက သဘောကျတာ မထူးဆန်းပါဘူး။ အမြဲတမ်း အမျိုးသမီးတွေကြားမှာ နာမည်ကြီးပဲဗျာ”
တူယွမ်ရှင်းသည် သူ့မေးကိုပွတ်ကာ ယွမ်ထန်ရှင်းအား “အင်း သူပြောတာ မှန်တယ်။ မိန်းကလေး တော်တော်များများက သဘောကျနေတာကို မေ့တော့မလို့ပဲ။ ဘယ်သူ့ကို ကြိုက်နေလဲဆိုတာကိုပဲ နားမလည်နိုင်တာ။ ကြိုက်တယ်ဆိုရင် ဖွင့်သာပြောလိုက်လေဗျာ”