၂၀၅။ နှုတ်ခမ်းကိုမဲ့မနေနဲ့
လင်းချင်းသည် သူတို့ကိုရှင်းပြ မနေချင်သဖြင့် သူတို့ကိုယ်တိုင်သာ ရွေးချယ်ဖို့ ထားခဲ့လိုက်သည်။ သူမသည် ထရပ်လိုက်ကာ နယ်မြေထဲကနေ ထွက်လိုက်သည်။
သူမသည် အပြင်က ဇွန်ဘီကို သတ်ချင်နေတာဖြစ်သည်။ သို့သော်လည်း ထိုအကောင်မှာ အားသန်၍ စွမ်းအားကြီးသောကြောင့် သူမ၏မြူခိုးနက်များက ထိခိုက်အောင် မလုပ်နိုင်ပေ။ သူမ၏လက်သည်းများကလည်း အသုံးမဝင်ပေ။ သူမသည် လုံခြုံစွာ ခိုး၍ဖြတ်သန်းရတော့မည်။ ဒီဇွန်ဘီဘုရင်ကို ချူးလီလီတိုက်ဖို့အတွက် ထားခဲ့သင့်သည်။ အခုတော့ သူမသည် မြို့ထဲကိုရှာဖွေကာ နောက်ထပ်ဇွန်ဘီဘုရင် ရှိမရှိကို ရှာရဦးမည်။ တစ်ချိန်တည်းမှာ ဒီမြို့ပေါ်နေရာကိုလည်း သူမလိုက်စစ်ဖို့လိုသေးသည်။
လင်းချင်းသည် နယ်မြေထဲကထွက်လာသည့်အခါ ဟိုလူများ ပုန်းခဲ့သည့် အဆောက်အဦးထဲတွင် ပေါ်လာသည်။ အပြင်ဘက်ကိုကြည့်လိုက်သည့်အခါ မိုးကြိုးများသည် မရှိတော့ပေ။ မိုးခြိမ်းသံများတောင် မကြားရတော့ဘဲ ဇွန်ဘီအုပ်ကြီးသာ အဆောက်အဦးကို ဝိုင်းထားသည်။
လင်းချင်းသည် မျက်စိတစ်မှိတ်အတွင် ကိုယ်ဖျောက်လိုက်ကာ အပေါ်ထပ်သို့ တက်သွားသည်။ ဒုတိယထပ်သို့ ရောက်သည့်အခါ အောက်ထပ်တွင် အရပ်ရှည်မားလှသည့်သဏ္ဍာန် တစ်ခုက ရောက်နှင့်နေပြီ။
“ဂါး!”
လင်းချင်းသည် ပြေးရင်းဖြင့် လှည့်ကြည့်လိုက်ရာ ဇွန်ဘီဘုရင်မှာ အာရုံသိကောင်းကြောင်းကို သိလိုက်ရသည်။ သူမထွက်လာသည်နှင့် ချက်ချင်းရောက်လာလိမ်မည်ဟု မထင်ခဲ့မိပေ။ ၂စက္ကန့်လောက်ပဲ ရှိသေးသော်လည်း ဇွန်ဘီဘုရင်က ပေါ်လာနှင့်ပြီ။ ဇွန်ဘီဘုရင်သည် မိုးကြိုးလှိုင်းဖြင့် အဆောက်အဦးကို တိုက်ခတ်လိုက်သည်။ သူ့ကိုယ်တွင် မိုးကြိုးများက တဖြတ်ဖြတ်လတ်၍ အောက်ထပ်တစ်ခုလုံးသို့ မိုးကြိုးများက ကျလာသည်။ သို့သော်လည်း လင်းချင်းက အပေါ်ထပ်သို့ ရောက်နေပြီကို သူကမသိပေ။
ဇွန်ဘီအုပ်သည် အောက်တွင်ရှိနေသည်။ လင်းချင်းက ငုံ့ကြည့်လိုက်သည့်အခါ သာမန်ဇွန်ဘီများသည် တစ်မိုင်လောက်ကို ပတ်၍ဝိုင်းထားခြင်းပင်။ လင်းချင်းသည် အမိုးများပေါ်က ပျံပြေးနေကြဖြစ်လေရာ ဒီသာမန်ဇွန်ဘီအုပ်ကတော့ သူမ၏မျက်လုံးထဲတွင် စာဖွဲ့လို့တောင် မရပေ။ သူမသည် ဇွန်ဘီအုပ်ကိုလျစ်လျူရှုကာ အခြားအဆောက်အဦးပေါ်သို့ ခုန်လိုက်သည်။ ထို့နောက် တစ်ဖက်သို့ပြေးနေရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အထောက်အပံ့များထားသည့် နေရာကိုတွေ့ဖို့ရန် သူမသည် အစိုးရဌာနများမှ မြေပုံကိုကြည့်ဖို့ လိုအပ်သည်။ ဒီလိုမြေပုံမျိုးကို စီမံရေးရာရုံးမျိုးတွင်သာ တွေ့နိုင်မည်ဖြစ်သည်။ ‘ရုံးက ဘယ်နားမှာလဲ?’
