May Honey Logo May Honey
Previous Next

၂၅၈။ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေက နေရောင်ကို ကြောက်တယ်

သူ့စကားကြားသည့်အခါ လင်းဖန်သည် ဘာဖြစ်မှန်းကို ခန့်မှန်းမိသည်။ ဇွန်ဘီအမျိုးသမီးအတွက် လူများကိုခိုးနေခြင်းသည် ဒါကပထမဆုံးမှ မဟုတ်တာ။ ဒီဇွန်ဘီအမျိုးသည်လည်း လူခိုးရာတွင် တကယ့်ကို ကျွမ်းကျင်ကြောင်းကိုတော့ သူလုံးဝကို လက်ခံနိုင်သည်။

“ဟုတ်တယ် သူတို့ဒီကိုရောက်စတုန်းက ကြိုးတုပ်ခံထားရတာ”   အမျိုးသမီးက   “ငါတို့က ဘာဖြစ်မှန်းကို မသိခဲ့ဘူး”

“လုမိန်းမကလေးက တကယ့်ဇွန်ဘီလား?”   လီကျန်းက မေးသည်။   “ဘာဖြစ်လို့ ကျွန်တော်တို့ကို ကယ်ပေးတာလဲ? ကျွန်တော်တို့နဲ့မှ မသိတာ။ ယန်ကျင်းဟွာဆီမှာ ကျွန်တော်တို့ ဖမ်းခံထားရတာကို ကပ္ပတိန်ကြီးတို့လည်း မသိဘူးမလား?”

“ဟုတ်တယ် ငါလည်း ဒါကိုသိချင်နေတာ”   အမျိုးသမီးလင်းက ပြောသည်။

လင်းဖန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ   “ဟင် သူဘယ်ရောက်သွားလဲ? ငါတို့ကို ဒီကိုပို့ပြီးတော့ သူကဘယ်ထွက်တာလဲ?”

လင်းချင်းသည် သူမကို သူတို့ရှာနေသည်ကို သိသောကြောင့် နယ်မြေလေးထဲကနေ ထွက်လာသည်။   “ရှာနေတာလား?”

လူစုသည် လှည့်ကြည့်သည့်အခါ ကတုံးမတစ်ယောက်က နေကာမျက်မှန်တပ်ထားသည်ကို တွေ့ရသည်။ ရင်သားကြီးကြီးများသာ မရှိလျှင် သူက ယောက်ျားမိန်းမ သူတို့မခွဲနိုင်ပေ။ လင်းဖန်သည် သူမထွက်လာရာကို ကြည့်လိုက်သည့်အခါ နယ်မြေလေး၏ အပေါက်ဝကို မြင်လိုက်သဖြင့် ထိုနေရာကို စိတ်ဝင်စားသွားသည်။   “ဟင်? နင့်မှာ နောက်ထပ် နယ်မြေတစ်ခု ထပ်ရှိသေးတာမလား?”

လင်းချင်းက ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ ဘာဖြစ်လို့လဲ?”

လင်းဖန်သည် နယ်မြေတစ်ခုတွင် နောက်နယ်မြေတစ်ခုက ထပ်ဆင့်ရှိနေကြောင်းကို တစ်ခါမှ မကြားဖူးပေ။ 

လင်းဖန်သည် ခေါင်းခါလိုက်ကာ လင်းချင်းအား   “ဘာမှမဟုတ်ပါဘူး။ ငါတို့က နင်ဘာဖြစ်လို့ လီကျန်းတို့ကို မြင်တာနဲ့ ကယ်ဖို့ဆုံးဖြတ်လိုက်တာလဲ သိချင်နေကြတာ။ သူတို့ကို နင်သိလား?”

