May Honey Logo May Honey
Previous Next

၂၀၈။ ဝင်ပတ်သက်မိခြင်း

လင်းချင်းသည် မြင့်မားသည့်အဆောက်အဦး အစွန်းတွင် ထိုင်နေကာ ခြေထောက်နှစ်ဖက်ကို လေထဲတွင် လှုပ်ယမ်းနေသည်။ လူအချို့က သူမ၏နောက်တွင် ရပ်နေသည်။

ရှဲ့တုန်း၊ လုထန်ရိ၊ ကောင်းချင်းမင်းနှင့် အကုန်လုံးသည် နယ်မြေထဲကနေ ထွက်လာကြပြီ ဖြစ်သည်။ လင်းချင်းသည် မြေပုံကိုကြည့်နေရင်းက အောက်ကိုငုံ့၍ လမ်းအနေအထားများကို ကြည့်သည်။ ဒီလူစုသည်လည်း စီမံရေးရုံးကို မြေပုံပေါ်တွင် လိုက်ရှာပေးနေကြသည်။

“ငါတို့ဒီနေရာကို ရှာကြည့်ပင်မယ့် မတွေ့ဘူး”   ကောင်းချင်းမင်းသည် သူတို့ဖြတ်လာခဲ့သည့်နေရာကို ကြည့်၍ပြောသည်။ ထို့နောက် လူစုသည် လင်းချင်းကိုကြည့်ကာ မေးသည်။   “ဘယ်ကိုထပ်သွားမှာလဲ?”

လင်းချင်းသည် သူတို့ကိုလှည့်ကြည့်ကာ မြေပုံပေါ်မှ မြို့အောက်ပိုင်းခရိုင်နားက နေရာတစ်ခုကို ထောက်ပြလိုက်သည်။ ဒါသည် သူတို့သွားမည့်နေရာပင်။

“ဒီလမ်းလား? ပန်းခြံရှိတယ်”

“ဘာပန်းခြံလဲ? ဒီလမ်းပေါ်မှာ ပန်းခြံတွေ အတော်များတယ်”

“ဘာပဲဖြစ်ဖြစ် အဲ့နေရာတွေနဲ့ ဝေးဝေးနေတာကောင်းတယ်”

လင်းချင်းသည် မြေပုံကို ပြန်ကြည့်လိုက်သည်။ အချို့သန္ဓေပြောင်းကောင်များသည် အနောက်ပိုင်းကန်ထဲတွင် ရှိနေမည်ဖြစ်ရာ ကန်ဘေးကပန်းခြံများထဲတွင်တော့ ရှိမည်က မေးနေစရာကို မလိုပေ။

‘ကြည့်ရတာ ငါသန္ဓေပြောင်းအပင်တချို့ကို ရှာရပြီး နွယ်လေးအတွက် အပင်အမြူတေရနိုင်တယ်’   သူမသည် တွေးမိလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ထလိုက်ပြီး မြို့အထက်ပိုင်းခရိုင်ဘက်ကို ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ?”   အခြားသူများသည် သူမအား တအံ့တသြဖြင့် မေးသည်။

လင်းချင်းသည် အခြားသူများကို ကျောပေးထားရင်းဖြင့် နေကာမျက်မှန်ကို ချွတ်လိုက်ကာ မျက်လုံးများကိုမှိတ်၍ ထိုဘက်သို့ အာရုံစိုက်ထားလိုက်သည်။ ထိုအခါ ခရမ်းရောင်စွမ်းအင်နှစ်လုံးသည် အရှိန်ပြင်းစွာဖြင့် သူမတို့ရှိရာသို့ လာနေကြောင်း သိသွားသည်။ ထို့နောက် လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်း၏ဦးထုပ်လွတ်ရာ နောက်ကျောမှာ ကတုံးဖြစ်နေသည်ကို မြင်လိုက်ရသည်။ ဦးထုပ်က ခေါင်းပေါ်တွင်ဆောင်းထားသော်လည်း အကုန်လုံးကိုတော့ လုံနိုင်သည်မှ မဟုတ်တာ။   ‘ဘာဖြစ်လို့ ဆံပင်မရှိတာလဲ?’

သူတို့သည် ကတုံးဖြစ်ကြောင်း သတိမထားမိခင်က လင်းချင်းသည် သူမ၏ဆံပင်များကို ဦးထုပ်ထဲတွင် သိမ်းထားသည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း လင်းချင်း၏ ဦးထုပ်အစွန်းတွင် ဘာဆံပင်မှ ရှိမနေပေ။ ဦးထုပ်ထဲတွင် သိမ်းထားသည်ဆိုလျှင် ဆံပင်အစအနများတော့ ရှိသင့်သည်မလား။ အခုမှ သူတို့က လင်းချင်းက ကတုံးဖြစ်ကြောင်းကို သိတော့သည်။   ‘ဘာဖြစ်လို့ ဆံပင်ညှပ်ပစ်တာပါလိမ့်? ဒါမှမဟုတ် အခုမြင်လိုက်တဲ့အပိုင်းလောက်ပဲ ရိတ်ထားတာလား?’

