၃၅၈။ ပရိုအဆင့် ပြသနာရှာသူ
ဒီမိန်းမသည် ဘယ်တုန်းကမှ ကောင်းသည့်သူ မဟုတ်ခဲ့ပေ။ သူမသည် စခန်းခေါင်းဆောင်၏ ညီမဖြစ်သောကြောင့် အမြဲတမ်း မာနကြီးကာ အနိုင်ကျင့်တက်သည်။ သူမကို ရိုင်းဆိုင်း၍ အမြင်ကျဉ်းကာ ကျိုးကြောင်းမစီလျော်သည့် မိန်းမအဖြစ် လူသိများကြသည်။
သူမသည် စျေးထဲတွင် သူများ၏ ရောင်းကုန်များကို ပိုင်ရှင်အား အလဲလှယ်ပြန်မပေးခြင်း၊ သို့မဟုတ် တန်ဖိုးမရှိသည့်ပစ္စည်းများကို ပေးခြင်းတို့ လုပ်လေ့ရှိသည်။ သူမက မျက်စိကျတာ မှန်သမျှ သူမသည် သေချာပေါက်ကို အရယူလေ့ရှိသည်။ သူမအမြဲတမ်းသုံးသည့် နည်းလမ်းသည် အကြမ်းဖက်ခြင်း တစ်ခုတည်းသာ။ ယောက်ျားမဟုတ်၍သာ စခန်းက တခြားမိန်းကလေးများအတွက် မထိခိုက်ရသည်က တကယ့်ကိုတော်သေးသည်။
လုထန်ရိသည် ပင်လယ်မြို့တော်စခန်းတစ်ခုလုံး၏ အမုန်းဆုံးမိန်းမ နံပတ်၁ဖြစ်၍ ယန်းယန်ကတော့ ဒုတိယနေရာကပင်။ ထို့ကြောင့် လူအများစုသည် သူမ၏ သေဆုံးခြင်းကို ပျော်နေကြသော်လည်း ဘယ်သူကမှ ယန်းချောင်း၏အရှေ့တွင် ပျော်နေခြင်းကို မပြကြပေ။
ယန်းချောင်းသည် စခန်းကလူများ၏ အာရုံကို သူ့ညီမဖြစ်သူ၏အလောင်းအား ပြလိုက်ခြင်းဖြင့် အာရုံပြောင်းလိုက်နိုင်သည်။ ကျိုးရှုဟွေ့၊ ဝူချန်းယွဲ့နှင့် လူအချို့သည် ထိုင်ခုံကနေထကာ အလောင်းဆီသို့ လျှောက်လာ၍ ကြည့်ကြသည်။
“ခေါင်းကဒဏ်ရာက ဇွန်ဘီသားရဲကြောင့် ဖြစ်တယ်ဆိုတာ သေချာတယ်။ လက်ကိုလည်း ဖြဲခံထားရတယ်။ သူ့ကိုသတ်သွားတာက ဇွန်ဘီသားရဲအကောင်ကြီးကြီး ဖြစ်လိမ့်မယ်” ကျိုးရှုဟွေ့သည် အလောင်းနားတွင်ထိုင်၍ ဒဏ်ရာကို သေချာကြည့်ကာ သုံးသပ်လိုက်သည်။
ဝူချန်းယွဲ့က သူ့အနောက်တွင် ထိုင်နေကာ အိပ်ကပ်ထဲသို့ လက်နှိုက်ရင်း ခေါင်းငြိမ့်ကာ သဘောတူသည်။ “ဒါအမှန်ပဲ”
ကျိုးရှုဟွေ့သည် ထရပ်လိုက်ကာ ယန်းချောင်းကို လှည့်မေးသည်။ “ဒါကိုလုပ်သွားတဲ့ ဇွန်ဘီသားရဲကို မြင်ဖူးလား?”
ယန်းချောင်းက မည်းသည်းနေသည့် မျက်နှာထားဖြင့် ခေါင်းကိုခါကာ “ငါရောက်သွားတော့ ဒီလိုဖြစ်နှင့်နေပြီ။ သူ့ကိုယ်ရံတော်တွေကတော့ ဘာကိုမှမမြင်ဖူးပြောတာပဲ” ကျိုးရှုဟွေ့သည် ဝူချန်းယွဲ့ကို စိုက်ကြည့်လိုက်ကာ “ဒါဆိုရင် ဇွန်ဘီသားရဲက ဘယ်ကလာတာလဲ?”
