၃၂၆။ ဒီဘက်
ဝူယွဲ့လျန်နှင့် ယုန်လေးသည် လင်းချင်းရှိရာသို့ ခုန်ပေါက်ကာ ပြေးသွားကြစဉ် ဝူချန်းယွဲ့မှာ လင်းချင်းအား ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေသည်။ ‘သူကဇွန်ဘီမလား? ဘာဖြစ်လို့ ကလေးတွေနဲ့ တိရိစ္ဆာန်တွေက သူ့အနားကို ကပ်ချင်နေတာလဲ? သူ့ကိုယ်မှာ သူတို့ကို ဆွဲဆောင်နိုင်တာ တစ်ခုခုရှိနေလို့လား?’
ဝူချန်းယွဲ့သည် သူ့သမီးလေးမှာ သူ့ထက် လင်းချင်းကို ပိုခင်တွယ်နေသည်ဆိုသည့်အချက်ကို အရမ်းကို အလေးအနက်ထားနေမိတာ ဖြစ်သည်။
“လူ၅၀ပဲလား? မင်းတခြားတစ်ခုခုတောင်းမယ်လို့ ထင်နေတာ” သူသည် ဆိုဖာကနေ ထလျှောက်လာကာ ပြောသည်။
လင်းချင်းက ဝူယွဲ့လျန်ကို ပေါင်ပေါ်တင်လိုက်ကာ သူ့ကိုကြည့်ပြီး ပြောသည်။ “ငါတို့အတွက် အခုအချိန်မှာ အလိုအပ်ဆုံးက လူကလွဲရင် တခြားဘာမှမရှိတာကို နင်သိသင့်တယ်”
ဝူချန်းယွဲ့က ခေါင်းငြိမ့်ကာ “အင်း မင်းပြောတာ မှန်ပါတယ်”
“ငါ့ကိုပြော” လင်းချင်းက ဆက်ပြောသည်။ “သူ့ဆီကို ခေါ်သွားစေချင်လား? ဒါမှမဟုတ် သူ့ကိုပြန်ခေါ်လာပေးရမလား။ ပထမ၁ခုအတွက်က လူ၅၀။ နောက်တစ်ခုက လူ၁၀၀”
ဝူချန်းယွဲ့သည် အရမ်းကို စိတ်ပူနေသည့် ချန်ယုတင်းကို တစ်ချက်ကြည့်ကာ ပြောသည်။ “ငါတို့ကို သူ့ဆီခေါ်သွားပေး။ နင်လိုတဲ့သူတွေကို ငါပေးမယ်။ ပြီးတော့ သူတို့ကို ပေးရမယ့်အစာကို ငါတို့၁၀ရာခိုင်နှုန်း လျှော့ယူပေးပါမယ်။ ဘယ်လိုလဲ?”
လင်းချင်းက ခေါင်းငြိမ့်ကာ “ရတယ်!”
ထို့နောက် သူမသည် ချန်ယုတင်းထံသို့သွားကာ “နင့်မိန်းမက ပျောက်နေတယ်။ နင့်ဆီမှာ သူပိုင်တဲ့တစ်ခုခုရှိလား? ငါသူ့အနံ့ကို သေချာသိဖို့လိုတယ်”
ချန်ယုတင်းသည် ဝူချန်းယွဲ့ကို တအံ့တသဖြင့် လှည့်ကြည့်သည့်အခါ ဝူချန်းယွဲ့က ခပ်ဖျော့ဖျော့ပြုံးပြနေသည်။ ထို့နောက် သူ့အိတ်ကပ်ထဲက လက်ကောက်အကျိုးလေးကို အမြန်ထုတ်ပေးကာ “ဒါက ကျန်းရဲ့လက်ကောက်။ မနေ့က ပြန်ပေးဆွဲခံရတုန်းက ပျက်ကျခဲ့တာ”
လင်းချင်းသည် ထိုလက်ကောက်ကိုယူကာ အနံ့ခံကြည့်ပြီးနောက် ချန်ယုတင်းကို ပြန်ပေးကာ “ငါနားလည်ပြီ”
