၃၈၆။ အသုံးချခံရသူ
“သူတို့ကို မိတော့မလို့။ ဒါပင်မယ့် ယွမ်ထန်ရှင်းက ရုတ်တရပ် ပေါ်လာတော့ အဲ့ကလူတွေကို ကိုယ်မသတ်နိုင်ခဲ့ဘူး”
လုံယုပိုင်သည် ယန်းကျင်းဟွာ၏ လက်ထဲကနေ ရုန်းထွက်လိုက်ကာ သူ့စားပွဲသို့ လျှောက်ထွက်သွားသည်။ ယန်းကျင်းဟွာသည် အနည်းငယ် မကျေနပ်ဖြစ်သွားသော်လည်း သူ့ခံစားချက်များကို ထုတ်မပြပေ။ ထို့အစား သူ့နောက်ကိုတောင် လိုက်သွားသေးသည်။“ဒါဆိုရင် ဒီလောက်ကြာနေတာတောင် လက်ဗလာနဲ့ ပြန်တာလား? တစ်ယောက်တည်း ပြန်လာတာလား? ငါမင်းကို ပေးလိုက်တဲ့ ယာဉ် ၁၀စီးကို လွှတ်ပစ်လိုက်ပြီလား?”
လုံယုပိုင်သည် လျှောက်ထွက်သွားရင်း မေးသည်။
ယန်းကျင်းဟွာသည် သူ့နောက်က လိုက်လာကာ ခုံတွင်မထိုင်ခင် အမြန်ဆွဲဖက်ထားလိုက်ပြီး မကျေမနပ်ဖြင့်“ဒီလူတွေ သေမသေကိုပဲ ဂရုစိုက်နေတာလား? ပြီးတော့ မင်းရဲ့ကားတွေ? ကိုယ်ကရော?”
လုံယုပိုင်သည် ယန်းကျင်းဟွာလောက် အရပ်မရှည်သလို သိပ်လည်းမသန်သဖြင့် ဆွဲလိုက်သည်နှင့် တစ်ဖက်သူ၏ ရင်ခွင်ထဲသို့ တန်းရောက်သွားသည်။ ထို့နောက် ယန်းကျင်းဟွာ၏ ဖက်ထားခြင်းကို ခံလိုက်ရသည်။ယန်းကျင်းဟွာ၏ စကားများကို ကြားသည့်အခါ သူသက်ပြင်းချ၍
“ဒီလက်နက်ဆင်ထားတဲ့ ယာဉ်တွေကိုရဖို့ ငါတို့အတော်အားထုတ်ထားရတာ။ မင်းကိုငါပေးလိုက်တာကို မင်းက အဲ့မှာထားခဲ့တယ်။ သူတို့က အခုပြဿနာမရှာနိုင်တော့တာမလို့ ဒီလူတွေက မသတ်လာနိုင်တာကတော့ ရပါသေးတယ်”
“မင်းသိနေရင်ရပါပြီ”ယန်းကျင်းဟွာက သူ့ကိုပြောသည်။
“ကားတွေကို ဆုံးရှုံးလာတာက ကိုယ့်အမှားပါ။ တခြားရွေးချယ်စရာ မရှိဘူး။ ကိုယ့်ထက်ပိုသန်မာတဲ့ တစ်ယောက်နဲ့ တွေ့ခဲ့လို့ အသက်ကို အရင်ကယ်လာရတယ်။ ကိုယ်သာ အဆင့်၇ဖြစ်သွားရင် ဒီတာဝန်ကို မရှုံးနိုင်ပါဘူး”
ထို့နောက် သူသည် ခေါင်းကိုမော့လိုက်ကာ ယန်းကျင်းဟွာအား အရည်လဲ့နေသည့် မျက်လုံးတစ်စုံဖြင့်ကြည့်ကာ
“ကျင်းဟွာ ငါပြောဖူးသလိုပဲ။ ငါနဲ့ မြေနဂါးစခန်းကို မင်းပြန်နိုင်မယ်ဆိုရင် အဆင့်၆ ဇွန်ဘီအမြူတေကို ပေးနိုင်တယ်။ ဒါဆိုရင် မင်းလည်း အဆင့်၇ထဲကို တန်းဝင်တော့မှာ။ ဒါပင်မယ့် မင်းက ငါ့နောက်ကို လိုက်မလာဘဲ ဒီမှာဘာဖြစ်လို့ နေမှာလဲ?”
