May Honey Logo May Honey
Previous Next

၂၃၂။ စွန့်ပစ်ခံရတာဖြစ်မယ်

ကျွင်းကျွင်းသည် သူမကို နားမလည်စွာကြည့်ရင်း ရေးပြသည်။   ‘သူငါတို့ကို စွန့်ပစ်ခဲ့မှန်း နင်ဘယ်လိုလုပ်သိလဲ? သူလည်းဇွန်ဘီဖြစ်သွားတာ မဟုတ်ရင် သေသွားတာ ဖြစ်နိုင်တာပဲ’

ချန်းဝမ်ရှုသည် သူမကိုကြည့်ပြီးနောက် တုံတုံကို ကြည့်ကာ   “ငါ့အထင်က အမြဲမှန်တယ်။ သူသာ နင့်ကိုစွန့်ပစ်သွားတာ မဟုတ်ဘူးဆိုရင် နင်က ဘယ်လိုလုပ်ပြီး တုံတုံနဲ့ အခန်းထဲမှာ အတူရှိနေမှာလဲ? တကယ်လို့ လုထန်ယုသာ ဒီနားက ဖြတ်မသွားရင် နင်တို့ပိတ်မိနေမှာ။ အောက်ကတံခါးကို သော့ခတ်ထားတယ်လို့ နင်ပြောတယ်မလား။ သူမဟုတ်ရင် ဘယ်သူက ဒီလိုလုပ်ထားခဲ့မှာလဲ?”

ကျွင်းကျွင်းသည် မျက်မှောင်ကျုံ့သွားကာ ခေါင်းခါရင်း ရေးပြသ်။   ‘ငါသော့ဖျက်တာမဟုတ်တော့ အပြင်ကခတ်ထားတာ ဟုတ်မဟုတ် ငါလည်းမသိဘူး။ ငါဘာမှမမှတ်မိဘူး’

သူမသည် ရပ်တန့်သွားကာ ဆက်ရေးပြသည်။   ‘နင်ပြောတာ ဟုတ်ရင်ဟုတ်မှာပါ။ အရင်က ဘာဖြစ်ခဲ့လဲ မသိတော့ ငါသူ့ကိုမှတ်မိပါ့မလား ငါလည်းမသိတော့ဘူး’

ချန်းဝမ်ရှုသည် သူမကိုစိုက်ကြည့်ကာ ပြောသည်။   “တုံတုံမှာ နင်ရှိသားပဲ ရပါတယ်။ နင်ကအမေပဲဆိုတော့ နင်ကကာကွယ်ပေးနေမှာမလား?”

ကျွင်းကျွင်းသည် လုရှောင်လုနောက်ကို ပြေးလိုက်နေသည့် တုံတုံကို ချစ်မြတ်နိုးစွာကြည့်ရင်းကာ ခေါင်းငြိမ့်ပြသည်။ ထို့နောက် ချန်းဝမ်ရှုသည် သူမ၏မျက်လုံးများကို လက်ညိုးထိုးပြရင်း   “နင့်မျက်တွင်းမည်းနေတာတွေက တဖြည်းဖြည်းသေးလာတယ်။ မျက်လုံးအရောင်လည်း ပိုရင့်လာတယ်။ နင်အဆင့်တက်တော့မှာလား?”

ကျွင်းကျွင်းသည် သူမ၏မျက်လုံးအောက်ကို လက်ဖြင့်ထိကြည့်ကာ ရေးပြသည်။   ‘ငါမသေချာဘူး။ ဒါပင်မယ့် ထူးဆန်းတဲ့ ခံစားချက်တစ်ခုက ရှိနေတယ်’

“လုထန်ယုပေးခဲ့တဲ့ရေက တကယ်အာနိသင်ရှိတယ်။ ငါဘာဆေးမှမသုံးတာတောင် ငါ့ခြေထောက်ဆိုလည်း ပိုမြန်မြန်သက်သာလာပြီ”   ချန်းဝမ်ရှုက ပြောပြသည့်အခါ ကျွင်းကျွင်းက ပြန်ပြုံးပြသည်။