ဝူယွဲ့လျန်အား ဆိုဖာဘေးသို့ ချလိုက်ကာ “အသေးလေး ဒီမှာခနထိုင်စောင့်နေဦး။ ခနနေရင် ပြန်လာခဲ့မယ်” ဒီလိုပြောကာ လင်းချင်းသည် ဆိုဖာပေါ်မှ ယုန်အား သူမ၏လက်ထဲသို့ ထည့်ပေးခဲ့သည်။
ဝူယွဲ့လျန်သည် ယုန်ကိုပိုက်ကာ လင်းချင်းအား နာခံစွာ ကြည့်သည်။ ထို့နောက် လင်းချင်းသည် တံခါးနားသို့ ထလျှောက်သွားသည်။ ဝူချန်းယွဲ့နှင့် ချန်ယုတင်းတို့သည် ထလာကာ သူမ၏အနောက်သို့ လိုက်သွားကြသည်။
ချန်ယုတင်းသည် လင်းချင်း၏အနားကနေ နီးနီးကပ်ကပ် လိုက်လာသော်လည်း သူတို့အပြင်ထွက်သည်နှင့် လင်းချင်းသည် ဒူးကိုကွေး၍ အားပြုကာ ဝူချန်းယွဲ့၏ အိမ်အမိုးပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် အနားက ဓာတ်တိုင်ပေါ်သို့ တက်သည်။ သူမသည် ဓာတ်တိုင်ပေါ်ကနေ အနားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
ဝူချန်းယွဲ့က ထွက်လာသည်နှင့် ရှောင်လီချန်းအား “လူ၃၀စု. . .အသင့်ပြင့်ထားကြတော့!”
ရှောင်လီချန်းသည် ခေါင်းငြိမ့်ကာ အမြန်လှည့်ထွက်သွားသည်။ ထို့နောက် ဝူချန်းယွဲ့သည် ချန်ယုတင်း၏ဘေးကို ရောက်လာကာ လင်းချင်းကို မော့ကြည့်သည်။
လင်းချင်းသည် သူတို့အရှေ့သို့ ပြန်ခုန်ချလာကာ
“ဒီဘက်။ နင်တို့အမြန်သွားဖို့လိုမယ် ဘာဖြစ်လို့လဲဆိုတော့. . .”
သူမသည် ဒေသFဖက်ကို လက်ညိုးထိုးပြကာ ချန်ယုတင်းကိုကြည့်၍
“သူ့အရှိန်အဝါက အရမ်းကို အားနည်းနေပြီ။ နင်တို့အမြန်မသွားရင် သူ့ကိုကယ်နိုင်မယ် မထင်တော့ဘူး”
ချန်ယုတင်းသည် မျက်လုံးပြူးကျယ်သွားကာ သူ့မျက်နှာက အမှုအယာသည်လည်း ပြောင်းလဲသွားသည်။ ဝူချန်းယွဲ့သည်လည်း မျက်နှာမည်းသွားကာ ခြံအပြင်သို့ထွက်လိုက်ရင်း “သွားရအောင်!”
ရှောင်လီချန်းသည် ကားကို သူ့ဘေးသို့ မောင်းလာသည်။ လင်းချင်းသည် အရှေ့ခုံတွင် ဝင်ထိုင်လိုက်ကာ ဒေသFဘက်ကို ညွှန်ပြ၍ “ဒီဘက်ကိုသွား။ အဲ့နေရာမှာက အနံ့တွေက အရမ်းရောနေတယ်”
ရှောင်လီချန်းသည် သူမညွှန်ပြရာကို ကြည့်၍ မသေချာစွာဖြင့် “ဒေသFမလား?”
ထိုအချိန်တွင် ဝူချန်းယွဲ့သည် ကားနောက်ခုံသို့ ဝင်ထိုင်ကာ “ဒေသF ဟုတ်တယ်. . .ငါတို့ ဖြစ်နိုင်သမျှ မြန်မြန်သွားဖို့လိုတယ်!”
