May Honey Logo May Honey
Previous Next

၂၄၇။ နောက်ဆုံးသတိမေ့သွားခြင်း

ထို့နောက် ရေများသည် လှိုင်းထလာကာ နွယ်လေးက လင်းရှောင်လု၏ ဘာထိခိုက်ဒဏ်ရာမှမရှိသည့်ကိုယ်အား ကောင်းကင်ကို မျက်နှာမှုလျှက် ရေပေါ်တင်ပေးကာ လင်းချင်းတို့ဆီသို့ ပို့ပေးသည်။

လင်းချင်းသည် သဘတ်တစ်ခုနှင့် ဂါဝန်တစ်ထည်ကို ချူးလီလီ၏ ဗီရိုထဲမှ အမြန်သွားရှာလိုက်သည်။ ထိုအချိန်တွင် လင်းဖန်သည် နွယ်လေးက ပို့ပေးသည့် လင်းရှောင်လုကို ယူထားလိုက်သည်။

လင်းချင်းသည် ဆိုဖာနားတွင်စောင့်နေ၍ လင်းဖန်က ရှောင်လုကို ခေါ်လာသည့်အခါ သူမသည် ဆိုဖာပေါ်ကိုချပေးကာ ဘသတ်ဖြင့်ကိုယ်ကို သုတ်ပေးသည်။ လင်းဖန်သည် သူ့သမီး၏ ကိုယ်လုံးတီးကို ချီထားရခဲ့ရသောကြောင့် အံ့သြနေကာ သူ့သမီးအဝတ်များ မရှိတော့သဖြင့် အခြေအနေကို ပိုစိတ်ပူသွားရသည်။

အခြေအနေကို စစ်ကြည့်သည့်အခါ လင်းရှောင်လု၏ ကိုယ်အပူချိန်သည် ကျသွားကာ ပုံမှန်ထက် အနည်းငယ်အေးနေသည်။ အသက်ရှုနှုန်းနှင့် နှလုံးခုန်သံသည်လည်း ပုံမှန်ဖြစ်သည်။ မျက်ခွံများကို လှန်ကြည့်သည့်အခါ သူငယ်အိမ်သည် ပုံမှန်ဖြစ်သည်။ ထိုအခါမှ လင်းဖန်သည်  စိတ်ပူနေရခြင်းများကို ရပ်နိုင်တော့သည်။

လင်းချင်းသည် လင်းရှောင်လု၏ကိုယ်အား သဘတ်ဖြင်သုတ်ပေးပြီးနောက် ဂါဝန်ဝတ်ပေးလိုက်သည်။ ထို့နောက်မျ သူမ၏ စိုနေသည့် ဆံပင်ရှည်များကို သုတ်ပေးတော့သည်။ အစက လင်းဖန်သည် လင်းချင်း၏ အပြုအမှုများကို သတိမထားမိသော်လည်း အခုစိတ်ငြိမ်လာသည့်အခါ လင်းရှောင်လုအား သူမက ဂရုစိုက်နေပုံသည် အရမ်းကို သဘာဝကျနေမှန်း သိလိုက်သည်။ ခနတွေဝေသွားပြီးနောက် သူ့စိတ်ထဲမှ အထင်သည် ပိုမှန်လာသလို ဖြစ်သွားသည်။ 

“ရှောင်လုက ဘယ်တော့နိုးမှာလဲ?”   သူမေးသည်။

လင်းချင်းသည် ရှောင်လု၏ ဆံပင်ကို သုတ်ပေးရင်းက   “အင်း . . . တစ်နာရီနှစ်နာရီအကြာလောက် ထင်တယ်။ နဖူးကိုစမ်းကြည့်ရင် သူ့မှာအမြူတေရှိနေပြီဆိုတာကို အခုအာရုံခံလို့ရနေပြီ”   လင်းချင်းသည် နဖူးကို ထိကြည့်ဖို့မလိုဘဲ ကလေးမလေး၏ အမြူတေရှိနေကြောင်းကို သိနေနိုင်တာ ဖြစ်သည်။ အခုတော့ ဘယ်လိုအစွမ်းမျိုး ရနေပြီလဲဆိုသည်ကိုသာ သိချင်တာ ဖြစ်သည်။