လင်းချင်းက ခေါင်းခါကာ   “မသိပါဘူး။ ယန်ကျင်းဟွာရဲ့ရန်သူတွေက ငါတို့မိတ်ဆွေလို့ တွေးတယ်။ အဲ့ဒါနဲ့ ယန်ကျင်းဟွာကို တမင်ဒုက္ခပေးချင်လို့ကို ကယ်လာလိုက်တာ။ အချင်းချင်းသိနေမယ်ဆိုတာကို မသိခဲ့ဘူး”

ထို့နောက် လင်းဖန်သည် လီကျန်းကို လှည့်ပြောသည်။   “ထန်ရှင်းတို့က ပင်လယ်မြို့တော်စခန်းကို သွားတာသိလား? သူတို့က မင်းတို့ကို သွားရှာရင်းနဲ့ ကူညီနိုင်မယ့်သူတစ်ချို့ပါ သွားခေါ်နေတာ။ ဒါပင်မယ့်လည်း မင်းတို့က ယန်ကျင်းဟွာဆီမှာ အဖမ်းခံလိုက်ရတာပဲ”

“ပင်လယ်မြို့တော်စခန်းကနေ ထွက်လာတာ လဝက်လောက်ရှိပြီ”   လီကျန်းက ပြောသည်။   “ဟိုဆန်ကုန်မြေလေး ယန်ကျင်းဟွာနဲ့ မတွေ့ရင်တောင်မှ ဒုခေါင်းဆောင်က ကျွန်တော်တို့ကို မတွေ့လောက်ဘူး”

လင်းဖန်က ခေါင်းငြိမ့်က   “ဒါလည်း ဟုတ်တာပဲ။ ဒါပင်မယ့် ဘာဖြစ်လို့ မင်းတို့က စခန်းထဲမှာ ရှိမနေတာလဲ? အပြင်ထွက်ပြီး ဘာလုပ်နေကြတာလဲ?”

“သူတို့အစားဖြေပေးမယ်”   အမျိုးသမီးလင်းက ပြောသည်။   “ငါတို့ကို ထွက်ရှာပေးနေတာတဲ့။ ငါတို့သွားတဲ့လမ်းကြောင်းကို သူတို့မသိတော့ ဒီနားမှာ ပတ်ရှာနေတာ။ လဝက်လောက်ရှိနေပင်မယ့် ငါတို့နဲ့မတွေ့ဘဲ ယန်ကျင်းဟွာတို့စစ်တပ်နဲ့ တိုးသွားတာ”

လင်းဖန်က သက်ပြင်းချကာ   “ဒါဆိုလည်း ထန်ရှင်းတို့ ပြန်လာတာကို စောင့်ရတာပေါ့။ အခုမင်းတို့အဖွဲ့ထဲမှာ လူဘယ်နှစ်ယောက် ကျန်သေးလဲ?”

လီကျန်းသည် ခေါင်းငိုက်ကျသွားကာ သက်ပြင်းချကာ စိတ်ပျက်စွာဖြင့်   “ကျွန်တော်တို့ လေးယောက်လွဲရင် လင်းယုပဲ အသက်ရှင်ကျန်ခဲ့တော့တယ်။ သူပင်လယ်မြို့တော်စခန်းကို အရောက်ပြန်နိုင်ပါ့မလား? တစ်နေရာရာမှာ ရှင်ကျန်နေမလားတော့ ကျွန်တော်တို့လည်း မသိဘူး။ ယန်ကျင်းဟွာက ကျွန်တော်တို့ကို တွေ့တုန်းကတော့ ကျွန်တော်တို့နဲ့အတူ သူမရှိဘူး။ တစ်နေရာရာမှာ ပုန်းနေခဲ့တော့ ယန်ကျင်းဟွာက မမြင်လိုက်တာပဲ ဖြစ်လောက်မယ်”

“လင်းယုမှာ အစွမ်းမရှိဘူးမလား?”   လင်းဖန်သည် ခနတွေးကာ မသေမချာဖြင့် ပြောသည်။   “မင်းတို့အဖွဲ့ထဲမှာ အစွမ်းမရှိတာက သူတစ်ယောက်တည်းဆိုတာ ငါမှတ်မိတယ်။ လူနှစ်ဆယ်ကျော်ရှိတာမျာ အခုမင်းတို့ပဲ ကျန်ခဲ့တာပေါ့”

“အင်း သူဟုတ်တယ်”   လီကျန်းက ပြောသည်။   “အကုန်လုံးက သေကုန်ပြီ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပင်မယ့် လမ်းမှာဇွန်ဘီတွေ အများကြီးပဲ။ ဇွန်ဘီခေါင်းဆောင်တစ်ကောင်နဲ့ တွေ့ခဲ့သေးတော့ တခြားသူတွေက ကျွန်တော်တို့လွတ်ဖို့အတွက် အသက်ပေးသွားခဲ့ရတယ်”   လီကျန်း၏အသံသည် တိုးသထက်တိုးလာကာ မျက်ခွံများက ဖြည်းဖြည်းချင်းမှိတ်ကျသွားသည်။