“ဟုတ်ကဲ့ ဆရာ” ရှောင်လီချန်းသည် ကားကိုစက်နှိုးကာ စမောင်းသည်။
လင်းချင်းသည် ဝူချန်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက အမြဲတမ်းပြုံးချိုနေသဖြင့် သူဘာတွေးနေသလဲဆိုသည်ကို ခန့်မှန်းဖို့ ခက်ခဲလွန်းသည်။ သူ့မင်းသမီးလေးကလွဲလျှင် လူတိုင်းရှေ့၌ ဒီလိုပဟေဠိဆန်သည့် အပြုံးကို ပြုံးထားသည်။
“နင်ငါ့ကို တကယ်နားလည်တာပဲ” လင်းချင်းက ပြောသည်။
“ခန့်မှန်းကြည့်တာပါ” ဝူချန်းယွဲ့က ပြုံးကာပြောသည်။ “မင်းက ဒီဘက်ကိုညွှန်နေမှတော့ ငါတို့အကုန်လုံး ဒီလိုခန့်မှန်းနိုင်မှာပါပဲ”
“ဘာဖြစ်လို့ အရမ်းသေချာနေတာလဲ?” လင်းချင်းက ပြောသည်။
ဝူချန်းယွဲ့သည် သူမ၏မေးခွန်းကို ပြန်မဖြေဘဲ သူမ၏ နေကာမျက်မှန်ကို စိုက်သာကြည့်နေသည်။ လင်းချင်းသည် သူ့ကိုနားမလည်စွာ တစ်ချက်ထပ်ကြည့်ပြီးနောက် စကားထပ်မပြောတော့ပေ။ သူမသည် ဒီအကြည့်ကို နားမလည်ပေ။
ထိုအချိန်တွင် ဝူချန်းယွဲ့က သူမကို စကားလှမ်းပြောသည်။ “ငါမင်းကို မိုးကြိုးနဲ့ပစ်ချလိုက်မိလို့ ဆံပင်ကို ဒီလောက်အတိုလေး ညှပ်ပစ်လိုက်တာလား?”
လင်းချင်းသည် သူ့ကိုနေကာမျက်မှန်ကတစ်ဆင့် ချက်ချင်းလှည့်ကြည့်လိုက်သည်။ ဝူချန်းယွဲ့သည် သူမ၏အကြည့်ကို ခံစားမိချိန်တွင် ကားထဲသို့ မမြင်ရသည့် အရှိန်အဝါတစ်ခုက ပျံ့နှံ့လာသည်။
ချန်ယုတင်းနှင့် ကားမောင်းနေသည့် ရှောင်လီချန်းတို့သည် ရုတ်တရပ် အသက်ရှုရ ကြပ်သွားသည်။ ဝူချန်းယွဲ့က ဘာမှမဖြစ်သလို ပြုံးလိုက်ကာ “ဘာဖြစ်လို့ စိုးရိမ်နေတာလဲ? ငါမင်းကို သိသွားမှာကို ကြောက်လို့လား?”
လင်းချင်းသည် ကျန်သည့်၂ယောက်ကို တစ်ချက်ကြည့်လိုက်ကာ သူ့အားပြန်စိုက်ကြည့်၍ ဖြေသည်။ “ငါကစိုးရိမ်နေတယ်လို့ နင်ထင်တာလား? ဒါက ငါ့ရဲ့ပုံမှန်တုန့်ပြန်မှုပဲ!”
ဒီလိုပြောပြီးနောက် သူမသည် ကားပြတင်းပေါက်ကနေ ခေါင်းထုတ်၍ အနံ့ခံလိုက်ကာ ရှောင်လီချန်းအား “အမြန်မောင်း. . .မီတာ၅ရာလောက် ရောက်ရင် ဘယ်ကိုချိုးလိုက်” ၁၀မိနစ်ကြာသည့်အခါ သူတို့သည် ဒုက္ခသည်များရှိရာ ဒေသFသို့ ရောက်လာကြသည်။
ထိုအချိန်တွင် အမှောင်အခန်းထဲ၌ ရှန်ယုကျန်းသည် အသက်ကို ပြင်းပြင်းထန်ထန်ရှုနေသည်။ သူမ၏အပေါ်တွင် ယောက်ျားတစ်ယောက်က လှဲနေကာ သူ့၏တင်ပါးများက ဆက်တိုက်လှုပ်နေသည်။
လူအချို့က နံရံတွင် ထောင့်ကိုကပ်၍ထိုင်နေကာ အံ့သြစွာဖြင့် စကားပြောနေကြသည်။ “သူ့ အသက်ထွက်ဖို့က ကြာလိုက်တာ။ ဒီမိန်းမက လုံးဝကို သေချင်ပုံမရသေးဘူး!”
