May Honey Logo May Honey
Previous Next

၃၀၇။ ယွမ်ထန်ရှင်းကိုရပ်

ရှောင်ယွင့်လုံသည် ချူးလီလီက သူ့ကိုဒီလိုမျိုး လုပ်ပြသွားသည့်အခါ အနည်းငယ်နားမလည် ဖြစ်သွားသည်။ သူ့လက်ထဲတွင် တိုက်ဖို့ပြင်ထားသည့် သူ့အစွမ်းများကို သိမ်းလိုက်ကာ ယွမ်ထန်ရှင်းထံသို့ နားမလည်စွာသွားရင်း   “ငါထင်တာမမှားရင် သူ့မျက်လုံးတွေက. . .”

ဒီမျက်လုံးများသည် ဇွန်ဘီမျက်လုံးများဖြစ်ကာ ပတ္တမြားလို ရဲရဲတောက်နေသည်။ ဒီမျက်လုံးပိုင်ရှင်သည် ဇွန်ဘီဘုရင်မ သို့မဟုတ် ဒီထက်တောင် အဆင့်မြင့်နေနိုင်သည်။

ယွမ်ထန်ရှင်းသည် အခုမှ ပူပန်နေသည့် ရှောင်ယွင့်လုံကို မြင်သွားသည်။ သူ့တစ်ကိုယ်လုံးသည် ခုနတုန်းက ချူးလီလီကို တိုက်ဖို့အသင့်ဖြစ်နေခဲ့သဖြင့် တောင့်တင်းနေသည်။ သူနှင့်စကားပြောနေသည်ကို မြင်၍သာ အစွမ်းကိုထိန်းထားတာ ဖြစ်မည်။

“ဪ! စိတ်အေးအေးထား! စိတ်အေးအေးထား! မပူနဲ့! သူကငါတို့ကို ထိခိုက်အောင် မလုပ်ပါဘူး!”
ယွမ်ထန်ရှင်းသည် ရှောင်ယွင့်လုံကို အပြုံးဖြင့် ဖြေသည်။

သူ့ကိုအံ့သြစွာကြည့်နေသည့် ရှောင်ယွင့်လုံသည်
“မင်းပြောချင်တာက. . .သူက. . .တကယ်ပဲ. . .”
သူတွေးသလို မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ ဒီကောင်မလေးသည် စကားပြောနိုင်သည်။ သူအထင်သာ မမှားလျှင်. . .

ဒီလိုတောင့်တောင့်ဖြောင့်ဖြောင့်လူကြီး၏ မျက်နှာထက်ကာ အံ့သြကာ နားမလည်မှုကြောင့် ယွမ်ထန်ရှင်းသည် ကြိတ်ရယ်ကာ ဖြေသည်။   “ဟုတ်တယ်။ မင်းထင်နေသလိုပဲ။ ဒါပင်မယ့် ငါကတော့ သူ့ကိုမြင်ရတာ အခုစိတ်အေးသွားပြီ။ သူပေါ်လာတာက လင်းဖန်တို့တွေ အကုန်လုံးအဆင်ပြေတယ်ဆိုတာပဲ”

ယန်ဖန်းယုသ် ယန်ချောင်းက လင်းဖန်တို့နောက်လိုက်ဖို့ လူလွှတ်ထားကြောင်းပြောသည်။ ယန်ချောင်းသည် တစ်ယောက်နှစ်ယောက်လောက်ပဲ လွှတ်မှာမဟုတ်သလို အဆင့်၆ထက် အားမနည်းလောက်သည့်လူ ပါလိမ့်မည်။ ဒီလိုရန်သူများဖြင့် ကြုံရလျှင် လင်းဖန်တို့သည် တကယ့်ကို ခုခံရမဲ့ဖြစ်နိုင်သည်။

လင်းချင်းနှင့် ချူးလီလီတို့ ရှိနေသည်ကို သိသော်လည်း ယွမ်ထန်ရှင်းသည် စိတ်ပူဆဲပေ။ ရန်သူက ဘာမှန်းမသိရသောကြောင့်သာ ဖြစ်သည်။ ဒီလူများသည် လျှပ်တပြတ်တိုက်လျှင် ချူးလီလီကတောင် လူတိုင်းကို ကာကွယ်ပေးနိုင်ပါ့မလား သူတွေးပူနေခဲ့ရတာ ဖြစ်သည်။ 

