May Honey Logo May Honey
Previous Next

၃၅၄။ ပြောင်းလဲသွားတယ်

တူယွမ်ရှင်းသည် ကောင်မလေးနှစ်ယောက်ကို မီသွားသည့်အခါ မေးသည်။   “နင်တို့တွေ ဘာကိုသွားရှာမလို့လဲ?”

လင်းဝမ်ဝမ်သည် အရှေ့ကနေ လျှောက်နေသဖြင့် သူ့မေးခွန်းကို လှည့်မဖြေပေ။ သို့သော်လည်း လုံချင်းယင်က မေးသည်။   “တူယွမ်ရှင်း လုမိန်းကလေးနဲ့ အဆက်အသွယ်ရှိတဲ့သူ ဒီစခန်းမှာ ဘယ်သူရှိလဲ နင်သိလား?”

တူယွမ်ရှင်းသည် ခနတွေဝေသွားကာ လမ်းတောင်လိုက်လျှောက်မလာဘဲ အံ့သြစွာဖြင့်   “ဪ? နင်တို့ လုမိန်းကလေးအကြောင်း လိုက်မေးမလို့လား?”

လုံချင်းယင်ကိုကြည့်ကာ
“ခုနက နင်ပြောပုံအရဆိုရင် လုမိန်းကလေးနဲ့ ငါတို့ခေါင်းဆောင်က တစ်ခုခုရှိနေလို့လား?”

လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ မသေမချာဖြင့်   “ခန့်မှန်းချေတချို့ရှိလို့။ အကုန်လုံးကို အတည်ပြုဖို့လိုမယ်”

“ဘာဖြစ်လို့ သူ့ကိုတိုက်ရိုက် မမေးတာလဲ? ဘာဖြစ်လို့ နောက်ကွယ်မှာ လိုက်စုံစမ်းနေကြတာလဲ?”   လုံချင်းယင်အား နားမလည်စွာဖြင့် မေးသည်။

“ပြောမှာမဟုတ်ဘူး။ မဟုတ်ရင် ဒီလက်ရှိသရုပ်နဲ့ ငါတို့ကို ရင်းနှီးနိုင်မှာ မဟုတ်လို့”   လင်းဝမ်ဝမ်က ခေါင်းခါကာ ပြောသည်။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် သူမကို နားမလည်စွာ ကြည့်နေကြသည်။ လင်းဝမ်ဝမ်က ဘာတွေပြောနေသလဲကို သူတို့နားကိုမလည်ကြပေ။   ‘ဘာသရုပ်လဲ? သူ့မှာတခြားသရုပ်မှန်တစ်ခု ရှိနေသေးတာလား?’

လုံချင်းယင်က ဘေးကိုရုတ်တရပ်ကြည့်ကာ ထူးဆန်းစွာဖြင့်   “အခုငါတို့နောက်ကို လိုက်နေတယ်လို့ မထင်ဘူးလား? သူကအမြဲတမ်း ပေါ်လိုက်ပျောက်လိုက်နဲ့။ ပြီးတော့လည်း အခု ငါတို့ကို သူ့အကြောင်းပြောနေတော့. . .”

လင်းဝမ်ဝမ်က တည်ငြိမ်စွာဖြင့်   “သူဒီမှာမရှိဘူး။ ငါ့အထင် စခန်းထဲက အရေးကြီးတဲ့လူတွေစုနေတဲ့ ပွဲကိုသွားကြည့်နေလောက်တယ်။ သူကဒါမျိုးတွေ လုပ်ရတာကို တကယ့်ကိုကြိုက်တာ။ ခေါင်းဆောင်ဝူအတွက်တောင် တမင်ပြဿနာရှာပေးထားသေးတာမလား?”

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် သူမကိုအံ့သြသွားကာ တသံတည်းဖြင့်   “ဘယ်လိုလုပ်သိတာလဲ?”