ဖန်ယုမင်းတို့သည်လည်း ဝမ်းနည်းနေကြသည့်ရုပ်များဖြင့် ဖြစ်သည်။ အခြေအနေက အလွန်ဝမ်းနည်းဖို့ ကောင်းလာသဖြင့် လင်းဖန်သည် သူတို့အား မျက်လုံးချင်းဆုံကြည့်၍ ခေါင်းဆောင်အမြန်ပြောင်းပေးလိုက်ရသည်။   “အာ လုမိန်းကလေးနဲ့ မိတ်ဆက်ပေးဖို့ မေ့တောင်နေတယ်။ သူကဘာလဲဆိုတာ သိပြီးသားမလား?”

လီကျန်းက သူတို့ကို ဘေးကနေ ကြည့်နေသည့် လင်းချင်းကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငြိမ့်ကာ   “ဇွန်ဘီဆိုတာသိပင်မယ့် မယုံနိုင်သေးဘူး!”

လင်းချင်းသည် အစွယ်များကို ဖြဲပြလိုက်ကာ   “ငါနင့်ကို ကိုက်ပြပေးဖို့ လိုသေးလား?”

သူမ၏သွားစွယ်များကို ကြည့်ရင်း လီကျန်းသည် သူမအား   “လမ်းလျှောက်နေတဲ့ အလောင်းကောင် မဟုတ်ဘူးလား?”

“ဇွန်ဘီနဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်က ဘာကွာလို့လဲ?”   ဖန်းမင်းက မေးသည့်အခါ သူ့ကိုလူတိုင်းက လှည့်ကြည့်ကြသည်။

“ကွာတာပေါ့ကွ!”   တစ်ယောက်က ဖြေသည်။

“ဘယ်လိုကွာတာ?”   ဖန်းယုမင်းသည် နားမလည်ဖြစ်နေသည်။

“လမ်းလျှောက်နေတဲ့ အလောင်းကောင်က. . .အာ အလောင်းကြီးက လမ်းလျှောက်နေတာလေ”   သူတို့လူစုသည် ဘာကကွာသလဲကို သေချာပြောပြရန် ခက်ခဲသည်။ 

လမ်းလျှောက်နေသည့် အလောင်းကောင်များသည် ပုပ်သိုးစေသည့်အဆိပ်ကို သယ်ဆောင်ထားသဖြင့် အကိုက်ခံရသည့်သူသည် သူတို့လို ဖြစ်သွားသည်။ တစ်ဖက်တွင် ဇွန်ဘီများသည် ပိုးရှိနေသဖြင့် အကိုက်ခံရသည့်သူသည် ဇွန်ဘီဖြစ်သည်။ ထို့ကြောင့် အတော်တူညီနေသလို ဖြစ်သည်။

“တုံးလိုက်တာ! လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေက နေကိုကြောက်တယ်။ ဇွန်ဘီတွေက ကြောက်ဖို့မလိုဘူး။ ဇွန်ဘီတွေက လူသားကိုအရိုးအထိ စားပစ်ပင်မယ့် အလောင်းကောင်တွေက ဒီလိုလုပ်တာ ကြားဖူးလို့လား? ပြီးတော့ ငါပြောချင်တာက နင်တို့က ငကြောင်တွေလား? လမ်းလျှောက်တဲ့အလောင်းကောင်က တကယ်ရှိတာမလို့လား? နင်တို့မြင်ရောမြင်ဖူးလို့လား?”
လင်းချင်းသည် ဝင်ပြောရတော့သည်။

အခြားသူများသည် ဘယ်လိုပြန်ပြောရမလဲကို မစဉ်းစားတက်တော့ပေ။

လင်းချင်းက သူတို့အား တုံးသည့်ငကြောင်များဟု ပြောနေကို ကြည့်ရင်း ဖန်းယုမင်းသည် သူ့ဘေးက လဲ့ယောင်ကို တံတောင်ဖြင့်တွတ်ကာ  အသံတိုးတိုးဖြင့်   “ဟေ့ကောင်! သူ့လေသံက ငါတို့ခေါင်းဆောင်ကြီးနဲ့ တူနေတယ်လို့ ဘာဖြစ်လို့ ငါထင်နေရတာလဲ? ခေါင်းဆောင်ကြီးသာ ဒီမှာရှိရင်လည်း ငါတို့ကို ဒီလိုပြောမှာပဲ”