ဒါကိုတွေးရင်းဖြင့် လင်းချင်းသည် အမိုးတစ်ခုပေါ်တွင်ရပ်ကာ ဇွန်ဘီဘုရင်ရှိရာသို့ သွားနေကြသည့် ဇွန်ဘီအုပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူမယူလာသည့် မြေပုံစာအုပ်နှစ်အုပ်ကိုထုတ်ကာ လှန်လှောကြည့်သည်။ ထင်သလိုပင် မတွေ့ပင်။ ထို့ကြောင့် သူမသည် ရုံးကိုသွား၍ အတွင်းအချက်အလက်များကို ဘယ်လိုရတော့မည်နည်း? ဒါကိုတွေးရင်း သူမသည် လမ်းပျောက်သွားလေတော့သည်။
ထို့ကြောင့် အမိုးစွန်းတွင် ထိုင်နေရာ ဇွန်ဘီများကို ကြည့်နေရရှာသည်။ ‘ငါ့နယ်မြေထဲက လူတွေက အဖြေသိလောက်မလား? အား ငါ့မှတ်ဉာဏ်နဲ့ ဦးနှောက်လည်း ဇွန်ဘီဖြစ်လာတည်းက အလုပ်မလုပ်တော့ဘူးလား? မကောင်းတဲ့ခေါင်း! ပျက်နေတာပဲ!’
သူမ၏ခေါင်းကို အပြစ်တင်ပြီးနောက် သက်ပြင်းချကာ လင်းချင်းသည် ဇွန်ဘီဘုရင်ဆီသွားနေသည့် ဇွန်ဘီအုပ်ကြီးကိုကြည့်ကာ နယ်မြေထဲသို့သာ ပြန်ဝင်လာတော့သည်။
သူမဝင်လာသည့်အခါ ထိုလူများသည် ပရိဘောဂများထားသည့်နေရာသို့ ရောက်နေကြပြီ။ သူတို့သည် စားပွဲဘေးက ဆိုဖာတွင်ထိုင်ကာ စားပွဲကပန်းကန်ထဲမှ ရေဆေးထားသည့် စတော်ဘယ်ရီသီးများကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေကြသည်။ လင်းချင်းသည် သူတို့နားကိုသွားကာ ရပ်ကြည့်နေလိုက်သည်။
သူမရောက်လာ၍ သူတို့ကိုလာကြည့်လိုက်ပြီးနောက် လင်းချင်းသည် စတော်ဘယ်ရီသီးတစ်လုံးကိုကောက်ကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။ သူတို့သည် လင်းချင်းက တစ်လုံးကို စားလိုက်သည်ကို ကြည့်နေကြသည်။ ထို့နောက် လင်းချင်းက ပါးစပ်ထဲက ချဉ်ဖြုံးဖြုံးအရသာကြောင့် နှုတ်ခမ်းများကို မဲ့လိုက်သည်။ သို့သော်လည်း သူမသည် ဆားကိုစားလျှင် ငံလိုက်မလားကို မေးကိုပွတ်၍ တွေးနေသည်။ စတော်ဘယ်ရီသီးက ချိုနေသင့်သော်လည်း သူမအတွက်တော့ ချဉ်နေသည်။
