May Honey Logo May Honey
Previous Next

၂၉၂။ ငါစိတ်မဝင်စားဘူး

လင်းချင်းသည် လုတင်းအား အပြုံးဖျော့ဖျော့ဖြင့်ကြည့်ကာ ဘာမှမပြောပေ။ လေးစက္ကန့် ငါးစက္ကန့်လောက် ကြာသည့်အခါ လုတင်းသည် သူမ၏အကြည့်ကြောင့် လဲကျတော့မလို ဖြစ်တော့မှ လင်းချင်းသည် သူမ၏လက်ကို ဖယ်လိုက်ကာ   “ဝမ်းနည်းဖို့ ကောင်းတာက ငါကမိန်းမတွေကို စိတ်မဝင်စားဘူး။ ပြီးတော့လည်း ငါကလိင်တူကြိုက်တဲ့သူ မဟုတ်ဘူး”

လုတင်းသည် သက်ပြင်းချကာ မေးသည်။   “ဒါဆိုရင် ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ?”

လင်းချင်းသည် ယောက်ျားနှစ်ယောက်လိုမျိုး သူမကို အပြတ်မငြင်းကြောင်းကို ပြောနိုင်သည်။ ထို့အတူ ယောက်ျားနှစ်ယောက်သည် ခုနတုန်းက ဆုံးဖြတ်ချက် ချပြီးနောက် သူမကို လှမ်းမော့ကြည့်လိုက်သည်ကိုလည်း သတိထားမိသည်။ လင်းချင်းကသာ အစာနှင့်လက်နက်ပေးနေသ၍ သူမတို့အဖွဲ့သည် လင်းချင်းခိုင်းသမျှ လုပ်နိုင်ပါလိမ့်မည်။

လင်းချင်းသည် လုတင်းမှာ နားလည်နိုင်စွမ်းမြင့်သည်ဟု ခံစားရသည်။ ထို့နောက် သူမသည် ချန်ယုတင်းတို့ကို ကြည့်ကာ သူတို့ဆီသို့ သွားလိုက်သည်။

“နင်တို့ငါတို့နဲ့ လဲလှယ်ချင်တယ်ဆိုရင် နင့်အတွက် အလုပ်ရှိတယ်။ လက်ခံ မခံကတော့ မပြောတက်ဘူး”   ချန်ယုတင်းတို့အား ပြောလိုက်သည်။ သူမပြောချင်သည်မှာ ယောက်ျားသာလို၍ မိန်းမ မလိုပေ။

ချန်ယုတင်းတို့သည် သူမပြောသည်ကို နားလည်ကာ   “ဘာအလုပ်လဲ? ငါတို့လုပ်နိုင်သမျှ လုပ်ပါ့မယ်”   ချန်ယုတင်းသည် အံ့သြစွာဖြင့် အမြန်ဖြေသည်။

“အင်း. . .ဆောက်လုပ်ရေးအလုပ်သမား”   လင်းချင်းက ပြောသည်။

“ဆောက်လုပ်ရေးသမားလား?”   သူတို့သည် လင်းချင်း၏ အဖြေကို ကြားသဖြင့် နားကြားမှားသလားဟုတောင် ထင်သွားကြကာ ပြန်မေးသည်။ သို့သော်လည်း လုချန်းဖန်သည် တစ်ခုခုကို တွေးမိသွားကာ   “တစ်ခုခုကို ဆောက်မလို့လားလို့ မေးလို့ရမလား?”   သူကမေးသည်။   “ဘယ်လောက်ကြာမှာလဲ? ငါတို့က ဘယ်လောက်ရမှာလဲ?”

ထိုအခါ အခြားသူများသည်လည်း ခေါင်းငြိမ့်ကာ သဘောတူကြသည်။   “ဟုတ်တယ်။ ဆောက်လုပ်ရေးအလုပ်သမားဆိုမှတော့ . . . ဘာကိုဆောက်မှာလဲ? အိမ်လား?”

“နံရံ”   လင်းချင်းက ဖြေသည်။   “အထွေအထူးမရှိရင် ခြောက်လကနေ ၁နှစ်ကြာမယ်။ သေချာတာကတော့ နင်တို့ကို အတင်းအလုပ်မခိုင်းပါဘူး။ ဆန်နဲ့ဂျုံကို နေ့တိုင်းရမယ်။ တည်နေရာကတော့ အခုပြောလို့မရပင်မယ့် လုံခြုံမယ့်နေရာဆိုတာတော့ အာမခံတယ်။ ဘယ်လိုထင်လဲ?”