“ဟား ဟား ဇွန်ဘီသားရဲက ဘယ်ကနေ လာတာလဲကို ငါမသိပင်မယ့် အဆင့်၇ စွမ်းအားရှင်ကတော့ ဘယ်ကရောက်လာသလဲကို ငါသိတယ်!” အက်ကွဲနေသည့်အသံက ရုတ်တရပ်ပေါ်လာသည်။
လူတို့သည် အသံလာရာကိုလှည့်ကြည့်သည့်အခါ ဝူချန်းယွဲ့၏ခုံအနောက်တွင် ထိုင်နေသည့် ဦးထုပ်ဖြင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ဘယ်သူကမှ သူမဘယ်လိုပေါ်လာသလဲကို မသိကြပေ။
သူမသည် စခန်း၏ အရာရှိလည်း မဟုတ်သလို စခန်းက ရာထူးကြီးလူလည်း မဟုတ်ပေ။ သို့သော်လည်း သူမသည် သူတို့၏ အစည်းဝေးအခန်းထဲတွင် ပေါ်လာသည်။ သူတို့ကသာ အရေးကြီးသည့်ကိစ္စကို ပြောနေကြလျှင် သူမသည် အကုန်ကြားသွားနိုင်သည်။
“ဘယ်သူလဲ?”
“မင်း!”
“ဘယ်သူလဲ?”
အသံအချို့က တစ်ခါတည်း ပေါ်လာသည်။
အခုအချိန်တွင် လင်းချင်းသည် နေကာမျက်မှန်ကို ဝတ်မထားပေ။ သို့သော်လည်း သူမ၏မျက်လုံးများသည် ဇွန်ဘီများလို လုံးဝနက်နေတာ မဟုတ်တော့ဘဲ အဖြူဖျော့ဖျော့အခံတွင် အညိုရောင်မျက်စံလေးများဖြင့် ဖြစ်နေသည်။ ဒီမျက်လုံးများက သူမအား ကျန်းမာရေးကောင်းသည့်လူလို မဟုတ်သော်လည်း ဇွန်ဘီပုံတော့ တကယ့်ကို မပေါက်ပေ။
ဝူချန်းယွဲ့သည် သူမကို အံ့သြစွာ ကြည့်နေသည်။ ‘မင်း!’ဟု ပြောသည့်သူသည် သူဖြစ်သည်။ ‘ဘယ်သူလဲ?’ မေးကြသည့်သူများသည် ယန်းချောင်းနှင့် ကျိုးရှုဟွေ့တို့ ဖြစ်ကြသည်။
လင်းချင်းသည် ခုံကနေထွက်လာကာ သူမကိုယ်သူမ နှုတ်ဆက်သည်။ “ငါ့မျိုးရိုးနာမည်က လု။ ဟေးဒီးစခန်းကလူတွေနဲ့ အတူလာတဲ့သူပဲ။ နင်တို့က အဆင့်၇ သတ္တုစွမ်းအားရှင်အကြောင်းကို မသိသေးပင်မယ့် ငါကတော့ သိတယ်။ သူက ခေါင်းဆောင်ယန်ရဲ့ ဧည့်သည်ပဲ။ ခေါင်းဆောင်ယန်က ဘာဖြစ်လို့ မသိချင်ယောင်ဆောင်နေသလဲကိုတော့ ငါလည်းမသိဘူး” ဒီလိုပြောကာ သူမသည် ယန်းချောင်းဆီသို့ လျှောက်လာသည်။
“ဘာတွေပြောနေတာလဲ? ဘယ်သူလဲ? ဒါကခွင့်ပြုချက်မရှိဘဲ ဝင်လာရတဲ့နေရာ မဟုတ်ဘူးမလား? ထွက်သွားစမ်း! အခုသွား!” ယန်းချောင်းသည် လင်းချင်း၏စကားကြောင့် ကြောက်လန့်တကြား အော်ဟစ်သည်။
သို့သော်လည်း ဝူချန်းယွဲ့သည် သူ့အား “ဘာတွေစိုးရိမ်နေတာလဲ? သူနဲ့ ငါမိတ်ဆက်ပေးမယ်။ ဒါက ဟေးဒီးစခန်းက ငါ့လုပ်ဖော်ကိုင်ဖက် လုမိန်းကလေးပဲ။ သူက ဟေးဒီးစခန်းအသစ်ကို ထောင်တဲ့သူဆိုရင်လည်း ဟုတ်တယ်”
ဒီလိုပြောကာ သူမသည် လင်းချင်း၏မျက်နှာကို သေချာကို စိုက်ကြည့်ကာ နားမလည်ဖြစ်နေသည်။ မကြာခင်ပဲ သူသည် ခေါင်းခဲရတော့သည်။ ‘ဒီဇွန်ဘီမက ဒီကိုရောက်လာ ပြဿနာတက်တော့မှာပဲ! ငါအထင် သူက ပြဿနာရှာဖို့ကို တမင်ရောက်လာသလိုပဲ!’
