၂၈၂။ လူသားစားဓားပြတွေနဲ့ ထပ်တွေ့ရပြန်ပြီ
ကလေးဇွန်ဘီကောင်လေးကို အမိုးပေါ်တွင် စာသင်ပေးနေသည့် လင်းချင်းသည် တစ်ခုခုကို ခံစားလိုက်ရပြီး သူမ၏ဘေးတွင် တစ်ယောက်က ရောက်လာသည်။ ဇွန်ဘီနံပတ်၇ သက်ကြီးဇွန်ဘီက ပေါ်လာတာ ဖြစ်သည်။
“ဂါး!” သက်ကြီးဇွန်ဘီ၏ အသံနက်နက်ကြီးက ထွက်လာသည်။ ‘လူတွေရောက်လာတယ်!’
လင်းချင်းသည် ဒီဇွန်ဘီအုပ်အား လူသားများကို ‘အစာ’ဟု မခေါ်ဘဲ ‘လူတွေ’ဟုခေါ်ဖို့ ပြောထားပြီးတာ ဖြစ်သည်။ ထို့ကြောင့် သက်ကြီးဇွန်ဘီသည် သူမအာရုံခံစားမိသည့်အရာကို သတင်းလာပို့တာ ဖြစ်သည်။ လင်းချင်းသည် ခနတွေဝေသွားပြီးနောက် ခေါင်းမော့ကြည့်သည့်အခါ သူစောင့်ကြည့်ရသည့်ဘက်သို့ လက်ညိုးထိုးပြနေကြောင်းကို တွေ့လိုက်ရသည်။ ထိုနေရာဘက်သည် ပင်လယ်မြို့တော်စခန်းဘက်မှ ဖြစ်သည်။
လင်းချင်းသည် မျက်လုံးမှိတ်၍ အာရုံခံကြည့်သော်လည်း ဘာကိုမှ မခံစားရပေ။ ထို့နောက် သူမသည် မျက်လုံးမှိတ်ထားလျှက်ဖြင့် ထိုဘက်သို့ အနံ့ခံကြည်သည်။ နှစ်မိနစ်ကြာသည့်အခါ သူမသည် မျက်လုံးကို တောက်ပစွာဖြင့် ပြန်ဖွင့်လာသည်။ ယွမ်ထန်ရှင်းတို့က ပြန်လာတာ မဟုတ်သလို အနံ့ကို သေချာခံကြည့်သည့်အခါ သူစိမ်းများ ဖြစ်နေသည်။
“အဘိုး သူတို့ကိုသွားတား!” လင်းချင်းသည် နံပတ်၇ဇွန်ဘီကို ပြောလိုက်သည်။ “သူတို့ကို ခြောက်ရုံပဲခြောက်။ ထိခိုက်အောင် မလုပ်နဲ့. . .ခနလေး”
သူမသည် သက်ကြီးဇွန်ဘီအား ဒီနေရာသို့ လူများမလာရန် ခြောက်ခိုင်းမလို့ ဖြစ်သည်။ ဒီလူများကို လင်းဖန်တို့ဖြင့် အတွေ့မခံခြင်းက ပိုကောင်းမည်ဟူသည့် ခံစားချက်မျိုး ရနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း စကားမဆုံးခင်တွင် နောက်ထပ်လူတစ်စုကို သူမအာရုံခံမိသွားသည်။ ‘ဟုတ်ပြီ။ လူကနှစ်စုဖြစ်နေမှတော့ ဘာဖြစ်နေလဲဆိုတာကို အရင်သိအောင် လုပ်ရမယ်’
“တစ်ချက်အရင်သွားကြည့်ရအောင်” လင်းချင်းသည် အမိုးပေါ်ကနေ သက်ကြီးဇွန်ဘီနှင့် ကလေးဇွန်ဘီတို့နှင့်အတူ ခုန်ဆင်းသွားကြသည်။ ဒီလူများက ဘာလုပ်နေကြသလဲကို သူမက တကယ်သိချင်မိသည်။
မုံမုံသည် လင်းချင်းက ဇွန်ဘီခေါင်းဆောင်နှစ်ယောက်ဖြင့် ထွက်သွားသည်ကို ကြည့်နေသည်။ သူမသည် သိချင်သော်လည်း ချူးလီလီက လိုက်မသွားသဖြင့် သူမလည်း လိုက်မကြည့်တော့ပေ။
လင်းချင်းက ဇွန်ဘီခေါင်းဆောင်နှစ်ကောင်ဖြင့် ထွက်သွားသည်ကို လင်းဖန်က အခန်းထဲကနေ သိချင်စွာဖြင့် ကြည့်နေသည်။ အမျိုးသမီးလင်းက သူ့အပြုအမှုကြောင့် “ဘာဖြစ်လို့လဲ?”
