၂၇၉။ သူတို့ကုသနေတာ
ဇွန်ဘီငါးကောင်သည် သူတို့ခွက်များကို ရတနာလိုသယ်ကာ ထွက်သွားကြသည်။ မုံမုံက လင်းချင်းဘေးတွင်ရပ်ကာ သူမ၏လက်ထဲက ရေမုတ်ကို စိုက်ကြည့်နေသည်။
“ရော့!” လင်းချင်းက ရေမုတ်ခွက်အနီအား မုံမုံကို ပေးလိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားသည်။
ခြောက်လွှာတွင် တုံတုံနှင့် ရှောင်လုတို့က ရှဲ့တုန်းနှင့် ပြေးတမ်းလိုက်တမ်းကစားနေကြသည်။ လျူကျွင်းသည် သူမ၏အခန်းရှေ့တွင် ခုံထုတ်၍ထိုင်ကာ သူတို့သုံးယောက်အား ကြည့်နေသည်။ သို့သော်လည်း ချန်းဝမ်ရှုကိုတော့ မမြင်ပေ။ ပုံမှန်ဆိုရင် လင်းရှောင်လုနှင့်အတူ သူမကရှိနေတက်သည်။
လင်းချင်းဆင်းလာသည့်အခါ လျူကျွင်းသည် သူမကိုမေးသည်။ “အမိုးပေါ်မှာ အကြာကြီးပဲ။ ဇွန်ဘီခေါင်းဆောင်တွေကို သင်ပြီးပြီလား? လီလီကရော?”
လင်းချင်းသည် လျူကျွင်းနားသို့လာကာ နံရံကိုမှီ၍ လက်ပိုက်ထားကာ ခေါင်းခါရင်း “လီလီခေါ်လာတဲ့ ဇွန်ဘီခေါင်းဆောင်တွေကို သင်ရတာက မခက်ဘူး။ လီလီနဲ့အဆင့်တူတဲ့တစ်ယောက်ပဲ ခက်တာ။ အခုတော့ သူ့ကိုငါထိန်းမရသေးပင်မယ့် လီလီက သေချာဖိနှိပ်ထားနိုင်တယ်။ လီလီကအခု ငါ့နယ်မြေထဲမှာ။ သူ့ကိုယ်ကိုပြင်ဖို့ နွယ်လေးကို ခိုင်းထားတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး”
လျူကျွင်းသည် ခေါင်းငြိမ့်ကာ “နယ်မြေထဲကနေ ထုတ်လာတဲ့ ဇွန်ဘီနှစ်ကောင်ရဲ့ အရှိန်အဝါက မတူတော့တာကို ငါခံစားမိတယ်။ ကန်ရေကပိုပိုပြီးတော့ အစွမ်းထက်လာတာပဲ။ နွယ်လေးရဲ့ အဆင့်မြင့်တာနဲ့ ဆိုင်နေမလား?”
“အင်း” လင်းချင်းက ခေါင်းငြိမ့်ဖြေသည်။
ထိုအချိန်တွင် လင်းရှောင်လုသည် မပြေးတော့ဘဲ သူမနားသို့ ဖြည်းဖြည်းချင်း လျှောက်လာကြည့်သည်။ ကလေးမလေးက သူမဆီသို့ လျှောက်လာသည့်အခါ လင်းချင်းက ပြုံး၍မေးသည်။ “ဘာဖြစ်လို့လဲ?”