သူမ၏စကားကို တုန့်ပြန်ပုံက မတူကြပေ။ ချန်ယုတင်းတို့သည် ဒီလိုကောင်းတာမျိုးက ဖြစ်လာမည်ဟု တွေးတောင်မတွေးခဲ့မိပေ။ လင်းချင်းက သူတို့ကို ကောင်းသည့်အလုပ် ကမ်းလှမ်းသည်မှာ ကံကောင်းမှုကြီးပင်။ နံရံဆောက်သည်ကို ကူညီရာတွင် ဆန်နှင့်ဂျုံရမှာ ဖြစ်သည်။ ဆန်နှင့်ဂျုံသည် အခုခေတ်တွင် ရှားပါးလွန်းသည်။ ဘယ်စခန်းတွင်မဆို စွမ်းအားကြီးသူများသာ ရနိုင်တာဖြစ်သည်။

လီကျန်းနှင့် လင်းဖန်တို့သည် အချင်းချင်းကြည့်ကာ ဘာမှမပြောပေ။ သူတို့သည် ဒီလူများကို ငှားဖို့မရည်ရွယ်သည်မှာ နောက်ကြောင်းဘာကိုမှ မသိ၍ဖြစ်သည်။ ထို့အတူ သူတို့သည် ဟန်ကျိုးမြို့ပေါ်သို့ မသွားခင်တွင် ပင်လယ်မြို့တော်စခန်းကို အရင်ဝင်ရဦးမှာ ဖြစ်သည်။ လမ်းတွင် သူစိမ်းများကို ငှားပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်နိုင်သည်။ ထို့ကြောင့် လင်းချင်းက ဒီလိုငှားလိမ့်မည်ဟု သူတို့လည်း မထင်ခဲ့ပေ။

“တကယ်လား? ငါတို့က ဘယ်လိုယုံရမှာလဲ?”   လုတင်းက မေးသည်။

လင်းချင်းသည် လှည့်ကြည့်ကာ ပုခုံးတွန့်၍   “ယုံတာမယုံတာ ငါဂရုမစိုက်ဘူး။ အခုနင်တို့ကို ငါကတောင်းဆိုနေတာမှ မဟုတ်တာ။ နင်တို့သဘောထားကို နင်တို့ရှင်းအောင်လုပ်။ ငါတို့နဲ့မလိုက်ဘူးဆိုရင်လည်း ငါတို့က တခြားသူရှာမှာပဲ။ စကားမဆက် ငါတို့က အခုပင်လယ်မြို့တော်စခန်းကိုသွားမှာ။ ငါတို့နဲ့ အလုပ်လုပ်ချင်စိတ်ရှိမယ်ဆိုရင် နင်တို့စခန်းကို ငါတို့အလကား လိုက်ပို့ပေးမယ်”   ပြောပြီးသည့်နောက် လင်းချင်းသည် သူမတို့ကားထံသို့ သွားလိုက်သည်။

“နင်တို့တွေးဖို့ သုံးမိနစ် အချိန်ပေးမယ်။ ငါတို့က စောင့်မနေနိုင်ဘူး”   ဒီလိုပြောရင်းဖြင့် လင်းချင်းသည် ကားအမိုးပေါ်သို့ ခုန်တက်သွားကာ ခြေချိတ်၍ ထိုင်နေသည်။

လုချန်းဖန်နှင့် ချန်ယုတင်းတို့သည် အချင်းချင်းတစ်ချက်ကြည့်ကာ တခြားသူများကို ကြည့်လိုက်သည်။ လုချန်းဖန်က တခြားသူများအား   “ဘယ်လိုထင်လဲ? သူတို့က ယုံလိုရတာတော့ မဟုတ်ပင်မဘ့် ငါတို့မှာ အခုတခြားရွေးစရာမရှိဘူး”

“ငါ. . .ငါသွားမယ်။ အစာနဲ့လက်နက်က အခုမရှိဘူး။ ငါတို့က တစ်ရက်နှစ်ရက်အတွင်း ဘယ်လိုကြိုးစားကြိုးစား သေမှာပဲ။ ပြီးတော့လည်း ဒီနေရာက ပင်လယ်မြို့တော်စခန်းနဲ့ ဝေးသေးတယ်။ ငါတို့ပြန်တဲ့လမ်းမှာ ငတ်မသေရင်တောင် ဇွန်ဘီကြောင့်သေမှာပဲ”

“မင်းပြောတာမှန်တယ်။ ငါသူ့ကိုယုံချင်တယ်”

“ဒါပင်မယ့်. . . လိမ်နေရင်ရော?”

“ဓားပြတွေနဲ့ မတူပင်မယ့် မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး။ ပြီးတော့. . .ဒီမိန်းမက တည်နေရာကို မပြောဘူး။ အန္တရာယ်များတဲ့နေရာကို ခေါ်သွားပြီးတော့ ငါတို့ပြန်မလာနိုင်ရင်ရော?”

“ဒါပင်မယ့် ငါတို့မှာ သူတို့လိုချင်တာ ဘာမှမရှိတာ။ ဘာဖြစ်လို့ လိမ်မှာလဲ?”

“လိမ်စရာအကြောင်း မရှိဘူးထင်တယ်။ ဖြစ်နိုင်တာက သူတို့လက်တလော လူလိုနေတာပဲ။ နံရံဆောက်ဖို့ သွားမယ် ပြောတယ်မလား။ သူတို့က တစ်နေရာရာမှာ စခန်းအသစ်လေး ဆောက်ဖို့လား?”