လင်းဖန်သည် လှည့်ပြောသည်။ “လုထန်ယုနဲ့ ဇွန်ဘီခေါင်းဆောင်နှစ်ယောက် ထွက်သွားတယ်။ ဘာသွားလုပ်တာလဲ မသိဘူး”
အမျိုးသမီးလင်းက ခေါင်းငြိမ့်ကာ “သူတို့ လုပ်စရာတစ်ခုခုရှိလို့ နေမှာပေါ့ကွယ်”
လင်းဖန်သည် ပြတင်းပေါက်ကနေ ဆိတ်ဆိတ်နေ၍ လှမ်းသာကြည့်နေသည်။
လင်းချင်းတို့သည် လျှင်မြန်စွာ ဇွန်ဘီအုပ်ပေါ်သို့ ရောက်သွားပြီး လူနှစ်စုအနားသို့ တိတ်တဆိတ်ချဉ်းကပ်လိုက်သည်။
ထိုအချိန်တွင် လူတို့သည် နှစ်မိုင်လောက်ဝေးရာသို့ သွားနေနှင့်သည်။ သူတို့အကုန်လုံးသည် တစ်ယောက်မှ သေနတ်ဆယ်လက်လောက်နှင့် ကျဉ်ဆန်မြောက်များစွာရှိကာ လင်းချင်းတို့ဇွန်ဘီများ ရှိသည့်ဘက်မှနေ တွေ့သမျှ ဇွန်ဘီတိုင်းကို လှည့်ပစ်နေခဲ့သည်။ ကျည်ဆန်တစ်တောင့်စီကို မဖြုန်းတီးဘဲ အကုန်လုံးကို ပစ်သတ်နေတာပင်။
လင်းချင်းသည် နံပတ်၇နှင့် နံပတ်၄ကို အဝေးကနေ ဒီလူများကို စောင့်ကြည့်ဖို့ ပြောခဲ့ကာ ကိုယ်ဖျောက်လိုက်ပြီး အနားသို့ ချဉ်းကပ်သွားလိုက်သည်။ ပထမလူစုကို သူမမြင်သည့်အခါ မျက်မှောင်မကျုံ့ဘဲကို မနေနိုင်တော့ပေ။ ဒီလူများသည် လူကောင်းနှင့်ကို မတူပေ။ တစ်ယောက်ခြင်းဆီတွင် သွေးနံ့များက ပြင်းနေကာ မျက်လုံးထဲတွင် သွေးဆာမှု၊ ရက်စက်မှုနှင့် ရူးသွပ်မှုတို့ ရှိနေသည်။
လင်းချင်းကို မျက်မှောင်ကျုံ့စေသည်က ဒါကြောင့်မဟုတ်ဘဲ ဓားစာခံသုံးယောက်ရှိနေ၍ ဖြစ်သည်။ ယောက်ျားနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ကို ဖမ်းထားတာ ဖြစ်သည်။ ယောက်ျားလေးနှစ်ယောက်သည် ၁၈နှစ် ၁၉နှစ်လောက်ပဲ ရှိသေးကာ မိန်းကလေးကတော့ ၂၀ကျော်ဖြစ်သည်။
ကျန်သည့်သူများကတော့ အဖမ်းခံရသည်နှင့် မတူအောင်ကို သတိထားနေကြခြင်း မရှိပေ။ ထို့အစား သူတို့အကုန်လုံးသည် ကျေနပ်ပျော်ရွှင်နေသလိုတောင် ဖြစ်နေသေးသည်။ လင်းချင်းသည် ဒါမျိုးကို အရင်ကသိဖူး၍ ရင်းနှီးနေသည်။
သူမအထင်သာမှန်လျှင် သူမ၏အရှေ့က ဒီလူများသည် ကမ္ဘာပျက်ခတ်က ဓားပြများပင်။ ဓားစာခံသုံးယောက်ကတော့ သူတို့အစာဖြစ်တော့မှာ ဖြစ်သည်။ သူတို့သည် အိမ်ယာနေရာတွင် ရောက်နေကြသည်။ ဒီအိမ်ယာသည် အကောင်းကြီး မဟုတ်ပေ။ အိမ်ယာနှစ်ခုကိုဆက်ထားခြင်းသာ ဖြစ်သည်။
