May Honey Logo May Honey
Previous Next

၂၉၆။ ငါ့ကိုတစ်ယောက်တည်းလွှတ်ထားပါ

လင်းချင်းသည် လျူကျွင်းကို ခြိမ်းခြောက်သလို ကြည့်လိုက်သည်။   ‘နင်ဆက်ပြောနေရင် ငါထရိုက်တော့မယ်’

လျူကျွင်းသည် ပြုံးကာ ကန်ကိုကြည့်၍ မေးသည်။   “နွယ်လေးကို နင့်လက်ရှိအခြေအနေ မေးမကြည့်တော့ဘူးလား?”

သတိပေးမှ လင်းချင်းသည် မေးဖို့ဆုံးဖြတ်လိုက်သည်။ အဝတ်များဝတ်ပြီးနောက် ကန်ကို လှမ်းအော်လိုက်သည်။   “နွယ်လေး?”

ထို့နောက် သူမ၏ဗိုက်ကို ဖိကြည့်လိုက်သည်။   ‘မာလာသလိုပဲ’

နွယ်လေး၏နွယ်သည် ကန်ပေါ်ကို တက်လာကာ လင်းချင်း၏ လက်ကို ရစ်ခွေလိုက်သည်။   ‘မေမေ’

“နွယ်လေး”   လင်းချင်းက မေးသည်။   “ဘာဖြစ်လို့ ငါ့ဆံပင်ပေါက်ဖို့က ခက်နေတာလဲ? လီလီဆံပင်က အများကြီးရှည်သွားပင်မယ့် ငါ့ကျတော့ သေးသေးလေးပဲ ပေါက်တယ်”

နွယ်လေးက ပြန်ဖြေသည်။   ‘မေမေ အစွမ်းတွေက ဗိုက်မှာစုသွားတာကမလို့ ခေါင်းနဲ့လည်ချောင်း သက်သာဖို့က ကြာနေတာ. . .ဒါပင်မယ့် မေမေ့ဆံပင်တွေက ပြန်ရှင်လာပြီ။ အရှင်လို သေမနေတော့ဘူး။ မေမေက ဆံပင်ကို ကုဖို့ မလိုတော့ဘူး။ ဖြည်းဖြည်းချင်း ရှည်လာတော့မှာပါ’

လင်းချင်းသည် နွယ်လေးကို အံ့သြစွာကြည့်ကာ   “ဟမ်? ငါ့ဆံပင်တွေက အလိုလိုရှည်လာမှာ? လူသားတွေလိုမျိုးလား?”

လင်းချင်း၏ ဘေးတွင်ရပ်နေသည့် လျူကျွင်းသည် အံ့သြသွားသည်။ လင်းချင်း၏စကားအရဆိုလျှင် သူမ၏ဆံပင်သည် လူသားများလို ရှည်နေမှာဖြစ်၍ ဇွန်ဘီများလို သေနေတာမျိုး မဟုတ်တယ်။

‘ဟုတ်တယ် ဟုတ်တယ်. . .မေမေ နွယ်လေး နည်းနည်းပင်ပန်းနေပြီ’   နွယ်လေးက ပြောသည်။

နွယ်လေးမှာ အရင်လို သွက်လက်စွာ လှုပ်ယမ်းမနေသည်ကို လင်းချင်းက ကြည့်ကာ   “ဟုတ်ပြီ။ သွားနားတော့။ ကျေးဇူးတင်ပါတယ် နွယ်လေး”

‘မေမေက ကျေးဇူးထပ်တင်ပြန်ပြီ. . .’   နွယ်လေးက မကျေနပ်စွာ ပြောသည်။   ‘မေမေက နွယ်လေးကို သူစိမ်းလို လုပ်နေတာ. . .’

