ဝူချန်းယွဲ့၏ အိမ်ကနေ ထွက်လာသည့်အခါ လင်းချင်းသည် အပြင်က သစ်ပင်ပေါ်ခုန်တက်လိုက်သည်။ ဓာတ်တိုင်များနှင့် အမိုးများပေါ်ကိုတက်ကာ သူမသည် လင်းဖန်တို့ရှိရာသို့ အမြန်ကူးလာသည်။
သူမသည် Dခရိုင်၏ အုပ်ချုပ်ရေးရုံးအနားသို့ ရောက်သည့်အခါ ခုန်ဆင်းလာသည်။ ထိုအချိန်တွင် အနားက အဆောက်အားတွင် လူတစ်စုက ဝိုင်းခံထားရသည်။ သူတို့အဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သည့် ချန်ယုတင်းနှင့် အဖွဲ့သားအချို့သည် တခြားတစ်ဖွဲ့၏ ပိတ်ခြင်းကို ခံနေရသည်။
လမ်းပိတ်ထားသည့်သူတို့မှာ ဒုခေါင်းဆောင်နှင့် နောက်လိုက်များ ဖြစ်သည်။ ဒုခေါင်းဆောင်သည် ခုနက ထန်ဟေးဖြင့် စကားပြောနေခဲ့သည့် ယန်ချောင်း၏ လက်အောက်မှ ညာလက်ရုံးဖြစ်သည်။ အခုတော့ သူသည် နံရံကိုမှီ၍ ဆေးလိပ်ဖွာနေသည်။ နေကာမျက်မှန်တစ်လက်ကို တပ်ထားကာ ချန်ယုတင်းတို့ကို ကြည့်မနေပေ။
ချန်ယုတင်းတို့သည် သူ့ကို ဒေါသ၊ နောင်တနှင့် အကြောက်တရားများဖြင့် ကြည့်နေကာ “လုတင်းက ဇွန်ဘီသတ်ခံလိုက်ရတာ။ စခန်းကနေ ငါတို့နောက်ကို ဒီမိန်းမကို မထည့်လိုက်ဖို့ ငါပြေးသားပဲ။ အခုသေသွားမှ ငါတို့က လုံခြုံအောင် မထားနိုင်လို့ အပြစ်လာတင်နေတာလား? ပြီးတော့လည်း လူတိုင်းက ကိုယ့်လုံခြုံရေးအတွက်ပဲ စခန်းအပြင်မှာ တာဝန်ရှိတာ။ သူသေသွားတာကို ငါတို့က ဘာလုပ်နိုင်မလဲ? မသေစေချင်ရင် အစောကြီးထဲက စခန်းကနေ ထွက်ခွင့်မပေးနဲ့လေ”
ဒုခေါင်းဆောင်၏ အမည်သည် ဖြောင်ကောချန်ဖြစ်သည်။ ချန်ယုတင်းတို့၏ တစောင်းတွင် သူရပ်နေကာ ဆေးလိပ်ကိုရှိုက်လိုက်၍ နှာခေါင်းကနေ ဆေးလိပ်ကို ပြန်မှုတ်ထုတ်လိုက်သည်။
“ဆင်ခြေတွေ အများကြီး ငါမလိုချင်ဘူး!” သူကပြောသည်။ “နေရာလွတ်စွမ်းအားရှင်ဆိုတာကို မင်းတို့ သတိထားမိသင့်တယ်။ နေရာလွတ်စွမ်းအားရှင်တွေက ဘယ်လောက်ရှားလိုက်လဲ? ဘာဖြစ်လို့ မောင်နှမနှစ်ယောက်က သေသွားရတာလဲ? အဆင့်၆ရေစွမ်းအားရှင်က မင်းတို့သာ အဆင့်၆ ဒါမှမဟုတ် အဆင့်၇ဇွန်ဘီနဲ့ မတွေ့ခဲ့ရင် ပြေးစရာအခွင့်အရေး မရှိနိုင်စရာလား?” ဒီလိုပြောရင်း စီးကရက်ကို နှုတ်ခမ်းတွင်ခဲကာ နောက်ထပ်ထပ်ရှိုက်၍ ပြန်မှုတ်ထုတ်လိုက်သည်။