သူမသည် လင်းချင်းပေးထားခဲ့သည့် ရေဇလုံထဲတွင် နေ့တိုင်းရေစိမ်ချိုးဖြစ်သည်။ လင်းချင်းက နှစ်ခါလောက်စိမ်ချိုးပြီးလျှင် ရေလဲ၍အသစ်သုံးဖို့ ပြောသွားသော်လည်း သူမသည် မဖြုန်းတီးချင်သဖြင့် ရက်အချို့လောက်ဆက်တိုက်စိမ်ချိုးပြီးမှသာ ရေလဲသည်။ ရေစိမ်နေစဉ် သူမသည် သေချာပေါက်ကို ကိုယ့်ကိုယ်ကို အကြမ်းဖျင်းပွတ်တိုက်ဆေးကြောပါသည်။

‘တကယ်တော့ ကန်ရေထဲကို နင့်ခြေထောက်စိမ်ထားရတယ်။ ဒီလိုဆိုရင် ပိုမြန်မြန်သက်သာလာမှာ’   သူမသည် တွေးကာရေးပြသည်။

ချန်းဝမ်ရှုက ခေါင်းခါကာ   “မဟုတ်တာ။ ရေက ဒီကမ္ဘာမှာ အရမ်းရှားတာ ငါကဘယ်လိုလုပ်ပြီး ခြေထောက်ကို ရေစိမ်ရမှာလဲ? ဒီမှာရှိတာ ငါတို့ကံကောင်းတယ်။ မြောက်ဘက်တို့ အရှေ့မြောက်ဘက်တို့ကို နင်သွားရင် ရေဘယ်လောက်ရှားလဲ သိလာလိမ့်မယ်။ အဲ့မှာက ပတ်ဝန်းကျင်က အရမ်းဆိုးတယ်။ စခန်းအပြင်ဘက်က လောကကြီးက သဲမုန်တိုင်းနဲ့ ဖုန်တွေအပြည့်ပဲ။ အပြင်ထွက်ရင် နှာခေါင်းစီးပါမှ”

“အာ ယား ယား ယား”   ချူးလီလီက သူတို့ကို အော်သည်။

“သူဘာတွေပြောနေတာလဲ?”   ချန်းဝမ်ရှုသည် ချူးလီလီကို နားမလည်စွာကြည့်ကာ ကျွင်းကျွင်းကို လှည့်မေးသ်။ ကျွင်းကျွင်းသည် ထရပ်ကာ ရေးပြသည်။   ‘သူပြန်လာပြီ’

“ဘယ်သူလဲ?”   ချန်းဝမ်ရှုသည် မေးသည်။ သို့သော်လည်း နောက်မှဖြစ်နိုင်ချေကို သတိရကာ နောက်တစ်ခုမေးသည်။   “လုထန်ယု ပြန်လာပြီလား?”

ကျွင်းကျွင်းနှင့် ချူးလီလီသည် သူမကို ခေါင်းငြိမ့်ပြသည်။ မကြာခင်တွင် ကားသံကိုကြားရကာ ကားမောင်းလာသည်ကို တွေ့ရသည်။ ကားပါကင်တွင် ကားထိုးလာပြီးနောက် ဦးထုပ်ဖြင့် ထွက်လာသည်။ 

ချူးလီလီသည် မြင်လိုက်သည်နှင့် လင်းချင်း၏ဘေးသို့ ချက်ချင်းကို ရောက်သွားသည်။
“အား ယား? အာ? အား?”
‘ဘယ်လိုလဲ? နေရာတွေ့ခဲ့လား? ဘယ်တော့ပြောင်းကြမှာလဲ?’

လမ်းလျှောက်လာရင်း လင်းချင်းကဖြေသည်။   “ကောင်းတဲ့နေရာ တွေ့ခဲ့တယ်။ ငါတို့အချိန်မရွေးသွားရပင်မယ့်”   လင်းချင်းသည် စကားကိုရပ်ကာ ချူးလီလီကိုကြည့်သည်။   “ငါနင့်ကို အရင်မေးစရာရှိတယ်”

ချူးလီလီသည် လင်းချင်းက အားနာနေသလိုဖြင့် စကားကိုရပ်လိုက်သောကြောင့် မေးသည်။   “ယား?”   ‘ဘာလဲ?’