နွယ်လေး၏ မကျေနပ်မှုကို သိသဖြင့် လင်းချင်းသည် နွယ်ကိုယူကာ သူမ၏လက်တွင် ထပ်ရစ်ပတ်လိုက်ရင်း   “တောင်းပန်ပါတယ်။ ငါ့အမှားပါ။ ငါ့ရဲ့မြတ်နိုးရတဲ့ နွယ်လေးက ဒီလောက်ချစ်ဖို့ကောင်းတာကို ဘယ်လိုလုပ်ပြီး သူစိမ်းဖြစ်ရမှာလဲ? ငါတို့က မိသားစုတွေလေ”

ထိုအခါ နွယ်လေးသည် ပျော်ရွှင်သွားကာ   ‘ဟုတ်တယ်! ဟုတ်တယ်! နွယ်လေးက ချစ်ဖို့အကောင်းဆုံးပဲ. . .မေမေ နွယ်လေးသွားအိပ်ပြီ။ တစ်ခုခုလိုရင် ခေါ်လိုက်နော်”   ဒီလိုပြောပြီးနောက် နွယ်လေးသည် လင်းချင်း၏ လက်ကောက်ဝတ်ကို လွှတ်လိုက်ကာ ကန်ထဲသို့ ဆင်းသွားသည်။

လျူကျွင်းသည် လင်းချင်းကို စပ်စုစွာကြည့်ကာ   “နွယ်လေးက မကျေနပ်လို့လား? နင်တို့နှစ်ယောက်က ဘာလဲ? သူ့ကိုကျေးဇူးတင်တာကို သူကမကြိုက်ဘူးလား?”

လင်းချင်းသည် ခေါင်းခါကာ   “ငါတို့ကြားက ဘယ်လိုဆက်ဆံရေးလည်း ငါလည်းသေချာမသိဘူး။ ဒါပင်မယ့် ပထမဆုံး သူပေါ်လာတည်းက ငါ့ကိုခေါ်တာက . . .အဟမ်း. . .မေမေ”

လျူကျွင်းသည် မျက်လုံးပြူးသွားကာ လင်းချင်းကို မယုံနိုင်စွာကြည့်ပြီး   “ဘာ? နင့်ကို မေမေလို့ ခေါ်တာ? နင့်ကလေးမဟုတ်ဘူးမလား? သူ့ကလေးလား?”

လင်းချင်းသည် သူမကို ထူးဆန်းသည့် အမှုအယာဖြင့်ကြည့်ကာ   “ငါ့ကလေးမဟုတ်တာလား? လုထန်ယုရဲ့ ကလေးမဟုတ်တာလား? လို့ပြောတာလား? ငါအရင်တုန်းက ကိုယ်ဝန်ဆောင်ဖူးလား? မမှတ်မိဘူး”

လုကျွင်းသည် မျက်လွှာချကာ ခနတွေး၍   “ငါတို့စခန်းမပျက်ခင်ကအထိ ခေါင်းဆောင်က ကိုယ်ဝန်ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ နင်တကယ်လို့ ကိုယ်ဝန်ရှိတယ်ဆိုရင် တခြားသူကို သတိမပေးစရာ ဘာအကြောင်းမှ မရှိဘူးမလား? ပြီးတော့လည်း ဗိုက်ကြီးနေတာမျိုး ဘယ်သူကမှ မမြင်ဖူးဘူး”   ဒီလိုပြောရင်း လင်းချင်း၏ ဗိုက်ကိုကြည့်သည်။

လင်းချင်းသည် ခေါင်းခါကာ   “ဒါပင်မယ့် ဒါကငါ့ကိုယ်မဟုတ်ဘူး။ ငါကိုယ်ဝန်ရှိရင်တောင် ကလေးက သေသွားမှာပဲ။ မဖြစ်နိုင်တာက. . . ကလေးရဲ့ ဝိဉာဉ်ကလည်း ငါနဲ့အတူ လိုက်ပြီးတော့ ပြန်ဝင်စားတာ. . .မဖြစ်နိုင်ဘူးမလား?”   ဒီလိုပြောပြီးနောက် လျူကျွင်းကို ကြည့်လိုက်သည်။

“ဒါ. . .ဒါက. . .ဖြစ်နိုင်သားပဲ!”   လျူကျွင်းသည် သူမ၏ နောက်ကျောသို့ ကြည့်နေသည်။ နှစ်ယောက်လုံးသည် ၇စက္ကန့် ၈စက္ကန့်လောက် ငြိမ်သွားကြသည်။

ထို့နောက် လင်းချင်းသည် နဖူးကို လက်ဖြင့်ဖိကာ မယုံနိုင်ဖြစ်သွား၍   “ခနလေး ငါ့ကို အေးဆေးထားစမ်းပါ! ဒါကြီးက မဖြစ်နိုင်ဘူး!”