ထိုအချိန်တွင် လင်းချင်းသည် အုတ်ဘောင်တန်းမှနေ ထလာသည်။ ထို့နောက် သူမသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကို ဆွဲလိုက်ပြီးနောက် သူတို့သုံးယောက်ပျောက်သွားကာ လင်းချင်းပဲ ပြန်ပေါ်လာသည်။

“ဘာဖြစ်လို့လဲ?”   ဟွမ်ရှို့က လင်းချင်းကို နားမလည်စွာ မေးသည်။

“ရောက်လာပြီ”   လင်းချင်းသည် မြို့အထက်ပိုင်းခရိုင်ကိုကြည့်ကာ ဖြေလိုက်ပြီးနောက် သူနှင့်ရှဲ့တုန်းကို နယ်မြေထဲသို့ ခေါ်သွားသည်။

“ဘာကရောက်လာတာ?”   နယ်မြေထဲတွင် လူစုံသည့်အခါ ဟွမ်ရှို့က မေးသည်။ လင်းချင်းကို အခြားသူများကလည်း စပ်စုစွာဖြင့် ကြည့်နေသည်။

လင်းချင်းသည် သင်ပုန်းကိုယူကာ ရေးလိုက်သည်။   ‘မြို့ပေါ်ကဇွန်ဘီဘုရင်’

စာဖတ်ပြီးသည့်အခါ အခြားသူများသည် အံ့သြသွားကြသည်။   ‘မဖြစ်နိုင်တာ! ငါတို့ဒီမှာဆိုတာကို ဘယ်လိုလုပ်သိသွားတာလဲ?’

လင်းချင်းက ထပ်ရေးပြသည်။   ‘ငါတို့ရှိလို့ လာတာဟုတ်မဟုတ် မသိဘူး။ ဒါပင်မယ့် ဒီကိုလာနေတာတော့ သေချာပဲ’

သူမသည် သူတို့အား ဇွန်ဘီဘုရင်အပြင် နောက်တစ်ခုပါကြောင်းကို မပြောလိုက်ပေ။ ထိုစွမ်းအားသည်လည်း ခရမ်းရောင်ဖြစ်ကာ ဇွန်ဘီဘုရင်ထက်တောင် သန်မာပုံရသည်။ ထို့အတူ လင်းချင်းသည် ထိုစွမ်းအားကို အရင်က အာရုံခံဖူးသည့်အလား အနည်းငယ် ရင်းနှီးနေသည်။ 

သူမသည် ဒီလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးစားဖို့ ဆွဲဆောင်ပြီးသည်နှင့် အာလူးတို့ ဖရုံသီးများကို ခူးလေသည်။ ထို့နောက် ကန်ထဲကရေဖြင့် အိုးထဲတွင် ထည့်ပြုတ်လိုက်သည်။ ထို့နောက် သူတို့သည် ဗိုက်ပြည့်အောင် စားလိုက်ကြသည်။ သူတို့သည် သေမည်ဆိုရင်တောင် ဗိုက်ဝ၍သေချင်နေပုံပေါ်သည်။ လင်းချင်းက သူတို့အားလုံးက ဒီလိုတွေးကြောင်းကို သိသည်။ သူတို့သည် စတော်ဘယ်ရီကြောင့် ပိုးကူးခံရ၍ ဇွန်ဘီဖြစ်မည်ကို ကြောက်သော်လည်း စားချင်စိတ်နှင့် ဗိုက်ဆာခြင်းကိုတော့ မခံစားနိုင်ကြပေ။

မကြာခင်တွင် လင်းချင်းသည် မျက်လုံးမှိတ်၍ နယ်မြေထဲကနေ ကိုယ်ဖျောက်ထွက်လာသည်။ ထို့နောက် သူမသည် အမိုးပေါ်သို့ ထွက်လာကာ ထိုဘက်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။

မကြာခင်တွင် မည်းသည်း၍ ရှည်လျားလွန်းသည့် အရာက ပြေးလာသည်ကို မြင်လိုက်ရသည်။ ထိုအရာသည် ဇွန်ဘီဘုရင်ဖြစ်သော်လည်း အရင်ကလို မဟုတ်တော့ပေ။ အစက သူမကြောင့် ကြွက်သားများပေါ်ကာ သွေးများဖြင့်စေးကပ်ရွှဲနေသော်လည်း အခုတော့ အသားကင်နံ့များလိုထွက်ကာ နီညိုရောင်ဖြစ်နေပြီ။ ဇွန်ဘီဘုရင်သည် အခြေအနေကောင်းပုံမရဘဲ နောက်ကလိုက်နေသည့်အရာကြောင့် အလျင်စလိုဖြင့် ပြေးနေရပုံပေါ်သည်။

