May Honey Logo May Honey
Previous Next

၃၂၇။ အသက်ရှုနေတုန်းပဲ

ဘုန်း!   တံခါးသည် ပြင်းထန်စွာ ကန်ဖွင့်ခံလိုက်ရပြီးနောက် အက်ကွဲသည့်အသံတစ်သံက ထွက်လာသည်။

“နင်တို့မလှုပ်ကြနဲ့! မဟုတ်ရင် နင်တို့ခြေထောက်ကို ငါဖြစ်ပစ်မယ်!”

“ဘယ်သူလဲ?”   အခန်းထဲမှ ကြောက်သွားကြသည့် သူများက တံခါးကို လှည့်ကြည့်သည်။ အသံသည် ခြောက်ကပ်၍ အက်ကွဲနေလေရာ ယောက်ျားသံလား မိန်းမသံလားကို သူတို့မခွဲတက်ကြပေ။ သူတို့လှည့်ကြည့်လိုက်သည့်အခါ အလင်းက သူမ၏​နောက်ကနေ ဝင်နေသဖြင့် အရိပ်လောက်သာ မြင်ရပြီး သူမ၏ရင်သားများကို မမြင်ရပေ။

သူတို့အခန်းကို တံခါးကိုကန်ဖွင့်၍ ဝင်လာသည့်သူသည် မိတ်ဆွေမဟုတ်တာကို သူတို့တန်းသိသည်။ သို့သော်လည်း သူတို့သည် လင်းချင်း၏ စကားကို လျစ်လျူရှုကာ တိုက်ဖို့ လုပ်ကြသည်။ သို့သော်လည်း သူတို့၏အစွမ်းများကို မထုတ်ရသေးသည် လင်းချင်းသည် ရုတ်တရပ် သူမ၏လက်သည်းများကို ယမ်းလိုက်သည်။

“အာ့!”

“အား!”

ခြေထောက်ကိုဖြတ်လိုက်သည့်အသံများ ထွက်လာပြီးနောက် အော်သံတို့က ချက်ချင်းထွက်လာသည်။ ထို့နောက် သူတို့သည် ကြမ်းပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတော့သည်။

“အာ့ အား. . .ငါ့ခြေထောက်! ငါ့ခြေထောက်!”

“အား. . .ခြေထောက်. . .”

လင်းချင်းသည် အခန်းထဲသို့ ဝင်လာသည့်အခါ သွေးနံ့နှင့်အတူရောနေသည့် မဖော်ပြတက်သည့်အနံ့မျိုးကို ရလိုက်သည်။ တံခါးကို ကန်ဖွင့်လိုက်သည့်အခါ အကျယ်ကြီးပွင့်သွားသဖြင့် အရင်ကထက် အများကြီးလင်းသွားကာ အရာအာလုံးကို ရှင်းရှင်လင်းလင်း မြင်နိုင်သည်။

ထိုအချိန်တွင် အပြင်ဘက်ကနေ ခြေသံများထွက်လာကာ ချန်ယုတင်းနှင့် တခြားသူများသည်လည်း အမြန်ရောက်လာကြသည်။ 

“ကျန်း! ကျန်း! ကျ. . .”   သို့သော်လည်း သူသည် အခန်းထဲသို့ဝင်လာ၍ မြင်လိုက်ရသည့်အခါ သူ့လည်ပင်းကို တစ်ယောက်ယောက် ညှစ်ထားသည့်အလား ဘာအသံမှကို မထွက်တော့ပေ။ သူသည် မျက်လုံးအပြူးသားဖြင့် ကုတင်ပေါ်တွင် အသက်အားမရှိစွာဖြင့် လဲနေသည့် ရှန်ယုကျန်းကို ကြည့်သည်။ 

ထိုအချိန်တွင် ဝူချန်းယွဲ့တို့ကလည်း လျှောက်လာသည်။ အခန်းထဲက မြင်ကွင်းကို မြင်သည့်အခါ သူ့မျက်နှာပေါ်က အပြုံးဖျော့ဖျော့သည် ပျောက်ကွယ်သွားကာ သူ့ကို အမှုအယာမဲ့သွားတော့သည်။

ချန်ယုတင်းသည် ရှန်ယုကျန်းထံသို့ တစ်လှမ်းချင်း မှိုင်းတွေစွာဖြင့် လျှောက်သွားပြီး ဝူချန်းယွဲ့တို့က သူ့အားတည်ကြည်စွာဖြင့် ကြည့်နေသည်။ 

