၃၇၇။ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း မှတ်ဉာဏ်
“ခေါင်းဆောင်ဝူ ထွက်လာပြီ. . .အဆင်ပြေရဲ့လား?” လင်းဝမ်ဝမ်က ဝူချန်းယွဲ့ကို တစ်ချက်ကြည့်ကာ မေးသည်။ သို့သော်လည်း သူသည် အခု အဝတ်သစ်များကို လဲထားသဖြင့် တစ်ခုခုဖြစ်ခဲ့သည်က သေချာသည်။
“ချန်းယွဲ့” မုန့်ယွဲ့က သူ့ထံသို့ ဝမ်းသာစွာဖြင့် လျှောက်လာသည်။
ယွမ်ထန်ရှင်းသည် သူ့အားပြုံးကြည့်ကာ “လုမိန်းကလေးရဲ့ နယ်မြေထဲလား? နည်းနည်းကြာတဲ့အထိ ထွက်မလာသေးလို့ကတော့ ဒီမိန်းကလေး၂ယောက်က ဒီနေရာကို တစ်စစီဖြဲတော့မှာ” ဒီလိုပြောကာ မုန့်ယွဲ့နှင့် မိုလီတို့ အဓိပ္ပါယ်ပါစွာ ကြည့်လိုက်သည်။
“ခေါင်းဆောင်ကို ငါတို့က စိတ်ပူနေရုံတင်” မိုလီက အမှုအယာမဲ့စွာ ပြောသည်။
“ငါနားလည်ပါတယ်” ယွမ်ထန်ရှင်းသည် ပြုံးကာ ခေါင်းငြိမ့်သည်။
ဝူချန်းယွဲ့က ဝူယွဲ့လျန်ကို ချီထားရင်းက သူ့၏ပြုံးနေကြ အပြုံးဖြင့် “ငါက အဆင်ပြေပင်မယ့် လုမိန်းကလေးက အဆင်ပြေမပြေတော့ မသိဘူး” ‘ငါက သူ့ကိုစားထားတာဆိုတော့ အဆင်ပြေမှာ မဟုတ်တာတော့ သေချာတယ်”
ဝူချန်းယွဲ့သည် နွယ်လေးပြောသည်ကို သိပ်မယုံသေးပေ။ တကယ်လို့ သူနှင့် လုမိန်းကလေးတို့၏ဆက်ဆံမှုကြောင့် နွယ်ပင်ကသာ သူတို့ကလေးဖြစ်လာမည် ဆိုလျှင်. . .ဒါက တကယ့်ကို ကိစ္စကြီးပင်
မုန့်ယွဲ့သည် သူ့အဝတ်များကို ကြည့်၍ “ချန်းယွဲ့ အဝတ်တွေက. . .”
ဝူချန်းယွဲ့က သူမကို ကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့် “ဪ ငါကန်ထဲကို ပြုတ်ကျသွားတာ။ ငါ့အဝတ်တွေက စိုကုန်လို့ သူ့နယ်မြေထဲမှာရှိတဲ့ အဝတ်နဲ့လဲလိုက်ရတယ်”
မုန့်ယွဲ့သည် သူ့၏မရိုးသားမှုကို သတိမထားမိဘဲ ခေါင်းငြိမ့်သည်။ ယွမ်ထန်ရှင်းကတော့ ဝူချန်းယွဲ့အား အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်နေသည်။ ယောက်ျားခြင်းဖြစ်သောကြောင့် ဝူချန်းယွဲ့က လိမ်နေသည်ကို သူအလိုလိုသိနေသည်။
“ဟုတ်ပြီ။ ငါတို့သွားရအောင်။ လျန်လျန်ကို လာခေါ်တာဆိုပင်မယ့် အချိန်ကြာသွားတယ်။ ငါတို့အခု ရုပ်ထွက်ပြရမယ့်အချိန်ပဲ” ဝူချန်းယွဲ့က ပြုံး၍ပြောသည်။ ထို့နောက် တံခါးကနေ ယွမ်ထန်ရှင်း၏ အကြည့်ကို မသိချင်ယောင်ဆောင်၍ ထွက်သွားတော့သည်။
“နောက်မှတွေ့တာပေါ့” ယွမ်ထန်ရှင်းတို့သည် သူ့အားပြုံးပြ၍ နှုတ်ဆက်လိုက်သည်။
ဝေ့ကျန်းကျားက တံခါးပိတ်လိုက်မှ ယွမ်ထန်ရှင်းသည့် အဓိပ္ပါယ်ပါစွာ ရယ်၍ “ခေါင်းဆောင်ဝူနဲ့ လုမိန်းကလေးတို့ကြား တစ်ခုခုဖြစ်သွားတယ်လို့ မင်းတို့ မထင်ဘူးလား?”