ထိုအခါ လင်းဖန်သည် သူ့သမီး၏ နဖူးကို ချက်ချင်းလာထိကြည့်သည်။ စွမ်းအားအနည်းငယ်က လက်ဖဝါးမှတစ်ဆင့် နဖူးထဲကနေ ပြန်ကန်ထုတ်လာသည်။ တကယ့်ကို အမြူတေက ဖြစ်တည်နေတာ ဖြစ်သည်။  သူသည် အံ့သြစွာဖြင့်   “တကယ်ပဲ ရှောင်လုက အခုအစွမ်းရှိနေပြီ”

ထိုအချိန်တွင် နွယ်လေးသည် လင်းချင်း၏ လက်ကို ရုတ်တရပ် ရစ်ပတ်လာကာ သတင်းတစ်ခုပြောပြသည်။ ထို့နောက်မှ သူမလက်ကိုလွှတ်ကာ ကန်ထဲသို့ နွယ်များက ပြန်ဝင်သွားသည်။ လင်းချင်းသည် ခနရပ်သွားသော်လည်း ဘာတုန့်ပြန်မှုမှ မလုပ်ပေ။ 

လင်းဖန်ကိုကြည့်ကာ   “ဟုတ်ပြီ သူ့ကိုခေါ်သွားတော့။ အပြင်ကို ပြန်ပို့ပေးမယ်။ တခြားသူတွေက အတော်စိတ်ပူနေလောက်ပြီ”

လင်းဖန်သည် အမျိုးသမီးလင်းတို့ကို သတိရသည့်အခါ သူ့သမီးကို ချက်ချင်းချီလိုက်သည်။ ထို့နောက် လင်းချင်းသည် သူ့ပုခုံးကိုထိကာ အပြင်သို့ ခေါ်လာသည်။

သူတို့က အခန်းထဲတွင် ပေါ်လာသည့်အခါ ကျန်သည့်သူများသည် စိတ်ပူစွာဖြင့် စောင့်နေကြတုန်းဖြစ်သည်။ သူတို့သည် ခနလန့်သွားပြီးမှ ဘာဖြစ်မှန်းသိသည်။ 

“လင်းဖန် ရှောင်လုဘယ်လိုနေလဲ!”   ချန်းဝမ်ရှုသည် ဆိုဖာပေါ်က ချက်ချင်းထမေးသည်။ သူမသည် လဲကျတော့မတက် ဖြစ်သွားသဖြင့် သူမကိုယ်သူမ မနည်းပြန်ထိန်းလိုက်ရသည်။ အမျိုးသမီးလင်း၊ လင်းဝမ်ဝမ်နှင့် အခြားသူများသည်လည်း အေးစက်နေသည့်ကိုယ်ကို ထိတွေ့လိုက်ရမည်ကို ကြောက်သဖြင့် ချက်ချင်း လင်းရှောင်လုကို လာကိုင်ကြည့်ကြသည်။

လင်းချင်းက ဘေးကိုရှောင်ပေးလိုက်သည့်အခါ လျူကျွင်း၏ဘေးတွင် ရှဲ့တုန်းက ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူတို့နှစ်ယောက်ကို ခေါင်းငြိမ့်ပြကာ တခြားသူများအား   “ရှောင်လုက အဆင်ပြေပါတယ် စိတ်မပူနဲ့ ကုတင်ပေါ်တင်ပြီး စောင်ခြုံပေးထားလိုက်ကြပါဦး။ အပူချိန်က ပုံမှန်ပြန်တက်လာရင် နိုးလာလိမ့်မယ်”

လင်းရှောင်လုကို ကိုင်ကြည့်ကြသူများသည် သူမ၏အပူချိန်က အနည်းငယ်အေးနေကြောင်းကို သိကြသည်။ သို့သော်လည်း ရေခဲလိုအေးစက်နေတာ မဟုတ်ဘဲ အနည်းငယ်တော့ နွေးနေသေးသည်။ ထိုအခါမှ သူတို့သည် စိတ်မပူကြတော့ပေ။