“စခန်းသစ်လား? လူနည်းနည်းနဲ့? ငါတို့မယုံသင့်ဘူး ထင်တယ်”

“ငါ. . .ငါဂရုမစိုက်တော့ဘူး။ ငတ်မသေရင်သ၍ ဘာမဆိုလုပ်မယ်ကွာ. . .ငါ့အမေကို ငါဂရုစိုက်ဖို့ လိုသေးတယ် ချမ်းသာမှုဆိုတာက အန္တရာယ်က လာတာပဲမလား? အရဲစွန့်မကြည့်ဘဲ ဘာရတနာကိုမှ ငါတို့ရှာနိုင်မှာ မဟုတ်ဘူး”

“အမှန်ပဲ ငါတို့အကုန်လုံး အစာလိုတယ်။ ငါတို့အစာကို ရှာနိုင်ပင်မယ့် အရေးကြီးဆုံးက စခန်းကို အသက်ရှင်လျှက် ပြန်နိုင်ဖို့ပဲမလား?”

“ဟုတ်တယ်!”

“ငါရောပဲ အဲ့လိုထင်တယ်!”

အများစုသည် လင်းချင်းကိုယုံဖို့အပြင် တခြားရွေးစရာမရှိဘူးဟု တွေးကြသည်။ ချန်ယုတင်းနှင့် လုချန်းဖန်တို့သည် အချင်းချင်းကြည့်ကာ ဆုံးဖြတ်ချက်ချ၍ ခေါင်းငြိမ့်လိုက်ကြသည်။

သူတို့သည် လင်းချင်းဆီသို့ ခြေလှမ်းအချို့လှမ်းလာကာ မော့ကြည့်ကာ ပြောသည်။   “အလုပ်လုပ်ဖို့ ငါတို့သဘောတူတယ်။ စခန်းကို လုံလုံခြုံခြုံနဲ့ ပြန်ပို့ပေးဖို့ ကူညီနိုင်မယ်ဆိုရင် တစ်လလောက် အလကားလုပ်ပေးမယ်”

လင်းချင်းသည် လက်ခုပ်တီးကာ ခေါင်းငြိမ့်၍   “နင်တို့သဘောတူတာ ကောင်းတယ် ပင်လယ်မြို့တော်ကို အရင်သွားကြတာပေါ့ နောက်တစ်ဆင့်ကတော့ အဲ့ရောက်မှ ပြောကြမယ်”

လင်းချင်းသည် ဒီလိုပြောကာ လက်ကိုယမ်းလိုက်သည်။   ဘုန်း!

ဘတ်စ်ကားအသေးအရွယ်ရှိသည့် သံချပ်ကာကားတစ်စီးသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။ ထိုကားသည် လင်းချင်းတို့ကားနှင့် တစ်ထေရာတည်းဖြစ်သည်ကို မြင်သည့်အခါ ချန်ယုတင်းနှင့် အခြားသူများသည် လန့်သွားကာ လင်းချင်းကို အံ့သြစွာဖြင့် ကြည့်ကြသည်။

“ဒီကားကို မောင်းလို့ရတယ်။ စခန်းရောက်ရင်တော့ ငါ့ကိုပြန်ပေးဖို့ မမေ့ကြနဲ့!”   လင်းချင်းက သူတို့ကို ပြောသည်။

“တ. . .တကယ်လား?”   ချန်ယုတင်းသည် လင်းချင်းကို အံ့သြစွာကြည့်သည့်အခါ လင်းချင်းက ခပ်ဖွဖွပြုံးပြသည်။

လီကျန်းနှင့်လင်းဖန်တို့သည် ကားထဲသို့ ဝင်ကြသည်။ ထို့နောက် လင်းချင်းထိုင်နေသည့်ကားသည် အရင်စမောင်းထွက်သည်။

လင်းချင်းတို့ကားက ထွက်သွားမှ ချန်ယုတင်းတို့သည် နောက်ကားပေါ်သို့ အမြန်အပြေးအလွှားတက်ကြသည်။   “အမြန် ကားထဲဝင် ငါတို့နောက်မှ ပြောမယ်”

“ဒါကတကယ်လား! ကောင်းလိုက်တာ!”

သူတို့သည် ကားတံခါးဖွင့်ကာ အမြန်ခုန်တက်လိုက်ကြသည်။ လင်းချင်းက အမှန်ပြောတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့သည် ဒီကားဖြင့် စခန်းသို့ လုံခြုံစွာ ပြန်နိုင်သည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လင်းချင်း၏ စကားများကို ငါးဆယ်ရာခိုင်နှုန်း ယုံကြည်သွားကြတော့သည်။ 

အမဲလိုက်အဖွဲ့သည် သူတို့ကို အလုပ်ကမ်းလှမ်းသည့် ဒီလိုသြဇာရှိသည့်မိန်းမသည် နေရာလွတ်စွမ်းအားရှင် ဖြစ်နေသောကြောင့် အံ့သြနေကြသည်။ သူတို့မျက်လုံးထဲတွင် နေရာလွတ်စွမ်းအားရှင်များက အားအနည်းဆုံး ဖြစ်ကြသည်။ သို့သော်လည်း လင်းချင်းကတော့ အရမ်းသန်မာပုံရသည်။

Previous Chapter 292 of 410 Next