May Honey Logo May Honey
Previous Next

၂၆၇။ ကြောက်တက်လိုက်တာ

နယ်မြေထဲသို့ရောက်သည့်အခါ လင်းချင်းသည် ဆိုလာပစ္စည်းပုံဘေးတွင် ပေါ်လာသည်။ အခြားသူများသည် ဒီနေရာသို့ လာကြည့်နေကြနှင့်ပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့မှာ ပစ္စည်းများကို ဘယ်လိုပြန်ဆင်ရမလဲ ဆိုသည်ကို ပြောနေကြသည်။

လင်းချင်းသည် အနားသို့သွားကာ   “ဆင်တက်တဲ့သူရှိလား?”

သူမ၏အသံကြားမှ သူမကို လှည့်ကြည့်ကြသည်။ လင်းဖန်သည် ခေါင်းခါပြကာ   “ဘယ်သူမှ မလုပ်တက်ဘူး။ လီကျန်းတို့ရော ဘယ်လိုဆင်ရမလဲဆိုတာ သိကြလား?”   ဒီလိုပြောရင် လီကျန်းတို့အား လှည့်မေးလိုက်သည်။

 လီကျန်းသည် ခေါင်းခါကာ   “ဟင့်အင်း။ ဒုခေါင်းဆောင်ယွမ်က အကူအညီရမယ့်သူတွေ ခေါ်လာမှာကိုပဲ စောင့်ရတော့မယ့်ပုံပဲ”

လင်းချင်းသည် လီကျန်းတို့ကိုကြည့်ကာ   “ဘာဖြစ်လို့ နင်တို့ကို အရင်ကတွေ့ဖူးတယ်လို့ ငါထင်နေရတာလဲ? နင်တို့အနံ့တွေကို အရမ်းရင်းနှီးနေတယ်”   စကားပြောရင်းဖြင့် သူတို့အနားသို့သွားကာ အနံ့တရှုံ့ရှုံ့ခံနေသည်။

“ဟေ့!”   လီကျန်းတို့သည် ချက်ချင်းနော်ကဆုတ်ကုန်သည်။ ဖန်ယုမင်းသည် လက်အမြန်ကာပြကာ   “မဟုတ်ဘူး မဟုတ်ဘူး အရင်က မတွေ့ဘူး။ အနည်းဆုံးတော့ ငါတို့မမြင်ဖူးတာ သေချာတယ်”

လင်းချင်း၏ တောက်ပြောင်နေသည့် ခေါင်းတုံးနှင့် နက်မှောင်နေသည့် မျက်လုံးတစ်စုံတို့ကြောင့် သူတို့သည် ကြောက်၍ကြက်သီးမထဘဲ မနေနိုင်ကြပေ။

လင်းချင်းသည် သူ့အနားသို့ကပ်ကာ ကောက်ကျစ်သူလိုမျိုး    “ဘာဖြစ်လို့ ငါ့ကိုကြောက်နေတာလဲ? ငါနင့်ကိုစားမှာ ကြောက်နေတာလား? မပူပါနဲ့။ ငါက ငပျင်းလေးတွေကို မစားဘူး!”

သူမအနားသို့ ကပ်လာသည့်အခါ ဖန်ယုမင်းသည် တကယ့်ကို ကြောက်သွားသည်။ သို့သော်လည်း သူ့ကိုစနေမှန်းတော့ ခံစားမိသည်။   “နင်. . .နင်. . .ငါနဲ့ဝေးဝေးမှာနေ!”

လင်းချင်းသည် နောက်သို့ဆုတ်၍ ပြုံးလိုက်ကာ လီကျန်းတို့ကို ခေါင်းအစခြေအဆုံးကြည့်ပြီး    “နင်တို့ကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုမျိုး တကယ်ခံစားနေရတာ။ ဘယ်လောက်တောင် ထူးဆန်းသလဲ”

လီကျန်းသည် ခေါင်းခါကာ သူမကိုပြုံးပြ၍   “ဘာဖြစ်လို့ ဒီလိုခံစားနေရသလဲ ဆိုတာတော့ မသိပင်မယ့် ငါတို့နင့်ကို အရင်က တကယ်မတွေ့ဖူးတာ”   စကားပြောရင်းဖြင့် ဖေးချောင်လင်း၊ လဲ့ယောင်နှင့် ဟွမ်မင်းတို့ကို လှည့်ကြည့်လိုက်သည်။ သူတို့သည်လည်း လင်းချင်းကို မမြင်ဖူးကြတာ သေချာကြောင်း ခေါင်းခါပြကြသည်။