လင်းဝမ်ဝမ်က ပုခုံးကိုတွန့်ကာ   “မှန်းလိုက်တာ”   ဒီလိုပြောရင်း သူမသည် ဆက်လျှောက်သွားတော့သည်။

ထိုအချိန်တွင် တူယွမ်ရှင်းသည် ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘဲ ဖွင့်ထုတ်၍ပြောတော့သည်။   “ဟို. . .နင်တကယ်လို့ လုမိန်းကလေး အကြောင်းကိုသိချင်ရင် ငါအကုန်သိတယ်။ နင်ပတ်မေးနေဖို့ မလိုဘူး။ တကယ်သိချင်ရင် ငါပြောပြမယ်”

လင်းဝမ်ဝမ်က ရပ်လိုက်ကာ သူ့အား အံ့သြတကြီးလှည့်ကြည့်ပြီး မေးသည်။   “နင်သိတယ်လား? တကယ်လား?”

တူယွမ်ရှင်းသည် ခေါင်းငြိမ့်ကာ   “တကယ်က သူက အတော်နာမည်ကြီးတယ်. . .”

လင်းဝမ်ဝမ်သည် သူ့လက်ကိုအမြန်ဆွဲသွားကာ အောက်ထပ်သို့ဆင်းလိုက်သည်။ ထို့နောက် ဘေးကိုကြည့်ပြီးမှ ပြတင်းပေါက်ရှိသည့် ထောင့်နားသို့သွားသည်။   “ဘာဖြစ်လို့ အစောကြီးတည်းက မပြောတလဲ? ဘယ်သူလဲ? နင်ဘာကြားထားလဲ?”

လုံချင်းယင်သည်လည်း လင်းဝမ်ဝမ်၏ဘေးကနေ အမြန်ဆင်းလိုက်ကာ တူယွမ်ရှင်းအား သိချင်စွာဖြင့် ကြည့်နေသည်။ တူယွမ်ရှင်းသည်လည်း ဘေးကိုကြည့်ကာ ဘယ်သူမှမရှိတာ သေချာမှ    “အင်း. . .သူက လူသိများပင်မယ့် နာမည်ကတော့ မကောင်းဘူး!”

“ဘာဖြစ်လို့လဲ? အကြောင်းရှိလို့လား?”   လင်းဝမ်ဝမ်က သိချင်စွာဖြင့် မေးသည်။

“အင်း။ ငါကြားတာတော့ သူကသာမန်လူဖြစ်ခဲ့တယ်”   တူယွမ်ရှင်းက ပြောသည်။   “သူ့အလှနဲ့ကိုယ်ကိုသုံးပြီး ယောက်ျားတွေအပေါ်မှာ မှီခိုခဲ့ရတယ်။ ယုတ်မာပြီးတော့ မာနကလည်း ကြီးသေးတယ်။ မကောင်းတာတွေ တကယ့်ကို အများကြီး လုပ်ခဲ့တယ်လို့ လူတွေက ပြောကြတာပဲ။ ယန်းချောင်းရဲ့ချစ်သူဖြစ်လာတော့ စခန်းထဲမှာကို မကောင်းတာတွေ အများကြီးလုပ်တယ်။ လူအများစုကို သူမကြိုက်တာနဲ့ ယန်းချောင်းကို ဒုက္ခပေးခိုင်းတယ်။ အဲ့ဒါကြောင့် ယန်းချောင်းက သူ့ကိုစွန့်ပစ်လိုက်တာပဲ။ သူ့အတွက် မငယ်တော့လို့လည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်”

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် အံ့သြစွာဖြင့် အချင်းချင်းကြည့်မိကြသည်။ လုမိန်းကလေး ဒီလိုမိန်းမမျိုး ဖြစ်လိမ့်မည်ဟု သူတို့လုံးဝမထင်ခဲ့ပေ။ လုံချင်းယင်က နားမလည်စွာဖြင့်   “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? နင်ပြောသလိုဆိုရင် ရွံ့ဖို့ကောင်းတဲ့ မိန်းမမျိုးဖြစ်နေသင့်တာ။ ဒါပင်မယ့် လုမိန်းကလေးက တကယ့်ကိုကောင်းတဲ့သူလို့ ငါထင်တယ်။ နင်ပြောသလိုမျိုး နည်းနည်းလေးမှတောင် တူမနေပါဘူး!”

