May Honey Logo May Honey
Previous Next

၃၉၁။ ကျေပြီလို့မှတ်

  	လုထန်ရိသည် သူ့အားသနားသလို အကြည့်ဖြင့်ကြည့်ကာ ပြောသည်။   “ခေါင်းဆောင်. . .သူက လုထန်ယုဆိုတာကို ငြင်းမသွားပါဘူး။ သူ့ကိုတိုက်ရိုက်မေးလို့ရပင်မယ့်. . .လက်ရှိဆက်ဆံရေးအခြေအနေက. . .နည်းနည်းရှုပ်သွားတော့. . .”  
   
    	အစက လုထန်ယုသည် ဝူချန်းယွဲ့ကို မုဒိန်းကျင့်သွားပြီးနောက် အသတ်ခံလိုက်ရသည်။ သူမသေသွားခြင်းကို ဝူချန်းယွဲ့အား အပြစ်တင်လို့ရသည်။ အခုတော့ သူမသည် ဇွန်ဘီဖြစ်နေရုံတင်မက လုံးဝမတူတော့သည့်သူလို ပြုမှုနေသည်. စခန်းကိုပြန်လာကာ ပြဿနာများ ဖြစ်စေ၍ ဝူချန်းယွဲ့က သူမအား မုဒိန်းကျင့်မိသွားသည်။ ထို့နောက် ဝူချန်းယွဲ့ကလည်း သူမကို တာဝန်ယူပေးချင်နေသည်။ ဘယ်သူက ဘယ်သူ့အတွက် တာဝန်ယူပေးမှာလဲ? နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မုဒိန်းကျင့်ခဲ့မှတော့ သူတို့က ကျေသွားပြီ။  
   
    	ဝူချန်းယွဲ့သည် ခနတွေးပြီးနောက်   “ဒါမဟုတ်ဘူး။ သူ့စရိုက်က အရင်ကနဲ့ လုံးဝကို မတူတော့တာ။ ဇွန်ဘီဖြစ်သွားတာက သူ့စရိုက်နဲ့အကျင့်တွေကို ပြောင်းမပစ်နိုင်ဘူးမလား? ပြီးတော့လည်း သူက. . .”  

‘သူက. . . နွယ်လေးက သူ့ကိုယ်ကို မူလအခြေအနေလို ပြန်ပြင်ပေးလိုက်လို့ ကိုယ်အသစ်ဖြစ်နေတာ ထင်တယ်’
သူတွေးလိုက်သည်။

    	“အရင်က ဒီလိုသံသယဝင်ခဲ့သေးတယ်”   လုထန်ရိက ပြောသည်။   “ဒါပင်မယ့် သူ့အလောင်းကို ရှာမတွေ့ဘူး။ ပြီးတော့လည်း ကမ္ဘာမပျက်ခင်တုန်းက မိတ်ကပ်မပါတဲ့ သူ့မျက်နှာကို ကျွန်တော်ရင်းနှီးနေပြီးသား။ သူ့မျက်နှာကို အမြဲမှတ်မိပါတယ်”  
   
    	“ဒါဆိုရင် ပြန်လာရဲတယ်ပေါ့! ငါသူ့ကိုမှတ်မိမှာကို မကြောက်ဘူးလား?”   ဝူချန်းယွဲ့က အေးတိအေးစက်လေသံဖြင့် ရယ်ကာ ပြောသည်။  
   
    	“ခေါင်းဆောင် အခုကျေပြီမလား?”   ကောင်းချင်းမင်းက မေးသည်။   “အရင်က ခေါင်းဆောင်ကို သူကမုဒိန်းကျင့်တယ်။ အခု ခေါင်းဆောင်က သူ့ကိုစားလိုက်တယ်။ ဒါလည်းကောင်းတာပါပဲ။ အခု ဘယ်သူကမှ ဘယ်သူ့အတွက် တာဝန်ယူပေးဖို့ မလိုတော့ဘူး။ ဒါဆိုရင် ရှင်းသွားပြီ။ ပြီးခဲ့တာတွေကို ပြီးပါစေတော့။ ခေါင်းဆောင်လည်း သူ့အမကို လက်ထပ်ဖို့ မလိုတော့ဘူးမလား?”  
   