လင်းရှောင်လုသည် လင်းချင်းအနားသို့လာကာ လင်းချင်း၏ ဗိုက်ကိုလက်ညိုးထိုးပြရင်း မျက်လုံးတောက်တောက်လေးများဖြင့် မော့ကြည့်သည်။
လင်းချင်းသည် သူမကို အံ့သြစွာ ကြည့်မိသည်။ သူတို့သည် နီးနေသည်တောင်မှ လင်းရှောင်လု၏ အတွေးများကို သူမက မကြားနိုင်ပေ။ ရှောင်လုတွင် စိတ်စွမ်းအားရှိနေသည်ဖြစ်၍ လင်းချင်း၏ အာရုံခံမှုကို သူမ၏အစွမ်းက ပိတ်ထားနိုင်ခြင်း ဖြစ်မည်။ ဒါသည် ကိုယ့်ကိုယ်ကို ကာကွယ်မှုတစ်မျိုးပင်။
“မနာဘူးလား?” လင်းရှောင်လုက မေးသည်။ ဒီလိုမေးသဖြင့် လျူကျွင်းနှင့် ရှဲ့တုန်းတို့သည် လင်းချင်းကို နားမလည်စွာ ကြည့်ကြသည်။
လင်းချင်းသည် မျက်တောင်ခတ်လိုက်လိုက်ကာ ထိုင်ချလိုက်ပြီး လင်းရှောင်လုအား ဖြေသည်။ “စိတ်မပူနဲ့။ အဒေါ်က မနာပါဘူး။ ရှောင်လုအာရုံခံမိနေတာက အဒေါ့်ကို မဟုတ်ဘူး။ တခြားတစ်ယောက်”
“မဟုတ်ဘူးလား?” လင်းရှောင်လု၏ မျက်လုံးများသည် နားမလည်နိုင်သလို ဖြစ်သါားကာ လင်းချင်း၏ နဖူးပေါ်သို့ သူမ၏လက်ကိုတင်လိုက်ကာ ခနတွေးပြီးမှ မေးသည်။ “ဒါက အဒေါ်ရဲ့နယ်မြေလား? အထဲမှာ နှစ်ယောက်ရှိတယ်။ သူတို့က တိုက်နေကြတာလား?”
လျူကျွင်းနှင့် ရှဲ့တုန်းတို့သည် လင်းရှောင်လုအား အံ့သြစွာ ကြည့်နေကြသည်။ လင်းရှောင်လု၏ အစွမ်းသည် လင်းချင်း၏ နယ်မြေထဲကအရာများကိုတောင် အာရုံခံနိုင်နေသည်။ ကလေးမလေးသည် မမျှော်လင့်စွာ အစွမ်းကြီးနေသည်။
“မဟုတ်ဘူး” လင်းချင်းက ဖြေသည်။ “သူတို့က တိုက်နေတာ မဟုတ်ဘူး။ သူတို့က ကုသနေကြတာ”
“ဟုတ်” လင်းရှောင်လုသည် သေချာနားမလည်သော်လည်း ခေါင်းငြိမ့်ပြသည်။
လင်းချင်းသည် သူမ၏ခေါင်းလေးကို ပွတ်ပေးကာ “သွားဆော့တော့လေ”
လင်းရှောင်လု၏ အစွမ်းများသည် အတော်ကိုထက်မြက်လွန်းသည်။ လင်းချင်းနှင့် သုံးမီတာအကွာတင် ရှိနေသည်တောင်မှ အာရုံလှမ်းခံနိုင်သည်။ သူမ၏ အစွမ်းများသာ အဆင့်မြင့်လာပါက အနာဂတ်တွင် သူမသည် အလွန်တရာ့ကိုအစွမ်းကြီးသူ ဖြစ်လာမှပင်။
“အေက်ဆင်းတော့မယ်။ ညစားစားရတော့မှာ” လင်းရှောင်လုသည် လင်းချင်းကို ပြောပြီးနောက် တုံတုံအား “တုံတုံ ညစာစားဖို့ အတူသွားမလား?”
“အင်း!” ‘ညစာ’ဟူသည့် အသံကြားသည်နှင့် တုံတုံသည် လင်းရှောင်လုနှင့်အတူ လိုက်သွားလေသည်။ လင်းရှောင်လု၏လက်ကိုဆွဲကာ တုံတုံသည် လှေကားပေါ်ကနေ လိုက်ဆင်းသွားသည်။ ရှဲ့တုန်းကတော့ ကလေးနှစ်ယောက်အနောက်သို့ လိုက်သွားသည်။
လင်းချင်းသည် တုံတုံကို လက်ဆွဲခေါ်သွားသည့် လင်းရှောင်လုအား လူကြီးပေါက်စလေးလို မြင်မိသည်။ သူမသည် တုံတုံအား သေချာဂရုစိုက်ပေးနေတာ ဖြစ်သည်။ ရှဲ့တုန်းသည် ကလေးနှစ်ယောက်နှင့် ထွက်သွားမှ လင်းချင်းက လျူကျွင်းအား မေးသည်။ “တုံတုံက အခုသူတို့နဲ့စားနေတာလား?”