“အသက်ရှုနေတုန်းပဲ!”   လင်းချင်းက ပြောသည်။  သူမသည် ကုတင်ဘေးသို့ လျှောက်သွားကာ ရှန်ယုကျန်း၏ လက်ကိုကိုင်လိုက်ပြီးနောက်    “ဒါပင်မယ့် နင့်ကိုနောက်ဆုံးအကြိမ် တွေ့ခွင့်ရဖို့အတွက် စောင့်နေရှာတာ”

သူမ၏စကားများသည် ချန်ယုတင်း၏ ဦးနှောက်ကို မိုးကြိုးပစ်ချလိုက်သည့်အလား သူသည်တောင့်ခဲ့သွားကာ ဘယ်လိုတုန့်ပြန်ရမလဲ မသိဖြစ်သွားသည်။

ထိုအချိန်တွင် လင်းချင်းက ခြေဖြတ်ထားလိုက်သူများသည် မေ့မျောနေကြပြီ။ ရှောင်လီချန်းသည် လူအချို့ကိုခေါ်လာကာ ဒီလူများကို ကြိုးဖြင့်တုပ်စေ၍ ဆွဲခေါ်ထုတ်သွားသည်။ 

လင်းချင်းသည် သူမ၏အနွေးထည်ကို ချွတ်လိုက်ကာ ရှန်ယုကျန်း၏ ဆိုးဝါးစွာ ထိခိုက်ထားသည့် ခန္ဓာကိုယ်အား ကာပေးလိုက်သည်။ ထို့နောက် သူမသည် လက်ကိုမြှောက်လိုက်သည့်အခါ သူမ၏လက်ထဲတွင် ရေသန့်တစ်ခွက်က ပေါ်လာသည်။

ရေကိုမြင်သည့်အခါ ဝူချန်းယွဲ့၏ မျက်လုံးများသည် တောက်ပသွား၍
“ဒီရေက မင်းဆီကလား? ဒါမှမဟုတ် ယွမ်ထန်ရှင်းဆီက ရတာလား?”
သူသည် လင်းချင်းကို စိုက်ကြည့်ကာ ပြောသည်။

လင်းချင်းသည် ရှန်ယုကျန်းအား ပါးစပ်ကိုပွင့်စေကာ ရေကိုတိုက်လိုက်ပြီးနောက် ဝူချန်းယွဲ့၏ အမေးကို ပြောလိုက်သည်။   “မှန်းကြည့်လေ”

ဝူချန်းယွဲ့သည် ရေခွက်လွတ်ကို နယ်မြေထဲသို့ ပြန်ထည့်လိုက်သည်ကို ကြည့်ပြီးနောက် ရှန်ယုကျန်းကို ကြည့်သည်။ ထို့နောက် အခုအချိန်တွင် လက်ပြတ်အကျီသာ ဝတ်ထားသည့် လင်းချင်းကို လှည့်ကြည့်လိုက်သည်။ ဖြူဖွေးတောက်ပနေသည့် ခါးသေးသေးလေးနှင့် လက်မောင်းတို့ကို သူမြင်ရသည်။ 

အရင်တုန်းက အနောက်ပိုင်းရေကန်တွင် တွေ့တုန်းကလည်း သူမသည် ဒါမျိုးဝတ်ထားတာ ဖြစ်သည်။ သူမ၏ပြောကျားအကျီပွပွကြီးသည် ယောက်ျားစတိုင်ဖြစ်သည်။ သူမ၏ရှည်သည့်အရပ်နှင့် ဆံပင်တိုတို့ကို ထည့်ပေါင်းလျှင် သူမသည် ယောက်ျားနှင့်သူသည်။ သို့သော်လည်း အပေါ်ထပ်အကျီကို ချွတ်လိုက်သည့်အခါ ကောက်ကြောင်းတို့က လှပစွာ ထွက်လာသည်။

လင်းချင်းသည် ရှန်ယုကျန်းကိုကြည့်ကာ လက်ပိုက်လိုက်သည်။ ဒီလိုလုပ်လိုက်ခြင်းသည် သူမ၏ရင်သားများကို မတော်တဆဖြစ်ညှစ်လိုက်သလို ဖြစ်သွားစေကာ ပိုထင်းလာသည်။