တူယွမ်ရှင်းသည် ခေါင်းငြိမ့်ကာ သဘောတူသည်။   “ဟုတ်တယ်။ ဒုခေါင်းဆောင်နဲ့ငါလည်း သိသိချင်းတုန်းက အရမ်းအံ့သြသွားတာ။ မယုံနိုင်ခဲ့ဘူး။ ငါတို့က သူမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ အကြောင်းကို ကြားနေရတယ်တောင် ထင်ခဲ့တာ!”

အတွေးထဲကို လင်းဝမ်ဝမ်က နစ်ဝင်သွားသည်။ ခနနေမှ သူမက   “ဒါဆိုရင် အရင်ကနဲ့ လုံးဝကို ကွဲပြားသွားတာမလား?”

တူယွမ်ရှင်းက ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ သူက လုံးဝကို မတူတဲ့သူဖြစ်သွားတာ။ ငါကြားတာတော့ သူသေရတာက. . .အဟမ်း! ခေါင်းဆောင်ဝူကို မျက်စိကျခဲ့လို့တဲ့။ ယန်းချောင်းက မင်းသမီးလေးကို ပြန်ပေးဆွဲဖို့ မြှောက်ပေးတာနဲ့ တကယ်လုပ်ဖြစ်သွားတယ်”

ထိုအခါ လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့၏ မျက်နှာသည် ထူးဆန်းသွားတော့သည်။ လုံချင်းယင်က   “ဒါက တကယ့်ကို သေကြောင်းသွားကြံသလိုပဲ မင်းသမီးလေးကို ပြန်ပေးဆွဲဖို့ နယ်မြေကို သုံးသွားတာလား?”

တူယွမ်ရှင်းက ခေါင်းခါကာ    “မဟုတ်ဘူး။ အရင်က သူကသာမန်လူပဲ။ ဘာအစွမ်းမှမရှိဘူး။ နယ်မြေရှိလို့ကတော့ အသက်ရှင်ဖို့ သူ့မျက်နှာနဲ့ကိုယ်ကို ဘယ်ရောင်းစားတော့မှာလဲ?”

လုံချင်းယင်က ခေါင်းငြိမ့်ကာ   “နင်ပြောတာ ဟုတ်တယ်”

တူယွမ်ရှင်းက ဆက်ပြောသည်။   “သူနောက်ဘာလုပ်လဲဆိုတာကို နင်တို့တွေးမိမှာတောင် မဟုတ်ဘူး။ ငါကြားတာတော့ သူက. . .အဟမ်း!. . . ခေါင်းဆောင်ဝူကို မုဒိန်းကျင့်ခဲ့တယ်! နောက်တော့ ခေါင်းဆောင်ဝူက သူ့ကိုအပြင်မှာသတ်ခဲ့လို့ ဇွန်ဘီဖြစ်လာတယ် ထင်တယ်”   သူသည် အသံကိုနှိမ့်လိုက်ကာ ပတ်ဝန်းကျင်ကိုကြည့်ရင်း ထူးဆန်းစွာဖြင့် ပြောသည်။

“ခနလေး. . .ခနလေး! နင်ဘာပြောလိုက်တာ?”   လင်းဝမ်ဝမ်သည် သူ့အားနားမလည်နိုင်စွာဖြင့်   “ဘာ? ဝူချန်းယွဲ့ကို မုဒိန်းကျင့်တယ်လို့ ပြောတာလား?”

လုံချင်းယင်သည်လည်း မျက်လုံးအပြူးသားဖြင့် တူယွမ်ရှင်းကို ကြည့်နေသည်။

တူယွမ်ရှင်းသည် သူ့နှုတ်ခမ်းကို လက်ညိုးဖြင့်အမြန်ပိတ်ပြကာ   “ရှုး! အကျယ်ကြီး မပြောနဲ့! တကယ်တော့ ဒီကလူအများစုက သိကြပါတယ်။ ဒါပင်မယ့် ခေါင်းဆောင်ဝူ သိက္ခာကျမှာစိုးလို့ ဘယ်သူကမှ ထုတ်မပြောကြရုံပဲရှိတာ”

လင်းဝမ်ဝမ်သည် စိတ်ရှုပ်ထွေးသွားကာ   “ပြောရရင် သူ့ကိုယ်သူ သေကြောင်းကြံလိုက်သလိုပဲမလား? ခေါင်းဆောင်ဝူက တကယ်သတ်လိုက်တာလား? သူ့လိုလူမျိုးကလေ? မုဒိန်းကျင့်သွားတယ်ဆိုရင်တောင်မှ သတ်ရတဲ့အထိတော့ မမုန်းလောက်ဘူးမလား?”