ယန်းကျင်းဟွာသည် ဒီမျက်လုံးများနှင့် နူးညံ့သည့် မျက်နှာကို ကြည့်လိုက်သည်။ လုံယုပိုင်၏ နှုတ်ခမ်းများကို ကြည့်လိုက်သည့်အခါ သူ့လည်ချောင်းက ခြောက်လာသည်။ သူခေါင်းကိုငုံကာ လုံယုပိုင်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူလျှာသည် လုံယုပိုင်၏ နှုတ်ခမ်းပေါ်ကနေ ပါးစပ်ထဲသို့ အတင်းထိုးသွင်းကာ ကြမ်းတမ်းစွာဖြင့် မွှေနှောက်နေသည်။လုံယုပိုင်၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း ကျဉ်းသွားကာ ယန်းကျင်းဟွာ၏ သဘောကျငြိမ်နေပေးကာ သူ့လက်များက ယန်းကျင်းဟွာ၏ သန်မာသည့် ရင်ဘတ်ကို ဖြည်းဖြည်းချင်းနှင့် နူးညံ့စွာ ပွတ်သပ်ရင်း လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။
ဒီလိုပြင်းပြသည့်အနမ်းသည် သူတို့နှုတ်ခမ်းများ ကွာသွားသည့်အထိ ကြာခဲ့သည်။ ယန်းကျင်းဟွာသည် အသက်ပြင်းပြင်းရှုနေကာ လုံယုပိုင်၏ကိုယ်အား သူ့ဘောင်းဘီဂွကြားဖြင့် တင်းတင်းဖိထားသည်။
လုံယုပိုင်သည် သူ့အား မြူဆိုင်းနေသလို မျက်လုံးများဖြင့် ကြည့်ကာ
“မင်းပြန်လာပြီဆိုတော့ ငါနဲ့ မြေနဂါးစခန်းကို ပြန်လိုက်ခဲ့တော့”
“ကိုယ့်ကို ဟေးဒီးစခန်းပေးမယ်လို့ သဘောတူထားတာမလား? ဘာဖြစ်လို့ မြေနဂါးစခန်းကို လိုက်လာစေချင်နေတာလဲ?”
လုံယုပိုင်က“ဒါပင်မယ့် စခန်း၂ခုက တစ်ခုနဲ့တစ်ခု မိုင်ရာချီကွာတယ်။ အဝေးကြီးပဲ။ ငါနောက်ကို လိုက်မလာရင် ငါနဲ့နေ့တိုင်းအတူရှိနေနိုင်မှာ မဟုတ်ဘူးမလား?”
“ဘာဖြစ်လို့ ကိုယ်ကလိုက်ရမှာလဲ?”ယန်းကျင်းဟွာက ပြောသည်။
“ကိုယ်ဒီမှာနေတာက မကောင်းဘူးလား? စခန်းကို ကိုယ်တစ်ယောက်တည်း ပိုင်နေပြီ။ ဒီလိုထားခဲ့တာက နှမြောဖို့ မကောင်းဘူးလား?”
“ဒီပျက်စီးနေတဲ့ စခန်းကို မထားခဲ့ချင်ရုံတင်လား? ဒါမှမဟုတ် တခြားဟာကြောင့်လား?”
ယန်းကျင်းဟွာသည် ခနတန့်သွားကာ သူ့အားဖက်ထားသည်ကို လျှော့လိုက်၍ မေးသည်။“ဘာကိုပြောချင်တာလဲ?”