လျူကျွင်းက ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ အမျိုးသမီးလင်းက သူတို့နဲ့အတူစားဖို့ပြောလို့။ တုံတုံအတွက် ငါတစ်ယောက်တည်း ချက်ကျွေးနေရတာက သိပ်အဆင်ပြေမှာ မဟုတ်လို့ သူတို့ပဲ တုံတုံအတွက် ပြင်ပေးတော့မယ်တဲ့။ တုံတုံက ငှက်စာလောက်ပဲစားတာ။ ကလေးနှစ်ယောက်က အတူစားတာက ပိုကောင်းတာမလို့ သဘောတူလိုက်တာ”
“ငါလည်းစားဖို့မှ မလိုတာ” သူမသည် လက်ကိုဖြန့်ကာ ပြောညသည်။ “ကလေးအတွက် နေ့တိုင်း အစာနည်းနည်းလေးစီ ပြင်ပေးရတာ ငါ့အတွက် တကယ်မလွယ်ဘူး”
သူမသည် အရင်ကထက် ပိုဉာဏ်ကောင်းလာပြီဖြစ်သော်လည်း အခုတော့ တကယ်ကြီးကို အပျင်းကြီးတက်နေပြီ။ လင်းချင်းသည် သူမ၏အတွေးများကို သိသဖြင့် “အဆင်မပြေဖြစ်ရတာက နင်ပျင်းနေလို့မလား?”
ချူးလီလီသည် ကန်ထဲတွင် သုံးရက်ကြာသွားပြီးမှ အသံထွက်လာသည်။ လင်းချင်းသည် ကန်ကိုတစ်ချိန်လုံး အာရုံစိုက်ထားသဖြင့် သုံးရက်မြောက်နေ့မှာ ကန်ထဲကနေ စွမ်းအားလှိုင်းများ တက်လာခြင်းကို ချက်ချင်းသတိပြုမိသည်။
နယ်မြေထဲသို့ ဝင်လိုက်ကာ ကန်ဘေးတွင် ရပ်နေရင်း ကန်ထဲကစွမ်းအင်များကြောင့် ကန်အထည်တွင် ရေဝဲတစ်ခုဖြစ်နေသည်ကို ကြည့်နေသည်။ ခနကြာသည့်အခါ မရေတွက်နိုင်အောင်များသည့် ကျောက်စိမ်းဖြူနွယ်များက ရေပေါ်သို့တက်လာကာ ယိမ်းနွဲ့ကနေသည်။
ထို့နောက် ကန်အောက်ခြေက အရှိန်အဝါတစ်ခုသည် သူမအား ဖိအားပေးလာသည်။ ပိုအရှိန်အဝါသည် ဖြည်းဖြည်းချင်း ပိုသန်မာလာသဖြင့် လင်းချင်းမှာ အသက်ရှုရတာတောင် ခက်ခဲသလို ဖြစ်လာသည်။ ‘ချူးလီလီက အဆင့်၇ကို ရောက်သွားတာတော့ မဟုတ်ဘူးမလား?’
