၃၈၅။ ထန်ဟေး၏ သတင်း
“ငါတို့စခန်းရဲ့ သစ္စာဖောက်ကို သူကူညီဖို့ လာခဲ့တာပါ။ ဒါပင်မယ့် အဲ့နေ့က တိုက်ပွဲဖြစ်နေတုန်း တစ်ချို့အကြောင်းတွေကြောင့် ထွက်ပြေးသွားတယ်”
သူပြောလိုက်သည်။
လဲ့ချန်းက တိတ်သွားသည်။ သူ့လိုမဟုတ်သည့် ကျန်းဟောင်က အံ့သြစွာဖြင့်“ဟမ်? ဒီမှာလည်း သစ္စာဖောက် ရှိတာပဲလား? သစ္စာဖောက် ၂ကောင် အတူပေါင်းမိသွားတာပဲ။ အမွေးပါတဲ့ငှက်တွေက အတူစုသွားကြသလိုပါလား”
ဝူချန်းယွဲ့က လက်ဖြန့်လိုက်ကာ ပြောသည်။“ငါတို့စခန်းခေါင်းဆောင်ဟောင်းက ကျန်းမာတဲ့လူတွေနဲ့ လျို့ဝှက်စမ်းသပ်ချက် လုပ်ခဲ့လို့ တခြားစခန်းခေါင်းဆောင်နဲ့ ငါသုတ်သင်လိုက်တယ်”
“အဲ့နေ့က ထန်ဟေးကို ဖမ်းမိခဲ့လား?”လဲ့ချန်းက ထန်ဟေး၏ အကြောင်းကိုသာ စိတ်ဝင်စားပုံရသည်။
ဝူချန်းယွဲ့က“မမိဘူး. . .ခေါင်းဆောင်ကျိုးက အဲ့နေ့က သူ့နောက်ကို လိုက်တယ်။ ဒါပင်မယ့် စခန်းထဲကနေ အမြန်ထွက်ပြေးသွားလို့ ငါတို့ဆက်မလိုက်တော့တာ။ ငါတို့နဲ့တိုက်ဖို့ သူ့အသက်ကို စွန့်စားရမှာမျိုး ဘယ်တုန်းကမှ မတွေးထားလောက်ဘူး”
လဲ့ချန်းက ဘာမှထပ်မမေးတော့ဘဲ ဝူချန်းယွဲ့ကို ယဉ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြကာ ထလိုက်သည်။“ဒီအချက်အလက်လောက်က ငါတို့အတွက် လုံလောက်ပါတယ်။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဝူ”
ဝူချန်းယွဲ့ကလည်း ထရပ်လိုက်သည်။ သူတို့နှစ်ယောက်က ပြန်တော့ဖို့ လုပ်နေသဖြင့် အံ့သြစွာ မေးသည်။“ဟမ်? အစောကြီး ပြန်ကြတော့မလို့လား?”
လဲ့ချန်းက ခေါင်းငြိမ့်ကာ“တာဝန်လုပ်နေဆဲမလို့ ကြာကြာမနေနိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်”
ဝူချန်းယွဲ့က သူတို့အား တံခါးနားအထိ လိုက်ပို့ရင်း“ဟုတ်ပါပြီဗျာ။ နှုတ်ဆက်ပါတယ်။ လီချန်း သူတို့ကို လိုက်ပို့လိုက်ပါဦး”
ရှောင်လီချန်းသည် သူတို့၂ယောက်အား စခန်းကနေ လိုက်ပို့ပေးလိုက်ပြီးနောက် ပြန်လာသည့်အခါ တင်ပြသည်။“သူတို့စခန်းကနေ ထွက်သွားပါပြီ။ ခေါင်းဆောင် သူတို့က ဘယ်ကလာတာလဲဆိုတာကို သိလား?”
