May Honey Logo May Honey
Previous Next

၃၇၀။ ဝူချန်းယွဲ့လာပြီ

လင်းချင်းသည် အဝတ်ကိုချွတ်ပြီးနောက် ဦးထုပ်ပါချွတ်လိုက်ကာ ကန်ထဲသို့ဆင်းလာသည်။ သူမ၏ဆံပင်များသည် အရမ်းကို တိုနေသေးသည်။

“နွယ်လေး ငါ့ဆံပင်အကြောင်း ပြောဖို့လိုတယ်။ ဒီတစ်ခေါက် ငါ့ဆံပင်ကို ရှည်အောင်လုပ်လို့ ရလား? လူမြင်ခံနိုင်တဲ့အထိ ဖြစ်ဖို့ဆိုရင် ငါ၂လ ၃လလောက် စောင့်နေရဦးမှာ”   ဒီလိုပြောကာ လာသည်။

နွယ်လေးသည် လင်းချင်း၏လက်ကို နွယ်ဖြင့်ထိလိုက်ကာ   “အဟမ်း. . .ဟမ်း. . . နွယ်လေးတို့နဲ့အတူလုပ်ပေးမယ့် ယောက်ျားရှိရင်တော့ မေမေ့ဆံပင်က ရှည်လာမှာပါ. . .ဒါပင်မယ့် အခုယောက်ျားမရှိတော့ မရှည်လောက်ဘူး’

လင်းချင်းသည် ဘာပြောရမှန်ကို မသိတော့ပေ။    ‘ဘာဖြစ်လို့ ယောက်ျားတစ်ယောက်က လိုရတာလဲ?’

“နင်က ကလေးပဲရှိသေးတယ်။ ငါ့ကို ယောက်ျားတစ်ယောက်ရှာဖို့ အမြဲတမ်းလာပြောမနေနဲ့။ နင်အရှက်မရှိဘူးလား?”

နွယ်လေးသည် သူ့မျက်လုံးကြီးများကို လှန်လိုက်ကာ   ‘နွယ်လေးက မရှက်တက်ဘူး. . .ဟွန့်’

လင်းချင်းသည် ဘာပြောရမှန်းကို မသိတော့ပေ။   ‘ဒီကလေးရဲ့ မိဘတွေက ဘယ်သူတွေလဲ? ငါတော့ ဒီကလေးကို ဘယ်လိုမှ ထိန်းလို့မရဘူး’

လင်းချင်းက ကန်ထဲကိုဆင်းလာသည်။ ရေကရင်ဘတ်လောက် ရောက်သည့်အခါ သူမသည် ရေငုပ်လိုက်သည်။ နွယ်လေးက သူမ၏ အနားတွင် ကျောက်စိမ်းရောင် ရေဘဝဲလို ကူးလိုက်လာသည်။ အမြစ်ခြေထောက်၆ခုသည် ရေကိုကူးခတ်နေသည်။ ထိုအချိန်တွင် လင်းချင်းအား နွယ်အချို့ဖြင့် ရစ်ပတ်လိုက်ကာ ကန်အောက်ခြေသို့ ခေါ်သွားသည်။

လင်းချင်းသည် ကန်အောက်ခြေသို့ တစ်ခါရောက်ဖူးသဖြင့် ဒီရေကန်က အရမ်းနက်ကြောင်းကို သိသည်။ ဒီတစ်ခါတော့ နွယ်လေးက ဆွဲခေါ်သွားသည် ဖြစ်လေရာ သူမသည် မြန်မြန်နစ်လို့လိုက်လာသည်။ ပိုတိတိကျကျပြောရလျှင် နွယ်လေး၏ ရေငုပ်ဆင်းနေခြင်းက အရမ်းကို မြန်ဆန်လွန်းတာပင်။

မကြာခင်တွင် သူတို့သည် ကန်အောက်ခြေက နီညိုရောင်မြေပေါ်သို့ ခြေချလိုက်သည်။ နွယ်လေးသည် သူ့အမြစ်ခြေထောက် ၆ချောင်းကို မြေကြီးထဲသို့ နစ်ကာစိုက်လိုက်သည်။ 

