May Honey Logo May Honey
Previous Next

၂၄၉။ ယန်ကျင်းဟွာ ထပ်ပေါ်လာခြင်း

လျူကျွင်း၏အခန်းသည် ဟိုတယ်အနောက်ဘက်ခြမ်း ဖြစ်သဖြင့် သူမသည် အရှေ့ဘက်တွင် ဘာဖြစ်နေသလဲကို မမြင်ရသလို ဘယ်သူကမှလည်း အောက်ကနေ အခန်းကိုကြည့်မှာ မဟုတ်ပေ။

လင်းချင်းဆင်းလာသည့် ဝရံတာဘက်က အခန်းများသည် အရှေ့တွင်ဖြစ်ရာ ဟိုတယ်ရှေ့ခြမ်းက လူများသည် သူမကိုမြင်နိုင်မှာ ဖြစ်သည်။ သူမသည် ခုံပေါ်တွင် ထိုင်လိုက်ကာ ပြောသည်။   “နင်မှတ်ဉာဏ်တွေ ပြန်ရနေပြီဆိုတော့ ယန်ကျင်းဟွာက ဘယ်သူလဲဆိုတာကို သိနေပြီမလား? လင်းဖန်တို့ကို ကယ်တုန်းက သူတို့ပြောတာကို ငါကြားလိုက်တယ်။ ယန်ကျင်းဟွာက တစ်ခုခု တကယ်လုပ်ခဲ့ပြီးတော့ ငါကမမှတ်မိဖြစ်နေတာမလား?”

ထိုအခါ လျူကျွင်းသည် ခနတန့်သွားကာ အိပ်မောကျနေသည့် တုံတုံကို တစ်ချက်ကြည့်သည်။ ထို့နောက် ကုတင်ပေါ်မှထကာ လင်းချင်း၏ဘေးတွင် လာထိုင်ကာ သူမ၏သားကို ငေးကြည့်ရင်း အသံတိုးတိုးဖြင့်   “သေချာတော့ မသိဘူး။ ဘာဖြစ်လဲဆိုတာကို နင်လည်း အကြမ်းဖျင်းသိပြီးသား ထင်ပါတယ်။ နင့်အသက်ကို တကယ်ကယ်ပေးတာလား ဟန်ဆောင်ခဲ့တာလားကတော့ မေ့နေတဲ့ မှတ်ဉာဏ်တွေထဲက ကိုယ့်ဟာကိုယ် ပြန်ထုတ်ပေးရမယ်ထင်တယ်”

လင်းချင်းသည် မျက်မှောင်ကျုံ့ကာ ခေါင်းငုံ့သွား၍ အတွေးများသွားသည်။ ယန်ကျင်းဟွာသည် သူမအတွက် သူစိမ်းမဟုတ်ပေ။ လင်းဖန်တို့ဆီက သူမကြားသလောက်ဆိုလျှင် သူမသည် ခံရသူဖြစ်သည်။ သို့သော်လည်း တခြားသူအကြောင်းကို ကြားရသလို သူမအတွက် ဘာခံစားချက်မှ မရှိပေ။

လျူကျွင်းသည် သူမကို တအံ့တသြဖြင့်   “ရုတ်တရပ်ကြီး ဘာဖြစ်လို့ မေးနေတာလဲ? သူ့ကိုဘာလုပ်မယ်ဆိုတာ တွေးပြီးသွားလို့လား?”

လင်းချင်းသည် သူမကိုကြည့်ကာ   “သူပေါ်လာပြီ။ ငါတို့ဟိုတယ်နဲ့ မီတာတစ်ထောင်လောက်ဝေးတဲ့ ရှေ့ကအဆောက်အဦးထဲကနေ ငါတို့ကို စောင့်ကြည့်နေတာ”

ထိုအခါ လျူကျွင်း၏ မျက်နှာသည် ချက်ချင်းမည်းသွားကာ အေးစက်စွာဖြင့်   “ဘယ်လိုများ ပြန်လာရဲတာလဲ အရင်က သူ့ကိုလီလီက မောင်းထုတ်ပေးထားတာမလား?”