လဲ့ယောင်သည် သူ့ကိုတစ်ချက်ကြည့်၍ လင်းချင်းကို ကြည့်ကာ မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ဘာမှမပြောပေ။

လင်းချင်းသည် ဒီလူစုကိုကြည့်ကာ ဆက်ပြောသည်။   “နင်တို့တွေက ဒီအကြောင်းကို စိတ်ဝင်စားနေနိုင်သေးတယ်။ ယန်ကျင်းဟွာက အခုဘာလုပ်မလဲကို နင်တို့မသိချင်ကြဘူးလား?”

ထိုစကားကြားမှ သူတို့သည် လင်းချင်းကိုဝိုင်းကြည့်လာကြကာ လင်းဖန်က   “သေချာပေါက်ကို သိချင်တာပေါ့!  လီကျန်းတို့ကို ခေါ်လာတုန်းက သူဘယ်လိုနေလဲ?”

“အစောင့်၇ယောက်၈ယောက်လောက်ကို ရေခဲရုပ်ပြောင်းပြီးတော့ ခွဲပစ်လိုက်တယ်”   လင်းချင်းက ပြန်ပြောပြသည်။

“ဘာ?”   အမျိုးသမီးလင်းသည် မျက်လုံးပြုတ်ကျမတက် ပြူးကျယ်သွားကာ   “သူက ဒီလိုသတ်ပစ်တာလား? ဒါသူ့လူတွေလေ ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ?”

ချန်းဝမ်ရှုက ဝင်ပြောသည်။   “အမေ သူကဟန်ဆောင်ကောင်းလွန်းတာ။ ဘယ်တုန်းကမှ လူကောင်းဖြစ်မနေဘူး!”

“ဒီညငါတို့ကို သူတိုက်ဖို့ စီစဉ်ထားတယ်”   လင်းချင်းက ပြောသည်။   “ဒီလူတွေနဲ့ နင်တို့ကို ခြိမ်းခြောက်ဖို့ပဲ။ ဒါပင်မယ့် ငါကကယ်လိုက်တော့ သူ့အစီအစဉ်ပျက်ပြီ”   လင်းချင်းသည် လီကျန်းတို့ကို တစ်ချက်ကြည့်ကာ ပြောသည်။

“ရွံ့ဖို့ကောင်းလိုက်တာ!!!”   အမျိုးသမီးလင်းက အေးစက်သည့် မျက်နှာထားဖြင့် ပြောသည်။

ချန်းဝမ်ရှုသည် သက်ပြင်းချကာ   “ဟုတ်တယ်။ အဲ့ဒီလိုကောင်မျိုးက တကယ်တန်းဘယ်လိုလဲဆိုတာ အမေသိပြီးပဲ။ ဒီလိုကောင်ကို တစ်ယောက်ယောက်က အပြစ်ပေးသင့်တယ်!”

“ချူးလီလီက နင်တို့ကို ဟိုတယ်မှာ သူ့အစာလို သိမ်းထားတယ်လို့ သူထင်နေတာ။ ပြီးတော့ ယွမ်ထန်ရှင်းတို့ကိုလည်း အစားခံလိုက်ရပြီလို့တောင် ထင်နေသေးတယ်”   လင်းချင်းက ပြောသည်။

လင်းဖန်တို့သည် သူမဆီက ဒီလိုကြားသည့်အခါ အံ့သြသွား၍ လီကျန်းတို့သည် နားမလည်နိုင် ဖြစ်သွားသည်။    ‘လီလီက ဘယ်သူလဲ? လီလီက လူသားစားတာလား? ဇွန်ဘီပဲလား?’

သူတို့နားမလည်မှုကို မြင်သည့်အခါ တစ်ချိန်လုံးတိတ်နေခဲ့သည့် လင်းဟောင်သည် စပြောသည်။   “ထင်သလိုပဲ။ လီလီက ဇွန်ဘီဟုတ်တယ်။ ပြီးတော့ ဇွန်ဘီဘုရင်မဆိုတော့ လူတွေကို စားရတယ်”

အခြားသူများသည် ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။
Previous Chapter 258 of 410 Next