လျူကျွင်းသည် မျက်လုံးအပြူးသားဖြင့်   “ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ? နင်တောင် ပြန်ဝင်စားလာသေးတာပဲမလား? ကလေးကရော ဘာဖြစ်လို့ မဝင်စားနိုင်ရမှာလဲ?”

ထို့နောက် လင်းချင်းသည် နောက်မေးခွန်းတစ်ခု ပေါ်လာသည်။ သူမသည် လက်ကိုအောက်ချလိုက်ကာ   “ခနလေး! ခနလေး! နင်ပြောသလို ငါကိုယ်ဝန်ရှိခဲ့ရင်. . .ဒါဆိုရင် အဲ့ယောက်ျားက ဘယ်သူလဲ?”

လျူကျွင်းသည် သူမကို သုံးစက္ကန့်လောက် ငြိမ်ကြည့်ပြီးနောက်   “ငါပြောနိုင်တာက စခန်းတစ်ခုလုံးကို သစ္စာမဖောက်ခင် သူက နင်နဲ့တစ်ချိန်လုံးရှိ. . . .”

လင်းချင်းသည် သူမကိုကြည့်ကာ ရုပ်တည်ကြီးဖြစ်သွား၍   “နင်ပြောနေတာက. . . ယန်ကျင်းဟွာ?”

နှစ်ယောက်လုံးသည် တိတ်ဆိတ်သွားကြသည်။ ထို့နောက် လင်းချင်းသည် မျက်နှာကြီး မည်းသည်းသွားကာ   “နင်ပြောနေတာက ငါက ယန်ကျင်းဟွာနဲ့ ဆက်ဆံရေးတစ်ခုရှိပြီးတော့ သူ့ကလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ဒါပင်မယ့် ကလေးရှိမှန်း မသိခင် အဲ့သူတောင်းစားက ငါနဲ့ကလေးရယ် စခန်းကို သစ္စာဖောက်လိုက်တယ်? ငါပြောတာမှန်လား?”   လင်းချင်း၏ လေသံသည် အေးစက်နေသည်။

လျူကျွင်းသည် လင်းချင်းနားမှ ဖိအားများကို ခံစားမိသည်။ မျက်မှောင်ကျုံ့ကာ   “စိတ်အေးအေးထား! စိတ်အေးအေးထား! ဒါကငါ့အထင်လေးတစ်ခုပဲလေ။ နင့်မှတ်ဉာဏ်ကို ပြန်မရခင်အထိ အကုန်လုံးက အထင်တွေပဲ။ ဖြစ်နိုင်တာက နင်ကလေးကို ဒီကိုခေါ်လာတာ မဟုတ်လောက်ပါဘူး. . . ပြီးတော့လည်း ယန်ကျင်းဟွာက အဖေဟုတ်ချင်မှ ဟုတ်မှာ။ တခြားသူ ဖြစ်နေနိုင်တာပဲ. . .”

လင်းချင်းသည် အသက်ဝဝရှုကာ စိတ်အေးအောင် ထားလိုက်သည်။ လျူကျွင်း၏ စကားများကို သေချာတွေးကာ ဒါကဖြစ်နိုင်ချေရှိတာ အမှန်ဖြစ်ကြောင်း တွေးမိသည်။ ရုတ်တရပ် ကန်အောက်ခြေတွင် သူမမြင်ခဲ့ရသည့် ခရမ်းနီရောင်ကို သတိရသွားကာ ပြန်တွေးကြည့်သည်။ ဒါသည် သူမ၏. . .သားအိမ်အပြင်ဘက်များလား?

‘မဖြစ်နိုင်တာ နွယ်လေးက ငါ့ကလေးမဟုတ်ဘဲ သူ့ကလေးများလား?’