ပင်လယ်မြို့တော်မှ ခေါင်းဆောင်နှင့် အရာရှိအကြီးပိုင်းများသည် ဟေးဒီးစခန်းက လူများက စခန်းသစ်ဆောက်ဖို့ ဒီကိုလာကြောင်းကို သိကြသည်။ သို့သော်လည်း လင်းချင်းသည် မျက်နှာပြတာက အရမ်းကိုရှာသဖြင့် သူမကို မြင်ရခဲလွန်းသည်။ သူမလိုမဟုတ်သည့် လင်းဖန်တို့ မိသားစုများကိုတော့ သူတို့သည် ခနခနတွေ့ဖူးကြသည်။
“ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မဆိုင်တဲ့သူတွေ ချက်ချင်းထွက်သွား!”
ယန်းချောင်းသည် ဒေါသတကြီး အေးစက်စွာ ပြောသည်။
လင်းချင်းက တည်ငြိမ်စွာပြုံးကာ “ဘာဖြစ်လို့ ငါကမဆိုင်ရမှာလဲ? ငါပြောတာ မကြားလိုက်ကြဘူးလား? ငါကအခု သတိလာပေးနေတဲ့သူနော်! နင်ကအပြင်က ဓားပြတွေနဲ့ ဂိုဏ်းဖွဲ့ထားတယ်ဆိုတာ တခြားခေါင်းဆောင်တွေကို ငါတင်ပြနေတာ။ ပြီးတော့ စခန်းကို နင်ကသွေးချောင်းစီးအောင် လုပ်မှာကိုရောပဲ”
“ပါးစပ်ပိတ်! မဟုတ်တာတွေ ပြောနေတဲ့လျှာကို ငါဖြတ်ထုတ်လိုက်ရ!” ယန်းချောင်းသည် သူမအား လက်ရွယ်ကာ အော်ဟစ်သည်။ လင်းချင်းက တစ်ခွန်းပြောလေလေ သူမ၏လျှာကို သူဖြတ်ထုတ်ချင်စိတ်က ပိုများလေလေ ဖြစ်သည်။
“ခနလေး! သက်သေရှိလား?” ကျိုးရှုဟွေ့သည် အရှေ့သို့ထွက်၍ ယန်းချောင်းကိုတားကာ လင်းချင်းကို မေးသည်။
လင်းချင်းက ခေါင်းကိုခါကာ “ငါ့မှာ သက်သေမရှိဘူး။ ဒါပင်မယ့် သူ့ကိုမေးရတာပဲ” ဒီလိုပြောပြီးနောက် သူမသည် တံခါးတွင်ရပ်နေသည့် စစ်သားကို လက်ညိုးထိုးပြလိုက်သည်။
တခြားသူများသည် သူမညွှန်ပြရာကို ကြည့်လိုက်ကြသည်။ လင်းချင်းသည် ဒီလူ၏အနံ့ကို သတိထားမိနေတာ ကြာပြီ။ ဘယ်လောက်ပဲဖုံးကွယ်နေပါစေ သူမအတွက်တော့ အသုံးမဝင်ပေ။
ပုံမှန်အားဖြင့်ဆိုလျှင် ဒီနေရာသို့ ခိုးဝင်လာသည့်သူမှာ ဖော်ခံရမည်ကို ကြောက်နေသင့်သည်။ သူ့အကြောင်းပေါ်သွားသည်နှင့် ပထမဆုံးလုပ်ရပ်သည် ထွက်ပြေးခြင်းသာ ဖြစ်သင့်သည်။ သို့သော်လည်း ဒီလူကတော့ ဒီလိုမဟုတ်ပေ။
လင်းချင်းက လက်ညိုးထိုးပြသည့်အခါ သူ့အမှုအယာသည် တောင့်ခဲ့သွားသော်လည်း ပုံမှန်အတိုင်း ချက်ချင်းပြန်ဖြစ်သွားသည်။ ခပ်ဖွဖွအပြုံးဖြင့် သူ့ဦးထုပ်ကို ချွတ်လိုက်သည်။
