သိပ်မကြာခင်တွင် ဂိတ်စောင့်သည် ဝူချန်းယွဲ့အား ဆရာဝန်လျန်ရောက်နေပြီ ဖြစ်ကြောင်း သတင်းလာပို့သည်။ ဝူချန်းယွဲ့သည် အိပ်ခန်းထဲမှ အမြန်ထွက်သွားသည့်အခါ ဆေးအိတ်များကိုင်လာကာ ဂိတ်မှဝင်လာသည့် လူနှစ်ယောက်ကို တွေ့ရသည်။
“ဒေါက်တာလျန်!” ဝူချန်းယွဲ့သည် လှေကားမှဆင်းလာရင်း နှုတ်ဆက်လိုက်သည်။
“ခေါင်းဆောင် ဘာကုသဖို့များ လိုလို့လဲ?” လျန်တရှုသည် အခုတော့ ဓာတ်ခွဲခန်းထဲကထက် ပိုသေသပ်နေသည်။ သို့သော်လည်း ကုတ်အဖြူဝတ်လာသည့်တိုင်အောင် ဆံပင်ကို ဖြစ်သလိုစီးလာသဖြင့် ရှုပ်ပွနေသည့်ပုံပေါက်နေသေးသည်။
“ဒေါက်တာလျန်နဲ့ မိုလီမိန်းကလေး လျန်လျန်အခန်းထဲကို လာခဲ့ကြပါ” ဝူချန်းယွဲ့က သူတို့ကိုပြောသည်။
“မင်းသမီးလေး ဘာဖြစ်လို့လဲ?” ဆရာဝန်လျန်နှင့် သူ့လက်ထောက်မိုလီတို့သည် ဝူချန်းယွဲ့အား အံ့သြစွာကြည့်ကြသည်။
“လျန်လျန်ရဲ့အစွမ်းတွေ နိုးလာပြီ!” ဝူချန်းယွဲ့သည် စိတ်ညစ်စွာဖြင့် ဖြေသည်။
“ဘာ !!! ငါတို့သွားကြည့်ရအောင်” ဆရာဝန်နှင့် လက်ထောက်သည် သူ့စကားကြားသည်နှင့် ချက်ချင်းဆိုသလို အပေါ်ထပ်သို့ ပြေးတက်သွားကြသည်။
အိပ်ခန်းထဲတွင် လျန်လျန်၏ အပူချိန်ကို အရင်စစ်ကြည့်ပြီး သူမ၏သူငယ်အိမ်နှင့် လျှာတို့ကိုပါ စစ်ကြည့်သည်။ ထို့နောက် နဖူးကို လက်တင်စမ်းကြည့်သည်။ ပုံမှန်ဆိုလျှင် လျန်လျန်သည် သူစိမ်းဖြစ်လျှင် အထိခံဖို့မပြောနှင့် သူမကို မမြင်ရအောင်ကို ပုန်းနေတက်သည့် ကလေးမျိုး ဖြစ်သည်။ ဒီနေ့မှာတော့ အခန်းထဲကလူများကို နားမလည်စွာဖြင့် ငြိမ်ငြိမ်လေးလှဲနေလျှက် ကြည့်နေသည်။ မျက်လုံးများသည် အခြားသူများထက် သူ့အဖေ ဝူချန်းယွဲ့ကိုသာ ကြည့်နေသည်များသော်လည်း လျန်တရှုလုပ်နေသည်များကို သူမသည် တုံ့ပြန်ခြင်း သိပ်မရှိပေ။
လျန်တရှုသည် လျန်လျန်၏ ကိုယ်အပူချိန်ကြောင့် အရမ်းလန့်သွားသည်။ လက်ကိုမဖယ်သေးဘဲ ကလေးမလေး၏ နဖူးကို ဆက်ဖိထားလေရာ သူ့လက်ဝါးကို ပြန်ကန်နေသည့် ထူးဆန်းသည့် စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
၁၅မိနစ်လောက် ကြာသည့်အခါ လျန်တရှု၏ မျက်နှာသည် ပို၍ပျက်ယွင်းလာတော့သည်။ သူ့မျက်နှာထားကြောင့် အခြားသူများသည် ဘာဖြစ်သလဲကို သိကုန်ကြသည်။
ဝူချန်းယွဲ့သည် ခြေထောက်များ အားပျော့သွားကာ နောက်သို့တစ်လှမ်းဆုတ်၍ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရသည်။ မျက်နှာကိုလက်ဖြင့်အုပ်၍ ခေါင်းငိုက်စိုက်လျှက် ထိုင်နေသည်။ ဒီ၂လအတွင်း လျန်လျန်မှာ ဘာဖြစ်လို့ ဒီလိုဆိုးဝါးမျုမျိုးစုံကို ခံနေရသလဲဆိုသည်ကို သူမသိတော့ပေ။