    	ဇွန်ဘီမသည် လုထန်ယုဆိုသည်ကို ကြားတာတောင်မှ ဝူချန်းယွဲ့သည် သူမအား လက်ထပ်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို နောင်တမရပေ။ ဆိုလိုသည်မှာ သူမအား လက်ထပ်မည်ဆိုသည့် အတွေးကို မစွန့်လွှတ်ပေ။ သူက ဒါကိုလွှတ်မချနိုင်သဖြင့် အခုအရမ်းကို အဆင်မပြေဖြစ်နေသည်။  
   
    	ဇွန်ဘီမိန်းကလေးသည် ဒီမိန်းမဖြစ်နေလိမ့်မည်ဟု သူတကယ်ကို စိတ်မကူးမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်တွင် တူညီသည်က ဘာမှမရှိ၍ပင်။ သူတို့က အရမ်းကို ကွဲပြားကြသောကြောင့် လုမျိုးရိုးဆိုသည်ကို သူသိနေတာတောင်မှ ဒီမိန်းမဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိတာ ဖြစ်သည်။ ထို့ကြောင့် အခုတော့ ဒါသည် သူ့အထင်ကို ကျော်လွန်သွားတော့သည်။  
   
    	လုထန်ယုသည် ဇွန်ဘီဖြစ်သွားပြီးနောက် တခြားသူလို ဖြစ်သွားသည်။ လျန်လျန်ကို သူမက ခနခနကယ်ပေးနေရုံတင်မက မကောင်းမှုလုပ်နေသည်များကိုလည်း ရပ်ပစ်ခဲ့သည်။ စခန်းသစ်ဆောက်ဖို့အတွက် လူတစ်စုကိုတောင် သူမက ဦးဆောင်နေသေးသည်။ အရင်လုထန်ယုသည် ဒါမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။  
   
    	 ဝူချန်းယွဲ့သည် သူတို့ပထမဆုံးအကြိမ် တွေ့တုန်းက သူမသည် သာမန်ဇွန်ဘီပုံသာ ရှိသည်ကို မှတ်မိသေးသည်။ လျန်လျန်ကို ပြန်ပေးဖို့ သူမက ပြင်ဆင်လာသော်လည်း သူက ဘာမှမတွေးဘဲ သူမအား မိုးကြိုးဖြင့်ပစ်ချကာ ကြောက်အောင်ခြောက်လိုက်သည်။ သူမကလည်း ဒီအချိန်ကစ၍ လျန်လျန်အား သူမသာ အချိန်တစ်ခုအထိ ခေါ်ထားတော့သည်။ မသေခင်တုန်းက လျန်လျန်ကို ပြန်ပေးဆွဲကာ သူ့အားမုဒိန်းကျင့်ခဲ့သည် မိန်းမသည် သေသွားသည့်နောက် တကယ်ကြီး သူ့ထံသို့ လျန်လျန်အား ပြန်ပို့ဖို့ ကြိုးစားခဲ့သည်။  
   
    	‘အသိဝင်သွားတာလား? ဒါမှမဟုတ် သေသွားတဲ့ တစ်ခုခုက သူ့ကိုနိုးပေးလိုက်လို့လား?’  
   
    	ကောင်းချင်းမင်း၏ စကားများကြောင့် လုထန်ရိသည် ဒါကိုအမြန်ထပ်မေးလိုက်သည်။   “ဟုတ်တယ် ခေါင်းဆောင်! အခုသူက ဘယ်သူလဲဆိုတာကို သိနေမှတော့ လက်ထပ်ဖို့က မဖြစ်နိုင်တော့ဘူးမလား? လူတိုင်းက သူ့ကိုမုန်းနေတာပဲဗျာ”  
   