လုံယုပိုင်သည် သူ့ကိုတွန်းထုတ်၍ အပြင်သို့ လှည့်ထွက်သွားတော့သည်။ ယန်းကျင်းဟွာအတွက် သူအချိန်ဖြုန်းနေရသည်ကို အတော်စိတ်ကုန်နေပြီ ဖြစ်သည်။ သူ့အတွက် အများကြီးလုပ်ပေးနိုင်သေးသည့် အဆင့်၆စွမ်းအားရှင်သာ မဟုတ်ပါက သူ့ကိုစွန့်ပစ်လိုက်တာ ကြာလောက်ပြီ။လုံယုပိုင်သည် ဉာဏ်ကောင်းသည်။ သူက စခန်းတစ်ခုကို မထိန်းချုပ်နိုင်ကြောင်း သိသော်လည်း သူ့အတွက် လုပ်ပေးနိုင်မည့်သူများကို ဘယ်လိုရှာရမလဲ ဆိုသည်ကို သိသည်။ သူ့အား စွဲလမ်းနေသည့်လူများကို သူ့အတွက် အလုပ်လုပ်ပေးချင်စိတ်ရှိအောင်လုပ်ကာ. . .ယန်းကျင်းဟွာက ထိုလူများထဲက တစ်ယောက်ပင်။
တကယ်တော့ မြေနဂါးစခန်းကို တည်ထောင်ရာတွင်လည်း သူအများကြီး အားမထုတ်လိုက်ရပေ။ ဒီစခန်းအား တခြားသူများက တည်ထောင်ခဲ့ကာ သူကလက်ဆောင်ရထားခြင်းပင်။
လုံယုပိုင်အား သဘောကျသည့် တခြားသူများနှင့် ယန်းကျင်းဟွာက မတူသည်မှာ သစ္စာမရှိတာပင်။ သူသည် ကြိုက်သမျှ အကုန်လိုချင်သည့် လူစားမျိုးဖြစ်သည်။ လုံယုပိုင်၏ဘက်တွင် အမြဲနေသော်လည်း လင်းဝမ်ဝမ်ကို လိုချင်နေသေးသည်။ လုံယုပိုင်ကလည်း ဒါတွေအကုန်လုံးကို သိနေသည်။
ယန်ကျင်းဟွာသည် လုံယုပိုင်ထွက်သွားသည်ကို မျက်နှာကြီးမည်းသည်းစွာဖြင့် ကြည့်ကျန်နေခဲ့သည်။
. . .
တစ်ပတ်ကြာသည့်အခါ လင်းချင်းသည် သတိမေ့နေရာမှနေ နိုးလာခဲ့လေပြီ။သူမနိုးလာသည့်အခါ မှောင်မည်းနေသည့် အမှောင်ထုကလွဲ၍ ဘာကိုမှ မမြင်ရပေ။ သို့သော်လည်း မကြာခင်တွင် သူမ၏ကိုယ်ထဲနှင့် သူမ၏ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ခံစားမိလိုက်သည်။ နွယ်လေး၏ အစွမ်းများက သူမ၏တစ်ကိုယ်လုံးတွင် ပြည့်နေသည်ကို ခံစားမိသည်။ သူမ၏ ဆဲလ်တိုင်းနှင့် သွေးတို့သည် အခုတော့ ကုသပေးသည့် စွမ်းအားဖြင့် နွေးထွေးနေသည်။ ထို့အတူ ဗိုက်ဆာနေသည်ကို ခံစားမိသောကြောင့် သွားရည်များကို အလိုလိုမြိုချမိလိုက်သည်။
သူမသည် ထူးဆန်းသလို ခံစားရသည်။
‘ဘာဖြစ်လို့ ငါဗိုက်ဆာနေတာလဲ? ဇွန်ဘီဖြစ်တည်းက ကန်ရေတွေကို သောက်နေလို့ ဆာတဲ့စိတ်က ပျောက်သွားပြီလေ။ ဗိုက်ဆာတာကို မခံစားခဲ့ရတာ အတော်တောင်ကြာနေပြီ။ အခုဘာဖြစ်နေတာလဲ?’