ထို့အတူ လင်းချင်းသည် ဟန်ကျိုးမြို့က ပြန်လာပြီဆိုသည်ကို ယွမ်ထန်ရှင်းမှာ မသိခဲ့သေးပေ။ ထို့ကြောင့် အသန်မာဆုံးသူသည် ချူးလီလီနှင့် လင်းဖန်သာရှိမည်ဟု သူထင်ထားခဲ့သည်။ သူတို့သည် အဆင့်၆များကို ရင်ဆိုင်ရနိုင်သော်လည်း ယန်ချောင်းအတွက် အလုပ်လုပ်ပေးသူများသည် လူများစွာကို ထိခိုက်အောင်လုပ်သည့် ဓားပြများ ဖြစ်နေသည်။ သူတို့အကုန်လုံးသည် ရက်စက်၍ နှလုံးသားမဲ့ကာ သန်မာကြသည်။ ကမ္ဘာပျက်ခေတ်ကြီးတွင် ဒီလိုလူများ ရှင်သန်နေသေးသဖြင့် အရမ်းကို ကြောက်ဖို့ကောင်းနေတာ ဖြစ်သည်။

“မင်းပြောတာက သူကငါထင်သလို. . .? သေချာလို့လား?”
ရှောင်ယွင့်လုံသည် အရမ်းအံ့သြနေသေးသလို ဆက်ဖြစ်နေသေးသည်။

ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ   “အမှန်ပဲ။ ဇွန်ဘီဘုရင်မ။ ဒါပင်မယ့်. . .စကားပြောနိုင်သွားပြီလား? အစက အော်တာပဲ ကြားဖူးတာပါ”

ရှောင်ယွင့်လုံသည် မျက်လုံးပြူးကြည့်ကာ သူ့လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်သည်။

“ဘာဖြစ်လို့ ဒီလောက်တည်တည်ငြိမ်ငြိမ် ပြောနေနိုင်တာလဲ?”   သူမေးသည်။   “မင်းမထင်ဘူးလား. . .စကားပြောနိုင်တဲ့ဇွန်ဘီက. . .အာ. . .အရမ်းထူးဆန်းတယ်လို့?”

သူ့လက်အောက်ငယ်သားများသည် ကားပြတင်းပေါက်ကနေ ခေါင်းပြူကြည့်နေသည်မှာ ရှောင်ယွင့်လုံလို အံ့သြနေသည့်ရုပ်များဖြင့်ပင်။

ယွမ်ထန်ရှင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ   “ဪ အင်း! အရမ်းထူးဆန်းတာပေါ့။ ဒါပင်မယ့် ငါတို့အံ့သြခဲ့ရတာက လဝက်ကျော်နေလို့။ ငါတို့ပြန်လို့ရပြီ!”   ဒီလိုပြော၍ ရှောင်ယွင့်လုံ၏ပုခုံးကိုပုတ်ကာ ကားထဲသို့ လှည့်ဝင်သည်။ တူယွမ်ရှင်းတို့သည်လည်း ကားထဲသို့ လိုက်ဝင်ကြသည်။ ထို့နောက် သူတို့သည် ကားကိုလှည့်မောင်းထွက်ကြသည်။

ရှောင်ယွင့်လုံသည် သူကြားခဲ့သည်ကို မယုံနိုင်ဖြစ်ကာ ကြောင်အကျန်နေခဲ့သည်။ ထို့နောက်မှ ကားထံသို့ ပြန်ဝင်လာကာ သူ့လူများအား   “ငါတို့အမြင်တွေ ပြောင်းရတော့မှာပဲ!”