ဝူချန်းယွဲ့က ခေါင်းခါကာ“မသိဘူး။ သူတို့က ထန်ဟေးလို့ခေါ်တဲ့ အဆင့်၇စွမ်းအားရှင်အတွက် ရောက်လာကြတာ”
ထို့နောက် ရှောင်လီချန်းအား
“ဇွန်ဘီမရဲ့ နောက်ကြောင်းကို အခုအထိ မသိရသေးဘူးလား?”
ယွမ်ထန်ရှင်းတို့က ထွက်သွားပြီ ဖြစ်သောကြောင့် သူ့မှာ ဒီတွင်ကျန်ခဲ့သည့် လူနည်းနည်းလောက်ထံမှသာ သတင်းနှိုက်နေရတာ ဖြစ်သည်။ အဆင့်ငါးစွမ်းအားရှင် တူယွမ်ရှင်းသည် နည်းနည်းကြောင်တောင်တောင်ဖြင့် ဖြစ်သော်လည်း ဇွန်ဘီမအကြောင်း မေးလိုက်ချိန်တိုင်းတွင်တော့ ဘာမှကို မဖြေတော့ပေ။
ဝူချန်းယွဲ့သည် မေးကိုပွတ်ကာ
“အချိန်အတော်ကြာတာတောင် ငါတို့ဘာမှ မသိရသေးဘူး။ ဇွန်ဘီမိန်းကလေးက အရမ်းထူးဆန်းတာပဲ!”
. . .
ဝူချန်းယွဲ့သည် လင်းချင်း၏ နောက်ကြောင်းကို အသည်းအသန် စုံစမ်းနေချိန်တွင် လင်းချင်းကတော့ နွယ်လုံးကြီးထဲတွင် ပိတ်မိနေဆဲပင်။ ရက်အချို့ကြာသည့်အခါ နွယ်လုံးအကြီးကြီး၏ သုံးပုံတစ်ပုံသည် ပျောက်သွားပြီဖြစ်၍ ကျန်သည်များကတော့ သူမ၏ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာပြီ ဖြစ်သည်။ရှန်ယုကျန်းသည် ကန်ဘေးတွင်နေကာ ရေကန်ကို ကြည့်နေတက်သည်။ သူမသည် ရက်ပိုင်းများစွာ စောင့်နေသော်လည်း လင်းချင်းကတော့ ထွက်လာမည့်ပုံ မပေါ်သေးပေ။
ဝူချန်းယွဲ့သည် ကန်ထဲသို့ ကိုယ်လုံးတီးဖြင့် ဆင်းသွားခဲ့သည်ကို သူမမျက်မြင်တွေ့ထားသည်။ ထို့ကြောင့် သူမထင်သလိုများ ကန်ထဲတွင် ဖြစ်ခဲ့မလားဟု တွေးနေတာ ဖြစ်သည်။
‘တစ်ယောက်က အဝတ်တွေချွတ်ပြီး အရင်ဆင်းသွားတယ်။ နောက် ဝူချန်းယွဲ့ကလည်း ကိုယ်လုံးတီးဖြစ်ပြီး ဆင်းသွားရတယ်။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်. . .ကိုယ်လုံးတီးတွေ ဖြစ်နေတာ. . .ကန်ထဲမှာ သူတို့ဘာများ လုပ်ကြတာဖြစ်မလဲ?’