“နင့်နဲ့အဆင့်တူဇွန်ဘီရှိတယ်။ နင်ကိုင်တွယ်ပေးဖို့ လိုလိမ့်မယ်”

ချူးလီလီသည် နဖူးပေါ်ကို လက်တင်ကာ လင်းချင်းစကားမဆုံးခင်ကို ဖြတ်အော်သည်။   “အား ယား ယား ယား ယေး”   ‘ပုံမှန်နှုန်းနဲ့ ဘယ်တော့မှ စကားပြောနိုင်မှာလဲ? မကြီးစကားပြောတာကို စောင့်နေရတာ အဆင်မပြေဘူး’

လင်းချင်းသည် ရှက်ပြုံးလေးဖြင့်   “နောက်”

ချူးလီလီသည် သူမကို ဆူပုတ်စွာကြည့်သည်။ ထိုအချိန်တွင် ကျွင်းကျွင်းနှင့် ချန်းဝမ်ရှုတို့သည်လည်း အကြပ်ရိုက်နေပုံရသည်။ သူမစကားပြောသည်ကို စောင့်နေရခြင်းက တကယ့်ကို စိတ်ရှည်ဖို့လိုအပ်သည်။

လင်းချင်းသည် ဟိုတယ်ပေါ်သို့ တက်လာသည့်အခါ အခြားသူများသည်လည်း သူမ၏နောက်ကလိုက်လာသည်။ သူမသည် အပေါ်ထပ်ရောက်သည့်အခါ ချူးလီလီနှင့် ကျွင်းကျွင်းတို့အခန်းကို မပြန်ခင် ချန်းဝမ်ရှုအား လင်းဖန်တို့ကို မနက်ဖြန်တွင် အရေးကြီးတာ ဆွေးနွေးဖို့ရှိကြောင်း သတင်းပို့ထားခိုင်းလိုက်သည်။ ထို့နောက် လင်းချင်းသည် ရှဲ့တုန်းကို နယ်မြေထဲကနေ ထုတ်ပေးလာပြီးနောက် ကိုယ့်အခန်းကိုယ်စီ ပြန်ကြသည်။

လင်းချင်းသည် အခန်းထဲသို့ရောက်သည့်အခါ ကျွင်းကျွင်းကိုကြည့်ကာ ပြောသည်။   “အဆင့်တက်တော့မှာမလား?”

ကျွင်းကျွင်းက ခေါင်းငြိမ့်ပြသည်။ သူမသည် မကြာခင် အဆင့်တက်တော့မှာ ဖြစ်သည်။ လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ငါအရင်ဝင်မယ်။ အသံပြင်ပြီးမှ နင်တို့ကို အောက်ဆင်းခိုင်းမယ်”   သူမပြောချင်သည်မှာ နွယ်လေးဆီမှ ကုသမှုကိုခံယူရန် ကျွင်းကျွင်းကို နောက်မှရေကန်ထဲသို့ ဆင်းခိုင်းမှာ ဖြစ်သည်။ 

နွယ်လေးသည် ဇွန်ဘီအမြူတေကို စုပ်ယူကာ သူ့စွမ်းအင်များအဖြစ်သို့ ပြောင်းလဲထားနှင့်ပြီ။ နွယ်လေးသည် လင်းချင်းနှင့် မိတ်ဆွေများကို ထိုစွမ်းအင်ဖြင့် ကုသပေးမှာ ဖြစ်သည်။ ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် သူမပြောချင်သည်ကို နားလည်ကြသည်။ ကျွင်းကျွင်သည် ခေါင်းငြိမ့်ပြကာ လင်းချင်းက အခန်းထဲမှ နယ်မြေထဲကို ဝင်သွားသည်ကို ကြည့်နေသည်။

နယ်မြေထဲသို့ရောက်သည့်အခါ လင်းချင်းသည် မျက်လုံးကို မှေးလိုက်၍ ကန်ရေအရောင်ကို ကြည့်လိုက်သည်။ ကန်ရေသည် အရင်ကထက် ပိုရင့်လာပြီး စိမ်းပုပ်ရောင်များသည် ကန်ထဲတွင်လှိုင်းနေသည်။

လင်းချင်းသည် နယ်မြေထဲကို ဝင်လာသည့်အခါ ရေထဲမှ နွယ်သည် ထွက်လာသည်။ အစက ကန်ထဲကထွက်လာတုန်းက လက်ချောင်းစာလောက်သာ ရှိသော်လည်း အခုတော့ လက်မောင်းတစ်ခုစာလောက် လုံးပတ်ရှိသည်။ ရေကန်မျက်နှာပြင်မှလေ သူမကိုဆင့်ခေါ်နေသလိုမျိုး လှုပ်ယမ်းပြနေသည်။ လင်းချင်းသည် နွယ်လေးက သူမကိုခေါ်နေကြောင်းကို နားလည်သည်။