ထို့နောက် နွယ်လေး၏ကိုယ်နှင် အမြစ်တို့သည် ကြီးသထက်ကြီး၍ ရှည်သထက် ရှည်လာသည်ကို မျက်လုံးအပြူးသားဖြင့် လင်းချင်းက ကြည့်နေရတော့သည်။ သူတို့သာ အပြင်မှာဆိုလျှင် နွယ်လေး၏ ဒီကိုယ်ကြီးမှာ မီတာ ၃ရာ ၄ရာလောက်ကို နေရာယူထားနိုင်သည်။ ရေထဲတွင် ကခုန်နေသည့် ခြေထောက်လုံးအရွယ်ရှိ နွယ်များကိုကြည့်ရင်း လင်းချင်းသည် ခေါင်းဦးရေပြားတောင် အနည်းငယ် ထုံလာသည်။ 

နွယ်လေး၏ မျက်လုံးများသည်လည်း အရင်လိုအရွယ်အစား မဟုတ်တော့ပေ။ လင်းချင်းသည် မီးပြတိုက်နှစ်ခုက မီးများကဲ့သို့ ကြီးမားစွာ လင်းထိန်နေသည့် မျက်လုံးစိမ်းကြီးများကို မော့ကြည့်လိုက်သည်။ အခုအချိန်တွင် လင်းချင်းသည် သူ့ကိုယ်သူ အရမ်းသေးငယ်သလို ခံစားရသည်။
‘ကြီးလိုက်တဲ့နွယ်တွေ’

နွယ်လေးသည် လင်းချင်း၏ကိုယ်အား နွယ်အချို့ဖြင့် တစ်လွှာချင်းစီ ရစ်ပတ်လိုက်သည်။ လင်းချင်းသည် အခါခါကြုံဖူးထားသည်ဖြစ်သဖြင့် နွယ်လေး၏နွယ်များဖြင့် အပတ်ခံရခြင်းကို အခုတော့ အသားကျနေသည်။ သူမ၏ အမြင်အာရုံသည် ခနပျောက်သွားကာ အစိမ်းရောင်စွမ်းအင် အများကြီးက သူမ၏ အသားကတစ်ဆင့်ဝင်လာသည်။ ထုံကျင်ကာ ယားယံသည့်ခံစားချက်သည် သက်ပြင်းရှည်ကြီးကို ချစေသလို သက်တောင့်သက်သာရှိကာ ကောင်းမွန်လှသည်။

ဇွန်ဘီတစ်ကောင်အနေဖြင့် သူမသည် ခံစားနိုင်နေသည်။ ဒါကကောင်းသလား ဆိုသလားတော့ သူမလည်း မသိပေ။ အရင်တစ်ခေါက် ဝူချန်းယွဲ့က သူမ၏ပေါင်ကို ကိုက်သွားတုန်းက သူမ၏ တစ်ကိုယ်လုံးမှာ အထိမခံနိုင်ဖြစ်သည်ကို ခံစားမိသည်။ သူမ၏ အရည်ပြားဟောင်းသည် ကွာကျသွားကာ အရည်ပြားအသစ်က တောက်ပနေသောကြောင့် ဖြစ်နိုင်သည်။ အထိအတွေ့သေးသေးလေးတောင်မှ သူမအား ရင်ဖိုစေသည်။

မကြာခင်တွင် ဗိုက်ထဲတွင် အနွေးဓာတ်ကို ခံစားမိပြီးနောက် ထိုအနွေးဓာတ်သည် ဗိုက်ထဲမှ ပျံ့နှံ့လာသည်။ ဒီအနွေးဓာတ်သည် တစ်ကိုယ်လုံးအား အပေါ်နှင့်အောက် ပုံမှန်လေး ရွေ့လျားနေသည်။