ထို့အတူ ဝူချန်းယွဲ့သည် လင်းချင်းအား ပွေ့ချီ၍ တက်လာသေးသည်။ ရှန်ယုကျန်းအား တစ်စုံတစ်ယောက်ကသာ သူတို့ကြားတွင် ဘာမှမဖြစ်ခဲ့ဘူးဟု ပြောပါက သူမသည် သေတာတောင် ယုံမှာကို မဟုတ်ပေ။ ဝူချန်းယွဲ့ထွက်သွားပြီးနောက် နွယ်ပင်သည် လင်းချင်းအား ကန်ထဲသို့ ပြန်ခေါ်သွားသည်မှာ အခုအထိ ပြန်တက်မလာသေး၍ သူမသည် ဘာလုပ်နေသလဲကို မသိရပေ။
ထိုအချိန်တွင် လင်းချင်းသည် မေ့မျောနေဆဲ ဖြစ်သည်။ နွယ်လေးက စွမ်းအင်အဖြစ် ပြောင်းသွားကာ သူမ၏ကိုယ်ထဲသို့ ဖြည်းဖြည်းချင်းစိမ့်ဝင်နေသည်။ ထိုစွမ်းအင်သည် သူမ၏ ကြွက်သားတိုင်းကို အားဖြည့်ပေးနေကာ သူမ၏ ဆဲလ်များကို အလုပ် လုပ်စေ၍ သူမ၏သွေးတို့ကို သန့်စေသည်။
အရင်က သေနေခဲ့သည့် ဆဲလ်တို့အား မြူခိုးနက်များက လောင်ကျွမ်းစေကာ ဖယ်ထုတ်လိုက်သည်။ နွယ်လေး၏ အစွမ်းတို့ဖြင့် ထပ်ခါထပ်ခါ ပြင်ပြီးသည့်အခါတွင်တော့ လင်းချင်း၏ ဆဲလ်အသေတို့မှာ အသစ်ပြန်ဖြစ်လာသည်။
သူမ၏ အတွင်းအစိတ်အပိုင်းများသည်လည်း အချိန်နှင့်အမျှ ကြီးထွားလာသည်။ ထိုအချိန်တွင် နွယ်လေးသည် နောက်ဆုံးပြုပြင်ပေးသည့် အလုပ်ဖြစ်သည့် လင်းချင်း၏ ကလီစာများကို ကုသပေးနေသည်။ အူကလီစာများသည်လည်း သူမ၏ကိုယ်ထဲတွင်လည်း ဖြည်းဖြည်းချင်း ပြန်ထွက်လာသည်။
ထိုအချိန်တွင် နွယ်လေးနှင့် သက်ဆိုင်သည့် စွမ်းအားအမျိုးအစား အချို့သည် လင်းချင်း၏ ဗိုက်အောက်တွင် စုသွားကြသည်။ ထိုနေရာတွင် ယောက်ျားစွမ်းအားအချို့က ရှိနေသည်။ နွယ်လေး၏ အရှိန်အဝါက ဝင်လာသည်နှင့် ထိုယောက်ျားစွမ်းအားဖြင့် ရောသွားကာ ဖြည်းဖြည်းချင်း လှည့်ပတ်ကာ ပေါင်းစမ်နေတော့သည်။ သို့သော်လည်း ဒီလိုပေါင်းစပ်နေခြင်းသည် လင်းချင်း၏ ဆဲလ်များ အသစ်ဖြစ်နေသည်ထက် အများကြီးကို ပိုနှေးလေသည်။ လင်းချင်း၏ ကလီစာများဖွံ့ဖြိုးနှုန်းသည်လည်း အရမ်းကို နှေးသည်။ သို့သော်လည်း သူမ၏ သွေးသစ်များဖြစ်သွားကာ နှလုံးကနေ ပြန်စီးဆင်းနေပြီ ဖြစ်သည်။
ထိုအချိန် ဟေးဒီးစခန်း၌. . .