သူမသည် ကန်ဘေးတွင်ရပ်ကာ နေကာမျက်မှန်နှင့် ဦးထုပ်ကို ချွတ်လိုက်သည်။ ထို့နောက် ပုခုံးတွင်ချည်ထားသည့် အဝတ်ကိုဖြေလိုက်ပြီး အကျီနှင့်ဘောင်းဘီရော အတွင်းခံကိုပါ ချွတ်လိုက်သည်။ ထို့နောက် ဖိနပ်များကိုချွတ်ကာ ကန်ရေထဲကို လျှောက်သွားလိုက်သည်။

သူမ၏အသားရေသည် ဖြူဖွေးတောက်ပနေကာ ခါးသည် နူးညံ့စွာဖြင့် သွယ်လျနေသည်။ ခြေတံများက ဖြောင့်စင်း၍ရှည်လျားကာ ရင်သားများက ဝိုင်း၍ပြည့်တင်းနေသည်။ လုထန်ယုမှာ ရင်သားအနည်းငယ်သေးပါက တကယ့်ကို လှပသည့် ခန္တာကိုယ်ရှိသည်။ လင်းချင်းသည် ဒီရင်သားအကြီးကြီးများက အဆင်မပြေမှုတော်တော်များကို ဖြစ်စေသဖြင့် သေးရင်ကောင်းမည်ဟု တွေးမိသည်။

သူမသည် ခေါင်းငုံလိုက်ကာ သူမ၏ညာဘက်ပေါင်အတွင်းပိုင်းမှ ခရမ်းရောင်ရင့်ရင့်ဖြစ်နေသည့် သွားရာကြီးကို ငုံ့ကြည့်ကာ စိတ်ထဲက ကျိန်ဆဲလိုက်သည်။   ‘ဒီလိုသဘောထားမပြည့််တဲ့လူကတော့’

ရေထဲကိုဆင်းလိုက်သည့်အခါ ခြေဖျားမှအေးစက်သည့် ခံစားချက်ကို ရလိုက်သည်။ သူမ၏ အာရုံခံစားမှုများက ပြန်ရနေပြီဖြစ်ရာ အပူအအေးကို ခံစားနိုင်နေပြီ ဖြစ်သည်။ လင်းချင်းသည် အေးသည်ကို ပိုသဘောကျ၍ ပူအိုက်ခြင်းကို သည်းမခံနိုင်ပေ။ သူမတွင် တာဝန်မရှိပါက အပူဒဏ်ကို လုံးဝကိုခံမှာ မဟုတ်ပေ။ သို့သော်လည်း လုပ်စရာရှိက စိတ်ထားက ပြောင်းလဲသွားသည်။

ရေထဲကိုရောက်သည်နှင့် နွယ်လေးသည် သူမကိုရစ်ပတ်ကာ ကန်အောက်သို့ ဆွဲခေါ်သွားသည်။ ရေများက သူမ၏ရင်ဘတ်လောက်ကို ရောက်သည့်အခါ နွယ်တို့ကို ပိုရစ်ပတ်လာသည်။

‘မေမေ ဒီတစ်ခေါက် နာမှာမဟုတ်ဘူး။ မြန်မှာပါ’   နွယ်လေး၏အသံကို ကြားလိုက်ရသည်။ လင်းချင်းသည် ခေါင်းငြိမ့်ပြကာ နွယ်လေးအား   ‘ကောင်းတယ်။ ပြီးရင် ငါကျွင်းကျွင်းကို လွှတ်လိုက်မယ်။ နင်သူ့ကို ကုပေးမယ်မလား?’

‘ဟုတ်ကဲ့ ရပါတယ်’   နွယ်လေးက ချက်ချင်းသဘောတူသည်။

‘လိမ္မာတဲ့ကလေးပဲ’   လင်းချင်းသည် ဒီလိုမတွေးဘဲ မနေနိုင်ပေ။ ထိုအခါ နွယ်လေးသည် ရုတ်တရက် ရပ်သွားကာ သူမကို ပိုရစ်ပတ်လာ၍   ‘ဝါး မေမေက ချီးကျူးတယ် အရမ်းပျော်တာပဲ ပျော်တယ်’

လင်းချင်းသည် ဘယ်လိုတုန့်ပြန်ရမလဲကို မသိတော့ပေ။  
Previous Chapter 232 of 410 Next