“စန်း! ပြင်းပြင်းလုပ်။ သူသေသွားတဲ့အထိ သူ့အပေါ်ကနေ မဆင်းနဲ့!”
“ဟား! ဟား! အေး! မင်းပြောတော့ သူ့အသက်ထွက်တဲ့အထိ လိုချင်တယ်ဆို။ အခုမင်းလုပ်နေတာ နာရီဝက်လောက် ကြာနေတာတောင် သူ့အသက်က ရှင်နေတုန်းပဲ!”
ထိုအခါ တခြားတစ်ယောက်က ဝင်ပြောသည်။ “သူ့ကို မသေစေနဲ့ဦး။ အရင်ဇွန်ဘီသွေးကို ထိုးလိုက်ပြီးမှ ဖြည်းဖြည်းချင်း သေပါစေ”
ထိုအချိန်တွင် ရှန်ယုကျန်း၏ အပေါ်က ယောက်ျားသည် ပိုပြင်းထန်စွာ လှုပ်ရှားပြီးနောက် သူမအပေါ်တွင် ခနလှဲနေကာ အသက်ကိုဝအောင်ရှုသည်။ ထို့နောက် ထလာကာ ဘောင်းဘီကိုဝတ်သည်။
“ဟာ! ရှက်စရာပဲကွာ! သူကလှုပ်နေတုန်း. . .” ထိုယောက်ျားသည် ခါးပတ်ကိုပတ်နေရင်းက ပြောသည်။
ထို့နောက် သူမကို မသေစေနှင့်ဟု ပြောသည့်သူသည် ကုတင်ဘေးသို့လာသည်။ မှောင်နေသည့် အခန်းထဲတွင် သူ့လက်ထဲ၌ မှိန်ပြပြအလင်းရောင်ကြောင့် တောက်သွားသည့် ဆေးထိုးပြွန်တစ်ခုကို ကိုင်ထားသည်။ တစ်ဝက်လောက်သည် နီညိုရောင်သွေးများဖြင့် ဖြစ်သည်။ ဒီလူက ဇွန်ဘီသွေးကို ဘယ်ကနေ ရှာလာသလဲ ဆိုသည်ကိုတော့ ဘယ်သူကမှ မသိပေ။
သူသည်ကိုင်းလိုက်ကာ ရှန်ယုကျန်း၏ အညိုအမည်းဒဏ်ရာများဖြင့် ပြည့်နေသည့် လက်မောင်းကို မလိုက်သည်။ ထို့နောက် သူမ၏အသားထဲသို့ ဆေးထိုးအပ်ကို စိုက်လိုက်ကာ ဇွန်ဘီသွေးများကို ထည့်သွင်းလိုက်သည်။ သွေးထည့်ခံလိုက်ရသော်လည်း သေမလိုဖြစ်နေသည့် ရှန်ယုကျင်၏ကိုယ်သည် ဘာတုန့်ပြန်မှုမှ သိပ်မရှိပေ။
ဆေးထိုးအပ်ကို ထုတ်ပြီးနောက် ထိုလူသည် တခြားသူများအား
“အိတ်သွားယူ!”
ထို့နောက် သူတို့သည် ဒီမိန်းမ၏ပြောင်းလဲနေစဉ်အတွင်း သူမကို သုသေသနဌာနသို့ ခိုး၍ပို့ဖို့လုပ်နေတာ ဖြစ်သည်။ ဒီပိုးသည် ရှင်နေသည့်လူ၏ ကိုယ်ထဲတွင် ပြောင်းလဲဖို့အချိန်လိုသည်ဖြစ်ရာ သူတို့အနေဖြင့် ဒီမိန်းမကို တစ်နေရာရာသို့ ပို့ဖို့အတွက် အချိန်အလုံအလောက်ရသည်။
ထိုအချိန်တွင် ဒုန်းကနဲကျယ်သည့်အသံကြီးက ထွက်လာကာ ဒီအသံ၏နောက်တွင် တံခါးသည် ရုတ်တရပ် ကန်ဖွင့်ခံလိုက်ရသည်။