ဟွမ်မင်းကတော့ လင်းချင်း၏ မျက်နှာကို ရှုပ်ထွေးစွာကြည့်နေရင်း အကြပ်ရိုက်နေပုံရကာ မေးသည်။   “ငါရင်းနှီးနေသလိုပဲ။ ပင်လယ်မြို့တော်စခန်းကလား?”

လင်းချင်းနှင့် သူ့ကြားတွင် ဝေးနေသဖြင့် လင်းချင်းသည် သူ့အတွေးများကို မကြားရပေ။ သို့သော်လည်း သူ့မျက်လုံးများကို ကြည့်လိုက်သည့်အခါ တစ်ခုခုကို တွေးနေကြောင်း မြင်ရသည်။ 

“ဇွန်ဘီမဖြစ်ခင်ကလား? ဟုတ်တယ်”   သူမပြန်ဖြေသည်။  
ဟွမ်မင်းသည် သူမ၏မျက်နှာကိုကြည့်ကာ   “ငါနင့်ကို မြင်ဖူးသလို ခံစားရပင်မယ့် ဘယ်နေရာမှာ ဘယ်တုန်းကလဲ ဆိုတာကို မမှတ်မိဘူး။ နာမည်သိလို့ရမလား?”

လင်းချင်းသည် သူ့ကိုအဓိပ္ပါယ်တစ်ခုခုရှိနေသည့် လေသံများဖြင့်   “ငါ့နာမည်ကို နင်မသိရင် ပိုကောင်းမယ်လို့ ငါထင်တာပဲ”

ဟွမ်မင်းသည် ဟေးဒီးစခန်းက မဟုတ်မှန်း သိသောကြောင့် လီကျန်းတို့လူ မဟုတ်ကြောင်း သူမသိသည်။ ပင်လယ်မြို့တော်စခန်းကဖြစ်ပြီး သူမ၏ရုပ်သွင်နှင့် ပတ်သတ်၍ ထိုစခန်းက လူတိုင်းသည် အထင်အမြင်ကောင်းမှာ မဟုတ်သည်ကို သူမခန့်မှန်းမိသည်။

သူမသည် အရင်လိုမိတ်ကပ်မလိမ်းတော့သဖြင့် အရင်ကနှင့် အတော်ကွာသွားပြီး ကတုံးကြီးဖြင့် ဇွန်ဘီမျက်လုံးများ ရှိနေသည်။ သို့သော်လည်း ဟွမ်မင်းသည် သူမကို အနည်းငယ် မှတ်မိနေသေးသည်။

“ဘာဖြစ်လို့လဲ? နင့်နာမည်က လု. . .”   ဘေးကလင်းဟောင်သည် ရုတ်တရပ် သူမ၏နာမည်ကို ပြောဖို့လုပ်သည်။

“အာ ဟား ဟား ဟား ဟိုး! ဟိုး! ပါးစပ်ပိတ်ထား!”   လင်းချင်းသည် ထူးဆန်းသည့် အသံများကို လျှောက်အော်ရင်း သူ့ကိုကြားက ဖြတ်တားလိုက်သည်။

‘နင်က ပင်လယ်မြို့တော်စခန်းကမှ မဟုတ်တာ’   လင်းချင်းသည် ဒီလိုပိတ်အော်ပစ်ချင်အောင်ကို ခပ်ချဉ်ချဉ်ဖြစ်နေသည်။ သူ့ကိုတစ်ချက်ကြည့်ပြီးသည်နှင့် လီကျန်းကို မေးလိုက်သည်။   “အရင်တုန်းက နင်တို့အကုန်လုံးက ငရဲမီးခေါင်းဆောင်အောက်က လူတွေမလား?”   သူမသည် ဒီနာမည်ကြီးမှာ လုံးဝစိမ်းသက်နေပြီး ထုတ်ပြောရသည်ကတောင် ထူးဆန်းလို့နေသည်။ 

လီကျန်းသည် ခေါင်းငြိမ့်ကာ မေးသည်။
“ဟုတ်တယ်။ ဘာဖြစ်လို့လဲ?”