အကုန်လုံးကလည်း တညီတညွတ်တည်း ခေါင်းငြိမ့်ပြကြသည်။

ထိုအချိန်တွင် ယွမ်ထန်ရှင်းတို့ကားသည် သူ့ဘေးတွင် လာရပ်သည်။ ယွမ်ထန်ရှင်းသည် ကားထဲမှ ခေါင်းထွက်ကာ   “ဒုခေါင်းဆောင်ရှောင် လီလီအကြောင်းကို အခုတော့ တခြားသူကို မပြောဖို့ မျှော်လင့်ပါတယ်။ နောက်ကျရင်တော့ လူတိုင်းက ဒီအကြောင်းကို သိကုန်ကြတော့မှာပါ”

အံ့သြနေရာမှ အနည်းငယ်ပြန်ကောင်းလာသည့် ရှောင်ယွင့်လုံသည် နားမလည်စွာဖြင့်   “အနာဂတ်မှာ? ဘာဖြစ်လို့လဲ?”

ယွမ်ထန်ရှင်းသည် ပြုံးသာနေကာ ဘာမှမပြောဘဲ ကားထဲသို့ ခေါင်းပြန်ဝင်သွားသည်။ ထို့နောက် ကားသည်ထွက်သွားကာ ဖုန်မှုန်လုံးကြီးက ထွက်လာသည်။

ယွမ်ထန်ရှင်းတို့ကားထွက်သွားသည်ကို ကြည့်နေသည့် ရှောင်ယွမ်လုံသည် သူ့လူများကို ကြည့်လိုက်ကာ ကားထဲသို့ဝင်လာ၍   “ငါငြိမ်ငြိမ်တွေးနေဖို့ အချိန်လိုမယ် ထင်တယ်”

. . .

နယ်မြေထဲတွင် လင်းချင်းသည် ဘယ်လောက်ကြာနေပြီလဲ မသိပေ။ သူမ၏ တစ်ကိုယ်လုံးလောင်ကျွမ်းနေသလိုမျိုး ရုတ်တရပ် မသက်မသာဖြစ်လာသည်။ သူမ၏ခေါင်းထဲမှ စွမ်းအားများကို နွယ်လေးက ထုတ်သွားကာ ထူးဆန်းသည့်စွမ်းအင်က သူမ၏ကိုယ်ထဲသို့ ရောက်လာသည်။ သူမ၏အထင်သာ မှန်မည်ဆိုလျှင် သူမ၏ကိုယ်ထဲသို့ စီးဝင်လာသည့် စွမ်းအားသည့် အသက်စွမ်းအားဖြစ်လိမ့်မည်။ 

လင်းချင်းသည် စတွေးမိသည်။   ‘ဒါကလေးမလေးရဲ့ အသက်စွမ်းအားမလား? ဘာဖြစ်လို့ ငါ့ဆီကို ဝင်လာတာလဲ? သူ့အသက်စွမ်းကို ငါနဲ့မျှနေရင် သူတစ်ခုခုဖြစ်မှာလား?’

သူမသည် စိတ်ပူလာသည့်အခါ အသက်အစွမ်းသည် ဝင်မလာတော့ဘဲ ရပ်သွားလေသည။ ထို့နောက် သူမ၏ဘေးတွင် ရုတ်တရပ် စွမ်းအားများ ကျယ်ပြန်လာသည်ကို ခံစားမိပြီးနောက် စွမ်းအားများက ကျုံ့သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သွားတော့မှ နွယ်လေးသည် သူမကို ဖြည်းဖြည်းချင်း ဖြေပေးကာ သူမ၏ခါးတွင်သာ နွယ်တစ်ခုကို ဆက်ရစ်ပတ်ထားသည်။

လင်းချင်းသည် မျက်လုံးကိုဖွင့်ကာ သူမ၏အရှေ့ကလူကို ကြည့်လိုက်သည်။ ကလေးမလေးသည် မျက်လုံးကိုမှိတ်ထားကာ သူမ၏ဆံပင်ရှည်လေးများက ရေထဲတွင် မျောနေသည်။ သူမ၏နဖူးအရှေ့တွင် ဖြည်းဖြည်းချင်း တောက်ပနေသည့် ကျောက်အပိုင်းအစတစ်ခုသည် ပျောက်သွားသည်။ တိတိကျကျပြောရရင် သူမ၏နဖူးထဲသို့ ဝင်သွားခြင်းသာ ဖြစ်သည်။

ထိုအချိန်တွင် နွယ်လေး၏အသံကို လင်းချင်းက ကြားလိုက်ရသည်။   ‘မေမေ အသေးလေးကို အပေါ်ကို ပြန်ပို့လို့ရပြီ။ နွယ်လေးက အရမ်းပင်ပန်းလို့. . .အိပ်ဖို့လိုနေတယ်. . .’