တူယွမ်ရှင်းနှင့် လုံချင်းယင်တို့က သူ့အား နားမလည်စွာ ကြည့်ကာ “သူတို့ကြား ဘယ်လိုလုပ်ပြီး တစ်ခုခုဖြစ်မှာလဲ?” တူယွမ်ရှင်းက မေးသည်။ “ဒါပင်မယ့် ဘာဖြစ်လို့ ကြာနေတာလဲ? လုမိန်းကလေးကရော ဘာဖြစ်လို့ ထွက်မလာသေးတာလဲ?”
လင်းဝမ်ဝမ်က တစ်ခုခုကို ခန့်မှန်းမိသော်လည်း မသေမချာဖြင့် “ဘာဖြစ်လို့ ခေါင်းဆောင်ဝူက အဝတ်လဲရတာလဲ?”
တူယွမ်ရှင်းသည် သူမကို တစ်ချက်ကြည့်၍ ဘာမှမပြောပေ။
. . .
ထိုအချိန်တွင် လင်းချင်းသည် အမှောင်ထဲတွင် လမ်းလျှောက်နေသည်။ သူမသည် ဘယ်ရောက်နေသလဲ မသိသလို ဘာဖြစ်လို့ လျှောက်နေသလဲဆိုသည်ကိုလည်း မသိပေ။ သူမရပ်သင့်သလား ဆက်သွားသင့်သလားကိုတောင် မသိပေ။
လမ်းလျှောက်နေရင်း သူမသည် အရှေ့၌ အလင်းတစ်ခုကို တွေ့သည်။ သူမသည် ခြေလှမ်းများကို မြန်လိုက်ကာ အလင်းရှိရာသို့ အမြန်သွားလိုက်သည်။ အလင်းသည် လုံးဝန်းသည့်ပုံရှိသည်။
သူမသည် အနက်ရောင်စစ်ဝတ်စုံကို ဝတ်ထားကာ သူမ၏ အနောက်တွင် အနက်ရောင်မီးတို့ဖြင့် တောက်ပနေသည့် ကိုယ့်ကိုယ်ကို ပြန်တွေ့လိုက်ရသည်။ ဒီမီးများသည် သူမ၏အနားတွင်သာ ရှိနေသင့်သည့်အလား ဒီမီးများဖြင့် ရင်းနှီးနေသည်။
တူယွမ်ရှင်းနှင့် တခြားသူတို့က ခနခနပြောလေ့ရှိသည့် ငရဲမီးဖြစ်ကြောင်းကို နားလည်လိုက်သည်။ အနက်ရောင်စစ်ကုတ်အကျီရှည်ဖြင့် မိန်းမသည် သူမဖြစ်ကြောင်းကိုလည်း သိသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် တထေရာတည်း ဖြစ်နေသောကြောင့်ပင်။
ကုတ်အနက်ရောင်ဖြင့် လင်းချင်းသည် အေးစက်ကာ သူမ၏ မျက်လုံးထဲတွင် ရူးသွပ်နေမှုတို့ကို တွေ့ရသည်။ သူမ၏အနောက်တွင် ချောက်ကမ်းပါးရှိကာ သူမ၏ အရှေ့တွင်တော့ လူ၅ယောက် ရှိနေသည်။ သူတို့သည် ဝူချန်းယွဲ့ထက် အဆင့်နိမ့်မည့်သူ တစ်ယောက်မှ မပါပေ။
