May Honey Logo May Honey
Previous Next

၃၇၃။ ၂ယောက်ကို ဖမ်းထားခြင်း

အပူသည် တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။ အဆင်မပြေတာ မဖြစ်သလို သူသည် အရမ်းကို နေကောင်းလာသည်။ သူသည် ရေနွေးနွေးလေးထဲတွင် ရေစိမ်ချိုးနေရသလိုတောင် ခံစားလာရသည်။ အစကတော့ မခံနိုင်အောင်ပူသော်လည်း အတော်စိတ်သက်သာရာရလာလေပြီ။

သူ့ချွေးပေါက်တိုင်းသည် ပွင့်သွားသည်ကို ခံစားမိကာ အသက်ဝဝရှုထုတ်၍ သူ့ကိုယ်ထဲက အပူကြောင့် အရမ်းကို နေလို့ကောင်းနေသည်။ ဒီခံစားချက်သည် ၁၀စက္ကန့်လောက်ပဲရှိကာ သူသည် ပေါ့ပါးလာလေသည်။ သူ့ဦးနှောက်သည် ဒီလိုလွင့်မျောနေသည့် ခံစားချက်တွင် အလုပ်မလုပ်တော့ပေ။

သို့သော်လည်း သူတည်ငြိမ်စွာ ကြာကြာမနေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဗိုက်အောက်က အပူသည် ပြင်းသထက် ပြင်းလာသည်။ ဖြည်းဖြည်းချင်း သွားစရာနေရာမရှိသည့်အခါ ဟိုးအောက်ဆုံးတွင် စုနေတော့သည်။

သူသည် မူးဝေလာကာ လည်ချောင်းတို့ကခြောက်၍ ရေဆာလာသည်။ သူ့ဗိုက်အောက်က လောင်မတက်ပူနေသည့် အပူတို့ကို သူထုတ်ပစ်ချင်စိတ် ပြင်းပြလာကာ ဘယ်လိုလုပ်ရမလဲ မသိတော့ပေ။ အဆင်မပြေသည့် ခံစားချက်ကြောင့် သူ့စိတ်တို့မှာ အနည်းငယ်ကြည်လာသည်။   ‘ဘာဖြစ်လို့ ငါစိတ်ကြွဆေးသောက်ထားရသလို ခံစားနေရတာလဲ?’

အခုအချိန်တွင် ဘာဖြစ်လို့ သူကဒီလိုဖြစ်နေသလဲနှင့် ဘာဖြစ်လို့ ဇွန်ဘီမ၏ နယ်မြေထဲသို့ ရောက်နေသလဲကို ဂရုမစိုက်နိုင်တော့ပေ။ သူ့အောက်က ဆန္ဒကိုသာ သူရှင်းချင်နေကာ သူ့လက်ဖြင့်သူရှင်းပစ်ချင်နေသည်။ သို့သော်လည်း သူမလှုပ်နိုင်ပေ။

သူ့အောက်ကအပူသည် မီးလောင်နေသကဲ့သို့ ဖြစ်လာသည်ကို ခံစားရသည်။ တစ်စုံတစ်ခုက သူ့နှလုံးသားကို ဖမ်းနှောင်ထားသလိုမျိုး အသည်းယားလာသည်။ သူအရမ်းကို ယားယံနေသလို ဖြစ်နေသည်ကို မတက်နိုင်တော့ပေ။

ထိုအချိန်တွင် သူ့ကိုယ်အား တစ်ခုခုက ရွေ့သွားသည်ကို ခံစားမိသည်။ ထို့နောက် သူ့အားရစ်ပတ်ထားသည့်နွယ်တို့မှာ တင်းတင်းရစ်ပတ်လိုက်ကာ ဘာမှန်းမသိသည့် အကြောင်းဖြင့် ဖြည်းဖြည်းချင်းရွေ့သွား၍ သူ့အားမလွှတ်ပေးပေ။