လင်းချင်းသည် သစ်ပင်အမြင့်ပေါ်ကနေ ဓားစာခံသုံးယောက်အား နောက်အိမ်ယာတစ်ခုသို့ ဆွဲခေါ်သွားနေခြင်းကို ကြည့်နေသည်။ ဓားစားခံများ၏ အဝတ်အစားများသည် ညစ်ပတ်နေပေါက်ပြဲပေပွနေလေရာ သူတို့ဘယ်လိုကြုံတွေ့ခဲ့ရမလဲကို လင်းချင်းက ခန့်မှန်းမိသည်။
ကမ္ဘာပျက်ခတ်တွင် အမျိုးသမီးသည် အရမ်းရှားလွန်းသည်။ စခန်းရှိ လူတိုင်းသည် သူတို့စိတ်ဆန္ဒများကို မဖြည့်စည်းနိုင်ပေ။ ထို့ကြောင့် စခန်းအပြင်ဘက်ရှိ ဇွန်ဘီအုပ်များဖြင့် အမြဲတမ်းရင်ဆိုင်နေရသည့် ဒီလိုဓားပြမျိုးဆိုလျှင် ပိုတောင်ဝေးသေးသည်။
ထို့ကြောင့် တစ်ခါတစ်လေ ယောက်ျားအချင်းချင်း စိတ်ဆန္ဒဖြေကြတော့သည်။ အဖွဲ့၏ အငယ်ဆုံးနှင့် အားအနည်းဆုံးသူတို့သည် ပစ်မှတ်ဖြစ်ခံရတော့သည်။ သို့သော်လည်း ဓားပြများသည် သူတို့လူကိုတော့ ဒီလိုလုပ်ရပ်မျိုး လုပ်သည်က ရှားသည်။ ပုံမှန်အားဖြင့် သူတို့သည် လူများထံမှ ပစ္စည်းနှင့်စားစရာများကို လုယက်သည်။ သူတို့သည် ငယ်ရွယ်လှပသည့်သူများကို ပြန်လွှတ်မပေးတက်ပေ။ သူတို့သည် ဒီဓားစားခံများကို ငြီးငွေ့လာသည့်အခါ သို့မဟုတ် မတော်တဆ သေစေသည့်အခါမျိုးတွင် ခုတ်ထစ်ပိုင်း၍ စားသောက်ပစ်လိုက်ကြတော့သည်။
ဒီဓားပြများသည် လူ၁၂ယောက်လောက် ရှိနေသဖြင့် အနည်းငယ် အဆင့်မြင့်သည့် အနေအထားပင်။ သူတို့သည် ဒီလိုတည်ငြိမ်စွာဖြင့် ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်နေသည်က မထူးဆန်းတော့ပေ။
ကိုယ်ပျောက်နေသည့် လင်းချင်းသည် ဂိတ်တံခါး၏ အရှေ့မှ မီတာနှစ်ဆယ်လောက်ရှိသည့် နံရံကိုခုန်တက်လိုက်၍ အထဲသို့ ဝင်လာသည်။ တံခါးဝက ဓားပြနှစ်ယောက်သည် လင်းချင်းဝင်လာသည်ကို လုံးဝသတိမထားမိကာ သူတို့အချင်းချင်း အေးအေးဆေးဆေး စကားများနေကြသည်။
“ဆံပင်အရှည်နဲ့ကောင်က အရသာရှိမယ့်ပုံပဲကွ။ အရပ်ရှည်ရှည်သွယ်သွယ်လေးကို အသားအရည်က ကောင်းတော့ ခံစားလို့ တကယ်ကောင်းတာ။ မကောင်းတာက သူကမကြာခင် အားပျက်တော့မှာပဲ။ နှစ်ရက်လောက်ပဲရှိသေးတယ်။ တစ်ပိုင်းသေသလို ဖြစ်နေပြီ။ အင်း . . .မကြာခင် သေတော့မှာပဲ”