အမျိုးသမီးလင်းနှင့် လင်းဖန်တို့သည်လည်း အထင်အချို့ဖြင့် လင်းချင်းကို စိုက်ကြည့်လာကြသည်။ လင်းချင်းသည် ဒီအကြည့်များကို သတိမိလိုက်သဖြင့် ချက်ချင်းခေါင်းစဉ်ပြောင်းလိုက်သည်။   “ဪ ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းသိချင်လို့”

ထိုအချိန်တွင် လင်းဝမ်ဝမ်သည် သူမ၏အနားသို့လာကာ ပုံးနှစ်ပုံထဲတွင် ထိုင်နေရသည့် ဇွန်ဘီနှစ်ကောင်ကို လက်ညိုးထိုးပြကာ မေးသည်။   “ဒါဇွန်ဘီနှစ်ကောင်မလား? သူတို့ကို ဘာလုပ်ထားတာလဲ?”

လင်းချင်းသည် လင်းဝမ်ဝမ်ပြရာကို ကြည့်လိုက်သည့်အခါ ချူးလီလီ၏ လက်အောက်ခံနှစ်ကောင်ကို ပြောနေကြောင်း သိလိုက်သည်။   “ဘမှမဟုတ်ပါဘူး။ သူတို့ကို ရေချိုးခိုင်းထားတာ”

ဒီလိုပြောလိုက်ပြီးနောက် ဇွန်ဘီနှစ်ကောင်ဆီသို့ သူမသွားလိုက်သည်။ သူတို့ရေပုံးထဲက ရေများထဲမှ စွမ်းအားများသည် ကုန်ခမ်းလုနီးပါးဖြစ်နေပြီ။ ထိုဇွန်ဘီနှစ်ကောင်သည် လူသားစုဘက်သို့ လှည့်ကြည့်နေကြတာ ဖြစ်သည်။ လင်းချင်းသည် ဒီဇွန်ဘီနှစ်ကောင်သည် ခွေးကြီးနှစ်ကောင်နှင့် တူလွန်းသောကြောင့် ကြည့်မိတိုင်း ရယ်ချင်နေမိသည်။

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် သူမအနောက်ကနေ စပ်စုစွာဖြင့် လိုက်လာကြသည်။ သူတို့နောက်တွင် လင်းဟောင်နှင့် ဖန်ယုမင်းတို့က ပါလာသည်။ ဖန်ယုမင်းသည် သိပ်လိုက်ချင်တာ မဟုတ်သော်လည်း လင်းဟောင်က ဆွဲခေါ်လာတာဖြစ်သည်။ သူတို့လေးယောက်သည် လင်းချင်းနှင့် နှစ်မီတာအကွာကနေ လိုက်လာကာ သူမဘာလုပ်မလဲကို လိုက်ကြည့်ကြတာ ဖြစ်သည်။

သူတို့အနားသို့ရောက်လာသည့်အခါ ဇွန်ဘီနှစ်ကောင်သည် သူတို့အား ကြောက်ဖို့ကောင်းသည့် မျက်လုံးမည်းမည်းကြီးများဖြင့် ဆာလောင်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အမယ်လေး! ငါတို့ကိုပုံးထဲကနေ ခုန်ဆင်းပြီး ကိုက်စားတော့မှာမလား?”   ဖန်းယုမင်းသည် ထအော်သည်။

လင်းချင်းသည် သူတို့ကိုကြည့်ကာ   “ဒီကိုလာ။ ခုန်ထွက်နိုင်မနိုင်ကို အရှေ့ကို တိုးကြည့်ပါလား?”

လင်းချင်းက တွေးနေမိသည်။   ‘ဘာဖြစ်လို့ သူကဒီလောက်ကြောက်တက်ရတာလဲ?’

ဖန်ယုမင်းသည် ချက်ချင်းကို ခေါင်းကိုဆက်တိုက်ခါပြသည်။ လင်းဟောင်ကသာ သူ့လက်မောင်းကို တင်းတင်းဆွဲ၍ ခေါ်မထားလျှင် သူလှည့်ပြေးနေသည်က ကြာလောက်ပြီ။

လင်းဝမ်ဝမ်သည် အရှေ့သို့တိုးကာ ပုံးထဲက ဇွန်ဘီနှစ်ကောင်ကို ကြည့်ရင်း သိချင်စွာ မေးသည်။   “သူတို့ဘာလုပ်နေကြတာလဲ?”