“အဆင့်၆တို့ အဆင့်၇တို့ ဇွန်ဘီတွေက ရှာရလွယ်တယ် ထင်နေလား? ငါတို့ကို အရူးထင်နေလား? ဇွန်ဘီဘုရင်နဲ့တိုးရင် မင်းတို့တွေ ဘယ်လိုလုပ်ရှင်ကျန်ခဲ့မှာလဲ? ငါ့ကိုဒီလိုမျိုးရပ်စကားပြောနေနိုင်မှာလဲ? တကယ်သာဆိုရင် စခန်းကိုတောင် မင်းတို့ပြန်လာနိုင်မှာ မဟုတ်ဘူး”
“မဟုတ်ဘူး. . .ဒီလိုမဟုတ်ဘူး ဓားပြတွေလည်းရှိသေးတယ်။ အားကောင်းတဲ့ ကမ္ဘာပျက်ခေတ်ဓားပြတွေ!” ဖြောင်ကောချန်က မယုံသဖြင့် ချန်ယုတင်း၏ အနောက်ကလူသည် စိုးရိမ်စွာဖြင့် ပြောသည်။
ဖြောင်ကောချန်သည် ခနရပ်တန့်သွားကာ လှောင်သည့်အပြုံးဖြင့် “ဟင်? ဓားပြတွေ့တယ်တဲ့လား? ဘယ်သူတွေလဲ ပြောစမ်းပါ? ဘယ်အဆင့်တွေလဲ?”
ချန်ယုတင်းသည် သူ့ကိုစိုက်ကြည့်ကာ သေချာစွာဖြင့် “ဟုတ်တယ်။ ဓားပြတွေနဲ့ တွေ့ခဲ့တယ်။ လုတင်းနဲ့ တခြားကောင်လေး၂ယောက်ကို ပြန်ပေးဆွဲသွားကြတာ။ ငါတို့လူတွေကိုခေါ်သွားလို့ ငါတို့သူတို့နောက်လိုက်တယ်။ ဒါပင်မယ့် ငါတို့တွေ့တော့ အကုန်လုံးက ဇွန်ဘီကြောင့် သေနေပြီ”
သူ့စကားများကို ပိုခိုင်လုံစေရန် တစ်ဖွဲ့လုံးသည် ခေါင်းငြိမ့်ကြ၍ “ဟုတ်တယ် ဒါအမှန်ပဲ”
“ငါတို့ရောက်တော့ ဓားပြတွေက သေနေပြီ။ ဒါပင်မယ့် သူတို့ခေါင်းဆောင်က လွတ်သွားပုံပဲ။ လုတင်းက အဲ့ဒီမှာ အသတ်ခံရတာ”
“ဘာပဲဖြစ်ဖြစ် မင်းတို့ သူ့ကိုမသေမခံရဘူး။ ငါသူ့ကို မသေမခံနိုင်ဘူးလို့ ပြောထားသားပဲ။ သူက ဇွန်ဘီသတ်ခံရတယ်လို့ ပြောမှတော့ ယုံပေးမယ်။ စခန်းထဲမှာ လူသတ်မရတော့ မင်းတို့ကို မသတ်ပါဘူး။ လူတိုင်းဆီက လက်တစ်ဖက်စီပဲ ငါယူမယ်” စကားဆုံးသည့်အခါ ဖြောင်ကောချန်သည် စီးကရက်ကို နောက်ဆုံးဖွာလိုက်ကာ စီးကရက်ဖင်စီကို လွှတ်ပစ်လိုက်သည်။