လင်းချင်းသည် မေးပေါ်ကိုလက်တင်ကာ   “ငါ့အထင် သူဒီနေရာဝန်းကျင်က အမှောင်ထဲကနေ စောင့်ကြည့်နေပုံပဲ။ အစက ငါဒီမှာမရှိလို့။ အခုပြန်ရောက်တော့မှ ငါသတိထားမိတာ ဖြစ်မယ်။ နေ့လည်က လီလီထွက်သွားတာကို သူမြင်လိုက်လို့ ရဲလာတာ ဖြစ်မယ်။ လီလီပြန်မလာခင် သူတစ်ခုခုလုပ်လိမ့်မယ်။ မနက်ဖြန် မနက်ကျရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့”

လျူကျွင်းသည် မျက်ခုံးများတွန့်ကွေးသွားကာ စိတ်ပူစွာဖြင့်   “ငါတို့ဘယ်လိုလုပ်ကြမလဲ? အပြင်မှာ သာမန်ဇွန်ဘီတွေက ရာချီနေအောင်ရှိနေပင်မယ့် အဆင့်၄အထက် စွမ်းအားရှင်တွေကို မခုခံနိုင်ဘူး။ ယန်ကျင်းဟွာကလည်း အဆင့်၆ဆိုပင်မယ့် အဆင့်၇ဖြစ်တော့မှာ”

“ဒါကိုမပူပါနဲ့”   လင်းချင်းက သိပ်အလေးမထားစွာဖြင့်   “သူ့ကိုငါတို့ မနိုင်ပင်မယ့် ပုန်းလို့မရလို့လား? ငါရှိနေသ၍ ဒါကိုပူစရာ မလိုပါဘူး”

သူမ၏စကားကြောင့် အားတက်သွားသည့် လျူကျွင်းသည် ခေါင်းငြိမ့်ပြကာ   “အာ ဟုတ်တယ်။ နင့်နယ်မြေထဲမှာ ငါတို့ပုန်းရတယ်။ မေ့နေတာ။ ဒါပင်မယ့် ယန်ကျင်းဟွာက လင်းဝမ်ဝမ်ကို ရဖို့အတွက် အရမ်းခေါင်းမာနေတာ ရွံ့ဖို့ကောင်းတယ်။ သူက လိင်တူလိင်ကွဲနှစ်မျိုးလုံး ကြိုက်တဲ့သူမလား?”

လင်းချင်းသည် လက်ဖြန့်ကာ   “ငါက ဘယ်လိုလုပ်သိမလဲ? ငါမှ သူ့ကိုမမှတ်မိတာ”

လျူကျွင်းသည် သူမကို အံ့သြစွာကြည့်ကာ   “ဘယ်လိုလုပ်ပြီး ကမ္ဘာပျက်သွားတဲ့ ငါးနှစ်ကိုပဲ ကွက်မေ့သွားရတာလဲ? အရင်ကဟာတွေ အကုန်လုံးကိုတော့ မှတ်မိနေတယ်မလား?”

“ငါနိုးလာတည်းက သူများကိုယ်ထဲကို ရောက်နေတာနဲ့တင် အတော်ထူးဆန်းနေနှင့်ပြီ”   လင်းချင်းက ပြောသည်။   “ဒီနှစ်လောက်ကို မေ့တာက ဘာမှမဖြစ်ပါဘူး။ အစက ငါငါးနှစ်လုံး အိပ်ပျော်နေခဲ့တယ်တောင် ထင်ခဲ့တာ။ အတိတ်မေ့နေမှန်းက နောက်မှသိရတာ”

လျူကျွင်းသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ တခြားသူရဲ့ကိုယ်မှာ နိုးလာတာက တကယ်အံ့သြစရာကြီး။ ဒီကိုယ်မှာရော ပင်လယ်မြို့တော်စခန်းမှာ အမျိုးမရှိဘူးလား?”