လုထန်ယုဆိုသည့်မိန်းမက ပြန်ပေးဆွဲကာ ဖွက်ထားသဖြင့် သူကြိုးစား ရှာလိုက်ရသည်။ ရက်အနည်းငယ်ကြာတော့ ဇွန်ဘီဘုရင်မက ထပ်ဖမ်းသွားကာ အစားခံရတော့မလို ဖြစ်ပြန်သည်။ ထိခိုက်မှုမရှိဘဲ ပြန်လာရတော့ ရုတ်တရပ်ကြီး စွမ်းအားများက နိုးလာတော့မလို ဖြစ်ပြန်သည်။ သူမသာ အရွယ်ရောက်နေပါက ဝူချန်းယွဲ့သည် အစွမ်းနိုးသည်ကို စိတ်ပူမှာမဟုတ်သော်လည်း အခုတော့ ငါးနှစ်သမီးလေးသာ ရှိသေးသည်။
၁၀မိနစ်ကြာသည့်နောက် လျန်တရှုသည် လက်ကိုရုတ်လိုက်ကာ ရှောင်ယွင့်လုံနှင့် မိုလီတို့အား စိတ်ဆင်းရဲစွာဖြင့် “ငါမကူညီနိုင်ဘူး။ သူ့ကိုယ်ထဲက အစွမ်းတွေကို ငါ့အစွမ်းနဲ့ ဘာမှလုပ်မပေးနိုင်ဘူး” ထို့နောက် ဝူချန်းယွဲ့ကိုကြည့်ကာ “ထူးဆန်းတာက နိုးနေသေးတာပဲ။ ဒီလောက်အပူကြီးနေတာ ပုံမှန်ဆိုရင် မေ့မျောနေပြီ။ ဘာဖြစ်လို့ နိုးနေသေးတာလဲ? လုံးဝနိုးကြားနေတာတော့ မဟုတ်တော့ ကိုမာမဖြစ်တဖြစ် အခြေအနေမျိုးပဲ ပြောရမှာပဲ”
ပြောနေရင်း လျန်လျန်၏ မျက်လုံးများကို သေချာငုံ့ကြည့်နေသဖြင့် ဝူချန်းယွဲ့သည် ခေါင်းမော့ကြည့်ကာ နီရဲနေသည့်မျက်လုံများဖြင့် “ဒေါက်တာလျန် ဘာကိုပြောချင်တာလဲ?”
လျန်တရှုသည် လက်ပိုက်၍ ကိုယ်ကိုမတ်ကာ ခနတွေးပြီးနောက် “လျန်လျန်ရဲ့ အစွမ်းတွေ နိုးလာတာက တစ်ခုခုကြောင့် ရပ်သွားတယ်လို့ ငါခံစားမိတယ်။ ရပ်တဲ့ခလုတ်ကို တစ်ယောက်ယောက် နှိပ်လိုက်သလိုမျိုးပဲ။ တစ်ခုခုကြောင့် သူ့ကိုယ်ထဲက စွမ်းအားတွေကို ယာယီပိတ်မိနေတော့ နောက်ဆုတ်မရ ပေါက်ကွဲလည်း ထွက်မလာတော့ဘူး။ အလွယ်ပြောရရင် သူ့စွမ်းအားနိုးနေတာက ယာယီရပ်သွားတယ်”
သူ့စကားများကြားသည့်အခါ ကျန်သည့်သုံးယောက်သည့် မယုံနိုင်စွာ မျက်လုံးများ ပြူးကုန်ကြသည်။
“ဒါတကယ်လား ဒေါက်တာ!” ဝူချန်းယွဲ့က မေးသည်။
လျန်တရှုသည် ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ ဒီလိုတန့်နေတာက ဘယ်လောက်ကြာမလဲ ငါမသိပင်မယ့် အခုရပ်နေတာတော့ သေချာတယ်။ ပုံမှန်ဆိုရင် ဒါမျိုးက မဖြစ်ပါဘူး။ ဒီကလေးမှ ဘာဖြစ်လို့ ထူးဆန်းနေတာလဲ? ဒါမှမဟုတ် ထူးဆန်းတာတစ်ခုခု ကြုံထားရလို့လား?”
ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အချင်းချင်းကြည့်ကာ ဝူချန်းယွဲ့သည် “လျန်လျန်က ရေတစ်မျိုးသောက်လိုက်တယ်!”
ဒီလိုပြောသည့်အခါ လျန်တရှုသည် သူ့ကိုလှည့်ကြည့်ကာ မေးသည်။ “ဘာရေလဲ? ဘယ်ကနေ သောက်လိုက်တာလဲ? ဘယ်ကရေလဲ? စိတ်မချရတဲ့ရေကို ဘာဖြစ်လို့ သောက်ခွင့်ပေးတာလဲ? မကောင်းတဲ့သက်ရောက်မှုရှိနေရင် ဘယ်လိုလုပ်မလဲ?”