သူဒီလိုပြောသည့်အခါ သူ့လူများသည် ချန်ယုတင်းတို့နားသို့ ကပ်လာကြသည်။ အဆင့်၄နှင့်အဆင့်၅ရှိသည့် စွမ်းအားရှင်၇ယောက်၈ယောက်က သူတို့နားသို့ လာသည့်အခါ ချန်ယုတင်းတို့သည် ကြောက်လန့်သွား၍ ခုခံမည့်ပုံစံ ချက်ချင်းပြင်ရသည်။
သူတို့အဖွဲ့သည် အဆင့်၆တစ်ယောက် အဆင့်၅တစ်ယောက်နှင့် ကျန်သည့်သူများမှာ အဆင့်၃ဖြစ်သည်။ ချန်ယုတင်းသည် ဖြောင်ကောချန်နှင့် ယှဉ်နိုင်သော်လည်း သူ့အသင်းသားများသည် ဖြောင်ကောချန်၏လူများနှင့် မယှဉ်နိုင်ပေ။
လင်းချင်းသည် ချန်ယုတင်းကို နားမလည်စွာကြည်သည်။ သူမသည် လုတင်းတို့ မောင်နှမကို သတ်ခဲ့သော်လည်း ဘာဖြစ်လို့ ချန်ယုတင်းက လိမ်နေသနည်း?
နေကာမျက်မှန်ဖြင့်သူသည် စခန်းကို ဘယ်သူကမှ အုပ်ချုပ်နေတာမျိုး မရှိတာကို သူတို့စစ်တပ်ဟု ကြေညာရဲသေးသည်။ စခန်းတွင် အဆင့်မြင့်သည့်သူ တစ်ယောက်တော့ ဖြစ်ပုံရသည်။ သူသည် အဆင့်၆စွမ်းအားရှင် ဖြစ်သည်။
“ဒုခေါင်းဆောင်ဖြောင် ခေါင်းမာနေရင် ငါတိုက်ရတော့မယ်။ ဒါပင်မယ့် လုတင်းသေတာကို ဆင်ခြေသုံးတာကြီးကတော့ ငါလက်မခံနိုင်ဘူး!”
ဖြောင်ကောချန်သည် နှာခေါင်းရှုံ့ကာ “မင်းပြောတာ ဖြစ်နိုင်တော့ရော? လုတင်းက ငါ့မိန်းမ။ ငါ့သူ့ကို မငြီးငွေ့သေးပင်မယ့် မင်းတို့က သူ့ကို အသေခံလိုက်တယ်။ သူ့လောက်လှတဲ့ နောက်မိန်းမတစ်ယောက် ငါ့ကိုရှာပေးနိုင်မှာလား?”
ဒီလိုပြောပြီးနောက် လက်ကိုလှုပ်လိုက်ရာ မီးများထွက်လာကာ ချန်ယုတင်းတို့အပေါ်သို့ ဆင်းလာသည်။ အပူချိန်က အရမ်းမြင့်သဖြင့် ချန်းယုတင်းတို့သည် သူတို့ဆံပင်များ လောင်သွားသလို ခံစားရသည်။
ချန်ယုတင်းသည်လည်း လှုပ်ရှားမှုက သွက်သည်။ သူလက်မြှောက်လိုက်သည့်အခါ အနားက နံရံမှ ဘိလက်မြေနှင့်မြေတို့က ထွက်လာကာ သူတို့အား ဒိုင်းသဖွယ်ကာသွားသည်။
မီးသည် ဒီမြေအရောနှောများကို ဖျော်မပစ်သော်လည်း ဒီလိုအရောများ၏ကြားမှနေ အောက်သို့ဆင်းလာသည်။ ဖြောင်ကောချန်တို့၏ လူများသည် ဝင်မတိုက်ဘဲ ဘေးကနေ ပွဲကြည့်နေသည်။
