၂၉၉။ ဆီတိုင်ကီလိုက်ရလိုက်တယ်
လင်းချင်းသည် တခြားသူများကို ကန်ရေတိုက်၍ နှိုးပြီးနောက် ချန်ယုတင်းတို့အား လုချန်းဖန်နှင့်လုတင်း၏ လုပ်ရပ်ကို ပြောပြလိုက်သည်။ ကြားသည့်အခါ ချန်ယုတင်းသည်လည်း ဒေါပွသွားသည်။
“ဒီမိန်းမက အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တယ်။ နင်တို့ယာဉ်ကို မျက်စိကျလောက်တဲ့အထိ လောဘကြီးမယ်လို့ ငါမထင်မိဘူး!”
လင်းချင်းသည် ဘေးတွင်တိတ်ဆိတ်စွာထိုင်၍ ရေတစ်ခွက်သောက်သည်။
“သူက ကျွန်တော်တို့ကို စွန့်ပစ်ချင်နေတာ။ နင်တို့ဆီက ယာဉ်ကိုခိုးပြီးသွားရင် နင်တို့က ငါတို့ကို ဒေါသတွေပုံချမှာကို လိုချင်နေတာလား မသိဘူး!” ချန်ယုတင်း၏ ဘေးကလူက ပြောသည်။
လင်းဖန်သည် ခေါင်းငြိမ့်ကာ “သူတို့သာ တကယ်ကြီး ကားကိုခိုးသွားရင် မင်းတို့ကို ငါတို့လွယ်လွယ်မထားနိုင်ဘူး!”
ချန်ယုတင်းတို့သည် တိတ်သွားကြသည်။
လင်းချင်းက ထ၍သူတို့ဆီသို့ လျှောက်လာကာ “တကယ်တော့ မနက်တည်းက သူငါ့ကိုမယုံတာ ငါသိတယ်။ ငါကားထုတ်ပေးပြီးတဲ့နောက်လည်း သူမယုံသေးဘူး။ အဲ့ဒါကြောင့် သူ့ကိုစောင့်ကြည့်နေတာ” ဒီလိုပြောကာ သူမသည် ဘားဘက်သို့ ပြန်လှည့်လိုက်၍ နာရီကို ကြည့်လိုက်သည်။ မနက်၂ချက်ထိုးနေပြီ ဖြစ်သည်။
“ထားလိုက်တော့။ သူတို့ကို ရှင်းပစ်လိုက်ပြီပဲ။ နင်တို့တွေ စိတ်မပူဘဲ အိပ်လိုက်ကြတော့။ အိပ်ဖို့နေရာရှာကြ။ မနက်မိုးသောက်တာနဲ့ ငါတို့ခရီးဆက်မယ်”
လင်းချင်းသည် ချန်ယုတင်းတို့မှာ လုချန်းဖန်နှင့်လုတင်းတို့ မောင်နှမလို မကောင်းသည့်စိတ်ထားမှာကို မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နားသို့သွားရင်း သူမစိတ်ဖတ်ကြည့်ခဲ့သည်။ သူတို့သည် လုချန်းဖန်တို့ မောင်နှမ၏ လုပ်ရပ်ကို အံ့သြနေရုံသာရှိ၍ တခြားစိတ်မျိုး မရှိကြပေ။
လင်းဖန်တို့သည် လင်းချင်းက ဒီလူများမှာ မကောင်းတာလုပ်မှာကို အဖြစ်မခံသည်ကို သေချာသိသဖြင့် စိတ်မပူပေ။ သို့သော်လည်း သူတို့ကို အိပ်မောကျအောင်လုပ်နိုင်သည့် ထူးဆန်းသည့်အစွမ်းကိုတော့ စိတ်ထဲရှိနေကြသည်။
မနက်မိုးလင်းသည့်အခါ သူတို့သည် ရိုးရှင်းသည့်အစာကို လုပ်ကြသည်။ မနက်စာသည်လည်း ဝက်စွပ်ပြုတ် ဖြစ်ဆဲပင်။ လင်းဝမ်ဝမ်၏ နယ်မြေသည် လေမရှိသောကြောင့် အစားအသောက်များကို လက်ဆက်စေသော်လည်း လူတော့သွင်း၍မရပေ။
လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ဝင်သည့်အခါ တတိယနဘယ်မြေလေးထဲက ပစ္စည်းများကို မြင်လိုက်သည်။ ထိုအခါ လုတင်းကို ဘာဖြစ်လို့ အကုန်လုံးက အရေးပါသူလို ဆက်ဆံသလဲ နားလည်သွားသည်။ သူတို့သည် သူမကို ဂရုစိုက်ကြောင်း မပြသော်လည်း အကြည့်များက သူမထံတွင် ရှိနေကြတက်သည်။
လင်းချင်းက လုတင်းတို့ကို ရှင်းလိုက်ကြောင်း ပြောသည့်အချိန်တုန်းက သူတို့အားလုံးတွင် ခံစားချက်ပြင်းပြင်းရှိကြောင်း သိလိုက်သော်လည်း ဘယ်သူကမှ ဖွင့်ပြောခြင်း မရှိပေ။ ဒီလိုဖြစ်ရခြင်းမှာ လုတင်း၏ နေရာလွတ်တွင် ဓာတ်ဆီတိုင်ကီအချို့ရှိနေသောကြောင့် ဖြစ်သည်။ ဓာတ်ဆီသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းရှားသည်။ ဒီလူများက သူမကို ဒီလောက်ဂရုစိုက်နေခြင်းမှာ မထူးဆန်းတော့ပေ။
လင်းချင်းသည် ဓာတ်ဆီတိုင်ကီတစ်လုံးသာသုံး၍သေး၍ မသုံးရသေးသည့် သုံးလုံးရှိသည်။ အခုတော့ ဆီတိုင်ကီများ ထပ်ရလိုက်သည်မှာ မမျှော်လင့်သည့် ထီဆုမျိုးပင်။
လင်းချင်းသည် ဒုတိယနှင့် တတိယနယ်မြေတို့သည် အစက လေမရှိသည်ကို သတိထားမိသည်။ သို့သော်လည်း သူမ၏နယ်မြေနှင့် ပေါင်းစပ်သွားသည့်အခါ လေဖြင့်ပြည့်သွားသည်။
လင်းချင်းသည် လုတင်း၏ နယ်မြေလေးထဲတွင် လှည့်ပတ်ကြည့်နေသည်။ ဓာတ်ဆီတိုင်ကီများအပြင် အမျိုးသမီးအသုံးအဆောင်အချို့တို့ကိုသာ တွေ့ရသည်။ ဒီနယ်မြေလေးသည် ပထမနှင့်ဒုတိယနှစ်ခုထက် ပိုသေးကာ ရေချိုးခန်းတစ်ခုထက် နည်းနည်းလောက်သာကြီးတာ ဖြစ်သည်။ ထို့ကြောင့် ဆီတိုင်ကီအချို့နှင့်တင် ပြည့်လုနီးပါးဖြစ်နေသည်။
လင်းချင်းသည် နယ်မြေထဲကနေ ထွက်ဖို့လုပ်လိုက်သည်။ သို့သော်လည်း သူမ၏အနားသို့ အမွေးဖွာဖွာအကောင်က ရုတ်တရပ် ကပ်လာသည်။ လင်းချင်းက ခေါင်းငုံ့ကြည့်လိုက်သည့်အခါ မီးခိုးရောင်ယုန်ပင်။
ထိုယုန်သည် သူမ၏ နယ်မြေထဲတွင် ပို၍ဝသထက်ဝလာသည်။ ဒါကလည်း ကျိုးကြောင်းဆီလျော်ပါသည်။ ဒီယုန်သည် လင်းချင်း၏ နယ်မြေထဲက မြက်၊ ဟင်းရွက်များနှင့် စတော်ဘယ်ရီသီးတို့ကို အကြိုက်စားနေသောကြောင့် ဖြစ်သည်။ ဒီယုန်က လင်းချင်း၏အနားသို့ ကပ်ခဲ့သည်။ ဝူယွဲ့လျန်က သူ့အားခေါ်သွားတော့မလို လုပ်ချိန်တွင်သာ လင်းချင်းထံသို့ ပြန်ပြေးလာခြင်းပဲ ရှိသည်။
လင်းချင်းသည် ယုန်အားကောက်ချီလိုက်ကာ မေးသည်။
“ဘာလဲ? ဘာဖြစ်လို့ ငါ့ဆီလာတာလဲ? နင်ကလေးမလေးကို လွမ်းနေတာတော့ မဟုတ်ဘူးမလား?”