“တစ်ယောက်ရှိတယ်”   လင်းချင်းက ခေါင်းငြိမ့်ကာ   “လွန်ခဲ့တဲ့ရက်ကမှ ငါနဲ့တွေ့ခဲ့သေးတယ်”

“ဟင်?”   လျူကျွင်းသည် အံ့သြသွားကာ   “မဖြစ်နိုင်တာ ဟန်ကျိုးမြို့ထဲကို သွားနေတာမလား? အဲ့ဒီမှာ တွေ့တာလား?”

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ သူတို့အဖွဲ့က ဇွန်ဘီဘုရင်ရဲ့ အစာအဖြစ် အဖမ်းခံထားရတာ။ ငါလည်း ဖြတ်သွားရင်းကြုံလို့ ကယ်ပေးလိုက်တာ”

လင်းချင်းသည် လျူကျွင်းသည် စကားအနည်းငယ်ပြောပြီးနောက် သူမကို သတိထားကာ ဂရုစိုက်နေဖို့ မှာခဲ့သည်။ ထို့နောက် သူမသည် လျူကျွင်း၏အခန်းထဲမှ ထွက်ကာ ရှဲ့တုန်းအခန်းကို တံခါးခေါက်လိုက်သည်။ ရှဲ့တုန်းကို လျူကျွင်းတို့ သားအမိကို စောင့်ရှောက်ပေးဖို့ မျက်လုံးဖွင့်နားစွန့်နေပေးရန် သတိပေးထားလိုက်သည်။

ထို့နောက် လင်းဖန်တို့အခန်းသို့သွားသည်။ အခန်းထဲတွင် လူစုံနေလေရာ အရင်က တွေ့ရခဲ့သည့် သူမ၏မောင်လေး လင်းဟောင်ပါ ရှိနေသည်။ လင်းချင်းလာသည့်အခါ သူမကိုလူတိုင်းက လှည့်ကြည့်ကြသည်မှာ စောင့်နေကြောင်း သိသာသည်။

“ဘာဖြစ်လို့လဲ?”   လင်းဖန်က သူမကို ချက်ချင်းမေးသည်။

လင်းချင်းသည် ခေါင်းငြိမ့်ပြ၍ အခန်းထဲဝင်ကာ ခုံလွတ်တစ်ခုတွင်ထိုင်ရင်း   “အင်း ယန်ကျင်းဟွာက ငါတို့ကို စောင့်ကြည့်နေတာ”

ထိုသူ့နာမည်ကို ကြားသည်နှင့် လူတိုင်းသည် မျက်နှာများ မည်းကုန်ကြသည်။

“အဲ့ဒီကောင်က ပြန်လာရဲသေးတယ်!”   လင်းဝမ်ဝမ်က ချက်ချင်းပြောသည်။   “ချူးလီလီက သူ့ကိုချမှာကို မကြောက်ဘူးလား?”

လင်းဟောင်သည် သစ်ကိုင်း၏ထိပ်ကို ချိန်နေအောင် ဓားဖြင့်သွေးနေရင်း နားထောင်နေသည်။ 

“ငါလည်းသေချာမသိဘူး!”   လင်းချင်းက အမှုအယာမဲ့စွာဖြင့်   “သူဘယ်တုန်းကမှ ထွက်မသွားသေးတာလား ပြန်လာတာလား မသေချာတာ။ ချူးလီလီက နေ့လည်က ထွက်သွားတာကို သူသိပုံရတယ်။ အဲ့ဒါကြောင့် အခုည အကွက်ကြီးရွေ့ဖို့ လုပ်နေတာဖြစ်မယ်။ ဒါကိုငါသတိထားမိလိုက်တာ”