ထိုလူများသည် လင်းချင်းကို မျက်တောင်မခတ်နိုင်ဘြ ငေးကြည့်နေမိကြကာ အကုန်လုံးသည် အံ့အားသင့်နေသည့် ရုပ်များဖြင့် ဖြစ်သည်။ ရှဲ့တုန်ကသာ ဘာအမှုအယာမှ မရှိတာ ဖြစ်သည်။ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည်လည်း မျက်လုံးအပြူးသား ဖြစ်နေကြသည်။ သူတို့သုံးယောက်သည် အခုအချိန်မှာ အတွေးတစ်ခုကို အတူတူတွေးနေမိကြတာ ဖြစ်သည်။
‘နင်ကဇွန်ဘီလေ! ဘာဖြစ်လို့ စတော်ဘယ်ရီသီးကို စားနေတာလဲ? ပြီးတော့ နှုတ်ခမ်းကိုတောင် မဲ့လိုက်သေးတယ်!’
လင်းချင်းသည် သူတို့နားမှာဖြစ်သောကြောင့် သူတို့အတွေးများကိုကြားရသည်။ ထို့ကြောင့် သူတို့ကို ဘာမှပြောမနေဘဲ စိုက်သာကြည့်လိုက်သည်။ ထို့နောက် အခြားစတော်ဘယ်ရီသီးများကို ညွှန်ပြကာ အခြားသူများအား “မစားလား?”
အခြားသူများသည် ခေါင်းကိုခါပြကြသော်လည်း သူတို့သည် တံတွေးများကိုတော့ မြိုမချဘဲ မနေနိုင်ပေ။ လင်းချင်းမလာခင်တုန်းက သူတို့သည် စားချင်စိတ်ကို တိတ်တိတ်လေး ထိန်းနေကြသည်။ သို့သော်လည်း လင်းချင်းက စတော်ဘယ်ရီသီးကိုစား၍ မဲ့ရွဲ့နေသည်ကို မြင်သည့်အခါ သူတို့စားချင်စိတ်က ပြင်းပျလာသည်။
နောက်ဆုံးမှာတော့ မနေနိုင်တော့ ရှဲ့တုန်းသည် ဘေးကိုကြည့်လိုက်ရာ လင်းချင်း၏ သင်ပုန်းကို အနားမှာတွေးသည်။ ထို့ကြောင့် လျှောက်သွား၍ ယူကာ ပြန်လာသည်။ ထို့နောက် စာရေးပြလိုက်သည်။ ‘စားလိုက်။ ဒါတွေက စားလို့ရပါတယ်။ အစတုန်းက ကလေးမလေးတစ်ယောက် ဒီနယ်မြေထဲမှာ ရက်ကြာကြာနေတုန်းက စားသွားဖူးတယ်။ ပြီးတော့ ကောင်းနေသေးတာပဲ’
ရေးသာရေးလိုက်ရသော်လည်း နောက်ဆုံးစာကြောင်းကို ယုံကြည်ချက်သိပ်တော့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုမင်းသမီးပေါက်စလေးကို သူထပ်မတွေ့ရတော့ကာ ဘယ်လိုနေမလဲကို သူမသိရသောကြောင့် ဖြစ်သည်။ သို့သော်လည်း လင်းချင်းက ဒီလိုပြောမှတော့ သူလည်း စတော်ဘယ်ရီသီးက စားရသည်ဟုယုံသည်။ ထို့အပြင် ဒီလူများကို အဆိပ်ခတ်စရာအကြောင်းမှ လင်းချင်းတွင်မရှိတာ။ ဘာဖြစ်လို့ ကယ်သလဲကိုတော့ ရှဲ့တုန်းလည်း မသိပေ။