“အမယ်လေး! ငါစိတ်ပူလို့သေတော့မယ်!  ဘာမှမဖြစ်တာ တော်သေးတာပေါ့!”   အမျိုးသမီးလင်းက ရင်ဘတ်ကိုဖိကာ ပြောသည်။

“သူတကယ် အဆင်ပြေရဲ့လား? ပြဿနာရှိနေတာ မဟုတ်ဘူးမလား? ဦးနှောက်ကို မထိသွားဘူးမလား? ကိုယ်လည်းမထိခိုက်ဘူးမလား? နိုးလာရင် တခြားပြဿနာရှိနေမှာလား?”   ချန်းဝမ်ရှုသည် သူမ၏ သမီးကိုစိတ်ပူကာ လင်းဖန်အား မေးခွန်းများ ဆက်တိုက်မေးသည်။

“ရှောင်လုက စွမ်းအားရှင် အခုဖြစ်နေပြီလား? သူက အငယ်ဆုံးစွမ်းအားရှင်လေးပဲ။ ငါတို့သူ့ကို သေချာသင်ပေးရမယ်။ ဒါမှကြီးလာရင် အင်အားအရှိဆုံးဖြစ်မှာမလား?”   လင်းဝမ်ဝမ်က လင်းဖန်ကို စပ်စုစွာ မေးသည်။

လင်းဖန်သည် ကလေးမလေးကို ကုတင်ပေါ်ချပေးကာ ကျန်သည့်သူများက စောင်ခြုံပေးဖို့ ကူညီကြသည်။

“ဟုတ်တယ် ရှောင်လုက ကျန်းမာတယ်!”   လင်းချင်းက ပြောသည်။   “တကယ်တော့ အခန်းထဲက လူတိုင်းထက်တော့ သူကကျန်းမာရေး ပိုကောင်းနေပြီ။ ခနနားပါစေ။ မကြာခင်နိုးလာတော့မှာပါ”

ထိုအချိန်တွင် လင်းဖန်က လင်းချင်းအား တည်ကြည်စွာဖြင့်   “ကျေးဇူးတင်ပါတယ်! ငါတို့မိသားစုကို ထပ်ကယ်လိုက်ပြန်ပြီ! ငါတို့က နင့်ကိုအကြွေးအများကြီး တင်နေမိပြီ!”

လင်းချင်းသည် စိတ်ရင်းက ခံစားမိသောကြောင့် လက်ကာပြလိုက်ကာ   “ရှောင်လုက ဒီလောက်ချစ်ဖို့ကောင်းတာ မကူညီဘဲ နေနိုင်ပါ့မလား? ကူညီနိုင်သ၍ ကူညီပေးနေမှာပါ”

ထိုအခါ လူတိုင်းသည် လင်းချင်းကို ကျေးဇူးကြီးစွာဖြင့် ကြည့်လာကြသည်။

တုံတုံကိုချီထားသည့် လျူကျွင်းက လင်းချင်းအား စပ်စုစွာဖြင့်
“ရှောင်လုက ဘာအစွမ်းကို နှိုးလိုက်တာလဲဆိုတာ သိလား?”

လင်းချင်းသည် ခေါင်းခါကာ   “မသိဘူး နိုးလာမှ သူ့ဟာသူ စမ်းကြည့်ရလိမ့်မယ်”

ထိုအချိန်တွင် လျူကျွင်းက ရှောင်လုကို လာကြည့်နေတာ ဖြစ်သည်။ ထိုအခါ တုံတုံက   “မေမေ ဘာဖြစ်လို့ မမရှောင်လုက အိပ်နေတာလဲ? သားနဲ့အတူ ဆော့ဖို့ မထသေးဘူးလား?”

လျူကျွင်းသည် သူ့ကိုပြုံးကြည့်ကာ   “မမရှောင်လုက ဖျားနေတယ်။ အခုပင်ပန်းနေလို့ နားဖို့လိုတယ်”

တုံတုံက နားလည်သလိုဖြင့် ခေါင်းငြိမ့်ကာ   “ဪ သားနားလည်ပြီ”

သို့သော်လည်း လင်းချင်းက ဒီကလေး၏ အတွေးများကို ကြားလိုက်ရသည်။   ‘ဒါဆိုရင် ဖျားတာပေါ့။ ဖျားတာက ဘာကြီးလဲ? ဖျားရင်နားဖို့လိုတာလား? ဘာဖြစ်လို့ နားရတာလဲ?’