အုပ်ချုပ်ရေးရုံး၏ အစည်းအဝေးခန်းမထဲတွင် အရပ်ရှည်ကာ သွယ်လျသည့် လူတစ်ယောက်က ဝရံတာကနေ စခန်းက လူတို့သည်ပိုနည်းသထက် နည်းလာသည်ကို ကြည့်နေသည်။
ထိုလူတွင် ပုခုံးလောက်အရှည်ရှိသည့် ဆံပင်များနှင့် မျက်နှာလှလှလေး ရှိသည်။ သူ့တွင် အပေါ်သို့တက်သွားသည့် မျက်လုံးကျဉ်းကျဉ်းများနှင့် မျက်ခုံးပါးပါးတို့ရှိကာ နှာတံဖြောင့်ဖြောင့်နှင့် ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းပါးပါးတို့ ရှိသည်။ နှုတ်ခမ်းတို့က ယုံကြည်မှုရှိသည့် အပြုံးဖွဖွတစ်ခု ရှိနေသည်။ သူ့မျက်လုံးများသည် နွေးထွေးကာ ဆွဲဆောင်မှုရှိနေသလိုမျိုး မဖော်ပြတက်အောင် စိုလဲ့တောက်ပနေခြင်းက ဆွဲအားပြင်းလှသည်။ သူ့နူးညံ့သည့် မျက်နှာသည် သူ့လိင်ကို ရှုပ်ထွေးစေသည်။ ဆံပင်ရှည်များရှိနေသောကြောင့် မိန်းကလေးဖြင့်တောင် တူနေသည်။ ထိုနေရာတွင် သူငြိမ်ငြိမ်လေး ရပ်နေရုံနှင့်တင် သူ့ထံမှ ကျော့ရှင်းသန့်နေသည့် အရှိန်အဝါတို့က ထွက်နေသည်။
အစည်းအဝေးအခန်းတံခါးက ရုတ်တရပ်ပွင့်လာကာ စစ်သားတစ်ယောက်က သူ့အားပြောသည်။
“ခေါင်းဆောင် ဒုခေါင်းဆောင်ယန် ပြန်လာပါတယ်”
“သူပြန်လာပြီလား? ဒါဆိုရင် ဝင်လာခိုင်းလိုက်ပါ”
သူ့အပြုံးကြောင့် စစ်သားသည် ခနကြောင်အသွားကာ သူ့ခံစားချက်များကို အမြန်ဖုံး၍ လှည့်ထွက်သွားသည်။ထို့နောက် ယန်းကျင်းဟွာက ဝင်လာသည်။ ယန်းကျင်ဟွာသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ လုံယုပိုင်ကို တွေ့သည့်အခါ သူ့မျက်လုံးများထဲတွင် အလင်းတစ်ခုက ဖြတ်ခနဲဖြတ်ပြေးသွားသည်။
ထို့နောက် သူ့ထံသို့ ခြေလှမ်းကြီးများဖြင့် လျှောက်လာကာ လုယုံပိုင်၏ သွယ်လျကာ ဖြောင့်စင်းနေသည့်ကိုယ်အား နောက်ကနေ သိုင်းဖက်လိုက်သည်။ ထို့နောက် လုံယုပိုင်၏ခေါင်းအား သူ့နားရွက်အနားတွင်ထား၍ သက်ပြင်းချကာ စွဲလမ်းစွာကြည့်၍
“ကိုယ့်ကို လွမ်းနေလား?”
“ကိစ္စတွေက ဘယ်လိုလဲ?”
ယန်းကျင်းဟွာသည် ခနတန့်သွားကာ ဂရုမစိုက်စွာဖြင့်“သူတို့ထွက်ပြေးသွားတယ်။ ဝေးဝေးကိုရောက်အောင် ကိုယ်မောင်းထုတ်ထားတယ်။ သူတို့ပြန်လာနိုင်မယ်လို့ မထင်ဘူး”
လုံယုပိုင်က ပြုံးနေဆဲဖြစ်သော်လည်း သူ့မျက်လုံးထဲတွင် အေးစက်သည့် အလင်းတစ်ခု ရှိနေသည်။“ပြန်လာမယ်? ဒီစခန်းက ဒီလိုဖြစ်နေတာကို။ သူတို့ပြန်လာရင် ဘာများလုပ်နိုင်မှာလဲ? ဒီစခန်းရဲ့ ရိက္ခာအထောက်အပံ့တွေ အကုန်လုံးကို ငါတို့ယူထားပြီးသား။ ဒီစခန်းက ငါတို့အတွက် ဘာမှအသုံးမဝင်တော့ဘူး။ နောက်ပြဿနာတွေ မဖြစ်အောင် အဲ့လူတွေကို သတ်စေချင်တယ်ဆိုတာကို မင်းသိသင့်တယ်”