    	သို့သော်လည်း မမျှော်လင့်သည်မှာ ဝူချန်းယွဲ့သည် သူတို့ကို ကြည့်၍    “ဘာဖြစ်လို့ ငါ့ကိုသူနဲ့ လက်မထပ်စေချင်နေတာလဲ? ငါကလက်လျော့မယ်လို့ မပြောခဲ့ပါဘူး။ အခု သူဘယ်သူလဲဆိုတာကို သိသွားပြီဆိုတော့ သူအရင်လို ပြန်ဖြစ်မှာလားဆိုတာကိုပဲ တွေးရတော့မှာ။ သူ့ကိုလက်ထပ်ပြီး ငါ့အိပ်ယာနွေးအောင် လုပ်ဖို့ အစီအစဉ်ရှိတုန်းပဲ။ ပြီးတော့ ဒါကပြီးပြည့်စုံတယ်။ အရင်က ငါ့ကိုသူမုဒိန်းကျင့်တယ်။ ဒီတစ်ခေါက် ငါသူ့ကိုအားသုံးမိတယ်။ အရင်က ဖြစ်ခဲ့တာအတွက် သူငါ့ကို တာဝန်ယူရမယ်။ ဒီတစ်ခေါက်အတွက်က ငါသူ့ကို တာဝန်ယူမယ်။ ဒီလိုလုပ်ဖို့အတွက် ငါသူ့ကို လက်ထပ်လိုက်ရုံပဲ”  
   
    	လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ဝူချန်းယွဲ့အား အံ့သြစွာ ကြည့်နေကြသည်။ လုထန်ယု၏ လက်ထပ်ချင်နေဦးမည်ဟု သူတို့က မထင်ထားမိပေ။ လုထန်ရိက အဆင်မပြေစွာဖြင့် မေးလိုက်သည်။   “ဒါဆိုရင် ဘယ်လို. . .ရှေ့လျောက် အချင်းချင်းရင်ဆိုင်ကြမှာလဲ?”  
   
    	“ဘာလဲ? ငါသူ့ကိုနှိပ်ဆက်မှာကို မင်းကကြောက်နေတာလား?”   ဝူချန်းယွဲ့က ရယ်သည်။   “အဲ့ဒါကြောင့် သူ့နောက်ကြောင်း ငါ့ကိုမသိစေချင်ခဲ့ပေါ့။ မင်းသူ့ကို ချစ်နေလို့ လိုက်ကာကွယ်ပေးနေတယ်လို့ ငါကထင်နေခဲ့တာ”  
   
    	“ခေါင်းဆောင်က အတွေးလွန်နေပါပြီ”   လုထန်ရိက ရှက်စွာပြောသည်။  
   
    	“ဟုတ်ပြီ။ ငါသိချင်တာကို မင်းတို့ဆီက သိလိုက်ရပြီ”   ဝူချန်းယွဲ့က ထလိုက်ကာ ပြောသည်။   “ငါ့ရည်ရွယ်ချက်လည်း ပြောပြခဲ့ပြီးပြီ။ ငါအလုပ်တွေ လုပ်စရာရှိသေးလို့ သွားတော့မယ်။ မင်းက ငါ့ယောက်ဖ ဖြစ်လာမှာဆိုတော့ ဒါအရမ်းကောင်းတယ်မလား?”   သူသည် လုထန်ရိ၏ ပုခုံးကိုပုတ်ခဲ့ကာ လျန်လျန်၏လက်ကိုဆွဲ၍ အပြင်သို့ ထွက်သွားသည်။  
   
    	သူ့အနောက်တွင်တော့ လူငယ်လေးနှစ်ယောက်သည် ကြောင်အစွာ ကျန်ခဲ့သည်။  
   
    	ဝူချန်းယွဲ့က ထွက်သွားသည့်အခါ ကောင်းချင်းမင်းက စပြောသည်။   “ငါတို့ လုမိန်းကလေးကို မတွေ့ရတာ ကြာပြီ။ မင်းထင်လား. . . ခေါင်းဆောင်ဝူက သူ့ကိုလာနှောင့်ယှက်မှာကို မလိုချင်လို့ ပုန်းနေတယ်လို့?”  
   
    	လုထန်ရိမှာ ဝူချန်းယွဲ့က သူ့အားယောက်ဖခေါ်သွားသဖြင့် ထူးဆန်းနေရာမှ ကောင်းချင်းမင်းပြောသည်ကိုကြားသဖြင့် အသိပြန်ဝင်လာကာ ပြောသည်။   “သူပေါ်မလာဘူးလား? စခန်းသစ်ကို သွားပြီလား?”  
   