လင်းချင်းသည် ထို၅ယောက်အနက် အလည်က တစ်ယောက်သည် အရမ်းကို မိန်းမချောလို လှပလွန်းကာ သူမအား တစ်ခုခုပြောနေသည်ကို တွေ့ရသည်။ ချောက်ကမ်းပါးစွန်းက လင်းချင်းသည် တစ်ခုခုပြန်ပြောလိုက်သဖြင့် ထိုယောက်ျားက စိတ်တိုသွားပုံရသည်။ သူမအား စကားတစ်ချို့ပြောလိုက်လေရာ သူမ၏ မျက်နှာသည် မှောင်မိုက်သွားသည်။
ထို့နောက် လင်းချင်းသည် ရူးသွပ်နေသလို ရယ်မောလိုက်သည်။ သူမ၏ ဆံပင်များသည် လေမတိုက်ဘဲ လွင့်မျောလာသည်။ အနောက်က အနက်ရောင်တောက်နေသည့် မီးတို့ကြောင့် သူမသည် မိစ္ဆာမလို ဖြစ်နေသည်။ သူမ၏ ကုတ်အရှည်သည် လေထဲတွင် လွင့်နေကာ သူမ၏ ဘောင်းဘီရှည်ဝတ်ထားသည့် လှပသည့် ခြေတံများနှင့် ဘွတ်ဖိနပ်အရှည်တို့ကို မြင်ရသည်။ သူမသည် ချောက်ကမ်းပါးစွန်းတွင် ရူးသွပ်စွာ ရယ်နေသည်။
သူမ၏အနောက်က မီးတို့က ကျုံ့သွားသည့်အခါ လူငါးယောက်သည် အနောက်သို့ အမြန်ဆုတ်ကြသည်။ သို့သော်လည်း ထိုအချိန်တွင် မိစ္ဆာမလို လင်းချင်းသည် ပေါက်ကွဲသွားတော့သည်။
အနက်ရောင်မီးတို့က ပေါက်ထွက်လာကာ အချင်းတစ်မိုင်လောက်ကို ဖုံးအုပ်သွားသည်။ လင်းချင်းသည် သူမ၏ မျက်လုံးရှေ့က ကမ္ဘာကြီးက မှောင်မိုက်သွားကာ ပုံရိပ်တို့က ဝေဝါးသွားတော့သည်။
ဒီပုံရိပ်များက သူမ၏မှတ်ဉာဏ်များ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော်လည်း ဒါတွေက သူမထံတွင် တစ်ခါမှ မဖြစ်ဖူးခဲ့သလို ခံစားနေရသည်။ သူမ၏ အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးနေ၍လား? ၂ခုလုံးက အနက်ရောင် ဖြစ်နေသောကြောင့် အနက်ရောင်မီးတို့သည် သူမ၏ မြူခိုးနက်များဖြင့် အရမ်းတူနေသည်။
သူမသည် ဖြစ်နိုင်သမျှမြန်မြန် ထိုချောက်ကမ်းပါးသို့ သွားကာ တစ်ချက်ကြည့်သင့်သည်ဟု ခံစားရသည်။ စိတ်ရှုပ်နေသည့် လင်းချင်းသည် စခန်းသစ် ဆောက်လုပ်ရေးက တည်ငြိမ်သွားသည်နှင့် တောင်ပိုင်းသို့သွားကာ ထိုနေရာကို ရှာမည်ဟု ဆုံးဖြတ်လိုက်သည်။
သူမမြင်ရသည့် ပုံရိပ်များသည် တစ်ခုခုကို ဆိုလိုနေကြောင်း ခံစားချက်ရနေသည်။ ကြည့်ရသည်မှာ သူမသည် လွန်ခဲ့သည့် ၅နှစ်က မှတ်ဉာဏ်များကို ပြန်ဖော်နိုင်နေလောက်သည်။ ဒီလိုတွေးကာ သူမသည် နောက်သို့ပြန်လျှောက်လိုက်သည်။ ဘာကြောင်းမှန်း မသိသော်လည်း သူမသည် နောက်သို့ အခုပြန်လျှောက်သင့်နေသလို ခံစားရသည်။