“ဒါနဲ့ပတ်သက်ပြီး တခြားအတွင်းသတင်းရှိပုံရတယ်”   တူယွမ်ရှင်းက ပြောသည်။   “ခေါင်းဆောင်ဝူကို သွားစွသလို ဖြစ်မှာစိုးလို့ ငါတို့သေချာမစုံစမ်းလိုက်ဘူး။ အခုတော့ မင်းသမီးလေးက အိမ်မှာလုံလုံခြုံခြုံရှိနေတာ နင်တို့လည်း မြင်သားပဲ။ အဲ့ဒါကြောင့် ငါ့အထင် လုမိန်းကလေးကို တကယ်မသတ်ခဲ့လောက်ပါဘူး”

“ငါတော့မသေချာဘူး”   လုံချင်းယင်က အမှုအယာမဲ့စွာဖြင့် ပြောသည်။   “မုဒိန်းမှုကျူးလွန်တဲ့သူတွေက ယောက်ျားရော မိန်းမရော ဖြစ်နိုင်တာပဲ။ မိန်းမဖြစ်နေရုံနဲ့ ဒါမျိုးလုပ်တာကို ခွင့်လွှတ်ပေးရမယ်လို့မှ မဟုတ်တာ။ သူ့ကိုမုဒိန်းကို မကျင့်ခဲ့သင့်တာ”

“ဟား. . .ဘာဖြစ်လို့ နင်ပြောတာကို ကြားရတာ ငါရယ်ချင်လာရတာလဲ?”   တူယွမ်ရှင်းက သူမအား ရယ်ရင်း ပြောသည်။

လင်းဝမ်ဝမ်ကတော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့်   “ချင်းယင်ပြောတာက အမှန်ပဲ”

ထို့နောက် လုံချင်းယင်က ထပ်ဖြည့်ပြောသည်။   “ဪ နင်ပြောပုံအရဆိုရင် သူနဲ့ ဝူချန်းယွဲ့တို့က ရန်သူတွေမလား? ဒါပင်မယ့် ဘာဖြစ်လို့ သူတို့ကြားထဲမှာ ဘာမှဖြစ်ပုံမရတာလဲ?”   ‘သူ့သမီးကို ပြန်ပေးဆွဲသွားပြီး မုဒိန်းကျင့်ခဲ့တဲ့ မိန်းမဆိုရင် ဘယ်လိုလုပ် သူ့အပေါင်းအသင်းတွေနဲ့ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းနေနိုင်တာလဲ?’

တူယွမ်ရှင်းက သူမ၏အမေးကို ဖြေသည်။   “အခုအရမ်းကို ပြောင်းလဲသွားလို့ ဖြစ်မယ်ထင်တယ်။ ဝူချန်းယွဲ့က သူ့ကိုမမှတ်မိလောက်ဘူး။ ငါကြားတာတော့ စခန်းထဲမှာ မီနီစကပ်လေးပဲဝတ်ပြီး အမြဲတမ်း မိတ်ကပ်အထူကြီးနဲ့ကို နေတာတဲ့။ လှလှပပလေးကို နေရတာကြိုက်တဲ့ မိန်းကလေးမျိုး။ အခုသူ့ပုံနဲ့ယှဉ်လိုက်ရင်. . .အင်း တခြားတစ်ယောက် ဖြစ်သွားသလိုပဲ။ အဲ့ဒါကြောင့်လည်း တခြားသူတွေက မမှတ်မိကြတာ ထင်တယ်”
Previous Chapter 354 of 410 Next