    	ကောင်းချင်းမင်းက ခေါင်းခါကာ ပြောသည်။   “ဟိုကိုစစ်ဖို့ ငါ့လူတွေကို လွှတ်ထားပြီးသား။ ဒါပင်မယ့် သူတို့ပြန်ယူလာတဲ့ သတင်းက ထူးဆန်းတယ်။ ငါ့လူတွေ ပြောတာက စခန်းသစ်ကို ဇွန်ဘီအုပ်ကြီးက ဝိုင်းထားပုံရလို့ သူတို့ဝင်မရဘူးတဲ့။ ပြီးတော့ ဒီဇွန်ဘီတွေက ထိန်းချုပ်ခံထားရပုံရတော့ လူတွေကို ကြုံသလို မတိုက်ခိုက်ဘူး။ မင်းအမက သူတို့ကို ထိန်းချုပ်နေတာ ဖြစ်မယ်။ ကြည့်ရတာ သူဟိုကို ရောက်နေလောက်ပြီ”  
   
    	လုထန်ရိသည် ခနတွေးလိုက်ကာ သဘောတူသည်။   “ငါလည်းဒီလိုပဲထင်တယ်။ သူက ဇွန်ဘီတွေနဲ့ စခန်းကို ကာကွယ်ခိုင်းထားတာမျိုးကို တကယ်ဖြစ်အောင်လုပ်နိုင်တယ်လား။ ဒါကတကယ်ထူးဆန်းတယ်”  
   
    	ကောင်ချင်းမင်းက လက်ပိုက်၍ လက်တစ်ဖက်က သူ့မေးကိုပွတ်ကာ   “ခေါင်းဆောင်ဝူက မင်းအမနဲ့ ဆက်ဆံတာမှာ ရင်းနှီးတဲ့ ခံစားချက်ကို မရဘူးလား? ဘာပဲဖြစ်ဖြစ် ဒါကဒုတိယအကြိမ်ဖြစ်နေပြီ”  
   
    	လုထန်ရိက သူ့ကိုကြည့်ကာ   “အရင်တုန်းက သူကဖြစ်အောင် လုပ်ခဲ့တာ။ ဒီတစ်ခေါက်တော့ သူကခံလိုက်ရတာ။ ကွာမှာပေါ့။ ပြီးတော့လည်း ခေါင်းဆောင်ဝူက သူ့ကို လုထန်ယုလို့မှ မထင်တော့ တစ်ယောက်တည်းလို့ ဘယ်ခံစားရလောက်မလဲ”  
   
    	ကောင်းချင်းမင်းသည် သဘောတူစွာ ခေါင်းငြိမ့်သည်။   “မင်းပြောတာ ဟုတ်သားပဲ!”  
   
    	လုထန်ရိ၏ရုံးခန်းကနေ ပြန်လာသည့် ဝူချန်းယွဲ့သည် တစ်ယောက်တည်း ငြိမ်သက်စွာနေဖို့ အချိန်လိုသဖြင့် အိမ်ကိုပြန်သွားတာက ကောင်းမည်ဟု အခုခံစားနေရသည်။ သူကတကယ်ကြီး ဒီမိန်းမကို ပြန်မုဒိန်းကျင့်ခဲ့သည်. . .ဒီမိန်းမကို သူကပြန်ပြီး. . .  

ထို့အတူ သူမကိုယ်အား ပြန်ပြင်ပြီးနောက် ဒါသည် သူမအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်နေသေးသည်။ သူမ၏ အပျိုစင်ကို သူယူသွားခဲ့သည်။ သူမအား တာဝန်ယူစရာ မဖြစ်မနေ မလိုသော်လည်း သူ့ကျင့်ဝတ်တို့ကြောင့် ဒီလိုသူလုပ်ဖို့ လိုသည်။ သူက ဖမ်းခံထားရကာ သူကိုယ်သူ မထိန်းချုပ်နိုင်၍ သူမနှင့်သူ ဒီလိုဖြစ်ခဲ့ခြင်း ဖြစ်သော်လည်း အနည်းငယ် စိတ်ထဲတွင် မသိုးမသန့်ဖြစ်နေခဲ့သေးသည်။

အခုတော့ ဒီလိုစိတ်မျိုးက မရှိတော့ပေ!
‘ဇွန်ဘီဖြစ်သွားပင်မယ့်လည်း အခုတော့ ငါ့ဇွန်ဘီပဲ! ငါ့ကလေးကို အခုသူကိုယ်ဝန်ဆောင်ပေးထားမှတော့ ဘယ်လိုလုပ်ပြီး ငါသူ့ကိုသွားခွင့်ပြုရမှာလဲ?’

Previous Chapter 391 of 410 Next