လင်းချင်းသည် တုံတုံကို ပြုံးကြည့်ကာ စွပ်ပြုတ်အိုးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်သို့သွားကာ အိုးဖုံးကိုဖွင့်လိုက်သည်။ ဖုံးထားသော်လည်း အခုတော့ စွပ်ပြုတ်က အနည်းငယ်အေးနေလေပြီ။

သူမသည် လင်းဝမ်ဝမ်ကို   “ဝမ်ဝမ် နင်နဲ့လုံချင်းယင်တို့ စွပ်ပြုတ်ကို သွားနွှေးချေ။ ရှောင်လုနိုးလာရင် တိုက်ရအောင်။ ပြီးတော့ အခုက ညစာစားချိန်ရောက်နေပြီ။ စားဖို့မမေ့နဲ့ဦး”

“အင်းပါ”   လင်းဝမ်ဝမ်သည် သူမစကားဆုံးသည်နှင့် မသိစိတ်အရ အလိုလို ပြန်ဖြေသည်။ 

ထို့နောက် လင်းချင်းက အခန်းထဲက ထွက်လာသည်။ ထိုအခါ လျူကျွင်းနှင့် ရှဲ့တုန်းတို့က သူမ၏အနောက်ကနေ လိုက်လာကြသည်။ သူတို့သုံးယောက်ထွက်သွားမှ လင်းဝမ်ဝမ်သည် ထူးဆန်းသည့် ခံစားချက်ကို သိလိုက်သည်။ ဘာကြောင့်မှန်းမသိ လင်းချင်းခုနက ပြောသွားသည့်ပုံသည် သူမ၏ အမကြီးက သူမကိုပြောနေကြ လေသံနှင့် တူနေသည်။ လေယူလေသိမ်းနှင့် စကားအသုံးအနှုန်းတို့က. . . လင်းဝမ်ဝမ်သည် ခေါင်းကိုစောင်းကာ တွေးရင်းက အခန်းထဲကနေ အိုးကိုမ၍ လုံချင်းယင်နှင့်အတူ ထွက်လာသည်။

ဇွန်ဘီခန်းထဲတွင် လျူကျွင်းသည် လင်းချင်းကို ဆိုဖာပေါ်တွင်ထိုင်ကာ မေးသည်။   “နွယ်လေးမှာ အစွမ်းမရှိတော့ဘူးလို့ ပြောတယ်မလား? ရှောင်လုအစွမ်းတွေကို သူ့အစွမ်းမသုံးဘဲ ဘယ်လိုဖိနှိပ်လိုက်တာလဲ?”

လင်းချင်းသည် ခေါင်းခါကာ အတွေးထဲမြောနေသလိုဖြင့် ဖြည်းဖြည်းချင်း ပြောသည်။   “ဒီလိုမဟုတ်ဘူး။ နွယ်လေးက သူ့နောက်ဆုံးကျန်တဲ့ အစွမ်းကို သုံးလိုက်ရတာ။ အခုအိပ်သွားပြီ။ လုံလောက်တဲ့အစွမ်းကို ထပ်စုပ်ယူနိုင်မှ ပြန်နိုးလာလိမ့်မယ်”

နောက်ဆုံးစကားသည် နွယ်လေးက သူမကိုပြောသွားတာ ဖြစ်သည်။ လင်းရှောင်လု၏ အစွမ်းများကို ဖယ်ပေးကာ သေချာစီစဉ်ပေးနေရသည်က ငါးနာရီ ခြောက်နာရီလောက်ကို ကြာတာဖြစ်သည်။ စွမ်းအားမကုန်တာ ဘယ်ရှိမည်နည်း? နွယ်လေးသည် လင်းရှောင်လု၏ ပြဿနာကို ရှင်းဖို့အတွက် သူ့တွင်ကျန်သည့် စွမ်းအားလက်ကျန်လေးများ အကုန်လုံးကို သုံးပေးလိုက်ရတာ ဖြစ်သည်။  
Previous Chapter 247 of 410 Next