ကလေးမလေးအကြောင်းကို ပြောကာမှ အဖေဖြစ်သူသည် ယန်ချောင်း၏ အစီအစဉ်ကို သိပါ့မလား တွေးမိသွားသည်။ လင်းချင်း၏ အတွေးထဲတွင် ယန်ချောင်းက ကောင်းသည့်သူ မဟုတ်ပေ။ ဝူချန်းယွဲ့ကို ထိခိုက်အောင်လုပ်တာက လင်းချင်းအတွက် အဆင်ပြေသည်။ သို့သော်လည်း ဝူယွဲ့လျန်လေးကို ထိခိုက်အောင်လုပ်ဖို့ ကြံစီရဲသဖြင့် လင်းချင်းက ဒီလူကို လူယုတ်မာဟု တွေးထားတော့သည်။ ထို့အတူ လုထန်ယုအား ဝူချန်းယွဲ့ကို အထိနာစေရန်ခိုင်းနိုင်ခဲ့သည့်အချက်ပါ ထည့်တွက်လျှင် ဒီလူသည် ညစ်ပတ်သည့် လှည့်ကွက်များ သုံးရသည်ကို နှစ်သက်သည့်သူပင်။
ပင်လယ်မြို့တော်စခန်း၏ အစွန်အဖျားက လူနေရာတစ်ခု၏ အခန်းထဲတွင်. . .
လင်းချင်းထံမှ ထွက်ပြေးလာသည့် ဓားပြခေါင်းဆောင်သည် အခန်းထဲက လူတစ်ယောက်အား သောကရောက်နေသည့် မျက်နှာဖြင့် အေးစက်စွာ ပြောနေသည်။ “မင်းတို့ခေါင်းဆောင်က လိမ်တယ်! ဟေးဒီးစခန်းခေါင်းဆောင်ရဲ့ မိသားစုကို သတ်မယ်? ယွမ်ထန်ရှင်းကိုသတ်မယ်? ဒါတွေအကုန်လုံးက အလိမ်တွေပဲ! ငါ့ညီအကို၇ယောက်ကို ငါဆုံးရှုံးလာရတယ်ကွ! မင်းတို့ခေါင်းဆောင်ကို သူ့အသက်နဲ့ ပြန်အကြွေးဆပ်လို့ သွားပြောစမ်း!!!”
တခြားတစ်ယောက်သည် အဆင့်၆စွမ်းအားရှင် ဖြစ်သော်လည်း အဆင့်၇ဓားပြခေါင်းဆောင်ကို မကြောက်ပေ။ သူသည် အပြုံးဖွဖွပြုံးကာ “ထန်ဟေး စိတ်ငြိမ်ငြိမ်ထား ဒီတာဝန်က မင်းညီအကိုတွေကို ဆုံးရှုံးရနိုင်တယ်လို့ ငါတို့မှ မထင်ထားတာ။ ပြီးတော့လည်း ငါတို့ဆရာက မင်းနဲ့အလုပ်အတူ လုပ်တာ မင်းတို့လုပ်နိုင်စွမ်းကို ယုံကြည့်လို့ မဟုတ်ဘူးလား? ပြီးတော့လည်း ငါတို့က မင်းတို့ကို ထောင်ချောက်ချလို့ ဘာအကျိုးရှိမှာလဲ?”