သူမသည် ဒီလိုငြိမ်သည့် ဇွန်ဘီများကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ သူတို့မျက်နှာများသည် သန့်ရှင်းစွာ ဆေးကြောထားသော်လည်း ဖြူဖျော့နေသည့် အသားအရည်၊ မျက်တွင်းဟောက်ပက်ကြီးများနှင့် မျက်ကွင်းများ၊ သွားစွယ်များနှင့် မျက်လုံးနက်တို့က သူတို့အား ကြောက်ဖို့ကောင်းနေဆဲ ဖြစ်သည်။

“ပုံပြောင်းဖို့”   လင်းချင်းက ပြောသည်။

လင်းချင်းက အနားသို့ကပ်လာသည့်အခါ ဇွန်ဘီနှစ်ကောင်က သူမအား အော်ကြသည်။ လသ်းချင်းသည် ဇွန်ဘီမ၏ ပုံးထဲကရေများကို ကြည့်လိုက်ကာ သူမအား အေးစက်သည့် မျက်နှာထားဖြင့်   “နင့်ပုံးထဲကရေတွေကို ဒီလောက်အထိ သောက်လိုက်ရသလား? သေမတက် ဆာနေလို့လား?”

ဇွန်ဘီမ၏ ပုံးထဲက ရေများသည် အခုဆိုလျှင် ခါးလောက်သာရှိတော့သဖြင့် နည်းနည်းဆွံ့အသွားသည်။

“ဂါး”   ဇွန်ဘီမသည် လင်းဝမ်ဝမ်တို့အနံ့ဖြင့် ဆွဲဆောင်ခံလိုက်ရကာ မဝံ့မရဲဖြင့် အော်သည်။   ‘သူတို့အနံ့က အရမ်းကောင်းတယ် ငါအရမ်းစားချင်နေပြီ အရမ်းဗိုက်ဆာတယ်’

လင်းချင်းသည် လင်းဝမ်ဝမ်ကို လှည့်ကြည့်ကာ ပြောသည်။   “နင်တို့အနံ့က ဒီနှစ်ကောင်ကို ဆွဲဆောင်နေတာ”

စကားဆုံးသည်နှင့် ဖန်ယုမင်းသည် သူ့အားဆုပ်ထားသည့် လင်းဟောင်၏ လက်ထဲမှ အတင်းရုန်းထွက်ကာ ထွက်ပြေးတော့သည်။

“ဟေ့ကောင်! ဘာဖြစ်လို့ ပြေးတာလဲ? မင်းယောက်ျားမဟုတ်ဘူးလား? ဘာဖြစ်လို့ ဒီလောက်ကြောက်နေတာလဲ?”   လင်းဟောင်က အနောက်ကနေ လှမ်းအော်သည်။  
“ယောက်ျားဆိုတိုင်း ဇွန်ဘီမကြောက်ရဘူးလို့ ဘယ်သူကပြောလဲ!!!”   ဖန်းယုမေးသည် အဝေးကနေ လှမ်းအော်သည်။

လင်းဟောင်သည် လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့ကို လက်ညိုးထိုးပြကာ   “ဒီမှာကြည့်! မိန်းကလေးတွေတောင် မကြောက်ဘူး မင်းကဘာကိုကြောက်ရမှာလဲ?”

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် ဘာဖြစ်လို့ ဇွန်ဘီနှစ်ကောင်က ပုံးထဲတွင် ငြိမ်နေသလဲကို သိချင်နေကြတာဖြစ်သည်။ ဇွန်ဘီနှစ်ကောင်သည် အသက်ရှိနေကာ သူတို့မျက်လုံးထဲတွင် သူမတို့အား အရမ်းစားချင်နေပုံပေါ်နေသည်။ သို့သော်လည်း နည်းနည်းလေးတောင်မှ မလှုပ်ပေ။   ‘ကြိုးတုပ်ခံထားရတာလား?’
Previous Chapter 267 of 410 Next