ရှဲ့တုန်း၏စာကြောင့် အခြားသူများက တွေဝေသွားသော်လည်း ဟွမ်ရှို့က မရတော့ပေ။ ဗိုက်ဆာခြင်းက ညှင်းဆဲနေသောကြောင် သူသည် ရှဲ့တုန်းနှင့် လင်းချင်းကို ယုံဖို့ရွေးလိုက်သည်။ ဇွန်ဘီများထံမှ ရှင်သန်လာသော်လည်း အခုသူဘာမှမစားရသေး၍ သေတော့မလိုဆာနေတာ ဖြစ်သည်။ ထို့ကြောင့် မတ်မတ်ထိုင်ကာ ပြောသည်။ “ငါတော့ အဆာငတ်ပြီး မသေဖို့ရွေးလိုက်ပြီ။ အခုဘာအစာမှ ငါတို့ရှာနိုင်မှာလည်းမဟုတ်တာ။ ထွက်သွားရင်လည်း ဇွန်ဘီဆီမှာ အစားခံရဦးမယ်။ ငါသက်သက်သာသာလေးပဲ သေလိုက်တော့မယ်”
လင်းချင်းသည် လက်ကိုပိုက်ရပ်နေရင်းက မျက်လုံးကိုလှန်လိုက်မိသည်။ ‘ဘယ်သူက နင့်ကိုသေစေချင်နေလို့လဲ? နင်တို့ကို သေစေချင်မှဖြင့် ဘာဖြစ်လို့ ငါကအားအကုန်ခံပြီး ကယ်ပေးနေမှာလဲဟဲ့’
ရှဲ့တုန်းသည်လည်း မျက်လုံးကိုလှန်မိကာ ရေးပြသည်။ ‘အရူး! သူကသာ မင်းကိုသေစေချင်မှဖြင့် ဒုက္ခခံပြီး ကယ်ပေးနေပါ့မလား?’
ဟွမ်ရှို့သည် စာကိုဖတ်ပြီးနောက် သူ့ဟာသူရေရွတ်သည်။ “ဟုတ်သားပဲ။ ဒါဆိုရင် စားရတာမလား?”
ပြောနေရင်းဖြင့် သက်ပြင်းရှည်ကြီးချကာ တစ်လုံးကို လက်လှမ်းလိုက်သည်။ မထိခင် ခနတွေဝေနေပြီးနောက် တစ်လုံးကောက်ယူလိုက်သည်။ သူထိုးဆိတ်ကြည့်လိုက်ရာ အရင်ခေတ်က စတော်ဘယ်ရီသီးများထက်စာလျှင် နည်းနည်းကြီးနေရုံသာရှိသည်။ ထို့ကြောင့် စတော်ဘယ်ရီသီးကိုကြည့်ရင်း အခြားသူများကို ကြည့်လိုက်သည့်အခါ သူ့ကိုအကုန်လုံးက ဝိုင်းကြည့်နေကြသည်။
သူတို့၏ အကြည့်အောက်တွင် သူသည် စတော်ဘယ်ရီသီးကို ပါးစပ်ထဲ ထည့်ဖို့လုပ်သည်။ သို့သော်လည်း မကိုက်ခင် လက်ပြန်ချလိုက်ကာ စိတ်တိုစွာဖြင့် အခြားသူများအား
“မင်းတို့ကောင်တွေက ငါ့ကိုဘာဖြစ်လို့ ဒီလိုကြည့်နေတာလဲ? ဘာအရသာလဲ သိချင်ရင် ဆရာကိုမေးပါလား? ဆရာက အရင်စားထားတာပဲမလား?”
လက်ညိုးထိုးပြောခံလိုက်ရသည့် လုထန်ရိသည် ဘယ်လိုပြန်ပြောရမလဲ မသိတော့ပေ။