“ရိုင်းတဲ့ကောင်လည်း မဆိုးဘူး။ မခံချင်စိတ်များပြီးတော့ အားသန်လွန်းတယ်။ သူ့ကိုရတာက အနိုင်ရလိုက်သလို ခံစားချက်မျိုးမလို့ ကောင်းတာပဲ။ ဆံပင်ရှည်နဲ့ကောင်ကတော့ မိန်းမလျာနည်းနည်းဆန်တော့ ငါ့အကြိုက်မဟုတ်ဘူးကွ”
“အေး! ငါတို့အကြိုက်ခြင်း မတူဘူး။ ငါက လှတဲ့ကောင်လေးတွေ ကြိုက်ပင်မယ့် မင်းကသန်တဲ့ကောင်တွေကို ကြိုက်တယ်။ ငါသိသားပဲ ဟား ဟား ဟား”
“အေး ငါလည်းသိတယ်။ ဆံပင်ရှည်နဲ့ကောင်က ပိန်လွန်းတော့ ပျော့လွန်းတယ်။ ဒါပင်မယ့် ဆရာက ဒီတစ်ခေါက် ကံကောင်းတယ်။ ငါတို့အတွက် မိန်းမတစ်ယောက် တကယ်ကြီးရှာလာပေးတာ။ ဒီလိုနူးညံ့တဲ့မိန်းမခန္ဓာကိုယ်ကို ငါမထိရတာ ငါးနှစ်လောက်ရှိပြီကွာ!”
လင်းချင်းသည် သူတို့စကားများကို တည်ငြိမ်စွာ နားထောင်ရင်း သူမ၏ မျက်လုံးများက အေးစက်သွားသည်။ ဒီလိုစကားမျိုးကို ကြားရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိတာ ဖြစ်သည်။ သူမသည် လက်ရှိဘဝကြီးကို သက်ပြင်းသာ ချလိုက်သည်။ အင်အားသည်သာ အခုအာဏာဖြစ်နေသည်။ အားနည်းသူများသည် နှိမ်ခံရ၍ သေသွားတက်သည်မှာ ကမ္ဘာဦးခေတ်လိုပင်။
သူမသည် ဒီဓားပြနှစ်ယောကို ထားခဲ့ကာ အထဲသို့ဝင်လာသည်။ အိမ်ယာထဲတွင် လူငါးယောက်လောက်က သန့်ရှင်းရေး အကြမ်းဖျင်းလုပ်နေသည်ကို တွေ့လိုက်ရပြီး ဓားစာခံသုံးယောက်အား ထောင့်တစ်ခုတွင် ကြိုးတုပ်၍ ပစ်ထားသည်ကို မြင်လိုက်သည်။
သုံးယောက်လုံးသည် စိတ်အခြေအနေကောင်းပုံ မရပေ။ မျက်နှာများတွင် သွေးပျက်မှုနှင့် ထုံပေနေခြင်းများ ရှိနေသည်။ ခန္ဓာကိုယ်အခြေအနေကတော့ အမျိုးသမီးသည် ယောက်ျားနှစ်ယောက်ထက် အနည်းငယ်ညင်သာစွာ ဆက်ဆံခံထားရပုံပင်။ သူမ၏ကိုယ်တွင် ဒဏ်ရာမရှီဘဲ ပါးတွင်တော့ ပါးရိုက်ခံထားရသလိုမျိုး နီရဲနေသည်သာ ရှိသည်။ အဝတ်များသည် ပြဲနေကာ ရှပ်သည်လည်းပွင့်နေ၍ ရင်သားတစ်ဝက်လောက်က ပေါ်နေသည်။ အခုအချိန်တွင် သူမသည် ထောင့်လေးတွင် ကိုယ်ကိုကွေးကာ ခေါင်းကိုငုံနေရှာသည်။
ယောက်ျားလေးနှစ်ယောက်ကတော့ သူမလောက် အခြေအနေမကောင်းပေ။ နှုတ်ခမ်းထောင့်တွင်သွေးများပေ၍ တစ်ကိုယ်လုံးဒဏ်ရာများဖြင့် ဖြစ်သည်။ မျက်နှာတွင်သွေးများပေနေရုံတင်မကပဲ သူတို့သည် အတွင်းခံကိုယ်စီဖြင့်သာ ကြမ်းပြင်ပေါ်တွင် မျက်လုံးများမှိတ်လျှက် လဲနေကြသည်။