ထိုအချိန် လင်းချင်း၏ နယ်မြေထဲတွင် ကောင်းကင်ပေါ်က ကျနေသည့် နွယ်လေးသည် လင်းချင်း၏ စောင်ကိုမလိုက်ကာ သူမ၏ဗိုက်၊ ခါးတို့ကို ရစ်ပတ်၍ သူမအား ကန်ထဲသို့ ခေါ်သွားသည်။
လင်းချင်း၏ကိုယ်သည် ကန်ရေထဲတွင် စိမ်ထားခံကာ ရေထဲကနွယ်များကြောင့် ကျောက်စိမ်းဖြူ ပိုးအိမ်လို ထပ်ရစ်ပတ်ခံလိုက်ရသည် ဒီတစ်ခါတော့ နွယ်လေးသည် လင်းချင်းအား နွယ်အချို့ဖြင့် ရစ်ပတ်ခြင်းမျိုး မလုပ်ဘဲ နွယ်များစွာက သူမထံသို့ရောက်လာကာ ကြီးမားသည့် စက်လုံးကြီးအဖြစ် သူမကို ရစ်ပတ်ထားလိုက်သည်။ ထိုနွယ်လုံးကြီးသည် ရေကန်တစ်ခုလုံးကိုတောင် ပြည့်လုနီးပါးပင်။
မကြာခင်တွင် ကောင်းကင်က နွယ်လေး၏နွယ်များကပါ ဆင်းလာသည့်အခါ နယ်မြေလေးထဲက ရှန်ယုကျန်းနှင့် တောအုပ်ထဲက ဇွန်ဘီခွေးတို့သည် လုံးဝကို မလှုပ်ရဲတော့ဘဲ တိတ်တိတ်နေကာ ငြိမ်ကုတ်သွားကျတော့သည်။
. . .
အပြင်ဘက်တွင် ယွမ်ထန်ရှင်းတို့သည် စခန်းသစ်ကို သူတို့ဘယ်အချိန် သွားသင့်သလဲ တိုင်ပင်နေကြသည်။ လင်းဝမ်ဝမ်သည် မျက်နှာကျက်ကို တစ်ချက်ကြည့်ကာ စိတ်မပါစွာဖြင့် “ဒါပင်မယ့် လုမိန်းကလေးကမှ ပြန်မလာသေးတာ။ ငါတို့သူ့ကို စောင့်သင့်တယ်မလား?”
ယွမ်ထန်ရှင်းသည် ခနတွေးကာ ဖြေသည်။ “ငါတို့ စောင့်ဖို့ မလိုဘူး ထင်တယ်။ သူထွက်လာလို့ ငါတို့ကို မတွေ့ရင် ဟိုကိုသွားရှာမှာလဲ? နယ်မြေထဲမှာ ဘယ်လောက်ကြာမလဲ မသိတာမလို့ ငါတို့အရင်သွားသင့်တယ်။ ငါတို့ဆောက်လုပ်ရေး မြန်မြန်စမှ စခန်းသစ်ဆောက်တာက မြန်မှာ”
“ငါတို့ဒီမှာ လူဆက်စုသင့်လား?” တူယွမ်ရှင်းက မေးသည်။
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။ “သေချာတာပေါ့။ ဘာဖြစ်လို့ မလုပ်ရမှာလဲ? မဟုတ်ရင် လူရာဂဏန်းလောက်နဲ့ စခန်းဆောက်ဖို့ဆိုရင် တသက်လုံးကြာတော့မှာပဲ”