မီးကကျလာသည့်အခါ အပူချိန်သည် မြင့်လာ၍ လေကတောင် မီးဖြစ်နေသလိုပင်။ ချန်ယုတင်းတို့ဘက်မှ အဆင့်နိမ့်သည့်၂ဘောက်သည် အသက်ရှုကြပ်လာကာ မွန်းကြပ်လာလေသည်။ သူတို့ကိုကာကွယ်ဖို့ နံရံများဖြင့် ကာထားရသဖြင့် ထွက်ပြေးဖို့ အပေါက်မရှိသလို အောက်စီဂျင်မရသဖြင့် မူးလာသည်။
အဆင့်ခြောက်၏တိုက်ခိုက်မှုသည် အဆင့်၃သမားများ ရှင်သန်နိုင်တာမျိုး မဟုတ်ပေ။ ဖြောင်ကောချန်၏ မီးသည် အပူချိန်မြင့်ရုံတင်သာမကဘဲ အဆိပ်လေရှိလေရာ ချန်ယုတင်းသည် သူ့လူများကို မီးကနေ မြေအစွမ်းဖြင့် ကာပေးနိုင်ရင်တောင်မှ မီးကနေ လေထဲသို့ရောလာသည့် အဆိပ်ကနေတော့ မကာကွယ်နိုင်ပေ။
ချန်ယုတင်းသည် လက်နှစ်ဖက်ကိုမြှောက်ကာ ကွန်ကရစ်ကို ကွဲစေ၍ ကြားတွင်လွတ်နေသည့်အပေါက်များကို ပိတ်စေကာ သူတို့လူများထံသို့ တိုးလာသည့်မီးကို တားစီးလေသည်။ ထိုအချိန်တွင် သူတို့ခြေထောက်အောက်မှ မြေကြီးသည် အက်ကွဲလာသည်။ မြေကြီးသည် နှစ်မီတာလောက် ကျွံဝင်သွားကာ မြေအောက်ဉမင်ဖြစ်လာသည်။
“မြောင်းထဲကိုသွား. . .မြန်မြန်!” အခြားသူများထက်သွက်သည့် လက်ထောက်သည် အားနည်းသည့်သူများကို မြေအောက်ဉမင်ကနေ အရင်လွတ်ဖို့ အမြန်ညွှန်ကြားပေးသည်။ သူတို့၂ယောက်သည် နံရံကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ မြေအောက်ဦမင်ထဲသို့ တွားသွားဖို့ လုပ်ကြသည်။
“မြေအောက်နေ ထွက်နိုင်မယ် ထင်နေလား?” ဖြောင်ကောချန်သည် အေးစက်စွာ ပြောသည်။ “မြွေတွေကိုလွှတ်လိုက်!” သူသည် တစ်ဖက်သို့လှည့်ကာ သူ့လူတစ်ယောက်ကို ပြောသည်။
ထိုနောက် လူတစ်ယောက်သည် ချန်ယုတင်း၏ မြေနံရံကို ခြေဖြင့်ပြင်းပြင်းကန်လိုက်သည်။ ထိုအခါ ၁၀စင်တီမီတာလောက် ကျယ်သည့် အပေါက်ဖြစ်သွားသည်။
ထိုနောက် နောက်တစ်ယောက်သည် လက်ကိုလှုပ်လိုက်ကာ လက်ချောင်းလောက်ရှိသည့် မြွေတစ်ကောင်က ထွက်လာသည်။ မြွေသည် မြေပေါ်သို့ ရောက်သည်နှင့် မရေတွက်နိုင်အောင်များသည့် မြွေများအဖြစ် ကွဲထွက်သွားကာ အပေါက်ထဲရှိရာသို့ ဦးတည်သွားကြသည်။ သွားနေစဉ်တွင် မြွေများသည် ထပ်ခါထပ်ခါ ကွဲသွားကြကာ အများကြီးကို ဖြစ်သွားကြသည်။