သူမသည် မေးကိုလက်တစ်ဖက်ဖြင့် ပွတ်နေသည်။ အခုတော့ တခြားသူများကို ဒီမိန်းမမှာ ဇွန်ဘီပိုးကူးခံထားရကြောင်း မပြောရသေးပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ကန်ရေက ရှင်နေသည့်သူ၏ ဇွန်ဘီပိုးကို ဖျက်ပေးနိုင်မလား မသေချာသောကြောင့် ဖြစ်သည်။

ကန်ရေသည် ဇွန်ဘီကိုယ်ထဲက ပိုးကိုထိန်းချုပ်ပေးနိုင်ကြောင်းသာ သူမသိသည်။ ထို့ကြောင့် သူတို့က ပိုးအကြောင်းကို မသိခင် သူမသည် ကန်ရေကို အရင်တိုက်လိုက်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကန်ရေက သူမကို ပိုကြာကြာ အသက်ဆက်စေနိုင်မှာပင်။

ဝူချန်းယွဲ့၏အကြည့်က သူမကိုကြည့်နေသည့်အခါ လင်းချင်းသည် သူမ၏ရင်ဘတ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ တော်သေးသည်မှာ သူမသည် သင့်တော်သည့်အတွင်းခံများကို အရင်ရက်က တွေ့ထားသဖြင့် အခုတစ်ထည်ဝတ်ထားတာ ဖြစ်သည်။

မဟုတ်လျှင် သူမသည် အခုလို အပေါ်ထပ်ကုတ်အကျီကို ချွတ်ရဲသည့်သတ္တိမျိုး ဘယ်ရှိမည်နည်း? အခန်းထဲက ယောက်ျားတိုင်းက ကိုယ်တီးလုံးဖြစ်နေသည့် ရှန်ယုကျန်းကို အကုန်စိုက်ကြည့်နေသည်ဆိုရင်တောင်မှ သူမသည် ကုတ်အကျီကို မချွတ်ရဲလောက်ပေ။

သူမသည် ခနတွေးပြီးနောက် ဝူချန်းယွဲ့၏ အာရုံကို ပြောင်းဖို့လုပ်သည်။
“ငါနင့်ကို တစ်ခုမေးလို့ရမလား?”

“ငါ?”   ဝူချန်းယွဲ့သည် ခေါင်းကိုအပေါ်သို့တက်၍ သူမ၏မျက်နှာကို ကြည့်သည့်အခါ လင်းချင်းက ခေါင်းငြိမ့်ပြသည်။ 

ဝူချန်းယွဲ့သည် ချန်ယုတင်းက ပွေ့ထားသည့် ရှန်ယုကျန်းကို တစ်ချက်ကြည့်ကာ ဖြေသည်။   “ငါတို့ပြန်တဲ့အချိန်အထိ ခနစောင့်ပေးလို့ရသေးလား? အသက်ကယ်ဖို့ လိုသေးလို့”

လင်းချင်းသည် ခနလောက် နားမလည်ဖြစ်သွားကာ မေးသည်။   “သူ့ကိုကယ်လို့ရသေးလား?”

သူမ၏ကန်ရေကလွဲလျှင် ဒီလိုကူကယ်ရာမဲ့ဖြစ်နေသည့် ရှန်ယုကျန်း၏ အခြေအနေကို ဘယ်သူက သို့မဟုတ် ဘာကကယ်တင်နိုင်မလဲ မသိပေ။

“သူ့ကို တစ်ယောက်က ကယ်နိုင်လောက်တယ်”   ဝူချန်းယွဲ့က ပြောသည်။   “ဒေါက်တာလျန်ကို ငါတို့သွားပြန်ရှာရအောင်!”   ချန်ယုတင်းကို ပြောသည်။

ချန်ယုတင်းသည် ရှန်ယုကျန်းကိုပွေ့ကာ ဝူချန်းယွဲ့၏နောက်ကလိုက်၍ အခန်းထဲကနေ ထွက်သွားသည်။ လင်းချင်းသည်လည်း ဒေါက်တာလျန်ဆိုသည့်သူကို စိတ်ဝင်စားသွားသဖြင့် သူတို့နောက်ကနေ လိုက်လာသည်။

သူတို့သည် ချန်ယုတင်း၏အိမ်သို့ အမြန်ပြန်ရောက်လာကြသည်။ ချန်ယုတင်းက ရှန်ယုကျန်းကို ကုတင်ပေါ်သို့တင်ကာ သူမကို စောင်ဖြင့်ဖုံးလိုက်၍ လင်းချင်း၏ ကုတ်အကျီကို ပြန်ပေးသည်။

သူချစ်မြတ်နိုးရသည့် မိန်းမသည် နာကျင်မှုကို အများကြီး ခံစားခဲ့ရသော်လည်း ကံကောင်းစွာဖြင့် သူမကို ပြန်တော့ရှာတွေ့ခဲ့သေးသည်။ လင်းချင်းအား စိတ်ရင်းဖြင့်   “ကျန်းကို ကူရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!”