သူမတုန့်ပြန်နိုင်ခင် သူ့ရင်ခွင်ထဲသို့ ကိုယ်လုံးတီးတစ်ယောက် ရောက်လာသည်။ သူမ၏နူးညံ့ကာ နွေးထွေးသည့်ကျောပြင်သည် သူ့ရင်ဘတ်ကို ထိလာသည်။ သူမ၏ အသားအရည်ကို ခံစားမိသည့်အခါ ဝူချန်းယွဲ့၏ နှလုံးသားသည် တုန်လှုပ်သွားသည်။

ရုတ်တရပ် သူ့အား နွယ်များက လွတ်ပေးနေသည်ကို ခံစားမိပြီးနောက် သူသည် သူ့ရင်ခွင်ထဲကလူကို အလိုလိုဖက်မိသွားသည်။ သူ့ခေါင်းကိုလှည့်ကြည့်သော်လည်း အမှောင်အပြင် ဘာကိုမှ မမြင်ရပေ။ ထို့ကြောင့် သူလက်ကိုလှမ်းလိုက်သည်။

နွယ်တို့က သူ့အားလွှတ်ပေးတာမျိုး မဟုတ်ဘဲ သူရွေ့လို့ရရန် နေရာတစ်ခုစာလောက်သာ ပေးထားသည်ကို သိလိုက်ရသည်။   ‘ရုတ်တရပ်ပေါ်လာတဲ့ ဒီမိန်းမက ဘယ်သူလဲ?’

ဝူချန်းယွဲ့သည် သူမ၏ခါးအပေါ်သို့ လက်တင်ကြည့်လိုက်သည်။ သူမ၏ခါးသည် သွယ်လျကာ ကျစ်ကျစ်လစ်လစ်ဖြစ်နေသည်။ အပေါ်တွင်တော့ ရင်သားများ ရှိလိမ့်မည်။ ဝူချန်းယွဲ့သည် ရင်သားများကို မထိမိအောင် သူ့ကိုယ်သူ မနည်းထိန်းချုပ်နေရသည်။

ထိုအချိန်တွင် လင်းချင်းမှာ သွေးအန်၍ သေချင်နေပြီ။ သူမသည် နွယ်လေးပေးသည့် စွမ်းအင်များကို စုပ်ယူရင်း သက်သောင့်သက်သာရှိကာ အချိန်ကို မေ့တော့မည့်အချိန်တွင် သူမ၏ကျောပြင်မှာ ရုတ်တရပ် တစ်စုံတစ်ယောက်၏ကိုယ်ဖြင့် ထိမိသွားသည်။

ထို့နောက် သူမ၏ခါးပေါ်သို့ သန်မာသည့်လက်က ရောက်လာကာ သူမ၏ အထိမခံနိုင်သည့်နေရာအား မာကျောသည့်တစ်ခုခုက လာထိနေသေးသည်။ သူမသည် စတင်ချင်သလို ဖြစ်သွားကာ စိတ်လည်းအရမ်းကို ရှုပ်ထွေးသွားသည်။   ‘ဘယ်သူကြီးလဲ? ဒီမှာနောက်တစ်ယောက် ရှိနေတယ်! ဒီကောင်က ဘယ်ကနေ ရောက်လာတာလဲ? ချီးပဲ! နွယ်လေး! နင်ဘာတွေ လုပ်နေတာလဲ?’

လင်းချင်းသည် နွယ်လေးက သူမအားရစ်ပတ်ထားသည်ကို ဖြေလိုက်သည်နှင့် ဒီယောက်ျားပေါ်သို့ နူးညံ့စွာလဲကျသွားကာ သူက သူမကို တင်းကြပ်စွာ ဖက်ထားသည်ကို ခံနေရသည်။

သူမသည် ရုန်းကန်ချင်သော်လည်း အခုလေးတင် နွယ်လေးထံမှ စွမ်းအင်များကို စုပ်ယူထားသည်ဖြစ်သဖြင့် သူမ၏ကိုယ်သည် အင်အားမရှိကာ ခြေလက်တို့ကရုန်းဖို့ ခက်ခဲနေသည်။ မကြာခင် ထိုလက်သည် သူမ၏က လည်ပင်းကနေ ပုခုံး၊ ထိုမှနေ အောက်သို့ဆင်း၍ ပွတ်သက်နေသည်ကို ခံစားလိုက်ရသည်။

ဒီယောက်ျား၏လက်သည် သူမအား ယားယံစေကာ အရမ်းကို အဆင်မပြေဖြစ်စေသည်။
‘ငါနွယ်လေးဆီကနေ ရောင်းစားခံလိုက်ရတာပဲ!’