သူမသည် နွယ်လေး၏ စွမ်းအားများဖြင့် ဝန်းရံထားခံရသော်လည်း ထူးဆန်းသည်မှာ နွယ်လေး၏ အရှိန်အဝါကို မတွေ့တော့ခြင်းပင်။ သူမသည် စိတ်ထဲကနေ နွယ်လေးကို ခေါ်လိုက်သည်။‘နွယ်လေး နင်ဒီမှာလား?’
သူမသည် ကန်ထဲတွင်ဖြစ်ကာ သူမ၏ကိုယ်အား စွမ်းအားများဖြင့် ပတ်ခံထားရသည်ဟု ထင်လိုက်သည်။ သို့သော်လည်း အရင်ကလို မခံစားရပေ။ သို့သော်လည်း ရင်က အတွေ့အကြုံများအရ သူမသည် လက်ရှိအခြေအနေကိုတော့ ခန့်မှန်းမိသည်။‘မေမေ နောက်ဆုံးတော့ နိုးလာပြီပဲ!’
နွယ်လေး၏ အသံကထွက်လာသည်။
‘ဘယ်မှာလဲ? ဘာဖြစ်လို့ နင့်အရှိန်အဝါကို ငါမခံစားနိုင်တော့တာလဲ? ကန်ထဲမှာလား?’လင်းချင်းက မေးသည်။
‘မေမေ နွယ်လေးက အဆင့်မြှင့်ပြီးသွားပြီ. . .ဘယ်မှာလဲလား? အင်း. . .နွယ်လေးက မေမေ့ရဲ့ဗိုက်ထဲမှာလေ’နွယ်လေး၏အသံသည် အနည်းငယ် မပြတ်မသားဖြစ်နေသည်။
လင်းချင်းသည် ပိုထူးထူးဆန်းဆန်းကို ခံစားလာရသည်။‘ငါ့ဗိုက်ထဲမှာ? ဘယ်လိုလုပ်ပြီးတော့ ငါ့ဗိုက်ထဲကို ရောက်နေတာလဲ? သူဘာကိုပြောနေတာလဲ?’
လင်းချင်းသည် မနေနိုင်တော့ဘဲ မေးလိုက်သည်။‘ဘယ်လိုလုပ် ငါ့ဗိုက်ထဲကို ရောက်နေတာလဲ? နင်က အကြီးကြီးပဲလေ။ ငါ့ဗိုက်ထဲကို ဝင်နိုင်လို့လား?’
နွယ်လေးက‘မေမေ တကယ်တော့ မေမေမြင်တဲ့ နွယ်လေးက စွမ်းအားတွေတင်. . .နွယ်လေးမှာက ကိုယ်အစစ်မရှိဘူး။ အခုတော့ မေမေကို အဆင်မြင့်ပြီး မေမေ့ကိုယ်ကို ပြင်ပေးထားတော့ နွယ်လေးရဲ့အစွမ်းတွေ အကုန်လုံးကို မေမေ့ကိုယ်ထဲ ထည့်ထားတယ်. . . မှီခိုစရာစွမ်းအင်အပိုလည်းမရှိတော့ မေမေ့ကိုယ်ထဲကို ဝင်ရုံအပြင် နွယ်လေးမှာ တခြားရွေးစရာမရှိဘူး. . .’
‘နွယ်လေးမှာ ကိုယ်အစစ်မရှိဘူးလား?’လင်းချင်းက ကြောင်အသွားသည်။
‘ကိုယ်အစစ်မရှိဘူးဆိုတော့ ငါမြင်နေတဲ့ နွယ်တွေအကုန်လုံးက သူ့အစွမ်းနဲ့ဖြစ်နေတာတွေလား?’
လင်းချင်းက တွေးကြည့်သည်။