လင်းချင်းသည် အမိုးပေါ်တွင် ဒူးနှစ်ချောင်းကို လက်ဖြင့်ပိုက်၍ ထိုင်ချကာ ဇွန်ဘီဘုရင်နှင့် သူ့နောက်က လိုက်လာသည့် သာမန်ဇွန်ဘီများကို ကြည့်နေသည်။ အဆင့်ငါးဇွန်ဘီအချို့သည် အဆင့်လေးဇွန်ဘီများနှင့်အတူ အနားက အဆောက်အဦးများသို့တက်ကာ စွမ်းအားဖြင့် ဇွန်ဘီဘုရင်နောက်သို့ လိုက်နေသည့်အရာကို တိုက်နေသည်ကို တွေ့ရသည်။ လင်းချင်းသည် ထိုအရာထံမှ ရင်းနှီးသည့် ခံစားချက်ကို ရသော်လည်း ဘာမှန်းမသိပေ။

“ဂါး!”   ဇွန်ဘီဘုရင်သည် ကျယ်လောင်စွာ အော်လိုက်သည့်နှင့် အနားက သာမန်ဇွန်ဘီအုပ်သည် ထိုယောက်ျားဆီသို့ သွားကြသည်။

လင်းချင်းသည် ထိုအရာမှာ ယောက်ျားဖြစ်ပြီး အရမ်းသန်မာကာ မိုးကြိုးအစွမ်း ရှိသူဖြစ်ကြောင်း အာရုံခံမိသည်။ ထိုအစွမ်းနှင့် မိုးကြိုးများသည် သူမနှင့် ရင်းနှီးနေသည်။   ‘ကလေးမလေးရဲ့ အဖေလား? သူ့ကိုအဝေးထဲက ရင်းနှီးသလို ဖြစ်နေတာ မဆန်းတော့ဘူး။ သူ့မိုးကြိုးဒဏ်ကို ဘယ်လိုလုပ် ငါကမေ့နိုင်မှာတဲ့လဲ?’

ဇွန်ဘီဘုရင်က ပြေးနေသည်မှာလည်း မဆန်းတော့ပေ။ အဆင့်၆ဇွန်ဘီ ဘုရင်နှင့် အဆင့်၇စွမ်းအားရှင်ကြားက အစွမ်းများသည် တကယ့်ကိုကွာခြားသည်။ ဝူချန်းယွဲ့သည် အဆင့်လေးနှင့် အဆင့်ငါးဇွန်ဘီများ၏ တိုက်ခိုက်မှုများကို အလွယ်လေး ခုခံလိုက်သည်။ ဒါသည် သူ့အား လုံးဝနှေးမသွားစေဘဲ မကြာခင်တွင် ဇွန်ဘီဘုရင်ကို ဖမ်းမိတော့မှာ ဖြစ်သည်။

“ဂါး!”   ဝူချန်းယွဲ့က အနားသို့နီးလာသည်နှင့် ဇွန်ဘီဘုရင်သည် ဒေါသထွက်ကာ အော်သည်။ ထိုအခါ ဇွန်ဘီဘုရင်၏နောက်မှ အဆင့်ငါးဇွန်ဘီသုံးကောင်သည် သူတို့အစွမ်းဖြင့် တိုက်ခိုက်မှုများက ဝူချန်းယွဲကို မထိခိုက်သဖြင့် အောက်သို့ဆင်းလာကာ ဇွန်ဘီဘုရင်၏ အမိန့်အတိုင်း အနီးကပ်တိုက်ခိုက်တော့သည်။

လင်းချင်းကတော့ ဇွန်ဘီများသည် သူတို့အသက်ဖြင့် စွန့်စားကာ ဝူချန်းယွဲ့အား အသည်းအသန်တိုက်နေခြင်းကို ကြည့်လို့သာ နေသည်။

ဝူချန်းယွဲ့သည် မိုးကြိုးလုံးများကို ဆက်တိုက်ပစ်လိုက်ကာ တစ်ကောင်ချင်းဆီကို ထိသွားသည်။ သို့သော်လည်း ဇွန်ဘီများက ပို၍ပို၍တိုးလာသည်။ အမိုးပေါ်သို့ ခုန်တက်လိုက်ကာ ဝူချန်းယွဲ့သည် ဇွန်ဘီအုပ်ကြီးကို တစ်ချက်ကြည့်လိုက်၍ မီတာတစ်ရာလောက်က ဇွန်ဘီဘုရင်ကိုသာ လက်ဖြင့်ချိန်ရွယ်လိုက်သည်။ ထိုအခါ ဇွန်ဘီဘုရင်သည် မိုးကြိုးဒဏ်ကို ပြင်းစွာ ခံလိုက်ရသည်။
Previous Chapter 208 of 410 Next