ထန်ဟေးဟုခေါ်သည့် ဓားပြခေါင်းဆောင်သည် သူ့အရှိန်အဝါကိုထုတ်၍ လေထုထဲကို ဖိအားပေးလိုက်ကာ “ဒါဆိုရင်လည်း ဒီနေရာမှာ အဆင့်၆ဇွန်ဘီရှိတာကို ဘာဖြစ်လို့ မပြောတာလဲ? ပြီးတော့လည်း နေရာလွတ်အစွမ်းနဲ့ ဒီလိုမှန်းကြိုသိရင် ငါ့ညီအကိုတွေကို ငါကအသေခံမလား?” ထန်ဟေးသည် ရန်လိုသည့်အသံဖြင့် ပြောသည်။
တစ်ဖက်ကသူသည် ခေါင်းခါကာ “အမှန်တိုင်းပြောရရင် ငါတို့လည်း မသိခဲ့ဘူး ပြီးတော့လည်း အဆင့်၆ဇွန်ဘီသတင်းက ဘယ်တုန်းက သေချာလို့လဲ? သူတိုက အရမ်းတွေ့ရခဲတယ်။ ပြီးတော့လည်း မင်းကအဆင့်၇စွမ်းအားရှင်ပဲ။ ဇွန်ဘီဘုရင်ကိုတောင် ရင်ဆိုင်နိုင်တာ အဆင့်၆ကို မသတ်နိုင်စရာမရှိဘူးမလား?”
ထန်ဟေးသည် သူ့ကိုကြည့်ကာ ခနငြိမ်ကျသွားပြီးမှ “နယ်မြေရှိတဲ့ကောင်! သူဝင်ချင်သလို သူ့နယ်မြေထဲကို ဝင်နေတာ။ မင်းတို့ခေါင်းဆောင်ကရော အချိန်တိုင်းပျောက်နေတဲ့ ဇွန်ဘီဘုရင်ကို သတ်နိုင်မလား သွားမေးကြည့်။ ပြီးတော့လည်း ဒီတိုင်းဇွန်ဘီဘုရင်လောက် မဟုတ်ဘူး!”
သူ့အထင်မှန်လျှင် အဲ့ဒီအချိန်တုန်းက သူခံစားမိသည့်ဖိအားသည့် ဇွန်ဘီအုပ်ချုပ်သူထံမှဖြစ်မည်။ ဒါတကယ်သာ ဟုတ်မယ်ဆိုရင် ဒီနေရာသို့ အရင်ကင်းထောက်များလွှတ်ခဲ့မှာ ဖြစ်သည်။
ဇွန်ဘီအုပ်ချုပ်သူထံမှ အမြူတေသည် စွမ်းအားအမြောက်များပါသဖြင့် အဆင့်၇စွမ်းအားရှင်ကို တစ်ခါတည်း အဆင့်၈ ဖြစ်စေနိုင်သည်။ သို့သော်လည်း ဇွန်ဘီအုပ်ချုပ်သူများက အရမ်းကို အန္တရာယ်များသည်။ ဇွန်ဘီဘုရင်သည် သာမန်ဇွန်ဘီ ၆ထောင်လောက်ကို ပျမ်းမျှဆင့်ခေါ်နိုင်သော်လည်း ဇွန်ဘီအုပ်ချုပ်သူက ဘယ်လောက်ဆင့်ခေါ်နိုင်သလဲကို ဘယ်သူကမှ မသိကြပေ။ အရေအတွက်သည် ၁သောင်း ၂သောင်းလောက် ဖြစ်နိုင်သည်။ အကယ်၍ ဇွန်ဘီအုပ်ချုပ်သူက ဒီနေရာတွင်ရှိကြောင်းကို စခန်းခေါင်းဆောင်များသာ သိပါက အကြီးအကျယ်ကို ဂယက်ထတော့မည်။
တခြားသူသည် ထန်ဟေး၏ နောက်စကား အဓိပ္ပါယ်ကို မသိလိုက်သော်လည်း နေရာလွတ်ဇွန်ဘီအကြောင်းကိုတော့ ကြားလိုက်သည်။ ထန်ဟေအား မျက်လုံးတောက်တောက်ဖြင့်ကြည့်ကာ “နေရာလွတ်ဇွန်ဘီတွေက အရမ်းရှားတယ်။ သူ့အမြူတေသာ မင်းယူလာရင် ဒီထက်ပိုကောင်းတာမျိုး မင်းလဲလို့ရပြီ”
ထန်ဟေးသည် အထင်သေးစွာဖြင့် “သူ့အမြူတေရဖို့ မင်းတစ်ကွက်တည်း သတ်နိုင်ဖို့လိုတယ်။ မဟုတ်ရင် သူ့နယ်မြေထဲမှာ တသက်လုံးပုန်းနေတော့မှာ။ ဒါဆိုရင် မင်းကဘာလုပ်နိုင်မှာမလို့လဲ?”