“ရေတိုက်တဲ့သူက ကလေးအတွက် ကောင်းတယ်ပြောတယ်!” ဝူချန်းယွဲ့က ဖြေသည်။ “လျန်လျန်ကို နာကျင်အောင်လုပ်မယ့် ရည်ရွယ်ချက်မရှိဘူး။ ပြီးတော့လည်း ငါအရင်တစ်ငုံသောက်ကြည့်ပြီးမှ ငါဘာမှမဖြစ်ဘူးထင်လို့ တိုက်လိုက်တာပါ”
ရှောင်ယွင့်လုံသည် လက်မြှောက်ကာ “ခနလေး! အခုလျန်လျန်အခြေအနေက ကောင်းတာလား? ဆိုးတာလား?ဒေါက်တာပြောတာကို သိပ်နားမလည်လို့။ အခုအန္တရာယ်မရှိတော့ဘူးမလား?”
“စွမ်းအားနိုးတာက မသိတဲ့အကြောင်ကြောင့် ရပ်တယ်လို့ ငါပြောတယ်မလား? အခုတော့ အဆင်ပြေပင်မယ့် ဘယ်လောက်ကြာကြာခံမလဲ ငါမသိဘူး။ ဒါကိုမဖြတ်နိုင်ရင် ငါတို့လေ့လာမှုအောက်မှာပဲ ထားရတော့မှာပဲ။ အခုပြောတာကိုရော နားလည်လား?” ဆရာဝန်က မေးသည်။
ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ကာ “သိပြီ။ ဒါဆိုရင် ယွမ်ထန်ရှင်းရဲ့ရေက အသုံးဝင်တာပေါ့။ ငါတို့သူ့ဆီက လျန်လျန်အတွက် ရေပိုရနိုင်ရင် အခြေအနေ ပိုကောင်းလာနိုင်မလား?” ပြောရင်းဖြင့် အပြင်သို့ထွက်သွားကာ “သူတို့ကို ငါသွားရှာလိုက်ဦးမယ်!”
ဝူချန်းယွဲ့သည် သူ့ကိုတစ်ချက်ကြည့်ကာ တားမနေဘဲ လျန်လျန်ကို လှည့်ကြည့်သည်။ ယွမ်ထန်ရှင်း၏ရေကြောင့် ဟုတ်မဟုတ်မသေချာသော်လည်း ဝူချန်းယွဲ့သည် အကူအညီတောင်းရမည့်အပြင် တခြားရွေးစရာလည်း မရှိပေ။
“ခနလေး! ငါလည်းလိုက်မယ်!” လျန်တရှုသည် အကျယ်ကြီးလှမ်းအော်ကာ ရှောင်ယွင့်လုံနောက်သို့ ပြေးလိုက်သွားသည်။
မျက်နှာထားတည်လွန်းသည့် မိုလီသည် အခန်းထဲတွင် ဝူချန်းယွဲ့ဖြင့် ကျန်ခဲ့ကာ လျန်လျန်ကို ကြည့်နေသည်။ ကုတင်နားသို့လာကာ လျန်လျန်နဖူးကို စမ်းကြည့်ပြီး မျက်မှောင်ကျုံ့ကာ “အပူချိန်က မတရားမြင့်နေတယ်။ ဒါပင်မယ့် ကိုမာလုံးဝဖြစ်မနေသေးတာ တကယ်အံ့သြစရာပဲ”
ဝူယွဲ့လင်း၏အဝတ်များကို သူ့အဖေက ချွတ်ပေးထားသဖြင့် စောင်ဖြင့်ခြုံပေးထားကာ လက်၊ ခြေနှင့် မျက်နှာလေးသာ ပေါ်နေသည်။ မိုလီသည် လက်ကိုရုတ်လိုက်ကာ “လျန်လျန်ရဲ့စိတ်အခြေအနေက တည်ငြိမ်နေတာ ဘာမှမဖြစ်သလိုပဲ။ အခုအထိ ဘာစိတ်ထိခိုက်တာမှ မရှိသေးဘူး။ တကယ်ကောင်းလိုက်တာ ဘာရေမလို့ပါလိမ့်?” ပြောရင်းဖြင့် ဝူချန်းယွဲ့အား လှည့်ကြည့်သည်။ မျက်နှာထားသည်သေနေသော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သိချင်စိတ်က ရှိနေသည်။
ဝူချန်းယွဲ့သည် ကုတင်နားသို့လာကာ လျန်လျန်၏ ဆံပင်ရှည်များကို သပ်ပေးရင်း “မသိဘူး။ လျန်လျန်ကို ဒီတိုင်းတိုက်လိုက်မိတာ။ အကူအညီဖြစ်ပါစေပဲ မျှော်လင့်ရတာပဲ”