လင်းချင်းသည် ကန်ဘေးတွင်ရပ်ရင်း မျက်မှောင်ကျုံ့ကာ မနည်းသည်းခံနေရသည်။ သို့သော်လည်း ခနကြာသည့်အခါ သူမသည် ဆက်၍မခံနိုင်တော့ပေ။ ဒီနေရာကနေ ထွက်ပြေးချင်စိတ်က သူမ၏ရင်ထဲတွင် အရမ်းကို မြင့်တက်လာသည်။ တော်သေးသည်မှာ သူမလက်မလျှော့ခင်တွင် ထိုအရှိန်အဝါသည် ပျောက်သွားသည်။ ထို့နောက် ကန်ထဲက ရေဝဲသည် ဖြည်းဖြည်းချင်း လျှော့သွားသည်။ နွယ်လေး၏နွယ်များသည်လည်း ငြိမ်၍ရေထဲသို့ ပြန်ကျသွားသည်။
လင်းချင်းမှာ ချူးလီလီနိုးလာပြီမှန်းသိ၍ သက်ပြင်းချနိုင်သည်။ ခနကြာသည့်အခါ ချူးလီလီသည် ရေထဲကနေ ခေါင်းပေါ်လာသည်။ ထို့နောက် ကန်ဘေးသို့ ဖြည်းဖြည်းချင်း ကူးခတ်လာသည်။ ချူးလီလီက အနားသို့ကူးလာလေလေ လင်းချင်းသည် တစ်ခုခုက မဟုတ်သည်ကို သိလေလေဖြစ်သည်။
ချူးလီလီသည် ရေထဲတွင် ရှိနေသော်လည်း သူမ၏နောက်တွင် တစ်မီတာလောက်ရှည်သည့် ဆံနွယ်များက ရေထဲတွင်မျောလိုက်လာသည်။ အရင်က ချူးလီလီသည် ခါးလောက်ရှည့်သည့် ဆံပင်ဖြစ်သော်လည်း အခုတော့ ခြေဖျားအထိကို ဆံပင်က ရောက်တော့မည်။ လင်းချင်းမှာ ဆံပင်များကျွတ်၍ ကတုံးမကြီး ဖြစ်သွားရသော်လည်း ချူးလီလီကတော့ မဖြစ်သည့်အပြင် ပိုတောင်ရှည်လျားလာသေးသည်။ လင်းချင်းသည် နွယ်လေးဖြင့် စကားအတည်ပြောဖို့ လိုလာသလို ခံစားရသည်။
ဆံပင်များ အရမ်းကိုရှည်နေသည့် ချူးလီလီသည် ရေထဲကနေ ထလာသည်။ သူမ၏ကိုယ်အား ဆံပင်များဖြင့် ဖုံးကာ လင်းချင်းနားက ခုံသို့လာသည်။ လင်းချင်းသည် သူမနားသို့သွားကာ
“အဆင့်မြင့်သွားပြီလား?”
ချူးလီလီသည် သူမကိုတစ်ချက်ကြည့်ကာ တွေးပြီးနောက် ခေါင်းငြိမ့်ပြသည်။ “အထင်. . .ဟင်? စကားပြောနိုင်ပြီ!” သူမသည် ပါးစပ်ကိုဟ၍ ရှင်းလင်းသည့်စကာကို ပြောလိုက်သည်။ သူမ၏အသံကို ပြန်ကြားသည့်အခါ ရပ်သွားကာ မျက်နှာလေးတွင် ပျှော်ရွှင်မှုအပြည့်ဖြင့် ဝင်းပသွားသည်။ လင်းချင်းအား ပျော်မြူးနေသည့် မျက်လုံးနီနီလေးများဖြင့် ပြူးကျယ်နေအောင် ကြည့်ကာ “အား!!! စကားပြောနိုင်ပြီ! စကားပြောနိုင်သွားပြီ!” သူမသည် ပျော်လွန်း၍ အဝတ်ဝတ်ဖို့ကိုတောင် မေ့နေသည်။
လင်းချင်းသည် သူမကိုပြုံး၍ကြည့်ကာ “ဟုတ်ပါပြီ။ ငါသိပြီ။ ဒါကဖြစ်ကိုဖြစ်ရမှာပဲမလား? အဝတ်ကို အမြန်ဝတ်လိုက်ဦး”
ထိုအခါ ချူးလီလီသည် သူမက ကိုယ်လုံးတီးဖြစ်နေသည်ကို သတိပြန်ရသည်။