လင်းချင်းကို နွယ်လေးက ကုသပေးနေစဉ်တွင် ဝူချန်းယွဲ့သည် အပြင်ကနေ ရောက်လာသည်။

“ခေါင်းဆောင်ဝူ ရောက်လာပါပြီ”   ဝေ့ကျန်းကျားသည် လှေကားပေါက် တက်လာသည်ကို မြင်သည်နှင့် အထဲကလူများကို သတင်းလှမ်းဖို့ထားသည်။ 

ယွမ်ထန်ရှင်းတို့မှာ မအံ့သြပေ။ အခုဆိုလျှင် နေ့လည်၂နာရီ ရှိပြီဖြစ်ရာ ခေါင်းဆောင်ဝူက ဘယ်လောက်အလုပ်များနေခဲ့ပါစေ အခုတော့ ခနနားဖို့ ထွက်လာတာ ဖြစ်လိမ့်မည်။

“ခေါင်းဆောင်ဝူက လျန်လျန်ကို လာကြိုတာလား?”
လင်းဝမ်ဝမ်က မေးသည်။

“ဒီလိုထင်တယ်။ လျန်လျန် နင့်အဖေရောက်လာပြီ”   ယွမ်ထန်ရှင်းက ဝူယွဲ့လျန်ကို ပြောသည်။

လင်းချင်းက နယ်မြေထဲသို့ ပြန်ဝင်သွားတည်းက ဝူယွဲ့လျန်သည် ဆိုဖာပေါ်တွင် ထိုင်နေကာ ဘယ်သူနှင့်မှ စကားမပြောပေ။ ယွမ်ထန်ရှင်းက သူမအား ပြောသည်ကိုကြားမှ တံခါးကို လှည့်ကြည့်သော်လည်း ဆိုဖာပေါ်ကတော့ မဆင်းပေ။

ဝူချန်းယွဲ့သည် အနက်ရောင်စစ်ကုတ်အကျီကို စစ်ဖိနပ်များဖြင့် ဝတ်ထားဆဲဖြစ်သည်။ သူဝင်လာသည်နှင့် သူ့ကုတ်အကျီအောက်သည် လေထဲတွင် ညင်သာစွာ လွင့်သွားကာ သူ့လှုပ်ရှားမှုများကို ကြည့်ကောင်းနေစေသည်။

“လျန်လျန် သမီးကို ဖေဖေလာကြိုတယ်”   ဝူချန်းယွဲ့က အထဲသို့ ဝင်လာသည့်အခါ ယွမ်ထန်ရှင်းကို ခေါင်းတစ်ချက်ငြိမ့်ပြ၍ ဝူယွဲ့လျန်အား ပြောသည်။

သို့သော်လည်း သူ့အဖိုးတန်သမီးလေးမှာ သူထင်သလိုမျိုး သူ့ကိုမြင်သည်နှင့် ပြေးမလာပေ။ မရင်းနှီးသည့် ပတ်ဝန်းကျင်တွင် တစ်ယောက်တည်းနေရတိုင်း သူ့ကိုမြင်သည်နှင့် အရင်က ပြေးလာတက်သည်။ အခုတော့ ဒီလိုမဟုတ်ပေ။

ဝူချန်းယွဲ့၏နောက်တွင် မုန့်ယွဲ့နှင့် မိုလီတို့က လိုက်လာသည်။ မိုလီတွင်ရှိသည့် အချက်အလက်များသည် အရမ်းကို အရေးကြီးသည်။ သူမသည် သုသေသန ပညာရှင်ဖြစ်လေရာ လျန်တရှုလိုမျိုး သူမလည်း မတော်တဆဖြစ်သွားမည်ကို ဝူချန်းယွဲ့က စိုးရိမ်နေသည်။ ထို့ကြောင့် သူ့ကိုဒေတာလွှဲပေးပြီးသည်နှင့် သူ့အနောက်သို့ လိုက်စေတော့သည်။