ထို့နောက် လင်းချင်းနှင့် ဝူယွဲ့လျန်တို့ နှစ်ယောက်လုံးသည် အပေါ်သို့ မြောက်သွားကြကာ မကြာခင်တွင် သူတို့၏ခေါင်းများက ရေပေါ်သို့ ပေါ်လာသည်။ နွယ်လေးသည် ရေမျက်နှာပြင်ထက်သို့ သူတို့ကိုပို့ပေးပြီးမှ သူတို့ကို မရစ်ပတ်ဘဲ ထားခဲ့ကာ ကန်အောက်ခြေသို့ ပြန်ဆင်းသွားလေသည်။

လင်းချင်းသည် ဝူယွဲ့လျန်အား လက်တစ်ဖက်ဖြင့် အမြန်မလိုက်ကာ နောက်တစ်ဖက်က ကူးခတ်ရင်း ကမ်းစပ်သို့ ပြန်လာသည်။

ကန်ဘေးတွင် လျူကျွင်းသည် သဘတ်ကြီးနှစ်ခုဖြင့် စောင့်နေသည်။ လင်းချင်းက ကလေးမလေးကိုချီ၍ ထွက်လာသည့်အခါ ကလေးမလေး၏ကိုယ်အား သဘတ်ဖြင့် အရင်ပတ်ပေးလိုက်သည်။ ထို့နောက် လင်းချင်း၏ ပုခုံးပေါ်သို့ နောက်သဘတ်တစ်ခုကို တင်ပေးလိုက်သည်။

လင်းချင်းသည် ဝူယွဲ့လျန်အား လျူကျွင်းကို ချီစေကာ   “အခု သူကအဆင်ပြေသွားပြီ။ ကုတင်ပေါ်ကို တင်ထားပေး!”

လျူကျွင်းသ်ည ကလေးမလေးကို ချီလိုက်သော်လည်း ချက်ချင်းမသွားသေပေ။ ထို့အစား လင်းချင်းကို နားမလည်သလို ကြည့်နေသည်။ လင်းချင်းသည် သဘတ်ကို ပတ်ရင်း သူမ၏ကိုယ်ကို ခြောက်အောင်သုတ်နေတာ ဖြစ်သည်။ လျူကျွင်း၏အကြည့်ကြောင့် ထူးဆန်းသွားကာ   “ဘာဖြစ်လို့လဲ?”

လျူကျွင်းသည် လင်းချင်းအနားသို့လာကာ အနံ့ခံ၍ ပြောသည်။   “ငါ့အထင်. . .နည်းနည်းထူးဆန်းတယ်။ ငါ့နှာခေါင်းပဲ မှားလားတော့မသိဘူး”

လင်းချင်းသည် နားမလည်ဖြစ်သွားသည်။ ထို့နောက် သူမသည် လက်ကိုမြှောက်ကာ ကိုယ့်ကိုယ်ကို ပြန်အနံ့ခံကြည့်သော်လည်း ဘာထူးဆန်းသည့် အနံ့ကိုမှ မရပေ။   “ဘာဖြစ်လို့လဲ? နင်ကြည့်ရတာ တစ်ခုခုဖြစ်သလိုပဲ”

လျူကျွင်းသည် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ လင်းချင်းကို စိုက်ကြည့်ရင်း ပြောသည်။ ထို့နောက် သူမသည်    “အာ! နင့်အစွမ်းတွေက ထပ်တိုးလာတာကိုး ဒီလိုအမြန်ကြီး တိုးတက်တာက အရမ်းကြီးတော့ ကောင်းမယ်လို့ ငါမထင်ဘူးနော်”

လင်းချင်းသည် သူမ၏ကိုယ်ထဲက စွမ်းအားများကို ခနခံစားကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်ကာ သဘောတူသည်။   “ဟုတ်တယ်။ ငါ့အစွမ်းတွေက နည်းနည်းမတည်ငြိမ်ဖြစ်နေတယ်”  
Previous Chapter 307 of 410 Next