“ငါ့ကိုတစ်ယောက်တည်း လွှတ်ထားကြပါ”   လင်းချင်းသည် စိတ်ညစ်စွာပြောကာ နယ်မြေထဲက ထွက်လာသည်။ ထို့နောက် သူမသည် ကလပ်အမိုးပေါ်သို့ တက်သွားကာ ဗိုက်ကိုထိရင်း ခေါင်းကိုငုံထားသည်။ 

လျူကျွင်း၏ စကားများကို ကြားပြီးနောက် ဒီကိုယ်ဝန်ဆောင်သည့်အထင် အကြောင်းအရာတစ်ခုလုံးသည် သူမအတွက် အရမ်းထိလွယ်ရှလွယ် ဖြစ်နေသည်။ သူမသည် ထူးဆန်းတာမျိုးကို စတွေးနေမိတော့သည်။

‘ငါတကယ်ပဲ ယန်ကျင်းဟွာနဲ့ ပတ်သက်ခဲ့တာလား? ဒါသာအမှန်ဆိုရင် အရင်က ငါကန်းနေတာပဲ။ ဒီလိုကောင်မျိုးကို ကြွေကျသွားရတယ်လို့ ကန်းလိုက်တာ!’

အခုတလော တွေ့ခဲ့ရသည့် ယန်ကျင်းဟွာ၏ အကြောင်းကို ပြန်တွေးမိသည့်အခါ ဒီလိုကောင်မျိုးနှင့် သူမသည် အတူအိပ်မိနိုင်သဖြင့် အန်ချင်လာသည်။ သူမသည် ဗိုက်ကိုထိကြည့်ကာ ကလေး၏ဝိဉာဉ်က သူမနှင့်အတူ လိုက်၍ပြန်ဝင်စားလားသလားဟု တွေးနေမိသည်။

နွယ်လေးသည် အဆင့်ငါးရောက်လျှင် ထွက်လာနိုင်မည်ဟု ပြောသည်။ သို့သော် ဘယ်လိုပုံစံဖြင့် ထွက်လာမည်နည်း? လင်းချင်းက နွယ်လေးကို မွေးပေးဖို့တော့ မလိုလောက်ဘူးမလား? သူမ၏ဗိုက်သည် အခုဘာမှ မရှိပေ။ သားအိမ်ရှိနေနိုင်သော်လည်း ဇွန်ဘီဖြစ်နေ၍ သေ​နေလောက်ပြီ။ ဘယ်လိုများ အသက်တစ်ချောင်းကို သူမက မွေးဖွားနိုင်ဦးမည်နည်း?

ရုတ်တရပ် သူမသည် ဖြစ်နိုင်ချေ နောက်တစ်ခုကို တွေးမိသွားသည်။ အရင် ခန္ဓာကိုယ်ပိုင်ရှင် လုထန်ယုသည် ဝူချန်းယွဲ့နှင့် လိင်ဆက်ဆံခဲ့သေးသည်။    ‘ဟင်. . .မဖြစ်နိုင်တာ တကယ်လို့ ဝူချန်းယွဲ့ရဲ့ သုတ်ပိုးနဲ့ လုထန်ယုရဲ့သားဉက ပေါင်းသွားပြီးတဲ့နောက် ငါ့ကလေးရဲ့ ဝိဉာဉ်က ထပ်ဝင်လာရင်. . .’

လင်းချင်းသည် ဒီကလေးကို မွေးရပါက မွေးပြီးလျှင် DNAစစ်ဖို့ လိုလိမ့်မည်ဟု ခံစားလာရသည်။

လင်းချင်းသည် ကလေးကိစ္စကို အမိုးပေါ်တွင် ထိုင်တွေးနေရင် မျက်နှာက ရုတ်တရပ်ပြောင်းသွားသည်။ ထို့နောက် အမိုးစွန်းသို့ ထလျှောက်သွားကာ ကြည့်လိုက်သည်။

ညဉ့်နက်နေရာတွင် လူတချို့က ဖန်တင်းအမဲလိုက်အဖွဲ့အား သူမငှားပေးထားသည့် ယာဉ်အနားသို ခိုးကြောင်ခိုးဝှက်ဖြင့် သွားနေသည်ကို မြင်လိုက်ရသည်။ 

သူမသည် ဦးထုပ်ကို ဆောင်းလိုက်ကာ ကိုယ်ဖျောက်လိုက်ပြီးနောက် အမိုးပေါ်ကနေ ခုန်ချဆင်းကြည့်လိုက်သည်။  
Previous Chapter 296 of 410 Next