“ဂုဏ်ယူပါတယ် ခေါင်းဆောင်ဝူ လာဆန့်ကျင်နေတဲ့လူတိုင်းကို ရှင်းထုတ်နိုင်သွားပြီ။ အခုကစပြီး စခန်းခေါင်းဆောင်က ၂ယောက်ပဲရှိတော့မှာ။ ၃ပိုင်းခွဲထားတာကို နောက်ကျရင် ၂ပိုင်းအဖြစ် ပေါင်းရတော့မှာပဲ”   ယွမ်ထန်ရှင်းသည် ဝူချန်းယွဲ့ကို ပြုံးကာ ပြောသည်။ 

ဝူချန်းယွဲ့က ပြုံးကာ ပြန်ဖြေသည်။   “ဘာမှမဟုတ်ပါဘူး။ မင်းတို့စခန်းသစ်က ငါတို့ထက်တောင် ပိုကြီးကျယ်လာမှာပါ”

ယွမ်ထန်ရှင်းသည် ခုံတွင်ထိုင်ဖို့ ညွှန်ပြကာ ပြောသည်။   “ဒါကိုပြောဖို့ စောပါသေးတယ်။ စခန်းသစ်ဆောက်တာက ၂နှစ်၃နှစ်ကြာမှာ”

ဝူချန်းယွဲ့သည် ဝူယွဲ့လျန်၏ဘေးတွင်ထိုင်ကာ   “၂နှစ် ၃နှစ်က မကြာပါဘူး။ မြန်မြန်ကုန်သွားမှာပါ”

ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ   “ဟုတ်ပါတယ်”

ဝူချန်းယွဲ့သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ မေးသည်။   “လုမိန်းကလေး ဘယ်မှာလဲ? ဘာဖြစ်လို့ ဒီမှာမရှိတာလဲ? မနက်က သူလုပ်သွားတာကို ကျေးဇူးတင်ချင်လို့။ သူ့အကူအညီမပါရင် ယန်းချောင်းကို တရားဝင်ရှင်းဖို့ အကြောင်းက မြန်မြန်ရှာရမှာ မဟုတ်ဘူး”   ဝူချန်းယွဲ့သည် အနိုင်ရအောင် ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားသည်က အတော်ကြာလှပြီ။ လုမိန်းကလေးက ပြဿနာလာရှာမပေးရင်တောင်မှ သူကအောင်မြင်မှာ ဖြစ်သည်။

သူ့စကားများက ဖော်ရွေသော်လည်း ယွမ်ထန်ရှင်းတို့သည် တခြားအဓိပ္ပါယ်ကို သိလိုက်သည်။    ‘ထင်သလိုပဲ ဒီဇွန်ဘီမက ငြိမ်ငြိမ်လေး ပွဲသွားကြည့်လာတာ မဟုတ်ဘူး တကယ့်ကို ပြဿနာအိုး’

လင်းဝမ်ဝမ်က ပြုံးကာ ပြောသည်။   “လုမိန်းကလေးက နယ်မြေထဲမှာ။ အခုထွက်လာနိုင်မှာ မဟုတ်ဘူး”

သူမက ပြော၍မဆုံးခင် တစ်ခုခုထူးဆန်းတာကို မြင်သလိုမျိုး ခေါင်းကိုမော့ကြည့်သွားသည်။ ထို့နောက် ဝူချန်းယွဲ့၏ ခေါင်းပေါ်တွင် သူမ၏အကြည့်တို့က ရပ်သွားသည်။ သူမ၏အပြုအမှုကို သတိထားမိသည့် တခြားသူများသည်လည်း မော့ကြည့်ကြလေရာ ဝူယွဲ့လျန်အပေါ်သို့သာ မျက်နှာကျက်ကနေ ဆင်းလာသည့် အမျိုးသမီးခြေထောက်လောက်ရှိသည့် နွယ်များကို တွေ့လိုက်ရသည်။

ဘာဖြစ်မှန်းမြင်သည်နှင့် ဝူချန်းယွဲ့သည် တခြားဟာ မလုပ်နိုင်ဘဲ ဝူယွဲ့လျန်ကိုသာ သူ့ရင်ခွင်ထဲသို့ အမြန်ဆွဲခေါ်ထားလိုက်သည်။  
Previous Chapter 370 of 410 Next