လင်းချင်းသည် ကုတ်အကျီကို ပြန်ဝတ်လိုက်ကာ ဂရုမထားစွာဖြင့် လက်ကာပြလိုက်ပြီး   “ရပါတယ်။ အလကားကူညီခဲ့တာမှ မဟုတ်တာ”   ဒီလိုပြောကာ ဝူချန်းယွဲ့ကို ကြည့်လိုက်သည်။

ဝူချန်းယွဲ့သည် သူမပြောချင်သည်ကို နားလည်သဖြင့်   “ငါသိပါတယ်။ မင်းကိုကတိပေးထားတဲ့သူတွေကို လီချန်းကို ငါရှာခိုင်းထားနှင့်ပြီ။ နေ့လည်ကျရင် လူအပို၅၀ထပ်ရမှာပါ။ စိတ်မပူနဲ့”

“ငါအခုမေးလို့ရပြီလား?”   လင်းချင်းက ပြောသည်။

ဝူချန်းယွဲ့သည် သူမကို သိချင်စွာဖြင့် ကြည့်ကာ   “အပြန်အလှန်အနေနဲ့ ငါလည်း တစ်ခုမေးမယ်။ နေကာမျက်မှန်မပါဘဲ မင်းမျက်နှာကို ငါမြင်လို့ရမလား?”

လင်းချင်းသည် ခနတိတ်သွားသည်။ ၃စက္ကန့်ကြာသည့်အခါ သူမသည် နေကာမျက်မှန်ကို တွေဝေခြင်းမရှိ ချွတ်လိုက်သည်။ သူမ၏ မျက်နှာသည် လှပသော်လည်း မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ချန်ယုတင်းသည် နောက်သို့ခုန်ဆုတ်သွားတော့သည်။

“မင်း. . .မင်း. . .ခေါင်းဆောင် . . .သူက. . .”   ချန်ယုတင်းသည် လင်းချင်း၏ အနက်ရောင်မျက်သားပေါ်က အစိမ်းရောင်မျက်လုံးများကိုကြည့်၍ ဝူချန်းယွဲ့ကို သတိပေးသည်။

‘မျက်နှာက ဒဏ်ရာတွေ လုံးဝပျောက်သွားပြီပဲ။ အတော်လေးလှပင်မယ့် ဒီမျက်နှာကို ငါအရင်က မြင်ဖူးသလိုပဲ. . .ဘယ်မှာပါလိမ့်?’   ဝူချန်းယွဲ့သည် လင်းချင်း၏မျက်နှာကိုကြည့်ကာ သူ့ဟာသူတွေးနေမိသည်။

“ငါတို့အရင်က တွေ့ဖူးလား?”   သူကမေးသည်။

“ငါမေးတာကို အရင်ဖြေ။ အသေးလေးက နင့်သမီးရင်း မဟုတ်ဘူးမလား?”   လင်းချင်းက ပြောသည်။

ထိုအခါ ဝူချန်းယွဲ့သည် တိတ်သွားကာ အပြုံးသည်လည်း ပျောက်သွားသည်။ သူ့မျက်နှာထက်တွင် ဘာအမှုအယာမှ မရှိသဖြင့် လင်းချင်းသည် သူဘာကိုတွေးနေသလဲ မခန့်မှန်းတက်ပေ။ သူ့ဘေးတွင် ရပ်နေသည့် ချန်ယုတင်းသည် လင်းချင်းကို တအံ့တသြကြည့်ပြီးနောက် ဝူချန်းယွဲ့ကို ကြည့်သည်။

ထိုအချိန်မှာပဲ အပြင်ကနေ ခြေသံများက ထွက်လာသည်။ ထို့နောက မုန့်ယွဲ့သည် ဒေါက်တာလျန်နှင့် မိုလီတို့နှင့် အတူရောက်လာကာ ဝူယွဲ့လျန်ကို သူမက ပွေ့ချီလာသည်။
Previous Chapter 327 of 410 Next