“ထန်ရှင်းသာ ဒီမှာရှိရင် သူ့ကိုရင်ဆိုင်နိုင်သေးတယ်”   လင်းဖန်က ပြောသည်။   “အခုတော့ သူရော ချူးလီလီရော မရှိဘူး။ သူနဲ့ယှဉ်ဖို့ မရှိတော့ဘူး။ ချူးလီလီက ဘယ်သွားတာလဲ? သူပျောက်နေတာ အတော်ကြာပြီ”

“အမဲလိုက်ထွက်သွားတာ။ မကြာခင်ပြန်လာမယ်တော့ မထင်ဘူး”   လင်းချင်းက ပြောသည်။

“အမဲလိုက်တယ်? သူက ဇွန်ဘီဘုရင်မကိုမှ လူသားမစားဘူးမလား? ဘာကိုအမဲလိုက်တာလဲ?”   လင်းဝမ်ဝမ်က အံ့သြတကြီး မေးသည်။

လင်းဖန်သည် လင်းဝမ်ဝမ်ကို ကြည့်ကာ   “ဇွန်ဘီတွေကို နေမှာပေါ့”

ဒီလိုပြောပြီးနောက် လင်းချင်းကို သူလှည့်ကြည့်လေရာ လင်းချင်းက ခေါင်းငြိမ့်ပြရင်း   “ကျွင်းကျွင်း ဘာဖြစ်ခဲ့လဲကို နင်တို့မြင်ပြီးသားမလား။ လီလီကလည်း စကားပြောချင်နေတာ။ ဒါပင်မယ့် သူ့အဆင့်ကမြင့်တော့ လိုအပ်တဲ့စွမ်းအား ပမာဏကများတယ်။ အဲ့ဒါကြောင့် စွမ်းအားအရင်းအမြစ်လိုတာကို သွားရှာနေတာ”

အမျိုးသမီးလင်းက မျက်မှောင်ကျုံ့ကာ   “ဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ? လုမိန်းကလေး ယန်ကျင်းဟွာကို အနားမှာ မြင်လိုက်တာ သေချာလား? ဘာဖြစ်လို့ ငါတို့က ဘာမှမသိတာလဲ? လင်းဟောင် သားရော ဘာကိုမှ မခံစားမိဘူးလား?”   အမျိုးသမီးလင်းသည် လင်းဟောင်အား လှည့်၍မေးသည်။

လင်းဟောင်သည် ဓားကိုအိတ်ထဲသို့ထည့်ကာ သစ်ကိုင်းချွန်များကို ကိုင်ထားရင်း   “ဟင့်အင်း။ ကျွန်တော့အာရုံသိက မီတာငါးရာခြောက်ရာ အများဆုံးပဲ။ အပြင်က ဇွန်ဘီအုပ်အပြင် တခြားဟာကို မခံစားမိဘူး။ အဲ့ဒီခွေးကောင်က ဘယ်မှာလဲ?”   နောက်ဆုံးမေးခွန်းကို သူသည် ခုံတွင်ထိုင်ကာ လင်းချင်းအား မေးခြင်းဖြစ်သည်။

“မီတာ တစ်ထောင့်သုံးရာ အကွာက အဆောက်အဦးမှာ”   လင်းချင်းက ပြောသည်။   “အခု ငါတို့ကို တယ်လီစကုပ်နဲ့ ကြည့်နေတယ်”

တခြားသူများသည် လင်းချင်းအား အံ့သြစွာဖြင့်   “ဒီလောက်ဝေးတဲ့နေရာကဟာတွေကို အာရုံခံနိုင်တယ်လား?”

လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ဒီထက်မက အာရုံခံနိုင်သေးသည်။ ပစ်မှတ်ကသာ သူတို့သဲလွန်စများကို ဖျက်မထားလျှင် သူမသည် နှစ်မိုင်သုံးမိုင်အတွင်းကို သိနိုင်သည်။ ထို့အပြင် သူမလည်း လေထဲကနေလည်း အနံ့ကိုခံကြည့်နိုင်သေးသည်။  
Previous Chapter 249 of 410 Next