နွယ်လေးသည် သူမတစ်ယောက်တည်း ဆင်းဖို့လိမ်ပြောသော်လည်း တကယ်တော့ သူမအတွက် ယောက်ျားတစ်ယောက် ရှာပေးပြီးသား ဖြစ်နေသည်။ သူမမှာတော့ ဒီယောက်ျားက ဘယ်သူလဲဆိုတာကိုတောင် မသိပေ။

သူမသည် အံကိုကြိတ်ကာ နွယ်လေးနှင့် ဒီယောက်ျားကို ဒေါသထွက်နေသည်။ သူမ၏စိတ်သည် ဒီယောက်ျား၏ မနားနိုင်သည့်လက်များကြောင့် အချိန်နှင့်အမျှ ဝေဝါးလာသည်။ ရုတ်တရပ် ထိုလက်များသည် သူမ၏ခေါင်းကို လာထိသည်။ လင်းချင်းသည် ထိုယောက်ျားမှာ ခနရပ်သွားသည်ကို ခံစားမိလိုက်သည်။

ထိုအချိန်တွင် ဝူချန်းယွဲ့သည် လင်းချင်း၏ ဆံပင်ပေါက်ကာစ ဦးရေပြားကို ထိမလိုက်သဖြင့် အံ့သြသွားသည်။ ဒီကတုံးဖြင့်မိန်းမက ဘယ်သူမှန်း သူသိသွားသည်။   ‘ဒါက ဇွန်ဘီမ မလား?’

ဝူချန်းယွဲ့သည် သူမကို တွန်းထုတ်ချင်သော်လည်း သူမ၏နူးညံ့ကာ ချောမွေ့သည့်အသားအရည်ဖြင့်ကိုယ်က သူ့အားတွေဝေစေသည်။ သို့သော်လည်း သူမက ဇွန်ဘီဖြစ်ကြောင်းကို သူသေချာကြီးကို သိပါသည်။

‘ဒါဇွန်ဘီကြီး! ငါအခုဇွန်ဘီနဲ့ ဖြစ်တော့မလို့လား?’
သူဒါကိုတွေးလေလေ လက်မခံနိုင်သလို ဖြစ်လာသည်။ ထို့အတူ ဇွန်ဘီမသည် ဘာဖြစ်လို့ မလှုပ်တာလဲကို သူတွေးနေမိသည်။ သူမက အရမ်းကို နူးညံ့နေသဖြင့် သူမကိုလိုချင်ကာ ဘာမဆို လုပ်ပစ်ချင်လာသည်။

‘ငါ့. . .ကို. . .လွှတ်!. . .နင်. . .ဘယ်သူလဲ. . .’

ရုတ်တရပ် ဝူချန်းယွဲ့၏ခေါင်းထဲတွင် အသံတစ်ခုကြားရသဖြင့် သူကြောင်အသွားသည်။ သူစိတ်ထဲကနေ ပြန်မေးသည်။   ‘ဘယ်သူလဲ?’

‘လက်. . .ဖယ်. . .စမ်း. . .!’   ထိုအသံသည် သူ့အား လက်များကို ဖယ်ခိုင်းနေသည်။

ဝူချန်းယွဲ့သည် လင်းချင်း၏ခါးအား လက်နှစ်ဖက်ဖြင့် တင်းတင်းကိုင်ထားကာ သူမ၏ခေါင်းအနောက်ကို သူ့ခေါင်းကပ်လိုက်ကာ စိတ်ထဲကမေးသည်။   ‘လုမိန်းကလေးလား? ဘာဖြစ်လို့ ငါ့ကိုဆွဲခေါ်လာတာလဲ? ဘာလိုချင်လို့လဲ?’