“ရှာတွေ့သွားပြီပဲ! ငါသိချင်နေတာ။ ငါ့ကိုတစ်ခါမှ မမြင်ဖူးဘဲနဲ့ ဘယ်လိုများ သိတာလဲ? ဟိုမိန်းမကတော့ ငါ့ကိုမြင်ဖူးတာတောင် မသိဘူး”
ထန်ဟေးသည် ဦးထုပ်ကိုချွတ်လိုက်ကာ မျက်နှာကိုပြသည်။ ဦးထုပ်ကိုကိုင်ထားရင်း လင်းချင်းကို သိချင်စိတ်ဖြင့်ကြည့်ကာ ခန်းမထဲသို့ လျှောက်လာသည်။ ဒီလိုပြောရင်းက မိုလီကို လက်ညိုးထိုးပြသည်။
“နင်! ဘယ်လိုလုပ် ဒီကိုလာရဲတာလဲ!” မိုလီသည် ထန်ဟေးကို မြင်သည့်အခါ သူမ၏ အေးတိအေးစက်မျက်နှာကို ဆက်ထိန်းမထားနိုင်တော့ပေ။ သူ့ကိုလက်ညိုးထိုးပြကာ အံ့ကြိတ်၍ အော်ဟစ်တော့သည်။
ထန်ဟေးက လှောင်ရယ်ကာ “ဘာဖြစ်လို့ ငါကဒီမှာ ပေါ်မလာရဲရမှာလဲ? ငါဒီမှာရှိနေတော့လည်း မင်းကဘာလုပ်နိုင်မှာတဲ့လဲ?”
ထန်ဟေးပေါ်လာသည်နှင့် ယန်းချောင်း၏ မျက်နှာထားသည် ပြောင်းသွားသည်။ သူသည် ထန်ဟေးကို လက်ညိုးထိုးပြကာ “မင်းက ဘာမှန်းမသိတဲ့ အဆင့်၇ စွမ်းအားရှင်လား? ဘာဖြစ်လို့ ငါတို့စခန်းကို လာတာလဲ? ရည်ရွယ်ချက်ကဘာလဲ?”
သူသည် သူ့ကိုယ်သူ ထန်ဟေးနှင့် သူစိမ်းလို လုပ်နေတာ အသိသာကြီးပင်။ ထန်ဟေးက သူနှင့်သိကြောင်း တခြားသူများကို ပြောလျှင်လည်း သူသည် မသိကြောင်း ငြင်းကာ ထန်ဟေးက လိမ်နေကြောင်းကို ဇွတ်ပြောတော့မှာ ဖြစ်သည်။
သို့သော်လည်း ထန်ဟေးသည် သူ့အား အဓိပ္ပါယ်ရှိသည့် အပြုံးတစ်ချက်ပြုံး၍ ကြည့်ပြီးနောက် “ငါဒီကိုလာတာက မင်းစမ်းသပ်ချက်က အောင်မြင်လား မအောင်မြင်ဘူးလား သိချင်လို့”
သူ့စကားများက ယန်းချောင်း၏ အပြုအမှုကို ပြောင်းသွားစေသည်။ ယန်းချောင်းက ဘာမှမပြောနိုင်ခင် ဘေးတွင်ရပ်နေသည့် ဝူချန်းယွဲ့က မေးသည်။ “စမ်းသပ်ချက်? စွမ်းအားရှင်လူတွေရဲ့ ကိုယ်ထဲကို ရောထားတဲ့ ဇွန်ဘီပိုးနည်းနည်းလောက်ထည့်ပြီး ဇွန်ဘီမျိုးစိတ်အသစ်လုပ်နေတဲ့ စမ်းသပ်ချက်ကို ပြောတာလား?”
ဝူချန်းယွဲ့ပြောလိုက်တာက ယန်းချောင်းအတွက် မကောင်းသည့် ခံစားချက်ကို ရလာစေသည်။ ရုတ်တရပ် သူ့မျက်လုံးသည် အေးစက်သွားကာ ကြောက်ဖို့ကောင်းအောင် အော်ရင်း “ဖယ်!”