‘ငါ . . . မဟုတ်. . .’   လင်းချင်း၏အသံသည် အားနည်းနေသည်။   ‘နင့်ကိုနင် ထိန်းချုပ်နိုင်ရင်. . . ငါ့ကို. . .ကျေးဇူးပြုပြီး. . .လွှတ်ပေး. . .’

‘ဒါဆိုရင် သူ့ကိုယ်သူ အခုမထိန်းချုပ်နိုင်ဘူးပေါ့!’   ဝူချန်းယွဲ့သည် အံ့သြသွားကာ ဒီဇွန်ဘီမက ဘာဖြစ်နေသလဲကို သိချင်သွားသည်။ သို့သော်လည်း လင်းချင်းပြောသလိုတော့ လုပ်မပေးပေ။ သူမကို လွှတ်ပေးမည့်အစား သူမအား တင်းတင်းဆွဲဖက်ထားကာ သူမ၏တင်ပါးကို သူ့အောက်ပိုင်းကအရာဖြင့်တောင် မရည်ရွယ်၍လား တမင်ရည်ရွယ်၍လားမသိ ပွတ်နေသေးသည်။

‘အရမ်းကို နောက်ကျသွားပြီ! ငါ့ကိုဆွဲခေါ်လာပြီး မီးမွှေးလိုက်မှတော့ အခု မင်းကိုယ်တိုင်ပဲ မီးငြှိမ်းပေးတော့!’

သူကဒီလိုလုပ်နေသည့်အခါ လင်းချင်း၏ ကိုယ်သည် နူးညံ့သွားလေသည်။ သို့သော်လည်း သူမသည် သွေးအန်တော့မတက် ဖြစ်နေသည်။   ‘သွားစမ်း! ငါလုပ်တာမဟုတ်ဘူး!. . .နွယ်လေးလုပ်တာ. . .ငါ့ကိုလွှတ်. . .’

ဝူချန်းယွဲ့သည် သူ့အောက်ပိုင်းက ကွဲထွက်တော့မလို ခံစားနေရသည်။ သို့သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နေဆဲဖြစ်ကာ စိတ်ထဲကနေ သူမအား ပြောသည်။   ‘နွယ်လေးက ဘယ်သူမှန်း မသိပင်မယ့် ငါအခုတော့ နောက်ဆုတ်လို့ မရနိုင်လောက်တော့ဘူး’

လင်းချင်းသည် စိတ်တိုလာသည်။   ‘နင်. . .နင်သိတယ်မလား! ငါက. . .နင်ကအခု. . .ဇွန်ဘီနဲ့ . . .လုပ်မလို့လား. . .’

‘ဂရုမစိုက်ဘူးကွာ။ မင်းက ဝက်မဆိုရင်တောင် ငါလုပ်မှာပဲ’   ဝူချန်းယွဲက ရယ်ကာပြောလာသည်။

လင်းချင်းသည် ဆွံ့အသွားသည်။   ‘ငါ့ကို ဝက်မလို့ ခေါ်လိုက်တာမလား? သူက? သူက!’

‘နင်ငါ့ကိုထိရဲရင် ထိကြည့်စမ်း!. . .ငါဒီကနေ ထွက်လို့ရတာနဲ့ နင့်ကိုသင်းကွပ်ပစ်မယ်!’   လင်းချင်းက ဒေါသဖြင့် ပြောသည်။

‘ကြိုးစားကြည့်ပေါ့! လာပါ! အရေးကြီးတာ လုပ်ရအောင်!’   ဝူချန်းယွဲ့က ပြောသည်။ ဒီလိုပြောကာ လင်းချင်းအား သူ့ဘက်သို့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်သည်။  
Previous Chapter 373 of 410 Next